အမေ့ရဲ့မွေးနေ့မှာ အမှတ်တရဖြစ်စေမယ့်လက်ဆောင်လေးပေးချင်တယ်ဆိုရင်တော့
mystylemyanmar.com
|
2019-10-24

(Zawgyi Version)

ကိုယ့်သားသမီးဝယ်ပေးတာမျိုးဆိုရင်တော့ ဘာလက်ဆောင်ပဲဖြစ်ဖြစ် မိဘတိုင်းက ပျော်ရွှင်ပြီး တန်ဖိုးထားပါတယ်။ ဒါပေမယ့် ကိုယ့်အမေရဲ့မွေးနေ့မှာ လက်ဆောင်လေးတွေပေးချင်ပေမယ့် ဘာပေးရမှန်းမသိဖြစ်နေတဲ့သူတွေနဲ့ အမှတ်တရဖြစ်ပြီး ကောင်းမွန်တဲ့လက်ဆောင်လေးတွေကို သေချာပေးချင်တဲ့သူများအတွက် ပေးသင့်တဲ့လက်ဆောင် (၅) မျိုးကို ပြောပြပေးချင်ပါတယ်။

ပိုက်ဆံ

အမေ့မွေးနေ့အတွက် လုံးဝပျော်ရွှင်သွားစေမယ့် လက်ဆောင်မျိုးပေးချင်တယ်ဆိုရင်တော့ တစ်နှစ်ပတ်လုံး ပိုက်ဆံကို နည်းနည်းစီစုထားပြီး ပိုက်ဆံပဲပေးလိုက်ပါ။ အခုခေတ်စားနေသလို ပိုက်ဆံပန်းစည်းလေးပေးလို့လည်းရသလို၊ စာအိတ်လေးနဲ့ပဲ လှလှပပလေးထုပ်ပိုးပြီး ပေးလို့ရတာပေါ့။

ပိုက်ဆံအိတ်

မိန်းကလေးတိုင်းက အသက်ကြီးကြီး ငယ်ငယ် ပိုက်ဆံအိတ်လှလှလေးတွေကြိုက်ကြတာပဲ။ ပိုက်ဆံမပေးပဲ ပစ္စည်းလက်ဆောင်ပေးချင်တယ်ဆိုရင် ပိုက်ဆံအိတ်ကောင်းကောင်းလေးတစ်လုံးသာ လက်ဆောင်ပေးလိုက်ပါ။

လက်ဝတ်ရတနာ

ကိုယ်တတ်နိုင်လို့ အမေ့အတွက် အမှတ်တရဖြစ်ပြီး တန်ဖိုးကြီးတာမျိုးလေးပေးချင်ရင်တော့ လက်ဝတ်ရတနာလေးတွေဖြစ်တဲ့ လက်စွပ်၊ လက်ကောက်၊ လော့ကပ်၊ နားကပ် စတာတွေသာ ဝယ်ပေးလိုက်ပါ။

Skincare

အသက်ကြီးလာပြီဆိုရင် အသားအရေလည်းမကောင်းတော့ဘူး၊ အရေးအကြောင်းတွေလည်းဖြစ်နေမှာပဲ။ ဒါကြောင့် သင့်အမေက Skincare လေးတွေသုံးနေကျ၊ သုံးရတာလည်းကြိုက်တယ်၊ ဝါသနာပါတယ်ဆိုရင် Skincare ပစ္စည်းကောင်းကောင်းလေးသာ ဝယ်ပေးလိုက်ပါ။

ခရီးသွားလက်မှတ်

Surprise အနေနဲ့ သူသွားချင်တဲ့ပြောဖူးတဲ့နေရာကိုသွားလို့ရအောင် ခရီးစဉ်တစ်ခုလုံးအတွက် အပြီးအစီးဖြစ်နေမယ့် ခရီးသွားလက်မှတ်ဝယ်ပြီး လက်ဆောင်ပေးလိုက်ပါ။

Photo Source: www.freepik.com

(Unicode Version)

The post

အမေ့ရဲ့မွေးနေ့မှာ အမှတ်တရဖြစ်စေမယ့်လက်ဆောင်လေးပေးချင်တယ်ဆိုရင်တော့ appeared first on

MyStyle Myanmar .

#လက်ဆောင်
#အမေ့
#ပိုက်ဆံအိတ်
#ပိုက်ဆံ
#လက်ဝတ်ရတနာ

Some text some message..