Relationship တစ်ခုမှာအမျိုးသားတွေအနေနဲ့ကိုယ်ချစ်သူကောင်မလေးက ကိုယ့်ဆီကနေဘယ်အရာတွေလိုချင်လည်းဆိုတာတော့
သိထားဖို့လိုပါမယ်။တစ်ချို့အရာတွေက အရေးမကြီးဘူးထင်ရပေမယ့် မိန်းကလေးတွေအတွက်တော့ အရမ်းကိုအရေးပါနေတဲ့
အရာတွေဖြစ်နေတတ်တာကြောင့် Myanmar Wedding Guide ကဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ဖုန်းစခေါ်ခံရသူဖြစ်ချင်တယ်
အမျိုးသားတွေအနေနဲ့ ချစ်သူတွေစဖြစ်ချိန်မှာ ဖုန်းတွေဆက်မယ်၊ စာတိုတွေပို့မယ် စသည့်ဖြင့်လုပ်ဆောင်ကြပေမယ့်
အချိန်ကြာလာတဲ့အခါမှာတော့ ဖုန်းတွေအရင်လိုမပြောဖြစ်တာမျိုး အလုပ်တွေမအားတာကြောင့် Sms ပို့ဖို့မေ့လျော့နေတာမျိုးဖြစ်တက်ပါတယ်။
ကောင်မလေးတွေအနေနဲ့ကတော့ အချိန်တွေဘယ်လောက်ပဲကြာကြာ သူမကိုချစ်သူအမျိုးသားတို့ဘက်ကနေ
ဖုန်းတွေစခေါ်တာ မျိုးကိုပဲလိုချင်ကြတာဖြစ်ပါတယ်။ဒါကြောင့် ချစ်သူကောင်မလေးကို အချိန်မှန်ဖုန်းဆက်ပေးပါ။ဖုန်းပြောဖို့ မအားမလပ်ဖြစ်နေရ
င်တောင် Smsလေးပို့ပြီး သတိရကြောင်းစာလေးတွေပို့ပေးပါ။
(၂) စိတ်ချလုံခြုံမှုရချင်တယ်
Relationship တစ်ခုမှာ စိတ်ပူပင်နေရတာမျိုး ကြောက်လန့် နေရတာမျိုးနဲ့ စိတ်လုံခြုံမှုအပြည့်အဝမရရင် ဘယ်မိန်းကလေးမှ ေ
ပျာ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်သင့်အနေနဲ့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေ ဥပမာသင့်ဘယ်သူနဲ့အတူရှိနေလဲ၊ဘာတွေလုပ်နေလဲဆိုသူမကို
အမြဲပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။
သင်ကိုယ်တိုင်လည်းသူမအပေါ်လိမ်ညာတာဖောက်ပြန်တာမျိုးတွေမရှိပဲရိုးသားဖြူစင်ဆုံးဆက်ဆံပေးပါ။
ဒါဆိုရင်တော့ သူမကိုစိတ်ချလုံခြုံမှုပေးနိုင်မှာဖြစ်ပါတယ်။
(၃) သည်းခံပေးတက်မှုကိုလိုချင်တယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်သူကောင်မလေးကို ဆိုးချင်နွဲ့ချင်ကြတာသဘာဝပါ။သူတို့ဆိုးသမျှ နွဲ့သမျှဟာ
သင့်ကိုချစ်လို့ဖြစ်တာကြောင့်သင့်အနေနဲ့သူမကိုချော့တာစိတ်ကောက်ပြေအောင်လုပ်ပေးတာမျိုးလေးတွေကိုပဲလိုချင်ကြတာပါ။
ဒါကြောင့်ကိုယ်ချစ်သူဆိုးတာနွဲ့တာလေးတွေကိုအတက်နိုင်ဆုံးသည်းခံပေးပါ။စိတ်မရှည်သလို စိတ်တိုသလိုပုံစံမျိုးတွေနဲ့ မတုန့်ပြန်ပါနဲ့။
(၄) ရေရာတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ချင်တယ်
ကောင်မလေးတွေဟာသူတို့တကယ်ချစ်တဲ့အမျိုးသားနဲ့ပဲအနာဂတ်ကိုအတူတူဖြတ်သန်းချင်ကြတာပါ။
ကိုယ့်အနေနဲ့ သူမနဲ့ အတူဖြတ်သန်းမယ့်အနာဂတ်အတွက်ဘားမှပြင်ဆင်မှု မရှိဘူး Plan ချထားခြင်းမရှိဘူး စသည့်ဖြင့်
ရေရာသေချာတဲ့အနာဂတ်မရှိတဲ့ဘဝမှာနေပျော်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ်လည်းတကယ်ချစ်တယ်ဆိုရင်
