Introvert ဆိုတာကတော့ အုံ့ပုန်းလို့ အဓိပ္ပာယ်ရပါတယ်။ လူတွေနဲ့ သိပ်အရောမဝင်ဘဲ တစ်ယောက်တည်းသီးသန့်နေတတ်သူတွေပါ။ ရှုပ်ရှုပ်ယှက်ယှက်တွေကို မကြိုက်ပါဘူး။ မာနကြီးတယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ သူတို့က အပေါင်းအသင်းဆိုရင်လည်း များများစားစားမရှိဘဲ အေးအေးဆေးဆေးသမားတွေပါ။ သင်က ဒီလို Introvert ကောင်လေး ကောင်မလေးနဲ့ တွဲတဲ့သူဆိုရင် သိထားရမယ့်အချက်တွေကို ပြောပြလိုပါတယ်။
၁။ စိတ်ရှည်ပါ
သူက ရေခဲတုံးကြီးလို အေးစက်တဲ့အချိန် အရေးကြီးတာက စိတ်ရှည်ပေးဖို့ပါ။ စိတ်ရှည်တဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ သူတို့ကို တစ်ယောက်တည်းသီးသန့်နေဖို့ အချိန်ပေးတာ၊ သူတို့ကို အားပေးစကားပြောပေးရမလား မေးတာတွေ ပါဝင်ပါတယ်။
၂။ သူ့အတွက်လုံခြုံတဲ့ကမ္ဘာလေးဖန်တီးပေးပါ
သူ့ကို လူရှုပ်တဲ့နေရာကို အတင်းခေါ်သွားတာမျိုးမလုပ်ပါနဲ့။ Introvert တွေက လူရှုပ်တဲ့လူတောထဲသွားရမှာ အမုန်းဆုံးပါပဲ။
၃။ သူတို့ရဲ့အားသာချက်တွေကို မြင်သာပါစေ
အားသာချက်တွေမှာဘာတွေပါလဲဆိုတော့ သူတို့ဟာ တစ်ယောက်တည်းနေတတ်ပေမယ့် အထီးကျန်တဲ့သူတွေမဟုတ်တာစတာတွေ ပြောပြပေးပါ။ ဒီလိုအားပေးတာက သူတို့ကို အရင်ကထက် လူတောထဲတိုးဖို့တွန်းအားပေးသလိုပါပဲ။
၄။ တခြား Introvert တွေနဲ့ပေါင်းကြည့်ပါ
သင့်ကောင်လေးနဲ့ ပုံစံတူတဲ့ သူတွေနဲ့ လိုက်ပေါင်းတာကလည်း သင့်ချစ်သူအကြောင်းကို ပိုသိရစေပါတယ်။
၅။ စီစဉ်တာ
ကြိုစီစဉ်ထားတာက Introvert တွေရဲ့ မိတ်ဆွေပါပဲ။ ပြက္ခဒိန်မှာ သင်တို့ဘယ်တော့ အပြင်သွားမလဲ။ ဘယ်တော့ဘာလုပ်မလဲ ကြိုစီစဉ်တာကို Introvert တွေက သဘောကျပါတယ်။
၆။ ဝေဖန်တာမျိုးမလုပ်ပါနဲ့
သူတို့ကို ပြောင်းလဲပစ်ဖို့ မကြိုးစားပါနဲ့။ သူတို့ကိုယ့်အတွက် လုပ်ပေးတဲ့အရာကို တန်ဖိုးထားပါ။ သူသင့်ကို ပိုပြီးချစ်လာပါလိမ့်မယ်။
၇။ သူတို့စကားတွေကို ပုဂ္ဂိုလ်ရေးအရ ဆွဲမတွေးပါနဲ့
သူတို့က တစ်ယောက်တည်းနေချင်တယ်ပြောရင် သင့်ကို အလိုမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ သူတို့ရဲ့ နဂိုနေနေကျပုံစံမျိုးကို လိုချင်ရုံပါပဲ။
၈။ မေးခွန်းတွေမေးပါ
Introvert တွေက သူတို့အတွေးတွေကို ပြောရမှာထက် ဖြေရတာမျိုးကို ပိုနှစ်သက်ပါတယ်။ သူတို့ကို ဖိအားမပေးဘဲ အချိန်ပေးပါ။
၉။ သင်တို့နှစ်ယောက်လုံးအတွက် အချိန်ပေးပါ
Introvert တွေက တစ်ယောက်တည်းနေရတာကိုသဘောကျသူတွေမို့ သင်သူ့ကို ချစ်လွန်းရင် အချိန်ပေးရပါမယ်။
၁၀။ သူတို့လိုအပ်ချက်တွေကို ဂရုစိုက်ပေးပါ
သူတို့အဆင်မပြေဖြစ်နေလား သူတို့ဘာလိုအပ်နေလဲဆိုတာ အမြဲအာရုံစိုက်ပေးပါ။
(Unicode Version)

၂။ သူ့အတွက်လုံခြုံတဲ့ကမ႓ာလေးဖန်တီးပေးပါ

Source: Herbeauty.co
By MyStyle Myanmar
The post
Introvert တွေနဲ့ တွဲတဲ့အခါ သိထားသင့်တဲ့အချက် (၁၀) ချက်
appeared first on
MyStyle Myanmar
.