အသက် 26 နှစ် မှ 32 နှစ် ကြား အရွယ်က လက်ထပ်ဖို့ အသင့်တော်ဆုံး အရွယ် ဖြစ်ပါတယ်။
ဒီအသက်အပိုင်းအခြားမှာ ယူဖြစ်ကြတဲ့ စုံတွဲ အများစုက အိမ်ထောင်ရေး ပြိုကွဲနိုင်ခြေ နည်းပါးပါတယ်။
အသက် 20 မတိုင်ခင် အိမ်ထောင်ကျတဲ့ သူတွေနဲ့ အသက် 35 ကျော်မှ ဝက်သက်ပေါက်တဲ့ သူတွေကျတော့ ပြတ်စဲနိုင်ခြေ ကွဲကွာနိုင်ခြေ ပိုများလေ့ ရှိကြပါတယ်။
သစ်ရွက် လှုပ်တာနဲ့ ရင်တွေ ဟပ်ဟပ်ထိုး ခုန်တဲ့အရွယ် 20 မရောက်ခင်မှာ…အချစ်ကို ဘဝလို့ ထင်မှတ်ပြီး ကိုးကွယ်မယ်။
ပညာရေးက တစ်ပိုင်းတစ်စ မိဘ စိတ်ကျေနပ်အောင် ဘာတစ်ခုမှ လုပ်မပြနိုင်သေး။
အိမ်မှာဆို စားပြီးသား ပန်းကန်တောင် မဆေး။ ကိုယ့်အဝတ်တောင် ပြောင်အောင် မလျှော်တတ်။ ကျော့ကျော့ကော့ကော့လေး နေကြတာ များတယ်။
ကျောင်းတက်တယ် သင်တန်း ရှိတယ် ဆိုပီး ရည်းစားနဲ့ ချိန်းတွေ့မယ် ကဲကြမယ်။ သူငယ်ချင်းမွေးနေ့ အလှု ဘာညာ အကြောင်းပြ ရည်းစားနဲ့ လျှောက်သွားကြတယ်။
စာတွေ စုကျက်မယ် အချိန်ပို ခေါ်ပါတယ် ဆိုပီး ချစ်သူနဲ့ ဒန် တန့် ဒန် …။ ချစ်နေတုန်းကတော့ သိပ်ရှော့မရှိဘူး။ ပြသနာတွေလည်း ကြိုတွေး မထားမိဘူး။
နောင်ခါလာ နောင်ခါဈေး အေးဆေးပဲ နေကြတာ။ ကွိုင်တွေတက် မယူမနေရတွေဖြစ် ခိုးပြေးကြ။ နောက်ဆုံး လက်ထပ် လိုက်ရတဲ့အထိ ဖြစ်ကုန်ရော။
အရွယ်လေးကြည့်တော့ မိခင်နို့နံ့တောင် စင်သေးရဲ့လားမသိ။ လတ်တလော ယူလိုက်တာပဲ ရှိတယ်။
ဘဝရှေ့ရေးက မှုန်ဝါးဝါး အနာဂတ်က ဘာမှန်းမသိ Facebook ပေါ်မှာ စမီးလှလား သားဖိုင်းလား ဆိုတာလောက် ပြောတတ်ပြီး
ကိုယ်နေထိုင်တဲ့ ကမ္ဘာကအလုံးလား အပြားလားတောင် မသိသေး။
အစပိုင်းလောက်သာ မိုးမမြင် လေမမြင် ဖြစ်နေပေမယ့် အချိန် ကြာလာတာနဲ့အမျှ အခက်အခဲတွေက တန်းစီဝင်လာပြီ။
စီးပွားရေးက ဘာဆိုဘာမှ မလုပ်တတ် ခလေးသာသာ အတွေးလောက်နဲ့ ဂွင်ကြီးကြီး မဆင်တတ်
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်တွေ ကုန်သွားတာပဲ အဖက်တင်တယ်။
ကြာလာတာနဲ့အမျှ တစ်ယောက် မျက်နှာတစ်ယောက် မကြည့်ချင် တော့တဲ့အထိ စိတ်တွေပျက်။
ကိလေသာတွေ ကုန်ခမ်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လူကြီးပုံတွေပေါက် ရင့်ထော်လာမယ် ဝလာမယ်။
