
မဟာဘုတ်တွက်နည်း
၁ တနင်္ဂနွေ, ၂ တနင်္လာ, ၃ အင်္ဂါ, ၄ ဗုဒ္ဓဟူး, ၅ ကြာသပတေး, ၆ သောကြာ, ၀ စနေ ဟု ကျက်မှတ်ထားပါ။
ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဟု အစီလိုက် ကျက်မှတ်ထားပါ။
မွေးသက္ကရာဇ်ကိုတည်, ၇ နှင့်စား အကြွင်းကို အစီလိုက်ချ။ ဥပမာ ၁၃၅၈ ခုဖွား တနင်္ဂနွေသားကို တွက်မယ်။
၇ | ၁၃၅၈ | ၁၉၄
၇
------
၆၅
၆၃
-------
၂၈
၂၈
---------
၀ ကြွင်းတယ်
၀ ၁ ၂ ၃ ၄ ၅ ၆ ထိ အစီလိုက်ရေး
ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဟု အစီလိုက်ချလိုက်တဲ့အခါ
၀ ဘင်္ဂ, ၁ ပုတိ, ၂ သိုက်, ၃ မရဏ, ၄ အဓိပတိ, ၅ ရာဇ, ၆ အထွန်း
၁ တနင်္ဂနွေသားသည် ပုတိဖွားတယ်။
၀ ကြွင်းရင်
=======
၀ ၁ ၂ ၃ ၄ ၅ ၆
၀ ဘင်္ဂ ၁ပုတိ ၂သိုက် ၃မရဏ ၄အဓိပတိ ၅ရာဇ ၆အထွန်း
၁ တနင်္ဂနွေသားသမီးသည် ပုတိဖွား။
၂ တနင်္လာသားသမီးဆိုရင် သိုက်ဖွား။ ၃ အင်္ဂါသားသမီးသည် မရဏဖွား။ ၄ ဗုဒ္ဓဟူးသားသမီးသည် အဓိပတိဖွား။
၅ ကြာသပတေးသားသမီးသည် ရာဇဖွား။ ၆ သောကြာသားသမီးသည် အထွန်းဖွား။ ၀ စနေသားသမီးသည် ဘင်္ဂဖွား။
၁ ကြွင်းရင်
=======
၁ ၂ ၃ ၄ ၅ ၆ ၀
၁ဘင်္ဂ ၂ပုတိ ၃သိုက် ၄မရဏ ၅အဓိပတိ ၆ရာဇ ဝအထွန်း
၂ကြွင်းရင်
=======
၂ ၃ ၄ ၅ ၆ ၀ ၁
၂ဘင်္ဂ ၃ပုတိ ၄သိုက် ၅မရဏ ၆အဓိပတိ ဝရာဇ ၁အထွန်း
၃ ကြွင်းရင်
=======
၃ ၄ ၅ ၆ ၀ ၁ ၂
၃ဘင်္ဂ ၄ပုတိ ၅သိုက် ၆မရဏ ဝအဓိပတိ ၁ရာဇ ၂အထွန်း
၄ ကြွင်း ၅ ကြွင်း ၆ကြွင်းများကိုလည်း ဤနည်းအတိုင်း တွက်ပါ။ အဟောကို အောက်မှာ ဖတ်ရှုပါ။
အထွန်းဖွားသည် ထွန်းကားခြင်းဖွား, ပညာရှိဖွား ဖြစ်တယ်။ အကောင်းဆုံးဖွားခြင်း ဖြစ်တယ်။
အထွန်းဖွား သားသမီးများသည် ငယ်စဉ်က ရောဂါကင်းမည်။ သတ္တိရှိမည်။ ဉာဏ်ရှိမည်။ မည်မျှပင် ဆင်းရဲပါစေ နိမ့်ကျသော အလုပ်ကို
တာရှည်မလုပ်ကိုင်ရ။ တဖြည်းဖြည်း တိုးတက်မည်။ ဘဝမှာ တချိန်ချိန်၌ အကြောင်းအရာ တစ်ခုခုဖြင့် ထွန်းကားခဲ့မည်။ င
ယ်စဉ်ကတည်းက ပြုပြင်ပြီး ပညာကို နည်းမှန်လမ်းမှန်နဲ့ သင်မည်ဆိုရင် ထိပ်ဆုံးကို ရောက်မည်။ သိက္ခာကျစေသော အလုပ်မျိုးကို လုပ်လိုစိတ်မရှိတတ်။
မကောင်းမှုကို မမွေ့လျော် မနှစ်သက်တတ်။ သည်းခံတတ်သည်။ အများအားဖြင့် ကောင်းသောစကားကိုသာ ပြောတတ်သည်။
အထွန်းဖွားသားသမီးများသည် ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားသာ လုပ်မယ်ဆိုရင် ထိပ်ဆုံးကိုရောက်မည်။
