
လူတစ်ယောက်အတွက် ဘယ်အရာက အရေးကြီးဆုံးလဲ ? ကျန်းမာရေးကောင်းဖို့သာ အဓိက
ဆိုတာ လူတိုင်းသိပြီးသားပါ။ ကျန်းမာရေးထက် ပိုအရေးကြီးတာကတော့ စိတ်ပါပဲ။
သင့်ရဲ့စိတ်ဟာ အမြဲကျန်းမာနေရဲ့လားလို့ စစ်ကြည့်ဖူးလား ? လူရော ၊ စိတ်ရော ကျန်းမာနေမှ
လောကကြီးမှာ ရှင်သန်ရတာပိုပျော်ရွှင်စေတာပေါ့။
စိတ်ပင်ပန်းမှုတွေကို ဖြေလျော့တဲ့အခါ ပုံမှန်လုပ်နေကြအရာတွေနဲ့ အစားထိုးမယ့်အစား
ငါးမျှားကြည့်ပါလို့ အကြံပေးချင်ပါတယ်။ ဘဝမှာ တစ်ခါလောက်တောင် ငါးမျှားဖူးရဲ့လား …
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါဦး။ မမျှားဖူးသေးရင် လုပ်ကြည့်ပါ …
ငါးမျှားခြင်းက သင့်ကို ဗီတာမင်D တိုးပွားစေပါတယ်..
ခန္ဓာကိုယ်မှာ ဗီတာမင် D လုံလောက်နေတဲ့အခါ ကယ်လစီယမ်ဓာတ်မျှတမှုရှိပြီး ဖော့စဖိတ်ပမာဏအားကောင်းမှုကြောင့် သွားနဲ့ အရိုးတွေကို သန်မာစေပါတယ်။ ကိုယ်ခံအားကောင်းစေသလို စိတ်ဓာတ်ကျခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
အာရုံစူးစိုက်မှုပိုကောင်းလာ
ပတ်ဝန်းကျင်အပေါ် လေ့လာစူးစိုက်မှုအားက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။
တစ်ချို့က ဒီပတ်ဝန်းကျင်မှာနေနေပေမယ့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာက အစ အသေးစိတ်သိနေတာမျိုးမဟုတ်ဘူး။ အမှတ်တမဲ့ပဲ။ ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတဲ့ လူတစ်ယောက်ဟာ သူများနဲ့ယှဉ်ရင် တစ်ပန်းသာပါတယ်။ ဒီလိုပဲ… အာရုံစူးစိုက်မှုအားကောင်းတဲ့ လူတစ်ယောက်ရဲ့ဦးနှောက်ဟာ အခက်ခဲတွေကြုံလာရင် အလွယ်တကူဖြေရှင်းနိုင်ပါလိမ့်မယ်။
စိတ်ဖိစီးမှု ကင်းစင်စေ
စိတ်ပင်ပန်း မွန်းကြပ်နေတဲ့အခါ ငါးမျှားခြင်းက သင့်အတွက်အကောင်းဆုံးပါပဲ။ ကြည်လွင်
ရှင်းသန့်တဲ့ ရေပြင်ကိုကြည့်ပြီး ငါးမျှားချိတ်လေးချထားရတာလောက် သင့်ကိုကောင်းမွန်တဲ့
စိတ်ခံစားမှုပေးနိုင်မယ် မထင်ပါဘူး။ ငါးလေးက လာချိတ်ရင်တော့ စိတ်ပင်ပန်းတာတွေ
တစ်ဝက် သက်သာသွားမယ်ထင်တယ်။
သူငယ်ချင်းတွေနဲ့ တူတူမျှားပါ
သူငယ်ချင်းတွေနဲ့ မျှားတဲ့အခါ စကားပြောဖော်လည်းရသလို ပျော်စရာအချိန်လေးကိုလည်း
အတူတူကုန်ဆုံးနိုင်မှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုတိုးတက်လာစေပြီး ငါးမျှားတာနဲ့ပတ်သတ်ပြီးတော့လည်း ဗဟုသုတတွေပိုတိုးပွားလာစေတယ်။ သူငယ်ချင်းတွေ ၊ မိသားစုတွေနဲ့
ငါးမျှားပြီး အချိန်ကုန်ဆုံးကြည့်ပါ. တကယ်ပဲ မထင်မှတ်လောက်အောင် သင့်အတွက် အကျိုးကျေးဇူးတွေများစေမှာပါ။