
အင်္ဂါ သားသမီးတွေက အပြင်ပန်း ကနေကြည့်ရင် ချေတယ် ၊ မာနကြီးတယ် ထင်ရပေမယ့် သူတို့ စိတ်အရင်းခံကတော့ ပေါင်းကြည့်မှပဲ သိမှာပါ။
ချစ်ခင်ရသူတွေနဲ့ဆိုရင် ကလေးတစ်ယောက်လို ပျော်ပျော် နေတတ်ကြတယ်။ တော်ရုံ စိတ်မဆိုးတတ်သလို စိတ်လဲ မနာတတ်ဘူး။
ဒါပေမယ့် စိတ်ဆိုး စိတ်နာသွားပြီဆိုရင် လဲ ဒူးထောက်ပြီး တောင်းပန်ရင်တောင် လှည့်မကြည့် တတ်ကြတော့ဘူး။
သူတို့စကားပြောရင် အရမ်းချစ်ဖို့ကောင်းကြပြီး ရုပ်ရည်ကလည်း တစ်ခုခု ဆွဲဆောင်မှု ရှိနေတတ်ကြတယ်။
အများစုက စိတ်ဓာတ်ပိုင်းဆိုင်ရာ နှလုံးသား နုနယ်ပြီး ဝမ်းနည်းလွယ်ကြတယ်။
သူတို့လေaတွက အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတတ်ကြပေမယ့် တစ်ခါတစ်လေမှာတော့ တစ်ယောက်တည်း
တိတ်တိတ်ဆိတ်ဆိတ် ရှိနေတတ်ကြပြန်တယ်။ချစ်သူအပေါ် သစ္စာ ရှိကြတယ်။
ချစ်မိပြီဆို နှစ်ယောက်မရှိသလို မုန်းမိပြီ ဆိုရင်လည်းပြန်လည့် မကြည့်တတ်ကြတော့ဘူး။
ဖြစ်လာသမျှ အခက်အခဲတိုင်းကိုလည်းဆုံးဖြတ်ချက်ခိုင်မာစွာနဲ့ဇွဲရှိရှိဖြေရှင်းတတ်ကြတယ်။ဖြေရှင်းနိုင်ကြတယ်။အချစ်ရေးကံမကောင်းကြဘူး ။
ကံကောင်းပီဆိုလည်း သူများလိုက်မမီအောင်ထိ အချစ်ရေးကံကောင်းတတ်ကြပါတယ်။
အင်္ဂါ သားသမီးတွေ ဆောင်သင့်တဲ့ အဆောင်ကျောက်ရတနာက တော့ သန္တာကျောက်ပဲ ဖြစ်ပါတယ်။
Myanmar Wedding Guide
Top of Form
Bottom of Form