
ခွေလေးတွေဟာ တကယ်ပဲ သခင်တွေအပေါ်စိတ်ကောက်တတ်လို့လား။ ကြောင်တွေပဲ
စိတ်ကောက်တတ်တာမဟုတ်ပါဘူး … ခွေးလေးတွေလည်း သခင်ရဲ့ကြင်နာယုယ ၊ နွေးထွေးမှု
တွေမရှိတော့ရင် စိတ်မကောင်းဖြစ်တတ်ကြပါတယ်။ ဒီထက်ပိုဆိုးရင် စိတ်ကောက်ပါတယ်။
ခွေးလေးတွေဟာ စကားလည်းမပြောတတ်တော့ သူတို့စိတ်ကောက်နေတာကို ထင်ရှားအောင်
ပြဖို့ အပြုအမူတွေပဲ ရှိပါတယ်။ ဒါကို သခင်တွေက ကြည့်တတ်ဖို့လိုတာပေါ့။
ဟုတ်ပြီ..ဒါဆို သူတို့ရဲ့ဘယ်လိုအမူရာတွေက စိတ်ကောက်နေပါတယ်ဆိုတာကို ပေါ်လွင်စေတာလဲ.. ကြည့်လိုက်ရအောင် ..
နားရွက်လေးတွေ ကုတ်နေရင်
နားရွက်လေးဟာ အရင်လိုထောင်မနေပဲ ကုတ်ကုတ်လေးနဲ့ ညိုးငယ်သလိုဖြစ်နေမယ်။ လျှာလေးလည်း တစ်လစ်ထွက်မနေသလို ပါးစပ်ကိုလည်း ပိတ်ထားမယ်။ ဒီလိုအမူရာဟာ သေချာပါတယ်။သူသင့်ကို စိတ်ဆိုးနေတာပါ။ အိမ်မှာ ကလေးကိုတစ်ယောက်တည်း သင်ပစ်ထားလိုက်ပြီလား။ အပြင်တွေသွားရင် သူ့ကိုမခေါ်သွားလို့လား… သေချာဆန်းစစ်ကြည့်ပြီးပျော်အောင် ထားလိုက်ပါဦး..
သန်းနေတိုင်းလည်း အိပ်ချင်တာမဟုတ်…
ခွေးကလေး သန်းနေလို့ အိပ်ချင်နေတယ် မထင်လိုက်နဲ့။ သူပျင်းလို့ဆိုတဲ့ အဓိပ္ပာယ်တစ်ခုတည်းမဟုတ်ပဲ စိတ်ဖိစီး ၊ ဝမ်းနည်းပြီး အထီးကျန်နေလို့ပါ။ ဒီလိုအမူရာမျိုး သင့်ခွေးကပြနေရင် ဂရုစိုက်ကြည့်ပါ။ ပျင်းလို့ သန်းတာလား ၊ စိတ်မကောင်းဖြစ်နေလားဆိုတာပေါ့။ သူ့စိတ်ပျော်ရွင်အောင်သင့်ရဲ့အပြုံးတွေနဲ့ ကျီစယ်ကြည့်ပါ။
ပါးစပ်ကို အမြဲလျှာနဲ့သပ်နေခြင်း

ခွေးလေးတွေဟာ တစ်ခုခုစားပြီးရင် လျှာသပ်တတ်ပေမယ့် ဘာမှမစားလည်း ပါးစပ်ကအမြဲ
လျှာသပ်နေတယ်ဆိုရင် သူတို့စိတ်ကောက်နေတာပါ။ ဗိုက်ဆာနေတဲ့အချိန် ပုံမှန်အစာမကျွေးလို့ပါ။ နောက်တစ်ချက် – သင်က ကလေး (သို့) သူစိမ်းတစ်ယောက်ကို ဖက်ထားတာတွေ့ရင်လည်း သူတို့က မနာလို သဝန်တိုပြီး စိတ်ကောက်ပါသေးတယ်။ အဲ့ဒီအချိန် သင့်ရဲ့ခွေးလေးကိုလည်း ပွေ့ဖက်ပေးဖို့ မမေ့ပါနဲ့။
မျက်လုံးချင်းမဆိုင်တော့ခြင်း
လူတွေလည်း မျက်လုံးချင်းမဆိုင်တော့ရင် ၊ မျက်နှာတောင် မကြည့်တော့ရင် စိတ်အကြီးကျယ်ဆိုးနေပြီဆိုတာသိတယ်မလား။ ခွေးလေးတွေလည်း ဒီလိုပါပဲ။ စိတ်ကောက်နေရင် သခင်မျက်နှာကိုမကြည့်ပါဘူး။ ပုံမှန်ဆို ဒီကောင်လေးတွေက သခင်မျက်နှာတစိမ့်စိမ့်ကြည့်ပြီး အသံကြားတာနဲ့ချက်ချင်းပြေးလာတတ်တဲ့ အမျိုးပါ။ ရုတ်တရက် သင့်ကိုမကြည့်တော့ပဲ အဝေးကို ငေးနေတာမျိုး ၊ နာမည်ခေါ်ရင်လည်း အဖက်မလုပ်တော့ဘူးဆိုရင် သေချာပါတယ် ။ သူတို့ စိတ်ကောက်နေပါပြီ။ဒါဆို သူနဲ့ချက်ချင်း ဆော့ပေးတာဖြစ်ဖြစ် ၊ စကားတွေပြော ဖက်လှဲတကင်းနေပေးတာမျိုးကခွေးလေးကို စိတ်ပြေစေမှာ အမှန်ပါပဲ။