ယောက်ျားလေးတွေ ကိုယ့်မိန်းကလေးကို တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့အခါ ပြောတတ်တဲ့စကားများ
weddingguide.com.mm
|
2019-11-06

အားလုံးပဲ မင်္ဂလာပါရှင်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ်တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။

ဒါကြောင့်ဒီနေ့မှာမင်မင်က ယောက်ျားလေးတွေ ကိုယ့်မိန်းကလေးကို တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့အခါပြောတတ်တဲ့စကားလေးတွေကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်နော်။

၁။ ကိုယ်သတိထားမိတယ်

ကိုယ့်ကိုတကယ်ချစ်တဲ့ အမျိုးသားက ကိုယ့်ရဲ့ အပြုအမူအသေးစိတ်လေးတွေကအစသတိထားမိတတ်ပါတယ်။ကိုယ်စိတ်မကောင်းဖြစ်နေရင် ဘယ်လိုမျက်နှာလေးဖြစ်နေလဲ။

ကိုယ်တစ်ခုခုကိုစိတ်ခုနေတာလားစသဖြင့်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုသိနိုင်ဖို့အမြဲတမ်းကိုယ့်အပြုအမူတွေအပေါ်အမြဲလေ့လာနေတတ်ပါတယ်။

၂။ ဒီနေ့ မင်းကို ခါတိုင်းထက်သတိရသွားတယ်။

ဥပမာ ကိုယ်သောက်တတ်တဲ့ကော်ဖီလေး သူသောက်ဖြစ်တဲ့အခါကိုယ့်ကိုသတိရသွားတတ်တာမျိုးပေါ့။

ပြီးတော့အကောင်းတကာ့ အကောင်းဆုံးတွေကိုတွေ့ရင်လည်း ကိုယ့်ကို သတိရတတ်ပါသေးတယ်။

၄။ ဒီနေ့အဆင်ပြေရဲ့လား

ကိုယ်နဲ့တွေ့ရင်ဖြစ်ဖြစ်၊ ဖုန်းပြောရင်ဖြစ်ဖြစ် ဒီနေ့အဆင်ပြေရဲ့လား၊နေကောင်းရဲ့လား စသဖြင့်ကိုယ့်တစ်နေ့တာလုံးရဲ့ အခြေအနေကို မေးမြန်တတ်ပြီး

ကိုယ်အဆင်မပြေဘူးဆိုရင်လည်းအားပေးနှစ်သိမ့်ပေးတတ်ပါသေးတယ်။

၅။ မင်းအရမ်းလှတယ်

ကိုယ်ကို တကယ်ချစ်တဲ့သူဖြစ်တာကြောင့် ကိုယ်ရဲ့ပြည့်စုံခြင်း၊မပြည့်စုံခြင်းတွေကိုလက်ခံပေးပြီးသားပါ။

ဒါကြောင့် ကိုယ်ဘယ်လိုနေနေ သူ့မျက်လုံးထဲမှာ အမြဲတမ်းလှနေမှာဖြစ်တာကြောင့်''မင်းအရမ်းလှတယ်''ဆိုတဲ့စကားကို သူ့ဆီကမကြာခဏကြားရတတ်ပါတယ်နော်။

၆။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်မင်းဖက်ကအမြဲတမ်းရှိနေမယ်။

အိမ်ကကိုယ့်အမေနဲ့စကားများရင်တောင် အစမှာကိုယ့်ဖက်ကမှန်တယ်လို့ပြောပေးပြီးကိုယ်သွေးအေးသွားတဲ့အခါ အကောင်းအဆိုး၊အကြောင်းအကျိုးကို ဝေဖန်ထောက်ပြပေးပြီး

ကိုယ့်ကိုဆုံးမပေးတတ်ပါတယ်။

၇။ လွမ်းတယ်

ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကိုယ့်ကို လွမ်းတဲ့အခါမျိုးမှာ ဖုန်းစစခေါ်ချင်း လွမ်းတယ်လို့ သူ့ဖက်ကပြောတတ်ပါတယ်။

၈။ အိမ်ကိုဖုန်းဆက်လိုက်ဦး

သူနဲ့Date လုပ်တဲ့အခါမျိုးမှာတောင် အိမ်ကကိုယ့်မိဘတွေစိတ်မပူစေဖို့အတွက်ဖုန်းမကြာမကြာဆက်ခိုင်းတတ်ပါတယ်။

ကိုယ့်ကိုချစ်မြတ်နိုးသလို ကိုယ့်မိဘကိုလေးစားတတ်တဲ့သဘောပါ။

၉။ ကိုယ့်ကို ချစ်စနိုးနာမည်လေးတစ်ခုပေးမယ်

ကိုယ့်ကို ချစ်စရာကောင်းတဲ့ (သို့) ရယ်စရာကောင်းတဲ့ နာမည်ပြောင်တစ်ခု သူပေးထားပြီး သူတစ်ယောက်တည်းကပဲ ကိုယ့်ကိုအဲဒီနာမည်ပြောင်လေးကို ခေါ်မှာဖြစ်ပါတယ်။

ကဲ ချစ်တို့ရဲ့ချစ်သူတွေကရော ဘယ်လိုစကားတွေကို ပြောဖူးပါသလဲ။

(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guide

#ဒီနေ့
#စကား
#အပြုအမူ
#လား
#မိဘ

Some text some message..