မိန်းကလေးတွေဝတ်ဆင်တတ်တဲ့ ကောင်လေးတွေ သဘောကျတဲ့ အရောင် (၇) မျိုး
mystylemyanmar.com
|
2019-10-19

မိန်းကလေးတွေမှာ စတိုင်ကျဖို့ကလည်း အရေးကြီးပါတယ်။ မျက်နှာလှနေရုံနဲ့ ဖက်ရှင်မဆင်တတ်ရင်လည်း အဆင်မပြေပါဘူး။ ဒီတစ်ခေါက်မှာတော့ ကောင်လေးတွေ သဘောကျပြီး မိန်းကလေးတွေ ဝတ်ဆင်နိုင်တဲ့အရောင်တွေကို ဖော်ပြပေးလိုပါတယ်။ အရောင်တွေ သိထားတော့ ကိုယ်သဘောကျသူနဲ့ ဒိတ်လုပ်တဲ့အချိန် သူကြိုက်နိုင်တဲ့အရောင်ကို မှန်းဆပြီး ဝတ်ဆင်နိုင်ပါတယ်။

၁။ အနက်ရောင်

အမျိုးသားတွေ သဘောကျတဲ့အရောင်တစ်မျိုးကတော့ အနက်ရောင်ပါ။ အနက်ရောင်က ဆွဲဆောင်မှုရှိတာ၊ Sexy ကျတာကို ညွှန်ပြပါတယ်။ အနက်ရောင်က အမှန်တကယ်လည်း စမတ်ကျတာ ပျိုမေတိုင်းသိပါတယ်။

၂။ အနီရောင်

အနီရောင်ကတော့ အမျိုးသားတွေကို ဆွဲဆောင်နိုင်တာ အားလုံးသိပြီးဖြစ်မှာပါ။ အနီရောင်က ကိုယ့်ပုံစံကို မိန်းကလေးပိုဆန်စေပါတယ်။ ဒါပေမဲ့ သူ့ကိုဆွဲဆောင်နိုင်ဖို့ အနီရောင် ရိုင်းရိုင်းကြီးတွေဝတ်ဖို့မလိုပါဘူး။ အနီရောင် နည်းနည်းလောက်ပဲပါရင်တောင် အဆင်ပြေနေပါပြီ။

၃။ အဖြူရောင်

ယောကျာ်းလေးတွေက အဖြူရောင်ကို ဖြူစင်သန့်ရှင်းတယ်လို့ အဓိပ္ပာယ်ဖွင့်တတ်ပါတယ်။ အဖြူရောင်အပေါ်ထပ်လေးတွေက အဆင်ပြေပါတယ်။ အဖြူရောင် စကပ် ဘောင်းဘီတွေကတော့ အစွန်းထင်းဖြစ်နိုင်တာမို့ သတိထားဝတ်ရပါမယ်။

၄။ တောက်ပတဲ့အပြာရောင်

အမျိုးသားတွေရဲ့ အကြိုက်ဆုံးအရောင်တွေထဲမှာ အပြာရောင်လည်းပါဝင်ပါတယ်။ အပြာရောင်တွေထဲမှာမှ အပြာတောက်တောက်လေးက သူတို့စိတ်ကို ဖမ်းစားနိုင်ပါတယ်။

၅။ ပန်းရောင်

ပန်းရောင်က နူးညံ့ပြီး မိန်းကလေးပီသပါတယ်။ အနီရောင်လိုပဲ အနည်းငယ်ပါရုံနဲ့ရပါတယ်။ တစ်ကိုယ်လုံးပန်းရောင်က ကိုယ့်ကို အလွန်အကျွံမိန်းကလေးဆန်စေပါတယ်။ ရင့်ကျက်တဲ့ပုံစံလေးဖြစ်အောင် ပန်းရောင်ကို ပညာသားပါပါဝတ်ပါ။

၆။ နို့နှစ်ရောင်

နို့နှစ်ရောင်ကလည်း အဖြူရောင်လိုပါပဲ။ အမျိုးသားတွေက နို့နှစ်ရောင်ကို ဖြူစင်မှုအဖြစ် အသိအမှတ်ပြုကြပါတယ်။ တစ်ကိုယ်လုံး နို့နှစ်ရောင်တော့ မဝတ်မိစေဖို့ သတိပြုပါ။

၇။ စိမ်းပြာရင့်ရောင်

ဒီအရောင်က အပြာရောင် ရောင်ကွဲတစ်မျိုးပါ။ အမျိုးသားတွေက မိန်းကလေးတွေ အစိမ်းရောင်ဝတ်ထားရင် မကြိုက်ပါဘူး။ ဒါပေမဲ့ စိမ်းပြာရင့်ရောင်ကိုတော့ သဘောကျပါတယ်။ စိမ်းပြာရင့်ရောင်က ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

(Unicode Version)

