လူတွေရဲ့ချစ်ခင်နှစ်သက်မှုရဖို့ ဒီနည်းလမ်းတွေနဲ့နေထိုင်ကြမယ်
shwemom.com
|
2019-11-06

လူတွေရဲ့ချစ်ခင်မှုကိုခံရတာဟာ ကံကောင်းတဲ့လူတစ်ယောက်ဆီမှာသာရရှိမှာဆိုတဲ့ စကားဟာ လူတော်တော်များများရဲ့မှားယွင်းတဲ့အယူအဆပဲဖြစ်ပါတယ်။လူတွေချစ်ခင်နှစ်သက်တဲ့လူတစ်ယောက်ဆိုတာ ပေါင်းသင်းဆက်ဆံရေးကောင်းသူ၊မာန်မာနမရှိသူ၊အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့စိတ်ရှိသူတွေဖြစ်ပါတယ်။


ဒီအရည်အချင်းတွေကိုသာပိုင်ဆိုင်ထားမယ်ဆိုရင် သင်ဟာ လူတွေကိုတကူးတကဆွဲဆောင်စရာမလိုပဲ သင့်ဆီကိုလူတွေက အလိုအလျောက်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါ့အပြင် ဒီလိုအရည်အချင်းတွေရှိတဲ့သူတွေဟာ အခြားသူတွေထက် ဝင်ငွေပိုကောင်းကြပါတယ်။


အဲ့လိုလူမျိုးဖြစ်ဖို့ကမွေးရာပါကံကောင်းနေတဲ့လူမျိုးမှမဟုတ်ဘူး။ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့နည်းလမ်း လေးတွေရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို စာဖတ်သူတွေသိနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်နော်။


(၁) ကိုယ်ကိုယ်တိုင်ကစစ်မှန်တဲ့လူတစ်ဦးဖြစ်ဖို့လို့ပါတယ်


လူတွေနှစ်သက်တဲ့လူမျိုးကတော့ စိတ်ရင်းကောင်းပြီးရိုးသားမှုရှိတဲ့လူမျိုးပဲဖြစ်ပါတယ်။အယောင်ဆောင်တဲ့လူတွေကို ဘယ်သူမှမကြိုက်ကြပါဘူး။ စိတ်ရင်းကောင်းတဲ့လူတွေကို လူတွေဟာ ယုံကြည်ပြီးသူတို့အနားကိုအလိုလိုချဉ်းကပ် လာကြတာပါ။ကိုယ်တိုင်ကဆွဲဆောင်စရာမလိုပါဘူး။ လူတွေဟာ သူတို့အကြောင်းတွေ၊ သူတို့ခံစားနေရတာတွေဟာ ဘယ်လိုဆိုတာကိုယုံကြည်စွာနဲ့လက်ခံပြောဆိုနေကြတာတွေကို စိတ်ရင်းနဲ့နားထောင်ပေးတဲ့သူတွေဆီကိုသာ သွားရောက်ပြောဆိုကြတာဖြစ်ပါတယ်။


kurhan/Shutterstock


(၂) သေချာစဉ်းစားပြီးမှ မေးခွန်းမေးတတ်သူဖြစ်ဖို့လိုတယ်


လူတွေရဲ့အကြီးဆုံးအမှားတစ်ခုကတော့ သူများပြောတဲ့အကြောင်းအရာကို သေချာနားမထောင်ပဲ ကြားထဲကဖြတ် ပြောတာပဲဖြစ်ပါတယ်။ ဒါပေမယ့် လူတွေနှစ်သက်တဲ့လူတွေကတော့ အဲ့လိုအပြုအမူမျိုးတွေကိုမလုပ်ပဲ သေချာကရုစိုက်နားထောင်ပြီး တစ်ခြားသူရဲ့စိတ်ခံစားချက်တွေကို သေချာပြန်လည်မေးခွန်းထုတ်ပြီး အဖြေရှာကူညီပေးကြတဲ့သူတွေပဲဖြစ်ပါတယ်။


