Eye Contact လုပ်ခြင်းကြောင့် တွေ့ရှိရမယ့် အံ့မခမ်းအကျိုးကျေးဇူး (၇) ခုအကြောင်း
shwemom.com
|
2019-10-25

Eye contact လုပ်တာဟာ စကားပြောတဲ့အခါ မျက်လုံးကြည့်ပြောတာမျိုး၊ လမ်းသွားလမ်းလာဖြတ်သွားတဲ့အခါ မျက်လုံးကိုကြည့်လိုက်တာမျိုး စသဖြင့်ပေါ့။ Bright Side မှ ဖော်ပြချက်အရတော့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားပြောတဲ့အခါကျ eye contact ကို ၃၀% မှ ၆၀% အထိ ပြုလုပ်တတ်ကြပေမယ့်လို့ တစ်ယောက်အတွေး၊ တစ်ယောက်ခံစားချက်တွေကိုတော့ ၆၀% မှ ၇၀% အထိ ဖလှယ်နိုင်ကြပါတယ်တဲ့လေ။ ဒါကြောင့်လည်း ချစ်ခြင်းအစ မျက်လုံးကလို့ဆိုကြတာမဟုတ်လား။

ဒါဆိုရင်တော့ သင့်အနေနဲ့ eye contact လုပ်ခြင်းဖြင့် ဘယ်လိုမျိုးမထင်မှတ်ထားတဲ့ ကောင်းကျိုးတွေရနိုင်မလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်လား။


(၁) ဆွဲဆောင်မှုပိုရှိစေတယ်

ချစ်သူချင်း တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်ပြီး ခံစားချက်တွဖလှယ်ရင်း ရိုမန်တစ်အခိုက်အတန့်လေးတွေ ခံစားဖူးကြလား။ မလုပ်ဖူးရင် လုပ်ကြည့်လိုက်ပါ။ ဒီအပြင် လုပ်ငန်းခွင်မှာလည်း eye contact လုပ်ပြီး အစည်းအဝေးပွဲမှာ ရှင်းပြတာ၊ လုပ်ငန်းအကြောင်းဆွေးနွေးတာတို့ကို လုပ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ဒီလုပ်ငန်းကို ပိုင်နိုင်တယ်၊ ဆိုတာမျိုးပြတဲ့အတွက် ဆွဲဆောင်မှုတစ်ခုရှိနေတာကြောင့် ပိုအောင်မြင်တတ်ကြပါတယ်တဲ့။


(၂) ချစ်ခြင်းမေတ္တာတွေစီးဝင်စေခြင်း

ချစ်ခြင်းအစမျက်ဝန်းကဆိုသလိုပါပဲ။ တချို့ကဗျာတွေ၊ စာတွေ၊ ရုပ်ရှင်နဲ့သီချင်းတွေထဲမှာ ဘာကြောင့်ချစ်တာလဲ၊၊ မင်းမျက်ဝန်းလေးကြောင့်ချစ်တာတို့။ ကိုယ့်အချစ်ဆုံးက မင်းမျက်ဝန်းလေးပါပဲတို့ဆိုတာမျိုးတွေ ကြားဖူးကြတယ်မဟုတ်လား။ ဒါတကယ်ပါနော်။ လူတစ်ယောက်ကို စိတ်ဝင်စားစေချင်ရင်၊ ဒါမှမဟုတ် သဘောကျစေချင်၊ ကြိုက်စေ၊ ချစ်စေချင်ရင် eye contact လုပ်ပြီး ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ စိတ်သဘောထားတွေကို စီးဝင်အောင်ပြုလုပ်ပေးနိုင်ပါတယ်။


Freepik-@freepik


(၃) စကားတွေရဲ့သက်သေ

အရေးကြီးတဲ့လုပ်ငန်းဆိုင်ရာစကားပြောမှာပဲဖြစ်ဖြစ်၊ ကတိကဝတ်တွေ ဆွေးနွေးတဲ့အခါမှာပဲဖြစ်ဖြစ် တစ်ဖက်လူရဲ့မျက်လုံးထဲ စိုက်ကြည့်ပြီး ကိုယ်ကပြာတာ ဒါမှမဟုတ် သူများပြောတာကို နားထောင်ခြင်းဖြင့် စကားတွေကို ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဆိုလိုချင်တာ မှတ်မှတ်ရရဖြစ်သွားတာပေါ့။


