စွန့်လွှတ်သင့်တဲ့ မနက်ခင်းမှာ သင်ပြုလုပ်လေ့ရှိသော အပြုအမူ (၅) ခု
mystylemyanmar.com
|
2019-10-17

[Zawgyi]

မင်္ဂလာပါနော်။ အားလုံးပဲ မနက်အိပ်ယာထတဲ့အခါ လုပ်တတ်တဲ့ သင့်ရဲ့ အကျင့်ဆိုးလေးတွေကို ပြုပြင်လိုက်ရအောင်ပါ။ တချို့က ကော်ဖီပြင်းပြင်းသောက်ကြတယ်။ တချို့က ဖုန်းကြည့်ကြတယ်။ သင့်အနေနဲ့ ကျန်းမာရေးအတွက် မကောင်းတာမို့ စွန့်လွှတ်လိုက်သင့်တဲ့ အပြုအမူ (၅) ခုကို မျှဝေပေးချင်ပါတယ်။

မနက်ခင်းမှာရေချိုးခြင်းဖြင့်စတင်ပါ

မျက်နှာမသစ်ခင် ရေအရင်ချိုးလိုက်ပါ။ ရေချိုးပြီးမှ မျက်နှာသစ်ပါ။

ရေပူပူနဲ့ မချိုးပါနဲ့

မနက်ခင်း ရေချိုးတဲ့အခါ ရေအရမ်းပူတာနဲ့ မချိုးဘဲ မပူမအေးလေးနဲ့ ချိုးပေးပါ။ ရေပူပူနဲ့ချိုးတာဟာ သင့်အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။

ဖုန်းကြည့်ခြင်း

ဖုန်းနဲ့ လူမှုကွန်ရက်စာမျက်နှာတွေသုံးတာ၊ Mail ဖတ်တာ၊ ဂိမ်းဆော့တာမျိုးတွေ မလုပ်သင့်ပါဘူး။ အကောင်းဆုံးကတော့ ဖုန်းမကြည့်တာအကောင်းဆုံးပါ။

အဝတ်အစားရွေးရင်းအချိန်မကုန်ပါနဲ့

မနက်ခင်း ရုံးသွားခါနီး ဘာဝတ်ရမလဲဆိုတာ ကြည့်ရင်း ရွေးရင်း အချိန်ကုန်မနေပါနဲ့။ ရိုးရိုးရှင်းရှင်းလေးတွေရွေးချယ်ပါ။ အဝတ်အစားဝယ်ယူမှုကို လျှော့ချပါ။

ကော်ဖီပြင်းပြင်းမသောက်ပါနဲ့

ကော်ဖီ အရမ်းပြင်းပြင်းသောက်တာဟာ တချို့သူတွေအတွက် ရင်တုန်စေနိုင်သလို စိုးရိမ်ပူပန်မှုကို မြင့်တက်စေပါတယ်။

အပိုဆု

သွားမတိုက်ခင်၊ ရေမချိုးခင် ရေအရင်သောက်ပါ။

[Unicode]

The post

စွန့်လွှတ်သင့်တဲ့ မနက်ခင်းမှာ သင်ပြုလုပ်လေ့ရှိသော အပြုအမူ (၅) ခု appeared first on

MyStyle Myanmar .

#မနက်ခင်း
#နှာ
#ကျော
#ပူ
#ကော်ဖီ

Some text some message..