(၃) အကောင်းအဆိုးကို ဘယ်တော့မှမဝေဖန်ဘူး


လူတွေနှစ်သက်တဲ့လူတွေဟာ ဘာမဆိုလက်ခံနိုင်တဲ့အရည်အချင်းရှိသူတွေဖြစ်ပါတယ်။ဒီလိုလူတွေကို သွားရောက်ချဉ်းကပ်ဖို့လွယ်တဲ့အတွက်ကြောင့် လူတွေရဲ့နှစ်သက်မှုကိုခံရတာဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ခံစားချက်တွေကို မဝေဖန်ပဲ လေးလေးနက်နက်နားထောင်ပေးတဲ့လူမျိုးတွေပဲဖြစ်ပါတယ်။


Gutesa/Shutterstock


(၄) လူတွေရဲ့ဂရုစိုက်မှုကိုလည်း မလိုလားတဲ့သူမျိုး


လူတွေဟာ တစ်ခြားသူတွေရဲ့ဂရုစိုက်မှုကို လိုလားကြပါတယ်။ဒီနေရာမှာတော့ လူတွေနှစ်သက်တဲ့သူတွေဟာ သူတို့ကိုအခြားသူတွေက ဂရုစိုက်နေတာမျိုးကိုမလိုလားကြပဲ အခြားသူတွေရဲ့လိုအပ်ချက်ကိုသာ ဖြည့်ဆည်းပေးချင်ကြတဲ့သူတွေပဲဖြစ်ပါတယ်။


(၅) ပြောင်းလဲမှုမရှိပဲ စွဲစွဲမြဲမြဲလုပ်တတ်တဲ့လူမျိုးတွေလည်းဖြစ်တယ်


နေရာတကာဝင်ရောက်စွက်ဖက်တတ်တဲ့လူမျိုးကို လူတွေကမကြိုက်နှစ်သက်ကြပါဘူး။သူ့နေရာလေးမှာပဲ ဒီတိုင်းရှိနေပြီး အခြားသူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့လူတွေကိုသာ လူတွေက ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ဒီလိုလူမျိုးဟာလည်း အားကိုးလို့ရတဲ့၊ ယုံကြည်လို့ရတဲ့လူတွေအဖြစ် အခြားသူတွေကသတ်မှတ်ကြပါတယ်။


(၆) အပြုသဘောဆောင်တဲ့ကိုယ်အမူအယာရှိသူတွေလည်းဖြစ်တယ်


သင့်ရဲ့လက်ဟန်ခြေဟန်၊ မျက်နှာထား၊ အသံအနေအထားတွေကိုကြည့်ပြီးတော့လည်း လူတွေက စိတ်ဝင်စားမှုကို ဖော်ပြကြပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုဆက်ဆံရာမှာလည်း တစ်ယောက်အပေါ် တစ်ယောက်လေးလေးနက်နက်ရှိဖို့ လိုပါတယ်။ အခြားသူတွေရဲ့အပြောအဆိုတွေကိုလေးနက်မှုမရှိပဲ ကိုယ်အဆင်ပြေသလိုနေထိုင်ပြုမှုနေမယ်ဆိုရင် လူတွေကမနှစ်သက်ကြပါဘူး။ ဒါ့ကြောင့် လူနှစ်သက်အောင်နေဖို့ဆိုရင်တော့ လူတစ်ယောက်အပေါ်တစ်ယောက် လေးလေးစားစားရှိဖို့လိုပါတယ်။


Martin Novak/Shutterstock


(၇) တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံတဲ့အခါမှာ ခိုင်မာတဲ့ first impression ရှိဖို့လိုပါတယ်


လူတစ်ယောက်ရဲ့အကြောင်းကို ပထမဆုံးတွေ့ဆုံတဲ့ စက္ကန့်ပိုင်းလေးအတွင်းလောက်မှာ ခန့်မှန်းသိရှိနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။ ဒါ့ကြောင့် လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံး စတင်တွေ့ဆုံမှုမှာလည်း အရေးကြီးပါတယ်။ ပထမဆုံးတွေ့ဆုံမှုမှာလည်း စိတ်ပျက်ဖွယ်ကောင်းနေရင်တော့ နောက်ပိုင်းတွေမှာလည်း ဘယ်လိုမှ နှစ်သက်စရာတွေဖြစ်လာနိုင်စရာအကြောင်းမရှိနိုင်ပါဘူး။


