အသည်းကွဲနေတဲ့သူငယ်ချင်းကို ဘယ်လိုအားပေးနှစ်သိမ့်မလဲ?
trend.com.mm
|
2019-09-19

သင့်ရဲ့ချစ်လှစွာသောသူငယ်ချင်းတွေထဲမှာ လတ်တလောအသည်းကွဲနေသူတွေပါနေရင် ဖတ်ကြည့်သင့်နေပါပြီ။အသည်းကွဲတယ်ဆိုတဲ့ခံစားချက်ဟာ ဘေးနားကနေ ဘာမှမဖြစ်ပါဘူး။နောက်နေ့ဆိုအဆင်ပြေသွားလိမ့်မယ်ဆိုတဲ့စကားလေးလောက်နဲ့ ချက်ချင်းအဆင်ပြေသွားတာမျိုးမဟုတ်ပါဘူးနော်။ဒါကြောင့်ကိုယ်က သူငယ်ချင်းကောင်းပီပီဒါလေးတွေသိထားပြီး လုပ်ပေးဖို့လိုပါတယ်။



*သူတို့အနားမှာနေပါ

အသည်းကွဲနေတဲ့အချိန်မှာ ဘယ်သူနဲ့မှမတွေ့ချင်ပဲအခန်းထဲမှာ တစ်ယောက်တည်းနေချင် စိတ်ဖြစ်နေတယ်လို့လူတိုင်းကထင်တတ်ကြပါတယ်။ပြီးတော့ သူတို့ကိုစိတ်ငြိမ်အောင် တစ်ယောက်တည်းနေခိုင်းထားပြီးအချိန်ကြာရင်အဆင်ပြေသွားလိမ့်မယ်ဆိုပြီး တွေးတတ်ကြတယ်။ တကယ်တော့ မှားပါတယ်။အဲ့ဒီအချိန်သူတို့ကို ဘေးနားကနေ နှစ်သိမ့်ပေးမယ့်သူမျိုးကိုလိုချင်တာပါ။သတိရစရာတွေပြန်တွေးမိအောင်ပြောတာမျိုးမဟုတ်ပဲ သူငယ်ချင်းတွေစုပြီးတစ်ခုခုအကြောင်းဆွေးနွေးတာ၊စုပြီးမုန့်တွေလုပ်စားကြတာမျိုးလုပ်ပါ။အဓိကက သူတို့အနားမှာသူငယ်ချင်းတွေရှိသေးတယ်ဆိုတာခံစားမိအောင်လုပ်ဖို့ပါပဲ။



*အပြင်ကိုခေါ်ထုတ်ပါ

စိတ်ညစ်နေတဲ့အချိန်တစ်ယောက်တည်းအိမ်မှာရှိနေမယ်ဆိုရင်ပိုပြီးအထီးကျန်ဝမ်းနည်းဖို့ကောင်းပါတယ်။သူတို့ကိုအပြင်ကိုခေါ်ထုတ်ဖို့လိုပါတယ်။အိမ်တွင်းအောင်းနေတာထက် စိတ်လန်းဆန်းစေတဲ့လည်ပတ်စရာနေရာမျိုး၊သီချင်းသွားအော်ဆိုကြတာမျိုး၊ရေသွားကစားကြတာမျိုးစတဲ့လှုပ်လှုပ်ရှားရှားလုပ်ရတဲ့နေရာမျိုးကိုသွားရင် ပိုပြီးစိတ်ကြည်လာပြီးအသည်းကွဲတဲ့ခံစားချက်ကို ခဏတော့မေ့ပျောက်သွားစေနိုင်ပါတယ်။



*ခရီးထွက်ပါ

အသည်းကွဲပြီးလေလွင့်နေမယ့်အစား ခရီးထွက်တာကအကောင်းဆုံးပါပဲ။အသည်းကွဲနေတဲ့သူငယ်ချင်းကိုမေးတဲ့အခါ မလိုက်ချင်ဘူး။မသွားချင်ဘူးဖြေကောင်းဖြေနိုင်ပါတယ်။အဆင်ပြေရင် သူ့ကိုစပရိုက်စ်လုပ်ပြီးခေါ်သွားပါ။ခရီးထွက်လိုက်တာက စိတ်ရောလူပါအနားပေးရာရောက်ပြီးအရင်ကထက်စိတ်သက်တောင့်သက်သာပိုဖြစ်စေပါတယ်။



*အကြံဉာဏ်ကောင်းတွေပေးပါ

အသည်းကွဲနေတဲ့အချိန်ဆို ဘာဆက်လုပ်ရမှန်းမသိ၊ဘာမှလည်းမလုပ်ချင်တော့ပဲ လမ်းပျောက်နေတတ်ပါတယ်။အချိန်တွေအလဟာသမကုန်လွန်သွားအောင်သူငယ်ချင်းတွေဘက်ကလည်း သူဆက်လုပ်သင့်တဲ့အရာတွေ၊တက်လမ်းတွေကို မသိမသာရော၊သိသိသာသာပါ ပြောပြီးအကြံဉာဏ်ပေးသင့်ပါတယ်။အသည်းကွဲတာကိုဒီတိုင်းနေနေရင်ပိုဆိုးရုံပဲရှိတာပါ။အလုပ်တွေများများလုပ်၊စာတွေများများဖတ်၊သူငယ်ချင်းတွေ၊မိသားစုတွေကိုပိုပြီးအချိန်ပေးမယ်ဆိုရင်အသည်းကွဲဒဏ်ရာက မြန်မြန်ကျက်လာပါလိမ့်မယ်။



*သူတို့နဲ့အတူမျှဝေခံစားပါ

ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ဘယ်ကိစ္စမဆိုကိုယ်တိုင်မခံစားဖူးဘူးဆိုရင် သူတို့ရဲ့ခံစားချက်အတိမ်အနက်ကိုမသိနိုင်ပါဘူး။သူတို့စိတ်ရှုပ်ထွေးနေတဲ့အချိန်၊အချစ်ဆိုတာ တကယ်မရှိဘူးဘာညာတွေးတောခံစားနေရချိန်မှာ တစ်ယောက်တည်းနေချင်တယ်၊တစ်ယောက်တည်းထားထားပါလို့ပြောပါလိမ့်မယ်။ဒါပေမဲ့ ထွက်မသွားပဲနဲ့သူတို့ကိုမြင်နိုင်မယ့်နေရာမှာနေပါ။စကားတွေလည်းအများကြီးမပြောပဲအတူတူရှိနေပေးရုံနဲ့တင် သူတို့အတွက်အင်အားဖြစ်စေပါတယ်။




့ဒီအချက်လေးတွေကိုသိပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့အသည်းကွဲနေတဲ့သူငယ်ချင်းလေးကို နှစ်သိမ့်ပေးဖို့ မမေ့နဲ့နော်


#သူငယ်ချင်း
#စိတ်
#အချိန်
#ဘေးနား
#အကြံဉာဏ်

Some text some message..