
ခေတ်အဆက်ဆက်ယောက္ခမနဲ့အဆင်ပြေတဲ့ချွေးမဆိုတာရှားပါတယ်နော်။ဒါပေမယ့်ဘဝမှာကံအကောင်းဆုံးမိန်းမဟာ ခင်ပွန်းအပြင်
ယောက္ခမရဲ့ချစ်ခြင်းမေတ္တာကိုရတဲ့ မိန်းကလေးဆိုတော့ ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေအတွက်
ယောက္ခချစ်နည်းလေးတွေ ဝေမျှပေးချင်ပါတယ်နော်/
(၁)ယောက္ခမရှေ့မှာချစ်သူကိုအနိုင်မယူပါနဲ့။
ယောက္ခမရှေ့မှာကိုယ့်ခင်ပွန်းကိုတလေးတစားဆက်ဆံပေးတာကမိမိကိုယောက္ခမအချစ်ပိုစေမယ့်နည်းလမ်းကောင်းတစ်ခုပါနော်။
(၂) ယောက္ခမရဲ့ ကျန်းမာရေး လူမှုရေး အသေးစိတ်အစ ဂရုတစိုက် ရှိပေးပါ။
သူမရဲ့ချွေးမအနေနဲ့မဟုတ်ဘဲ သမီးရင်းတစ်ယောက်လို သူမအနားမှာနေပေးတာက သူမနဲ့ပိုမိုရင်းနှီးစေပါတယ်နော်။
(၃)သူမရဲ့မွေးနေ့(သို့)သီတင်းကျွတ်၊တန်ဆောင်တိုင်တွေဆိုသူမအတွက်အသုံးဝင်မယ့်လက်ဆောင်လေးတွေရွေးချယ်ဝယ်ကန်တော့ပါ။
(၄)မိမိဟာခင်ပွန်းအတွက်ပါရမီဖြည့်ဖက်ကောင်း၊ဇနီးကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာယောက္ခမကိုသက်သေပြပါ။
ခင်ပွန်းရဲ့အလုပ်နဲ့ပက်သက်ပြီးအကြံပေးကူညီတာမျိုးတွေ၊အိမ်မှုကိစ္စနိုင်နင်းတာမျိုးတွေကလည်း ယောက္ခရဲ့အထင်ကြီးမှုကိုရရှိစေပြီးမိမိကိုချစ်ခင်လာစေမှာပါနော်။
(၅)ယောက္ခမကိုမိမိရဲ့မိဘရင်းလိုချစ်ခင်လေးစားကြောင်းအပြောရောအလုပ်နဲ့ပါသက်သေပြပါ။သူမနာမကျန်းဖြစ်နေချိန်မှာ
သေချာဂရုစိုက်ပြုစုစောက်ရှောက်ပေးခြင်းအားဖြင့်လည်းသူမဟာဒုတိယအမေတစ်ယောက်ဖြစ်လာနိုင်မှာပါ။
တစ်ဦးမေတ္တာတစ်ဦးစေတနာဆိုသလို အရာအားလုံးကချစ်ခြင်းမေတ္တာပေါ်မှာပဲအခြေတည်တာကြောင့် စိတ်ရင်းစေတနာနဲ့ ပြုမူပြောဆိုဖို့သာအဓိကပါ။
အားလုံးပဲ ယောက္ခချစ်တဲ့ချွေးမလေးတွေဖြစ်ကြပါစေရှင်။
Myanmar Wedding Guide