(၈) လူတစ်ယောက်အတွက် နာမည်ဟာ အရေးကြီးတဲ့ကဏ္ဍမှာရှိပါတယ်


လူတွေရဲ့အဓိကအရေးအကြီးဆုံးကတော့ နာမည်ပဲဖြစ်ပါတယ်။ လူတွေနှစ်သက်တဲ့သူတွေကတော့ အခြားသူတွေရဲ့ နာမည်ကိုအလေးထားပြီးခေါ်ပြောဆက်ဆံတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ တစ်စုံတစ်ယောက်နဲ့တွေ့ဆုံနှုတ်ဆက်ချိန် အခြားသူရဲ့နာမည်ကိုခေါ်လိုက်တာဟာလည်း လူတွေရဲ့မနှစ်သက်တဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။


(၉) မျက်နှာမှာ အမြဲတမ်းအပြုံးတွေကိုပိုင်ဆိုင်ထားတယ်


လူတွေဟာ မှန်လိုပဲဆိုတဲ့ဆောင်ပုဒ်ကိုလက်ကိုင်ထားကြတယ်။ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။ လူတွေနှစ်သက်သဘောကျတဲ့သူတွေကတော့ ဘယ်အရာပဲရောက်လာရောက်လာ ပြုံးပြုံးလေးနဲ့ရင်ဆိုင်ဖြေရှင်းလေ့ရှိကြတဲ့အတွက် ကောင်းတဲ့ရလဒ်တွေကိုသာ ခံစားရကြပါတယ်။


(၁၀) ချစ်ခင်ရင်းနှီးစွာ ထိတွေ့တတ်ကြတဲ့သူတွေဖြစ်တယ်


သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ မိတ်ဆွေအချင်းချင်းဖြစ်စေ တွေ့ဆုံတဲ့အချိန်မှာ ပွေ့ဖက်နှုတ်ဆက်တာ၊လက်ဆွဲနှု တ်ဆက်တာတွေဟာ ချစ်ခင်ရင်းနှီးမှုကြောင့်ထိတွေ့တာဖြစ်ပါတယ်။ ဒါဟာ ဦးနှောက်က သူ့အလိုအလျောက်ဖြစ်လာ တဲ့ စိတ်ခံစားချက်တွေသာဖြစ်ပါတယ်။ ပုံမှန်ထက်ပိုတဲ့ထိတွေ့မှုတွေများလာရင်တော့ လူတွေကမနှစ်သက်ကြတော့ ပါဘူး။ ဒီထိတွေမှုဟာလည်း ပုံမှန်ထိတွေ့မှုသဘောကိုမဆောင်ပါဘူး။


(၁၀) အရာရာကိုမျှတစွာတွေးခေါ်တတ်ကြသူတွေ


လူတွေကိုဆွဲဆောင်ဖို့အတွက် အသည်းအသန်ကြိုးစားစရာမလိုပါဘူး။မျှတစွာတွေးခေါ်တတ်ဖို့ပဲလိုပါတယ်။ဒီလို တွေးခေါ်တတ်မယ်ဆိုရင် အရာရာမှာ အားလုံးအဆင်ပြေစေနိုင်ပါတယ်။


လူတွေကြိုက်နှစ်သက်တဲ့လူတွေဟာ ထူးခြားပြီးတန်ဖိုးဖြတ်လို့မရပါဘူး။သူတို့တွေဟာ လူတိုင်းအပေါ်အကောင်းဆုံးဆက်ဆံနေထိုင်ပေးတဲ့အတွက် လောကကြီးမှာသာမက အခုလုပ်နေတဲ့ လုပ်ငန်းခွင်မှာပါ အဆင်ပြေစေနိုင်ပါတယ်။အခုပြောပြတဲ့နည်းလမ်းလေးတွေအတိုင်းသာ လိုက်နာကျင့်သုံးမယ်ဆိုရင် သင့်ကိုလည်း လူတွေကနှစ်သက်လာကြမှာပါ။

Thae


#လူ
#အခြားသူ
#နာမည်
#ပဲ
#တစ်

Some text some message..