ဆိုဒ်တွေပိလာမယ် ပုံပျက်ပန်းပျက် ဖြစ်လာမယ်။ သေချာတာ မှတ်ပုံတင်ထဲက အသက်ထက် ပိုရင့်သွားမှာပါ။
လပိုင်းလောက်နဲ့ အိမ်ထောင်ရေး အက်ကွဲကြောင်း ထင်လာပြီး ပြတ်ဖို့ လမ်းခွဲဖို့ ရွေးချယ်သွားကြပါလေရာ။ သစ်ရွက်လှုပ်တာနဲ့ သစ်ကိုင်းပါ ခုတ်ချချင်တဲ့အရွယ်…
35 နှစ်ကျော်ခါမှ ဈေးဦးထပေါက်တဲ့ Old service ကြီးတွေကျတော့ အသိတွေလွန် အတတ်တွေ လွန်နေပြန်ရော။
အတောင်အလက်က စုံနေပြီဆိုတော့ နေရာတကာ ဆရာလုပ်ရမှ ရင့်ကျက်လွန်းနေတော့ ဇီဇာတွေက Auto ထကြောင် အရစ်စိန်တွေဖြစ် စာတတ်ပေတတ် တွေဖြစ် နားလည်ရခက်။
သင်ပြပြန်တော့ လက်မခံ စာအုပ်ကြီးအတိုင်း ပျင်းစရာဘဝကို တည်ဆောက်။ ဘာ Romance မှ မဆန်တတ်။ရင်ခုန်ဖို့လည်း မကောင်း။
တရားကလည်း ချတတ်သေး။ တစ်ဖက်လူက ကြိုက်လားမသိ။ ဒီကြားထဲ စိတ်ပျက်စရာစကား ဘုဂလန့် ထထပြောတတ်သေး။
ကြာရှည်မခံနိုင် ဒဏ်မခံနိုင် လစ်ပြေးသွားမှာပဲ။ အရုပ်လောက်ပဲ သူတို့အလိုကို လိုက်နိုင်မယ်။ အိမ်ထောင်ရေး တည်မြဲဖို့က မလွယ်ဘူးလေ။
26 နှစ် နဲ့ 32 နှစ်ကြားသာ ကောက်ယူလိုက်…စိတ်မချမ်းသာစရာ ဘာအကြောင်းမှ မရှိဘူး။ အချစ်တတ်ဆုံးနဲ့ နားလည်မှု အရှိဆုံး အချိန်ဖြစ်နေပြီလေ။
သူတို့ဆီက အချစ်တွေ အကုန်သာ ရပြီမှတ်။ ပညာရေးနဲ့ ပတ်သက်ရင် သင်ယူပြီးမြောက်တဲ့ အရွယ်တစ်ခု ဖြစ်နေပြီ။
စီးပွားရေးဆို အထိုက်အလျောက်နဲ့ အတည်တကျ ဖြစ်နေပြီ။
ဘယ်သူ့ အမှီအခိုမှ မယူပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြနိုင်တဲ့ Skill ရှိနေလို့ ယုံကြည်လိုက်လို့ ရနေပြီ။
တည်ငြိမ်တဲ့ အချိန်တစ်ခု ရနေပြီဖြစ်လို့ ရှုပ်မှာ ပွေမှာ စိတ်ပူနေစရာ မလိုတော့ဘူး။ ရစ်လို့ ဆိုးလို့ ဂျီကျလို့လည်း သိပ်ကောင်း။
ထစ်ခနဲရှိ လမ်းခွဲမယ်ပြော အနားထွက်သွားမှာ မဟုတ်သလို ရန်ဖြစ် စကားများပြီးတိုင်း တစ်ရက် နှစ်ရက်ထက်ပို ပစ်ထားမှာ မဟုတ်ဘူး။
အဆင်မပြေစရာ ဘာအကန့်မှ မရှိဘူး။ စိတ်တူကိုယ်တူနဲ့ Anni တွေအထပ်ထပ် ဖြတ်လို့ရတဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ် Perfect ဖြစ်တဲ့အရွယ် ဖြစ်နေခဲ့ပြီလေ။ ။