(၄) သတိကပ်မှု

တစ်ယောက်ယောက်က ကိုယ့်ကိုကြည့်နေပြီဆိုရင် မသိစိတ်ကအလိုလိုသိတတ်ကြတယ်မဟုတ်လား။ ဒါဆို ကျွန်တော်တို့အနေနဲ့ ဒီလူက ကိုယ့်ကို ဘာကြောင့်ကြည့်တာလဲ၊ အန္တရာယ်ပေးဖို့လား၊ မကောင်းတဲ့သဘောမျိုးနဲ့ကြည့်တာလား၊ ဘာကြောင့်လဲဆိုတာ အရင်ဆုံးသိရဖို့အတွက် အဲဒီလူရဲ့မျက်လုံးထဲ ပြန်စိုက်ကြည့်ပြီး အဖြေရှာသလိုမျိုးပေါ့။ ဒါမှမဟုတ်လည်း လူသူမရှိတဲ့ လမ်းမပေါ်မှာ ကိုယ့်မျက်နှာချင်းဆိုင်က လူတစ်ယောက်လမ်းလျှောက်လာပြီဆိုရင်လည်း မျက်လုံးချင်းစိုက်ကြည့်ပေးလိုက်ခြင်းဖြင့် ကိုယ့်ကိုဒုစရိုက်မှုကျူးလွန်မယ်လို့ စီစဉ်ထားတာတောင်မှပဲ မလုပ်ဖြစ်တော့လောက်တဲ့အထိ eye contact က အရေးပါလှတာပါ။


(၅) ကိုယ့်ကိုမှတ်မိစေခြင်း

ဒါကတော့ အောင်မြင်သူအများစုကျင့်သုံးတဲ့ နည်းလမ်းပါ။ ကိုယ့်ကိုမှတ်မိစေချင်ရင် ဒါမှမဟုတ် မှတ်မိလွယ်စေချင်ရင် လူတိုင်းရဲ့မျက်လုံးတွေကို စိုက်ကြည့်ပေးပါ။ အပိုဆုအနေနဲ့ ခေါင်းလေးငြိမ့်ပြီး ပြုံးပါပြုံးပြပေးလိုက်ပါလေ။ ဒါပေမဲ့ စိုက်ကြည့်တယ်ဆိုတိုင်းလည်း မရပါဘူးနော်။ ခဏလေး စိုက်ကြည့်တာမျိုးမဟုတ်ဘဲ တစ်ဖက်ကို လုံးဝလှည့်သွားတဲ့အထိ ဒါမှမဟုတ် ခေါင်းလုံးဝငုံ့လိုက်တဲ့အထိ မျက်လုံးကိုစိုက်ကြည့်နေရမှာပါ။


Freepik-@freepik


(၆) ချီးမွမ်းခြင်းကို ပိုမိုထိရောက်စေခြင်း

အနောက်နိုင်ငံတွေမှာတော့ ချီးမွမ်းစကားဆိုချင်ရင် လေးစားသမှုကိုပြသချင်တယ်ဆိုရင် အရင်ဆုံး eye contact လုပ်လိုက်တယ်၊ ပြီးမှ ဆိုလိုချင်တဲ့စကားကို ဆိုာကပါတယ်တဲ့။ ကိုယ်ပြောလိုက်တဲ့စကားက တစ်ဖက်လူရဲ့ရင်ထဲ ပိုထိရောက်စတေယ်ပေါ့။ ဒါလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။


(၇) အလိမ်အညာတွေဖော်မယ်

လိမ်နေတယ်လို့ စိတ်ကထင့်တဲ့အခါ “ငါ့မျက်လုံးကိုကြည့်ပြီး သေချာပြန်ပြောစမ်း” ဆိုပြီး ပြောတတ်ကြတယ်မဟုတ်လား။ ဒါဟာ လိမ်ညာနေသူအတွက်ကတော့ တကယ့်ခက်ခဲတဲ့ အလုပ်ပါပဲ။ လိမ်ပြီဆိုမှတော့ စိတ်လှုပ်ရှားမယ်၊ လိပ်ပြာလည်းမလုံတဲ့အတွက် တစ်ဖက်လူရဲ့မျက်လုံးကိုလည်း သူတို့တည်ငြိမ်စွာမကြည့်နိုင်ကြပါဘူး။ ဒါကြေင့် အကြိမ်တိုင်းနီးပါး လိမ်နေတဲ့သူကို ဖော်ထုတ်ဖို့ eye contact ကို အရင်ဆုံး သုံးလို့ရနေတာပါ။


Penny


#ချီးမွမ်း
#စကား
#ဆွဲဆောင်မှု
#Penny
#ပြာတာ

Some text some message..