(Unicode Version)
ရည်းစားမရှိတာ အရမ်းကောင်းပါတယ်။ တစ်ယောက်ထဲလွတ်လွတ်လပ်လပ်နဲ့ အပူပင်မရှိနေလို့ရတယ်။ ဒါကြောင့် ရည်းစားမရှိလည်း စိတ်မညစ်ပါနဲ့။ ရည်းစားမထားပဲ တစ်ယောက်ထဲနေပြီး ဘဝမှာ အမြဲပျော်ရွှင်အောင် နေလို့ရမယ့်နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘယ်လိုနည်းလမ်းတွေလဲဆိုရင်တော့….
ကိုယ်လုပ်ချင်တဲ့အရာမှန်သမျှကို လွတ်လွတ်လပ်လပ်စိတ်ရှိတိုင်း လုပ်ပစ်ပါ။ လိုက်ပိတ်ပင်မယ့်ရည်းစားမရှိတဲ့အတွက် လုပ်ချင်တာလုပ်ပြီး စိတ်ရှိတိုင်းသာပျော်နေလိုက်ပါ။
ကိုယ်ချစ်တဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အမြဲပျော်ရွှင်စွာနေပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေအပေါ်မှာပဲ ပိုချစ်ပေးလိုက်ပါ။
ကိုယ့်အနားမှာအမြဲရှိနေတဲ့သူတွေကို အချိန်ပေးပြီး သူတို့နဲ့ပဲ အချိန်တွေကုန်ဆုံးလိုက်ပါ။ ပျော်ရွှင်စရာအမှတ်တရတွေကို ဖန်တီးလိုက်ပါ။
ဘဝမှာ လူသစ်တွေနဲ့တွေ့ပြီး ခင်မင်ပါ။ မိတ်ဆွေဖွဲ့ပါ။ ကိုယ့်ကိုသဘောကျတဲ့သူတွေနဲ့လည်း စကားပြောကြည့်ပါ။ စိတ်အပြောင်းအလဲဖြစ်တာပေါ့။
ပိုက်ဆံများများရှာပါ။ ကိုယ်လိုချင်တာတွေ စိတ်ရှိတိုင်းဝယ်နိုင်ဖို့၊ ကိုယ်ဖြစ်ချင်တာတွေလုပ်နိုင်ဖို့ ရည်းစားထားမယ့်အစား ပိုက်ဆံသာများများရှာလိုက်ပါ။
ပိုက်ဆံများများရှာပြီး ခရီးတွေထွက်ပါ။ ခရီးသွားရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။ မရောက်ဖူးသေးတဲ့နေရာတစ်ခုချင်းစီကိုသာ သွားပစ်ပါ။
ပရဟိတတွေ၊ အလှူတွေ များများသာလုပ်ပါ။ Volunteer လည်းလုပ်လို့ရပါသေးတယ်။ ကိုယ်ရှာထားတဲ့ပိုက်ဆံနဲ့ လှူရတာ ကူညီရတာက အရမ်းပီတိဖြစ်ရပါတယ်။
အားကစားလုပ်ဖို့လည်း မမေ့ပါနဲ့။ Gym ပုံမှန်ကစားပါ။ ခန္ဓာကိုယ်လည်းလှ၊ ကျန်းမာရေးလည်းကောင်းတော့ ပျော်စရာကောင်းတာပေါ့။
အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုဂရုစိုက်ဖို့မမေ့ပါနဲ့။ သူများဂရုမစိုက်လို့၊ အရေးမလုပ်လို့၊ မခေါ်မပြောလို့ဆိုပြီး ဝမ်းနည်းမနေပါနဲ့။ ကိုယ့်ကိုယ်ကိုသာဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုသာပိုချစ်ပါ။
Photo Source: www.freepik.com
(Zawgyi Version)

The post
ရည်းစားမရှိလည်း ဘဝမှာအမြဲပျော်ရွှင်အောင်နေလို့ရမယ့်နည်းလမ်းများ
appeared first on
MyStyle Myanmar
.