
မြေပြင်ညီမှာ ၃နာရီလောက် သာသာယာယာလေးလမ်းလျှောက်ပြီး အလှဓါတ်ပုံတွေ အပုံ၃၀၀လောက်ရိုက်ပြီးပြန်လာတဲ့ အမည်ခံ Trekking သမားတွေကိုပြောတာ မဟုတ်ဘူးနော်။
တောကြီးမျက်မည်းထဲမှာ တောင်တက်တောင်ဆင်းကို တစ်နေ့ ၇နာရီလောက်နဲ့ ၂ရက်, ၃ရက် ဆက်တိုက်လျှောက်သွားနေတယ့် Trekking ရူးတွေကိုပြောတာ။
တော်တန်ရုံအပင်ပန်းခံနိုင်ရုံလောက်နဲ့ သွားနိုင်တဲ့ခရီးတွေမဟုတ်လို့, Trekking သမားတွေက ကျန်းမာရေးနဲ့သက်လုံကောင်းတာကတော့ သိပ်အထွေအထူးရှင်းပြစရာတောင်လိုမယ်မထင်ဘူး။ ကိုယ်ခန္ဓာဖွဲ့စည်းပုံကလဲ ပိန်လွန်း, ဝလွန်းတာတွေလဲ မရှိတတ်ကြဘူး၊ အနေတော် fit ဖြစ်ကြတဲ့သူတွေချည်းပဲ။

Hay Mar Lwin
Calculated risk ကို ယူတတ်ကြတယ်၊ ကိုယ်သွားမယ့်ခရီးကို ကြိုတင်စဉ်းစားတွက်ချက်ပြီးမှ သွားတတ်ကြလေ့ရှိတယ်၊ လမ်းခရီးမှာ တခုခုဖြစ်လာခဲ့ရင်ဆိုပြီး ကြိုပြင်ဆင်တတ်ကြလေ့ရှိတယ်၊ အခက်အခဲကြုံလာခဲ့ရင်လဲ အေးအေးဆေးဆေးဖြေရှင်းနိုင်တယ်၊ တာဝန်ယူနိုင်တယ်။
စည်းလုံးညီညွတ်တယ်။ Trekking ခရီးကြမ်းတစ်ခုသွားတယ်ဆိုတာ အပျော်ခရီးထွက်တဲ့ပုံစံမျိုးနဲ့ အများကြီးကွဲပြားခြားနားတယ်၊ ခရီးဖော်အချင်းချင်း အပြန်အလှန်ကူညီဖေးမရတယ်၊ စိတ်တူကိုယ်တူ, တက်ညီလက်ညီရှိမှ ခရီးက ပျော်ဖို့ကောင်းတာမို့, Trekking သမားတွေက စည်းလဲ အရမ်းစည်းလုံးသလို, ခရီးဖော်ရွေးတဲ့နေရာမှာလဲ လူအရမ်းရွေးတယ်။ တော်ရုံလူကို ခေါ်လေ့မရှိကြဘူး၊ ကိုယ်နဲ့ စရိုက်,အကြိုက် အတော်ကီးကိုက်မှခေါ်ကြတာ၊ အဲ့တော့ Trekking သမားတယောက်က ကိုယ့်ကိုရွေးချယ်တယ်, သဘောကျတယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကသာမန်မဟုတ်ဘူးလို့ သိထားပါ။
စွန့်စားရတာ ပျော်တယ်၊ Adventure တွေကို သဘောကျတယ်၊ အဲ့တော့ trekking သမားလေးတွေနဲ့ဆိုရင် ဘယ်တော့မှပျင်းနေရမှာမဟုတ်ဘူးနော်။

Hay Mar Lwin
သဘာဝတရားကြီးကိုချစ်တယ်၊ အလှအပတွေကို ခံစားတတ်တယ်၊ အရမ်းကိုချစ်တတ်တဲ့ချစ်သူတယောက် ဖြစ်လာမှာဆိုတာကို ထပ်ရှင်းပြရဦးမလား။
မျက်နှာအလှအပ သိပ်ဂရုမစိုက်တတ်ကြဘူး၊ မိန်းကလေးတွေဆို မျက်နှာမိတ်ကပ်လိမ်းဖို့မပြောနဲ့ Sunblock တောင် အနိုင်နိုင်လိမ်းကြတာ၊ ဖုန်တွေ, ချွေးတွေနဲ့မို့ မိတ်ကပ်လိမ်းထားရင်အဆင်မပြေပါဘူး၊ နေပူတဲ့နေရာတွေသွားရင် Sun screen လောက်ပဲလိမ်းကြလေ့ရှိတာ၊ အဲ့တော့ မိတ်ကပ်တွေမပါတဲ့ သဘာဝမျက်နှာ နထရယ်ဘူးသီးလေးတွေနဲ့ဆိုတော့, ပင်ကိုယ်မျက်နှာက တကယ်လှမလှလို့ သေချာသိရတာပေါ့။
အစားအသောက်ဂျီးမများဘူး၊ မငတ်ရင်ပြီးရော ရှိတာနဲ့ဖြစ်သလို စားတတ်ကြပါတယ်၊ အဆာပြေစားဖို့လေးတွေလဲ ထည့်ထားတတ်လေ့ရှိတယ်၊ သောက်ရေဆိုလဲ မရှိတဲ့အဆုံး စမ်းချောင်းထဲကရေလဲ သောက်ကြတာပဲ. အေးဆေးပဲ။

Hay Mar Lwin
သိပ်ဇီဇာမကြောင်တတ်ဘူး၊ ဒေါင်ကျကျ ပြားကျကျနေတတ်ကြတယ်၊ တွန့်ဆုတ် တွန့်ဆုတ်, ညှောင်စိ ညှောင်စိတွေ မလုပ်တတ်ကြဘူး။
တစ်ကိုယ်စာပစ္စည်းတွေကို ကျောပိုးအိတ်တစ်လုံးစာပဲထည့်လွယ်ပြီးလျှောက်သွားလေ့ရှိကြတဲ့အတွက် အရမ်းဝန်ကျဉ်းတယ်၊ အပိုဆာဒါးတွေ သိပ်မကြိုက်ကြဘူး၊ ကရိကထမများဘူး။
တစ်ခုတော့ရှိတယ်။ Trekking သမားတွေက စိတ်ရောလူပါ နဲနဲတော့ မာတယ်၊ အကြောတင်းတယ်၊ အာရုံနောက် သိပ်မခံတတ်ကြဘူး၊ ညောင်စိစိလာလုပ်နေရင် လမ်းမှာဆောင့်ကန်ချခဲ့မယ်ဆိုတဲ့စိတ်လေးတွေတော့ရှိတတ်ကြတယ်။

Hay Mar Lwin
ဇွဲကောင်းတယ်၊ ဘယ်လောက်ပင်ပန်းပင်ပန်း သွားချင်တဲ့နေရာကို မရောက်ရောက်အောင်, မဖြစ်ဖြစ်အောင် သွားလေ့ရှိတယ်၊ ခေါင်းလဲမာတယ်၊ အဲတော့ ဘဝတစ်လျောက်လုံးမှာဆိုရင် အကောင်းဆုံးလက်တွဲဖော်ဖြစ်ဖို့ အဆင်ပြေတယ်လေ နော့။
အဲ့လိုအရည်အသွေးလေးတွေကြောင့်မို့… ရှားပါးကုန် Trekking သမားလေးတွေကို ချစ်ကြဖို့ စဉ်းစားသင့်နေပြီနော်။
Hay Mar Lwin