(Unicode)
အသက် 26 နှစ် မှ 32 နှစ် ကြား အရွယ်က လက်ထပ်ဖို့ အသင့်တော်ဆုံး အရွယ် ဖြစ်ပါတယ်။
ဒီအသက်အပိုင်းအခြားမှာ ယူဖြစ်ကြတဲ့ စုံတွဲ အများစုက အိမ်ထောင်ရေး ပြိုကွဲနိုင်ခြေ နည်းပါးပါတယ်။
အသက် 20 မတိုင်ခင် အိမ်ထောင်ကျတဲ့ သူတွေနဲ့ အသက် 35 ကျော်မှ ဝက်သက်ပေါက်တဲ့ သူတွေကျတော့ ပြတ်စဲနိုင်ခြေ ကွဲကွာနိုင်ခြေ ပိုများလေ့ ရှိကြပါတယ်။
သစ်ရွက် လှုပ်တာနဲ့ ရင်တွေ ဟပ်ဟပ်ထိုး ခုန်တဲ့အရွယ် 20 မရောက်ခင်မှာ… အချစ်ကို ဘဝလို့ ထင်မှတ်ပြီး ကိုးကွယ်မယ်။
ပညာရေးက တစ်ပိုင်းတစ်စ မိဘ စိတ်ကျေနပ်အောင် ဘာတစ်ခုမှ လုပ်မပြနိုင်သေး။
အိမ်မှာဆို စားပြီးသား ပန်းကန်တောင် မဆေး။ ကိုယ့်အဝတ်တောင် ပြောင်အောင် မလျှော်တတ်။ ကျော့ကျော့ကော့ကော့လေး နေကြတာ များတယ်။
ကျောင်းတက်တယ် သင်တန်း ရှိတယ် ဆိုပီး ရည်းစားနဲ့ ချိန်းတွေ့မယ် ကဲကြမယ်။ သူငယ်ချင်းမွေးနေ့ အလှု ဘာညာ အကြောင်းပြ ရည်းစားနဲ့ လျှောက်သွားကြတယ်။
စာတွေ စုကျက်မယ် အချိန်ပို ခေါ်ပါတယ် ဆိုပီး ချစ်သူနဲ့ ဒန် တန့် ဒန် …။ ချစ်နေတုန်းကတော့ သိပ်ရှော့မရှိဘူး။ ပြသနာတွေလည်း ကြိုတွေး မထားမိဘူး။
နောင်ခါလာ နောင်ခါဈေး အေးဆေးပဲ နေကြတာ။ ကွိုင်တွေတက် မယူမနေရတွေဖြစ် ခိုးပြေးကြ။ နောက်ဆုံး လက်ထပ် လိုက်ရတဲ့အထိ ဖြစ်ကုန်ရော။
အရွယ်လေးကြည့်တော့ မိခင်နို့နံ့တောင် စင်သေးရဲ့လားမသိ။ လတ်တလော ယူလိုက်တာပဲ ရှိတယ်။
ဘဝရှေ့ရေးက မှုန်ဝါးဝါး အနာဂတ်က ဘာမှန်းမသိ Facebook ပေါ်မှာ စမီးလှလား သားဖိုင်းလား ဆိုတာလောက် ပြောတတ်ပြီး
ကိုယ်နေထိုင်တဲ့ ကမ္ဘာကအလုံးလား အပြားလားတောင် မသိသေး။
အစပိုင်းလောက်သာ မိုးမမြင် လေမမြင် ဖြစ်နေပေမယ့် အချိန် ကြာလာတာနဲ့အမျှ အခက်အခဲတွေက တန်းစီဝင်လာပြီ။
စီးပွားရေးက ဘာဆိုဘာမှ မလုပ်တတ် ခလေးသာသာ အတွေးလောက်နဲ့ ဂွင်ကြီးကြီး မဆင်တတ်
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်တွေ ကုန်သွားတာပဲ အဖက်တင်တယ်။
ကြာလာတာနဲ့အမျှ တစ်ယောက် မျက်နှာတစ်ယောက် မကြည့်ချင် တော့တဲ့အထိ စိတ်တွေပျက်။
ကိလေသာတွေ ကုန်ခမ်း ငယ်ငယ်ရွယ်ရွယ်လေးနဲ့ လူကြီးပုံတွေပေါက် ရင့်ထော်လာမယ် ဝလာမယ်။
