
ဒီနေ့ခေတ်မှာဆိုရင် fashion ကုမ္ပဏီတွေက အခြားကုမ္ပဏီတွေနဲ့ ယှဉ်လိုက်ရင်ပြိုင်ဆိုင်မှုပိုပြီးပြင်းထန်တာကိုတွေ့ရပါတယ်။ လူတွေရဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ စိတ်ကို အကြိုက်တွေ့အောင်နည်းမျိုးစုံကြိုးစားရပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ပြိုင်ဘက်ကုမ္ပဏီရဲ့ အားနည်းချက် အားသာချက်တွေကိုရှာဖွေပြီး ကိုယ့် ပစ္စည်းကို ဝယ်ဖြစ်အောင် marketing ဗျူဟာတွေကိုလည်း ချမှတ်ရပါတယ်။
၁၉၉၀ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ George Boedecker, Scott Seamans နဲ့ Lyndon Henson တို့သူငယ်ချင်းသုံးယောက် Crocs ဆိုတဲ့နာမည်နဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုကိုစတင်လုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့သုံးယောက်က ကနေဒါနိုင်ငံမှာ polymer တွေထုတ်တဲ့ Foam Creation ဆိုတဲ့ Company ကနေထွက်လာခဲ့ကြတာပါ။ ဒီ polymer တွေက ခိုင်ခံ့ပြီးညစ်ပတ်ပေရေတာကိုခံနိုင်တာသူတို့တွေသိရှိခဲ့ပါတယ်။

Flickr/Julie
Boedecker, Henson နဲ့ Seamans တို့က polymer ကိုသုံးပြီးဖိနပ်ထုတ်မယ့် အကြံကို ကနေဒါနိုင်ငံသားတစ်ယောက်ဆီကဝယ်ခဲ့ပြီး ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ဖိနပ်အမျိုးအစားက ရွက်လှေစီးသမားတွေအတွက်ရည်ရွယ်ခဲ့တာပါ။ ဖိနပ်က ခိုင်ခံ့ပြီး စီးရတာသက်တောင့်သက်သာဖြစ်တဲ့အတွက် အများကြီးရောင်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရွက်လှေစီးသမားတွေတင်မကပဲ သာမန်လူတွေပါ ဝယ်ယူလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဇိုင်းကတော့ လှပမှုမရှိတာကြောင့် ဝယ်ယူသူအများစုက ဖိနပ်ရဲ့ လှပမှုထက် စီးရတာအဆင်ပြေလို့ ဝယ်ခဲ့ကြတာပါ။

Instagram/Croc
အစပိုင်းမှာ Crocs အနေနဲ့ အဆိုးရွားဆုံး ဒီဇိုင်းလို ပြစ်တင်ပြောဆိုခြင်းတွေကိုခံခဲ့ရသလို Crocs ဟာ ၂၀၀၂ မှာ ဖိနပ်အရံပေါင်း ၂၀၀ သာ ရောင်းချခဲ့ရပေမယ့် ၂၀၁၇ ရောက်တဲ့အခါမှာတော့ မီလီယံ ၃၀၀ ရောင်းချခဲ့ရပါတယ်။ Crocs က ဒီဇိုင်နာတွေကို ဌားရမ်းပြီး ဖိနပ်ဒီဇိုင်းကို စီးရတာမနာကျင်စေဖို့ အတွက်လည်း ပြုပြင်ခဲ့ပါသေးတယ်။ ဒီဇိုင်းတစ်ခုထဲကိုပဲ ကာလာစုံထုတ်ပြီး အဝယ်များလာအောင်လုပ်တဲ့အပြင် ကျော်ကြားတဲ့အနုပညာရှင်တွေကို အသုံးပြုပြီး Crocs product တွေကို ကြော်ငြာခဲ့ပါသေးတယ်။
View this post on Instagram
wanderin n wonderin

A post shared by
Ariana Grande
(@arianagrande) on
View this post on Instagram
Whatta dream Special thanks to our lovely ambassador, Natalie Dormer. Don’t forget to snag a pair of #PlatformCrocs.

Special thanks to our lovely ambassador, Natalie Dormer. Don’t forget to snag a pair of #PlatformCrocs.
A post shared by
Crocs Shoes
(@crocs) on
Crocs က product တွေကို ကြော်ငြာတဲ့နေရာမှာ လူတွေစိတ်ကူးထဲက လိုချင်တဲ့ ဘဝလူနေမှုပုံစံတွေကိုနောက်ခံထားပြီးကြော်ငြာပါတယ်။ လူတိုင်း Crocs ဖိနပ်တွေစီးလို့ရပါတယ် ဒါပေမယ့် သူတို့ target ထားတဲ့ လူတွေကတော့ ပုံမှန်ဝင်ငွေထက်ရရှိနေတဲ့သူတွေကိုပါ။ Crocs ဟာ ၂၀၁၈ မှာ ဆိုင်တွေအားလုံးနီးပါး ကို ပိတ်သိမ်းခဲ့ပြီး online ကနေပဲ ရောင်းချမှုတွေပြုလုပ်ခဲ့ပါတယ်။
Crocs အနေနဲ့ အမြဲတမ်း ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး product ကိုလည်း ပိုကောင်းလာအောင် တီထွင်ဖန်တီးမှုတွေ အဆက်မပြတ် လုပ်လာခဲ့တာပါ။ Marketing ပိုင်းမှာလည်း လူတွေရဲ့စိတ်ကို သေချာဆန်းစစ်ပြီး brand တစ်ခုဖြစ်လာအောင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက လူငယ်တွေ အတုယူနိုင်ဖို့ တင်ပြပေးလိုက်ရပါတယ်။
Lwin Min
Ref : Brightside , Wikipedia