သူမနဲ့အတူတူဖြတ်သန်းမယ့်အနာဂတ်အတွက်သေချာတဲ့အခြေအနေလေးတစ်ခုတော့စီစဉ်ချထားသင့်ပါတယ်။
Unicode
Relationship တစ်ခုမှာအမျိုးသားတွေအနေနဲ့ကိုယ်ချစ်သူကောင်မလေးက ကိုယ့်ဆီကနေဘယ်အရာတွေလိုချင်လည်းဆိုတာတော့ သိထားဖို့လိုပါမယ်။
တစ်ချို့အရာတွေက အရေးမကြီးဘူးထင်ရပေမယ့် မိန်းကလေးတွေအတွက်တော့ အရမ်းကိုအရေးပါနေတဲ့
အရာတွေဖြစ်နေတတ်တာကြောင့် Myanmar Wedding Guide ကဖော်ပြပေးလိုက်ပါတယ်နော်။
(၁) ဖုန်းစခေါ်ခံရသူဖြစ်ချင်တယ်
အမျိုးသားတွေအနေနဲ့ ချစ်သူတွေစဖြစ်ချိန်မှာ ဖုန်းတွေဆက်မယ်၊ စာတိုတွေပို့မယ် စသည့်ဖြင့်လုပ်ဆောင်ကြပေမယ့်
အချိန်ကြာလာတဲ့အခါမှာတော့ ဖုန်းတွေအရင်လိုမပြောဖြစ်တာမျိုး အလုပ်တွေမအားတာကြောင့် Sms ပို့ဖို့မေ့လျော့နေတာမျိုးဖြစ်တက်ပါတယ်။
ကောင်မလေးတွေအနေနဲ့ကတော့ အချိန်တွေဘယ်လောက်ပဲကြာကြာ သူမကိုချစ်သူအမျိုးသားတို့ဘက်ကနေ ဖုန်းတွေစခေါ်တာ မျိုးကိုပဲလိုချင်ကြတာဖြစ်ပါတယ်။
ဒါကြောင့် ချစ်သူကောင်မလေးကို အချိန်မှန်ဖုန်းဆက်ပေးပါ။ဖုန်းပြောဖို့ မအားမလပ်ဖြစ်နေရင်တောင် Smsလေးပို့ပြီး သတိရကြောင်းစာလေးတွေပို့ပေးပါ။
(၂) စိတ်ချလုံခြုံမှုရချင်တယ်
Relationship တစ်ခုမှာ စိတ်ပူပင်နေရတာမျိုး ကြောက်လန့် နေရတာမျိုးနဲ့ စိတ်လုံခြုံမှုအပြည့်အဝမရရင် ဘယ်မိန်းကလေးမှ ပျော်နိုင်မှာမဟုတ်ပါဘူး။
ဒါကြောင့်သင့်အနေနဲ့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေ ဥပမာသင့်ဘယ်သူနဲ့အတူရှိနေလဲ၊ဘာတွေလုပ်နေလဲဆိုတာသူမကိုအမြဲပွင့်ပွင့်လင်းလင်းပြောပြသင့်ပါတယ်။
သင်ကိုယ်တိုင်လည်းသူမအပေါ်လိမ်ညာတာဖောက်ပြန်တာမျိုးတွေမရှိပဲရိုးသားဖြူစင်ဆုံးဆက်ဆံပေးပါ။
ဒါဆိုရင်တော့ သူမကိုစိတ်ချလုံခြုံမှုပေးနိုင်မှာဖြစ်ပါတယ်။
(၃) သည်းခံပေးတက်မှုကိုလိုချင်တယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ချစ်သူကောင်မလေးကို ဆိုးချင်နွဲ့ချင်ကြတာသဘာဝပါ။သူတို့ဆိုးသမျှ နွဲ့သမျှဟာသင့်ကိုချစ်လို့ဖြစ်တာကြောင့်
သင့်အနေနဲ့သူမကိုချော့တာစိတ်ကောက်ပြေအောင်လုပ်ပေးတာမျိုးလေးတွေကိုပဲလိုချင်ကြတာပါ။ဒါကြောင့်ကိုယ်ချစ်သူဆိုးတာနွဲ့
တာလေးတွေကိုအတက်နိုင်ဆုံးသည်းခံပေးပါ။စိတ်မရှည်သလို စိတ်တိုသလိုပုံစံမျိုးတွေနဲ့ မတုန့်ပြန်ပါနဲ့။
(၄) ရေရာတဲ့အနာဂတ်တစ်ခုပိုင်ဆိုင်ချင်တယ်
ကောင်မလေးတွေဟာသူတို့တကယ်ချစ်တဲ့အမျိုးသားနဲ့ပဲအနာဂတ်ကိုအတူတူဖြတ်သန်းချင်ကြတာပါ။
ကိုယ့်အနေနဲ့ သူမနဲ့ အတူဖြတ်သန်းမယ့်အနာဂတ်အတွက်ဘားမှပြင်ဆင်မှု မရှိဘူး Plan ချထားခြင်းမရှိဘူး စသည့်ဖြင့်
ရေရာသေချာတဲ့အနာဂတ်မရှိတဲ့ဘဝမှာနေပျော်မှာမဟုတ်ပါဘူး။ဒါကြောင့်ကိုယ်လည်းတကယ်ချစ်တယ်ဆိုရင် သူမနဲ့အတူတူဖြတ်သန်းမယ့်အနာဂတ်အတွက်
သေချာတဲ့အခြေအနေလေးတစ်ခုတော့စီစဉ်ချထားသင့်ပါတယ်။
Myanmar Wedding Guide