သိုက်ဖွားသည် လုံခြုံခြင်းဖွား ဖြစ်တယ်။ ဒုတိယ အကောင်းဆုံးဖွား ဖြစ်တယ်။
သိုက်ဖွားသားသမီးများသည် ကောင်းမှု၌ မွေ့လျော်မည်။ မကောင်းမှုကို မနှစ်သက်တတ်။ တရားစကားကို နှစ်သက်မည်။
သည်းခံတတ်မည်။ ဉာဏ်ရှိမည်။ နိမ့်ကျသောအလုပ်ကို တာရှည်မလုပ်ကိုင်ရ။ တဖြည်းဖြည်း တိုးတက်မည်။ ဘာပဲလုပ်လုပ် ကြိုးစားပမ်း
စားလုပ်ရင် အောင်မြင်မည်။
ရာဇဖွားသည် ဘုရင်ဖွားဖြစ်တယ်။ တတိယ အကောင်းဆုံးဖွားဖြစ်တယ်။
ရာဇဖွား သားသမီးများသည် အတိုက်အခံများ၍ အောင်မြင်မည်။ အတိုက်အခံ ပြောတတ်သည်။ စိတ်သောက ရောက်ရတတ်သည်။
မဟုတ်မခံစိတ် ပြင်းပြတတ်သည်။ သည်းမခံတတ်။ မခံချင်စိတ်ဖြင့် ငါသိ ငါတတ် သဘောမျိုးဖြင့် ပြောဆို ပြုလုပ်တတ်သည်။
သို့သော် အောင်မြင်မည်။ သူတပါးကို သြဇာပေးတတ်သည်။ မာနကြီးမည်။ သို့သော် လူကို မကောင်းကျိုး မပေးတတ်။
နိမ့်ကျသော အလုပ်မျိုးကို တာရှည်မလုပ်ကိုင်ရ။ ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားလုပ်ရင် အတိုက်အခံဖြင့် အောင်မြင်မည်။
ရာဇဖွား အမျိုးသမီးများသည် အများအားဖြင့် အသက်ကြီးမှ အိမ်ထောင်ကျတတ်သည်။
အဓိပတိဖွားသည် အစိုးရဖွား ဖြစ်တယ်။ စတုတ္ထ အကောင်းဆုံး ဖြစ်တယ်။
အဓိပတိဖွား သားသမီးများမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေလေသည်။ သို့ရာတွင် အကောင်းများလေသည်။ အတိုက်အခံများ၍ အောင်မြင်မည်။
စိတ်သောက ရောက်တတ်သည်။ ငါသိငါတတ်သဘောမျိုးဖြင့် ပြုလုပ်ပြောဆိုတတ်သည်။ သူတပါးကို သြဇာပေး
တတ်သည်။ ရာဇဖွားထက် သာလွန်၍ မာနကြီးမည်။ အတ္တကြီးမည်။ သို့သော် အသင့်အတင့် အောင်မြင်တတ်သည်။
ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားလုပ်လျှင် အတိုက်အခံဖြင့် အသင့်အတင့် အောင်မြင်မည်။
အဓိပတိဖွား အမျိုးသားများသည် အများအားဖြင့် အသက်ကြီးပြီးမှ အိမ်ထောင်ကျတတ်သည်။
<<<တနင်္ဂနွေနံဖြင့်အဆုံးသတ်မှည့်ခေါ်သော နာမည်ရှင်တို့ရဲ့စိတ်နေစိတ်ထားများ>>>
<<<တနင်္လာနံနဲ့အဆုံးသတ်မှည့်ခေါ်သော နာမည်ပိုင်ရှင်များအကြောင်း>>>
<<<အင်္ဂါနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသော နာမည်ပိုင်ရှင်တို့ရဲ့ စိတ်နေစိတ်ထားများ>>>
ပုတိဖွားသည် ပုတ်သိုးခြင်းဖွား ဖြစ်တယ်။
မကောင်းသောဖွားခြင်း ဖြစ်တယ်။
ပုတိဖွားသားသမီးများသည် စိတ်သောကများမည်။ ဒုက္ခများမည်။ မအောင်မြင်တတ်။ မကောင်းမှု၌ မွေ့လျော်မည်။ မကျော်ဇောတတ်။
