
အိမ်မှာမွေးထားတဲ့တိရစ္ဆာန်လေးတွေကို အိမ်မွေးတိရစ္ဆာန်ထက်ပိုတဲ့ချစ်ခြင်းမျိုးထက် သားသမီးတစ်ယောက်လို ချစ်ကြတာဟာ တိရစ္ဆာန်လေးတွေကိုမွေးထားတဲ့မိသားစုတိုင်းရဲ့ချစ်ခြင်းမေတ္တာပါ။သူတို့နောက်ဆုံးနှုတ်ဆက်ထွ က်ခွာသွားရင်တောင် ကိုယ့်ရဲ့သွေးသားချင်းချာတစ်ယောက်ကိုဆုံးရှုံးရသလို ခံစားရတာလည်း တိရစ္ဆာန်လေးတွေကိုမွေးထားတဲ့သူတွေသာသိတဲ့ ခံစားချက်တစ်ခုပါ။ ဘယ်လောက်နာကျင်ရလဲဆိုတာကိုလည်း ဆုံးရှုံးဖူးသူတိုင်းသိကြမှာပါ။
အိမ်မွေးတိရစ္ဆာန်တစ်ကောင်သေဆုံးသွားရင် မထင်မှတ်ထားလောက်အောင်နာကျင်ရပြီး ပြင်းထန်တဲ့စိတ်ခံစားမှုကိုပါဖြစ်စေပါတယ်။ဒီလိုအခြေအနေမျိုးကို တိရစ္ဆာန်တွေမွေးထားတဲ့သူတွေ၊ တိရစ္ဆာန်လေးတွေ ကိုချစ်တဲ့သူတွေသာ လက်ခံနားလည်နိုင်မယ့်ခံစားချက်မျိုးဖြစ်ပါတယ်။

Instagram/Taylor Swift
အိမ်မွေးတိရစ္ဆာန်လေးတွေသေဆုံးသွားချိန်မှာ ဆုံးရှုံးသွားပြီဆိုတဲ့ နာကျင်မှုကို ခံစားရတာဟာ အိမ်မွေးတိရစ္ဆာန်နဲ့သူတို့ရဲ့သခင်ကြားက ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေကြောင့်ဖြစ်တယ်လို့ စိတ်ပညာရှင် Perpetua Neo ကပြောပါတယ်။
လူတွေဆီမှာမရရှိတဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို တိရစ္ဆာန်တွေဆီကသာရရှိနိုင်တာဖြစ်တယ်လို့ Neo ကပြောပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရဲ့လှည့်စားခြင်းကိုခံရဖို့ဆိုတာ အရမ်းကိုခဲယဉ်းပါတယ်လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
သခင်တွေရဲ့ခက်ခဲကြမ်းတမ်းတဲ့အချိန်တစ်ချို့ အိမ်မွေးတိရစ္ဆာန်လေးတွေက သိပါတယ်။ ဥပမာ အိမ်မွေးကြောင်တစ်ကောင်ဟာ သခင်ဖြစ်သူ စိတ်ညစ်နေတာတွေ ပျောက်သွားအောင် သခင်အနားကို အတူလာထိုင်ပြီး နှစ်သိမ့်ပေးတတ်ကြပါတယ်။

instagram/miley cyrus
ဒီလိုအခြေအနေတွေ ရှိတယ်ဆိုတာကို သိဖို့ သိပ္ပံနည်းကျတဲ့ အထောက်အထားအချို့ ရှိတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ ကြောင်တွေဟာ သခင်တွေရဲ့စိတ်ခံစားမှုကို သိရှိခံစားနိုင်တာကို တွေ့ရှိရတယ်လို့ (၂၀၁၅)ခုနှစ် Oakland တက္ကသိုလ်မှ တိရစ္ဆာန်ဆိုင်ရာ သုတေသနပညာရှင်တွေဖြစ်တဲ့ Moriah Galvan နဲ့ Jennifer Vonk တို့ရဲ့ လေ့လာချက်အရ သိရပါတယ်။
ခွေးတွေဟာလည်း ဒီအတိုင်းပါပဲ။ သခင်တွေအပေါ်သစ္စာစောင့်သိတတ်ပြီး သခင်တွေရဲ့စိတ်ခံစားချက်ကို နားလည်တ ယ်တဲ့ တိရစ္ဆာန်လေးတွေပါ။ ခွေးလေးတွေဟာ သခင်ဆီကကွဲပြားခြားနားတဲ့ အသံနဲ့စိတ်ခံစားချက်ကို နားလည်နိုင်တ ယ်ဆိုတာကို လေ့လာတွေ့ရှိရတယ်လို့ (၂၀၁၈)ခုနှစ်ရဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရပါတယ်။
နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ လူတွေနဲ့ခွေးတွေကြား ခိုင်မာတဲ့သံယောဇဉ်ကြိုးတစ်ခုရှိနေပြီး ကွဲပြားခြားနားတဲ့အမူအရာတွေကနေတစ်ဆင့် သူတို့ဆက်သွယ်နေကြတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေက သူတို့ရဲ့တိရစ္ဆာန်လေးတွေကိုဆုံးရှုံးသွားမယ်ဆိုရင် မိသားစုဝင်တစ်ယောက်ဆုံးရှုံးသွားသလိုခံစားရတာဖြစ်ပါတယ်။

Instagram/Liam Hemsword
အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကိုဆုံးရှုံးရတဲ့အတွက် အရမ်းကိုစိတ်ထိခိုက်ခံစားစေပါတယ်။ဒါပေမယ့် လည်း လူတွေဟာ ဘယ်တော့မှသေခြင်းတရားကိုလက်ခံဖို့အဆင်သင့်မဖြစ်ကြသေးဘူးလို့ Neo ကပြောပါတယ်။
ဒီလိုအခြေအနေမျိုးတွေကိုရင်ဆိုင်ရပြီဆိုရင်တော့ ဝမ်းနည်းမှုကနေပုန်းရှောင်ဖို့မကြိုးစားပါနဲ့။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့နောက်ဆုံးအချိန်ကိုအေးချမ်းစွာဖြတ်သန်းပါစေ။သူတို့ကိုဝမ်းနည်းကြေကွဲေ အာင်မလုပ်ပါနဲ့။ အဲ့လိုလုပ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်နာကျင်မှုတွေခံစားရမှာဖြစ်ပါတယ်။သူတို့ရှိနေတုန်းမှာ အကော င်းဆုံးပြုမူပေးလိုက်ပါ။ နောက်ဆုံးအချိန်မှာလည်း ငါအကောင်းဆုံး လုပ်ဆောင်ပေးခဲ့တယ်ဆိုပြီး ကိုယ့်ကိုကိုယ် မှတ်ယူလိုက်ပါလို့ Neo ကပြောပါတယ်။
Thae Su