ဆိုဒ်တွေပိလာမယ် ပုံပျက်ပန်းပျက် ဖြစ်လာမယ်။ သေချာတာ မှတ်ပုံတင်ထဲက အသက်ထက် ပိုရင့်သွားမှာပါ။
လပိုင်းလောက်နဲ့ အိမ်ထောင်ရေး အက်ကွဲကြောင်း ထင်လာပြီး ပြတ်ဖို့ လမ်းခွဲဖို့ ရွေးချယ်သွားကြပါလေရာ။ သစ်ရွက်လှုပ်တာနဲ့ သစ်ကိုင်းပါ ခုတ်ချချင်တဲ့အရွယ်…
35 နှစ်ကျော်ခါမှ ဈေးဦးထပေါက်တဲ့ Old service ကြီးတွေကျတော့ အသိတွေလွန် အတတ်တွေ လွန်နေပြန်ရော။
အတောင်အလက်က စုံနေပြီဆိုတော့ နေရာတကာ ဆရာလုပ်ရမှ ရင့်ကျက်လွန်းနေတော့ ဇီဇာတွေက Auto ထကြောင် အရစ်စိန်တွေဖြစ် စာတတ်ပေတတ် တွေဖြစ် နားလည်ရခက်။
သင်ပြပြန်တော့ လက်မခံ စာအုပ်ကြီးအတိုင်း ပျင်းစရာဘဝကို တည်ဆောက်။ ဘာ Romance မှ မဆန်တတ်။ရင်ခုန်ဖို့လည်း မကောင်း။
တရားကလည်း ချတတ်သေး။ တစ်ဖက်လူက ကြိုက်လားမသိ။ ဒီကြားထဲ စိတ်ပျက်စရာစကား ဘုဂလန့် ထထပြောတတ်သေး။
ကြာရှည်မခံနိုင် ဒဏ်မခံနိုင် လစ်ပြေးသွားမှာပဲ။ အရုပ်လောက်ပဲ သူတို့အလိုကို လိုက်နိုင်မယ်။ အိမ်ထောင်ရေး တည်မြဲဖို့က မလွယ်ဘူးလေ။
26 နှစ် နဲ့ 32 နှစ်ကြားသာ ကောက်ယူလိုက်… စိတ်မချမ်းသာစရာ ဘာအကြောင်းမှ မရှိဘူး။ အချစ်တတ်ဆုံးနဲ့ နားလည်မှု အရှိဆုံး အချိန်ဖြစ်နေပြီလေ။
သူတို့ဆီက အချစ်တွေ အကုန်သာ ရပြီမှတ်။ ပညာရေးနဲ့ ပတ်သက်ရင် သင်ယူပြီးမြောက်တဲ့ အရွယ်တစ်ခု ဖြစ်နေပြီ။
စီးပွားရေးဆို အထိုက်အလျောက်နဲ့ အတည်တကျ ဖြစ်နေပြီ။
ဘယ်သူ့ အမှီအခိုမှ မယူပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြနိုင်တဲ့ Skill ရှိနေလို့ ယုံကြည်လိုက်လို့ ရနေပြီ။
တည်ငြိမ်တဲ့ အချိန်တစ်ခု ရနေပြီဖြစ်လို့ ရှုပ်မှာ ပွေမှာ စိတ်ပူနေစရာ မလိုတော့ဘူး။ ရစ်လို့ ဆိုးလို့ ဂျီကျလို့လည်း သိပ်ကောင်း။
ထစ်ခနဲရှိ လမ်းခွဲမယ်ပြော အနားထွက်သွားမှာ မဟုတ်သလို ရန်ဖြစ် စကားများပြီးတိုင်း တစ်ရက် နှစ်ရက်ထက်ပို ပစ်ထားမှာ မဟုတ်ဘူး။
အဆင်မပြေစရာ ဘာအကန့်မှ မရှိဘူး။ စိတ်တူကိုယ်တူနဲ့ Anni တွေအထပ်ထပ် ဖြတ်လို့ရတဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ် Perfect ဖြစ်တဲ့အရွယ် ဖြစ်နေခဲ့ပြီလေ။
Myanmar Wedding Guide