မိန်းကလေးတွေမှာ စတိုင်ကျဖို့ကလည်း အရေးကြီးပါတယ်။ မျက်နှာလှနေရုံနဲ့ ဖက်ရှင်မဆင်တတ်ရင်လည်း အဆင်မပြေပါဘူး။ ဒီတစ်ခေါက်မှာတော့ ကောင်လေးတွေ သဘောကျပြီး မိန်းကလေးတွေ ဝတ်ဆင်နိ်ုုင်တဲ့အရောင်တွေကို ဖော်ပြပေးလိုပါတယ်။ အရောင်တွေ သိထားတော့ ကိုယ်သဘောကျသူနဲ့ ဒိတ်လုပ်တဲ့အချိန် သူကြိုက်နိုင်တဲ့အရောင်ကို မှန်းဆပြီး ဝတ်ဆင်နိုင်ပါတယ်။

၁။ အနက်ရောင်

အမျိုးသားတွေ သဘောကျတဲ့အရောင်တစ်မျိုးကတော့ အနက်ရောင်ပါ။ အနက်ရောင်က ဆွဲဆောင်မှုရှိတာ၊ Sexy ကျတာကို ညွှန်ပြပါတယ်။ အနက်ရောင်က အမှန်တကယ်လည်း စမတ်ကျတာ ပျိုမေတိုင်းသိပါတယ်။

၂။ အနီရောင်

အနီရောင်ကတော့ အမျိုးသားတွေကို ဆွဲဆောင်နိုင်တာ အားလုံးသိပြီးဖြစ်မှာပါ။ အနီရောင်က ကိုယ့်ပုံစံကို မိန်းကလေးပိုဆန်စေပါတယ်။ ဒါပေမဲ့ သူ့ကိုဆွဲဆောင်နိုင်ဖို့ အနီရောင် ရိုင်းရိုင်းကြီးတွေဝတ်ဖို့မလိုပါဘူး။ အနီရောင် နည်းနည်းလောက်ပဲပါရင်တောင် အဆင်ပြေနေပါပြီ။

၃။ အဖြူရောင်

ယောကျာ်းလေးတွေက အဖြူရောင်ကို ဖြူစင်သန့်ရှင်းတယ်လို့ အဓိပ္ပာယ်ဖွင့်တတ်ပါတယ်။ အဖြူရောင်အပေါ်ထပ်လေးတွေက အဆင်ပြေပါတယ်။ အဖြူရောင် စကပ် ဘောင်းဘီတွေကတော့ အစွန်းထင်းဖြစ်နိုင်တာမို့ သတိထားဝတ်ရပါမယ်။

၄။ တောက်ပတဲ့အပြာရောင်

အမျိုးသားတွေရဲ့ အကြိုက်ဆုံးအရောင်တွေထဲမှာ အပြာရောင်လည်းပါဝင်ပါတယ်။ အပြာရောင်တွေထဲမှာမှ အပြာတောက်တောက်လေးက သူတို့စိတ်ကို ဖမ်းစားနိုင်ပါတယ်။

၅။ ပန်းရောင်

ပန်းရောင်က နူးညံ့ပြီး မိန်းကလေးပီသပါတယ်။ အနီရောင်လိုပဲ အနည်းငယ်ပါရုံနဲ့ရပါတယ်။ တစ်ကိုယ်လုံးပန်းရောင်က ကိုယ့်ကို အလွန်အကျွံမိန်းကလေးဆန်စေပါတယ်။ ရင့်ကျက်တဲ့ပုံစံလေးဖြစ်အောင် ပန်းရောင်ကို ပညာသားပါပါဝတ်ပါ။

၆။ နို့နှစ်ရောင်

နို့နှစ်ရောင်ကလည်း အဖြူရောင်လိုပါပဲ။ အမျိုးသားတွေက နို့နှစ်ရောင်ကို ဖြူစင်မှုအဖြစ် အသိအမှတ်ပြုကြပါတယ်။ တစ်ကိုယ်လုံး နို့နှစ်ရောင်တော့ မဝတ်မိစေဖို့ သတိပြုပါ။

၇။ စိမ်းပြာရင့်ရောင်

ဒီအရောင်က အပြာရောင် ရောင်ကွဲတစ်မျိုးပါ။ အမျိုးသားတွေက မိန်းကလေးတွေ အစိမ်းရောင်ဝတ်ထားရင် မကြိုက်ပါဘူး။ ဒါပေမဲ့ စိမ်းပြာရင့်ရောင်ကိုတော့ သဘောကျပါတယ်။ စိမ်းပြာရင့်ရောင်က ခေတ်ဆန်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar

The post

မိန်းကလေးတွေဝတ်ဆင်တတ်တဲ့ ကောင်လေးတွေ သဘောကျတဲ့ အရောင် (၇) မျိုး appeared first on

MyStyle Myanmar .

#နို့နှစ်ရောင်
#အနီရောင်
#အနီ
#အရောင်
#အပြာရောင်

Some text some message..