(Zawgyi Version)
လူတစ်ယောက်က သင့်ကို စိတ်ဝင်စားတာလား စိတ်မဝင်စားတာလား မှန်းရခက်တတ်ပါတယ်။ လူတစ်ယောက်အကြောင်းကို သေချာမသိဘဲနဲ့ သူ့စိတ်ကို အတိအကျမသိနိုင်ပါဘူး။ ကောင်လေးတစ်ယောက်က သင့်အပေါ်စိတ်ဝင်စားလား ဒီအချက် ၇ ချက်နဲ့ ဆန်းစစ်ကြည့်ပါနော်။ သူက ဘယ်လိုအမူအရာတွေ ပြုမူရင် သင့်ကို ရူးရူးမူးမူးကြွေတာလဲဆိုတော့-
၁။ မျက်လုံးက စကားပြောတယ်
ကောင်လေးတစ်ယောက်သင့်အပေါ် မေတ္တာရှိမရှိ မျက်ဝန်းကနေ သိနိုင်ပါတယ်။ သင့်အပေါ်အရူးအမူးဖြစ်နေရင်တော့ သင့်ကိုနတ်သတ်ကြွေကျလာတဲ့ နတ်သမီးလေးအလား ကြည့်တတ်ပါတယ်။
၂။ သင့်ကိုဦးစားပေးတယ်
လူတွေက သူတို့လိုချင်တဲ့အရာအတွက်ပဲ အချိန်ပေးတတ်ပါတယ်။ စိတ်မဝင်စားဘူးဆိုရင် ဆင်ခြေတွေပြပြီး နောက်ချန်နေတတ်ပါတယ်။ ကောင်လေးတစ်ယောက်က အလုပ်များပေမယ့် သင့်အတွက်အချိန်ပေးပြီး ဂရုတစိုက်စကားလာပြောရင်တော့ သင့်ကိုသူကြွေနေပါပြီ။
၃။ သင့်ရဲ့အရှိအတိုင်းလက်ခံတယ်
ကောင်လေးအချို့က သူတို့ရဲ့ ဆန္ဒတွေ သဘောကျတာတွေကိုပဲ ရှေ့တန်းတင်ပါတယ်။ ကောင်လေးတစ်ယောက်က သင့်ကိုတကယ်ချစ်ရင်တော့ သင့်ရဲ့ ကောင်းတာရော ဆိုးတာရော လက်ခံပေးပါတယ်။
၄။ သင့်ကိုအကြံပေးတယ်
သင်လုပ်နေတဲ့အရာတွေမှာ လိုအပ်တာရှိရင်လည်း သူတို့က အကြံပေးတတ်ပါတယ်။ ဘယ်သူမှ ကိုယ်စိတ်မဝင်စားဘဲ အမုန်းခံပြီး ဝေဖန်အကြံမပေးပါဘူး။
၅။ သင့်ကို အားပေးတယ်
သင့်ရဲ့အောင်မြင်မှုတွေကို သူက အသိအမှတ်ပြုပါတယ်။ သင့်ဘဝတိုးတက်ဖို့အတွက်လည်း သူတို့ တတ်နိုင်သလောက် ထောက်ပံ့ပေးတတ်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကို သူက အရူးအမူးချစ်နေပါပြီ။
၆။ သူ့ကို ယုံကြည်နိုင်တယ်
လူတွေက ပြဿနာဖြစ်တဲ့အချိန်ဆိုရင် သူတို့ရဲ့ စိတ်ရင်းအမှန်က ပေါ်လာတတ်ပါတယ်။ သင်နဲ့သူ ရန်ဖြစ်ပြီးတဲ့အချိန်မှာတောင် သင်အဆင်ပြေအောင် သူ့ဘက်က လျှော့သင့်ရင်လျှော့တတ်ပါတယ်။
၇။ သူ့ဘဝမှာ သင်လည်းအပါအဝင်ပါ
ကောင်လေးတစ်ယောက်က သင့်ကို အမှန်တကယ်မချစ်ဘူးဆိုရင် သူတို့ရဲ့ ဘဝကို မပြောပြတတ်ပါဘူး။ သင့်ကို သူ့ရဲ့ သူငယ်ချင်း မိသားစုနဲ့ သူ့ရဲ့ တစ်နေ့တာ လုပ်ဆောင်မှုတွေကို ပြောပြတတ်ရင်တော့ သူက သင့်ကို အရူးအမူးချစ်နေပါပြီ။
(Unicode Version)

Source: Herbeauty.co
By MyStyle Myanmar
The post
ကောင်လေးတစ်ယောက်က ဒီအရာ (၇)ခု လုပ်ရင်တော့ သူသင့်ကို ရူးရူးမူးမူးကြွေနေပါပြီ
appeared first on
MyStyle Myanmar
.