ကျော်ဇောလျှင် လူအများထက်ပို၍ ကျော်ဇောမည်။ သို့သော် ကျော်ဇောခဲ့လျှင်လည်း မနာလိုသူများမည်။ အနှောက်အယှက်များမည်။
ဖျက်လိုဖျက်ဆီးသူတွေ များမည်။ စိတ်သောကများရမည်။ ဒုက္ခများမည်။
ဘင်္ဂဖွားသည် ပျက်စီးခြင်းဖွား။ ပုတိဖွားထက် သာလွန်၍ ဆိုးလေသည်။
ဘင်္ဂဖွား သားသမီးများသည် ငယ်စဉ်က ရောဂါများမည်။ ကြောက်လန့်တတ်သည်။ မအောင်မြင်တတ်။ ဒုက္ခများမည်။ ဉာဏ်နည်းမည်။
ဘဝတစ်လျှောက် စိတ်သောကများမည်။ မကောင်းမှု၌ မွေ့လျော်မည်။ အနှောင့်အယှက် အဖျက်အဆီး များမည်။ ဘင်္ဂဖွား
သားသမီးများသည် ဦးစီးဦးဆောင် မလုပ်သင့်။ ပျက်စီးတတ်တယ်။
မရဏဖွားသည် သေခြင်းဖွားဖြစ်တယ်။ အဆိုးဆုံးဖွား ဖြစ်တယ်။ သို့သော် စီးပွားရေးတွင် မဆိုးပါ။ အသက်အန္တရာယ်နှင့် ပတ်သတ်၍ ဆိုးမည်။
ထို့ကြောင့် အဆိုးဆုံးဖြစ်သည်။မရဏဖွား သားသမီးများမှာ မွေးဖွားစဉ်က ရောဂါထူပြောမည်။ ရောဂါများမည်။ ကြောက်လန့်တတ်သည်။ ချူချာမည်။
ငယ်စဉ်က သေရင်သေ။ မသေရင် ကြီးရင် ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနှင့် နေရတတ်သည်။ မကောင်းမှု၌ မွေ့လျော်တတ်သည်။ ကြိုးစားတတ်သည်။
ဒေါသကြီးတတ်သည်။
Unicode
မဟာဘုတ်တွက်နည်း
၁ တနင်္ဂနွေ, ၂ တနင်္လာ, ၃ အင်္ဂါ, ၄ ဗုဒ္ဓဟူး, ၅ ကြာသပတေး, ၆ သောကြာ, ၀ စနေ ဟု ကျက်မှတ်ထားပါ။
ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဟု အစီလိုက် ကျက်မှတ်ထားပါ။
မွေးသက္ကရာဇ်ကိုတည်, ၇ နှင့်စား အကြွင်းကို အစီလိုက်ချ။ ဥပမာ ၁၃၅၈ ခုဖွား တနင်္ဂနွေသားကို တွက်မယ်။
၇ | ၁၃၅၈ | ၁၉၄
၇
------
၆၅
၆၃
-------
၂၈
၂၈
---------
၀ ကြွင်းတယ်
၀ ၁ ၂ ၃ ၄ ၅ ၆ ထိ အစီလိုက်ရေး
ဘင်္ဂ ပုတိ သိုက် မရဏ အဓိပတိ ရာဇ အထွန်း ဟု အစီလိုက်ချလိုက်တဲ့အခါ
၀ ဘင်္ဂ, ၁ ပုတိ, ၂ သိုက်, ၃ မရဏ, ၄ အဓိပတိ, ၅ ရာဇ, ၆ အထွန်း
၁ တနင်္ဂနွေသားသည် ပုတိဖွားတယ်။
၀ ကြွင်းရင်
=======
၀ ၁ ၂ ၃ ၄ ၅ ၆
၀ ဘင်္ဂ ၁ပုတိ ၂သိုက် ၃မရဏ ၄အဓိပတိ ၅ရာဇ ၆အထွန်း
၁ တနင်္ဂနွေသားသမီးသည် ပုတိဖွား။
၂ တနင်္လာသားသမီးဆိုရင် သိုက်ဖွား။ ၃ အင်္ဂါသားသမီးသည် မရဏဖွား။ ၄ ဗုဒ္ဓဟူးသားသမီးသည် အဓိပတိဖွား။ ၅ ကြာသပတေးသားသမီးသည် ရာဇဖွား။ ၆ သောကြာသားသမီးသည် အထွန်းဖွား။ ၀ စနေသားသမီးသည် ဘင်္ဂဖွား။
၁ ကြွင်းရင်
=======
၁ ၂ ၃ ၄ ၅ ၆ ဝ
၁ဘင်္ဂ ၂ပုတိ ၃သိုက် ၄မရဏ ၅အဓိပတိ ၆ရာဇ ဝအထွန်း
၂ကြွင်းရင်
=======
၂ ၃ ၄ ၅ ၆ ၀ ၁
