ကြီးရင်မှီ၊ ငယ်ရင်ချီတဲ့။ ဒီစကားပုံထဲကလိုမျိုး ကိုယ့်ထက်ကြီးတဲ့သူအပေါ်မှာ မှီခိုလို့ရပေမယ့်၊ ငယ်တဲ့သူဆို ကိုယ်ကချီနေရမှာနော်။
ကိုယ်တွေကတော့ မချီနိုင်ပါဘူး။ ဘယ်နှယ့် အားကိုးဖော်ရှာပါတယ်ဆိုမှ ကိုယ့်ကိုပြန်အားကိုးနေရင် အခက်သားနော်။
အသက်ကြီးတဲ့ ကိုကြီးတွေကတော့ ဒီလိုမျိုး ကောင်းခြင်းတွေနဲ့ ပြည့်စုံနေပါတယ်တဲ့။
လွယ်လွယ် သဝန်မတိုတတ်ဘူး
ကိုကြီးတွေက ထစ်ခနဲရှိ သဝန်တိုတတ်တဲ့ လူစားမျိုးတွေ မဟုတ်ကြပါဘူး။ အကျိုးအကြောင်းကို လွယ်လွယ်နားလည်တတ်ပြီး၊
နားလည်မှု အပေးနိုင်ဆုံး လူသားတွေပါနော်။
ကိုယ်လိုရာ ဆွဲမတွေးတတ်သလို ကိုယ်ချစ်သူကို အရာရာ ခွင့်လွတ်အလျော့ပေးတတ်ကြတဲ့ သူတွေဖြစ်ကြပါတယ်။
အလိုလိုက်ခံရတယ်
ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကိုယ့်ထက် ငယ်ငယ်လေးကို ပိုင်ဆိုင်ထားတဲ့
ကွီးတွေရဲ့ အားနည်းချက်က နည်းနည်းလေးချွဲလိုက်တာနဲ့ အရာရာကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။
လိုချင်တာမှန်သမျှ မငြီးမငြူ ဝယ်ပေးတတ်တဲ့ ကိုကြီးတွေက အရမ်းကို ချစ်တတ်သူတွေလည်း ဖြစ်ကြပါတယ်နော်။
စိတ်မကစားတတ်ဘူး
ကိုကြီးတွေအရွယ်က စိတ်ကစားတတ်တဲ့ အရွယ်လည်းမဟုတ်တော့ဘူးဆိုတော့ အပျော်ကြံမှာ ပူစရာမလိုပါဘူး။
သူတို့ရဲ့ ဘဝလက်တွဲဖော်ကောင်းကို ရှာဖွေနေတဲ့ အချိန်ဖြစ်လို့ အချစ်ကို ကစားမယ့်သူတွေ မဟုတ်ကြပါဘူး။
တစ်ယောက်ဆို တစ်ယောက်အတည်တကျတွဲတတ်ကြတဲ့ အရွယ်ဖြစ်လို့ ကိုကြီးတွေကသာ အကောင်းဆုံးပါနော်။
လူကြီးလူကောင်းဆန်တယ်
ဘယ်နေရာမှာမဆို ကိုယ့်ကို အလိုက်တသိနဲ့ ဂရုစိုက်တတ်တဲ့ ကိုကြီးတွေက ကိုယ့်ထက်အရာရာမှာ သိတတ်နားလည်တတ်သူတွေပါ။
အကောင်း၊ အဆိုးကို နားလည်လာအောင် အမြဲသေရှာရှင်းပြတတ်ပြီး ကိုယ့်ကိုအောင်မြင်လာအောင် အမြဲပံ့ပိုးပေးတတ်သူတွေ ဖြစ်ကြပါတယ်။
ဘယ်လိုနေရာ၊ ဘယ်လိုပွဲမျိုးမဆို ကိုကြီးတွေနဲ့ တွဲသွားဖို့ အဆင်ပြေပါတယ်။
အရာရာ ပြည့်စုံတယ်
ကိုကြီးတွေက သူတို့ရဲ့ စီးပွါးရေးမှာလည်း အခြေအနေတစ်ခုတစ်ခုနဲ့ အတည်တကျဖြစ်နေတဲ့ သူတွေဖြစ်ကြပါတယ်။
လူမှုရေးရော၊ စီးပွါးရေးဖက်မှာလည်း အောင်မြင်နေကြတဲ့ ကိုကြီးတွေက အရမ်းကို perfect ပါနော်။

Myanmar Wedding Guide