၂ဘင်္ဂ ၃ပုတိ ၄သိုက် ၅မရဏ ၆အဓိပတိ ဝရာဇ ၁အထွန်း
၃ ကြွင်းရင်
=======
၃ ၄ ၅ ၆ ၀ ၁ ၂
၃ဘင်္ဂ ၄ပုတိ ၅သိုက် ၆မရဏ ဝအဓိပတိ ၁ရာဇ ၂အထွန်း
၄ ကြွင်း ၅ ကြွင်း ၆ကြွင်းများကိုလည်း ဤနည်းအတိုင်း တွက်ပါ။ အဟောကို အောက်မှာ ဖတ်ရှုပါ။
အထွန်းဖွားအဟော
အထွန်းဖွားသည် ထွန်းကားခြင်းဖွား, ပညာရှိဖွား ဖြစ်တယ်။ အကောင်းဆုံးဖွားခြင်း ဖြစ်တယ်။
အထွန်းဖွား သားသမီးများသည် ငယ်စဉ်က ရောဂါကင်းမည်။ သတ္တိရှိမည်။ ဉာဏ်ရှိမည်။ မည်မျှပင် ဆင်းရဲပါစေ
နိမ့်ကျသော အလုပ်ကို တာရှည်မလုပ်ကိုင်ရ။ တဖြည်းဖြည်း တိုးတက်မည်။ ဘဝမှာ တချိန်ချိန်၌ အကြောင်းအရာ တစ်ခုခုဖြင့် ထွန်းကားခဲ့မည်။
ငယ်စဉ်ကတည်းက ပြုပြင်ပြီး ပညာကို နည်းမှန်လမ်းမှန်နဲ့ သင်မည်ဆိုရင် ထိပ်ဆုံးကို ရောက်မည်။ သိက္ခာကျစေသော အလုပ်မျိုးကို လုပ်လိုစိတ်မရှိတတ်။
မကောင်းမှုကို မမွေ့လျော် မနှစ်သက်တတ်။ သည်းခံတတ်သည်။ အများအားဖြင့် ကောင်းသောစကားကိုသာ ပြောတတ်သည်။ အထွန်းဖွားသားသမီးများသည်
ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားသာ လုပ်မယ်ဆိုရင် ထိပ်ဆုံးကိုရောက်မည်။
သိုက်ဖွားအဟော
သိုက်ဖွားသည် လုံခြုံခြင်းဖွား ဖြစ်တယ်။ ဒုတိယ အကောင်းဆုံးဖွား ဖြစ်တယ်။
သိုက်ဖွားသားသမီးများသည် ကောင်းမှု၌ မွေ့လျော်မည်။ မကောင်းမှုကို မနှစ်သက်တတ်။ တရားစကားကို နှစ်သက်မည်။ သည်းခံတတ်မည်။
ဉာဏ်ရှိမည်။ နိမ့်ကျသောအလုပ်ကို တာရှည်မလုပ်ကိုင်ရ။ တဖြည်းဖြည်း တိုးတက်မည်။ ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားလုပ်ရင် အောင်မြင်မည်။
<<<တနင်္ဂနွေနံဖြင့်အဆုံးသတ်မှည့်ခေါ်သော နာမည်ရှင်တို့ရဲ့စိတ်နေစိတ်ထားများ>>>
<<<တနင်္လာနံနဲ့အဆုံးသတ်မှည့်ခေါ်သော နာမည်ပိုင်ရှင်များအကြောင်း>>>
<<<အင်္ဂါနံနဲ့အဆုံးသတ်မှည့်ခေါ်ထားသော နာမည်ပိုင်ရှင်တို့ရဲ့ စိတ်နေစိတ်ထားများ>>>
ရာဇဖွားအဟော
ရာဇဖွားသည် ဘုရင်ဖွားဖြစ်တယ်။ တတိယ အကောင်းဆုံးဖွားဖြစ်တယ်။
ရာဇဖွား သားသမီးများသည် အတိုက်အခံများ၍ အောင်မြင်မည်။ အတိုက်အခံ ပြောတတ်သည်။ စိတ်သောက ရောက်ရတတ်သည်။
မဟုတ်မခံစိတ် ပြင်းပြတတ်သည်။ သည်းမခံတတ်။ မခံချင်စိတ်ဖြင့် ငါသိ ငါတတ် သဘောမျိုးဖြင့် ပြောဆို ပြုလုပ်တတ်သည်။ သို့သော် အောင်မြင်မည်။
သူတပါးကို သြဇာပေးတတ်သည်။ မာနကြီးမည်။ သို့သော် လူကို မကောင်းကျိုး မပေးတတ်။ နိမ့်ကျသော အလုပ်မျိုးကို တာရှည်မလုပ်ကိုင်ရ။
ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားလုပ်ရင် အတိုက်အခံဖြင့် အောင်မြင်မည်။
ရာဇဖွား အမျိုးသမီးများသည် အများအားဖြင့် အသက်ကြီးမှအိမ်ထောင်ကျတတ်သည်။
အဓိပတိဖွားအဟော
အဓိပတိဖွားသည် အစိုးရဖွား ဖြစ်တယ်။ စတုတ္ထ အကောင်းဆုံး ဖြစ်တယ်။
အဓိပတိဖွား သားသမီးများမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေလေသည်။ သို့ရာတွင် အကောင်းများလေသည်။ အတိုက်အခံများ၍ အောင်မြင်မည်။
စိတ်သောက ရောက်တတ်သည်။ ငါသိငါတတ်သဘောမျိုးဖြင့် ပြုလုပ်ပြောဆိုတတ်သည်။ သူတပါးကို သြဇာပေးတတ်သည်။ ရာဇဖွားထက်
သာလွန်၍ မာနကြီးမည်။ အတ္တကြီးမည်။ သို့သော် အသင့်အတင့် အောင်မြင်တတ်သည်။
ဘာပဲလုပ်လုပ် ကြိုးစားပမ်းစားလုပ်လျှင် အတိုက်အခံဖြင့် အသင့်အတင့် အောင်မြင်မည်။
အဓိပတိဖွား အမျိုးသားများသည် အများအားဖြင့် အသက်ကြီးပြီးမှ အိမ်ထောင်ကျတတ်သည်။
ပုတိဖွားအဟော
ပုတိဖွားသည် ပုတ်သိုးခြင်းဖွား ဖြစ်တယ်။
မကောင်းသောဖွားခြင်း ဖြစ်တယ်။
ပုတိဖွားသားသမီးများသည် စိတ်သောကများမည်။ ဒုက္ခများမည်။ မအောင်မြင်တတ်။ မကောင်းမှု၌ မွေ့လျော်မည်။ မကျော်ဇောတတ်။
ကျော်ဇောလျှင် လူအများထက်ပို၍ ကျော်ဇောမည်။ သို့သော် ကျော်ဇောခဲ့လျှင်လည်း မနာလိုသူများမည်။ အနှောက်အယှက်များမည်။
ဖျက်လိုဖျက်ဆီးသူတွေများမည်။ စိတ်သောကများရမည်။ ဒုက္ခများမည်။
ဘင်္ဂဖွားအဟော
ဘင်္ဂဖွားသည် ပျက်စီးခြင်းဖွား။ ပုတိဖွားထက် သာလွန်၍ ဆိုးလေသည်။
ဘင်္ဂဖွား သားသမီးများသည် ငယ်စဉ်က ရောဂါများမည်။ ကြောက်လန့်တတ်သည်။ မအောင်မြင်တတ်။ ဒုက္ခများမည်။ ဉာဏ်နည်းမည်။
ဘဝတစ်လျှောက် စိတ်သောကများမည်။ မကောင်းမှု၌ မွေ့လျော်မည်။ အနှောင့်အယှက် အဖျက်အဆီး များမည်။
ဘင်္ဂဖွားသားသမီးများသည် ဦးစီးဦးဆောင် မလုပ်သင့်။ ပျက်စီးတတ်တယ်။
မရဏဖွားအဟော
မရဏဖွားသည် သေခြင်းဖွားဖြစ်တယ်။ အဆိုးဆုံးဖွား ဖြစ်တယ်။ သို့သော် စီးပွားရေးတွင် မဆိုးပါ။ အသက်အန္တရာယ်နှင့် ပတ်သတ်၍ ဆိုးမည်။
ထို့ကြောင့် အဆိုးဆုံးဖြစ်သည်။မရဏဖွား သားသမီးများမှာ မွေးဖွားစဉ်က ရောဂါထူပြောမည်။ ရောဂါများမည်။ ကြောက်လန့်တတ်သည်။ ချူချာမည်။
ငယ်စဉ်က သေရင်သေ။ မသေရင် ကြီးရင် ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနှင့် နေရတတ်သည်။ မကောင်းမှု၌ မွေ့လျော်တတ်သည်။ ကြိုးစားတတ်သည်။
ဒေါသကြီးတတ်သည်။
Myanmar Wedding Guide