
ချစ်သူသက်တမ်းကြာလာတဲ့အခါ တစ်ချို့က ပျင်းရိငြီးငွေ့သွားတတ်ကြသလို တစ်ချို့ကတော့ အချစ်တွေပိုတိုးလာပါတယ်။ဒါက ကိုယ့်အပေါ် သူတကယ်ချစ်တာ၊တကယ်မချစ်တာနဲ့လည်း
သက်ဆိုင်နေပါတယ်။တကယ်သာ ချစ်ရင် အဆင်မပြေတာတွေရှိလည်း ကိုယ့်အနားကထွက်သွားမှာမဟုတ်ပါဘူး။ဒါပေမဲ့ သင့်ချစ်သူက သင့်ကိုစိတ်ပျက်နေပြီဆိုရင် ဒီလိုအချက်တွေ လုပ်လာနိုင်ပါတယ်။
*သူ့အချစ်တွေကိုမဖော်ပြတော့ဘူး
အရင်တုန်းကလို သူကသင့်အပေါ်ချစ်တယ်ဆိုတာသိစေတာမျိုး၊ဂရုတစိုက်လုပ်ပေးတာမျိုး၊ဘာကိစ္စဖြစ်ဖြစ်တိုင်ပင်နေကျပုံစံမျိုးကိုမလုပ်တော့ပဲသူ့စိတ်ကြိုက်သူ့သဘောပဲလုပ်နေတာမျိုးပါ။သင့်အပေါ်စိတ်ပျက်သွားတာလား? ဒါမှမဟုတ် ချစ်သူသက်တမ်းကြာလာလို့ အေးအေးဆေးဆေးဖြစ်သွားတာလား?သူ့အချစ်တွေကို မဖော်ပြတော့ဘူးဆိုတာနဲ့ သူက သင့်ကိုစိတ်ပျက်နေပြီ
မဆိုနိုင်သေးပါဘူး။ဒီတော့ ကျန်တဲ့အချက်တွေကို ဆက်ကြည့်လိုက်ရအောင်
*အမြဲစိတ်ပျံ့လွင့်နေမယ်
့အပြင်အတူတူသွားတဲ့အခါ သင်တစ်ယောက်တည်းအပေါ်အာရုံမရှိပဲတခြားသူတွေကိုလိုက်ပြီးကြည့်နေတာမျိုး၊စကားပြောတဲ့အခါမှာလည်းစိတ်မပါလက်မပါနားထောင်နေတာမျိုး။လူကသာအနားမှာရှိနေပြီး စိတ်က တခြားကိုရောက်နေတယ်ဆိုရင်တော့ သူကသင့်အပေါ်အလေးမထားတော့ဘူးဆိုတာသိနိုင်ပါတယ်။ဘာလုပ်လုပ် မင်းသဘောဆိုတာမျိုးက အရမ်းချစ်လို့လည်းဖြစ်နိုင်သလို ကိုယ့်အပေါ်စိတ်ပျက်နေလို့လုပ်ချင်တာလုပ်ဆိုတဲ့သဘောမျိုးလည်းဖြစ်နေနိုင်ပါတယ်။
*ကိုယ့်အပေါ် အဆိုးမြင်အပြစ်တင်မယ်
ကိစ္စတစ်ခုခုလုပ်လို့အဆင်မပြေတဲ့အခါမျိုးမှာ ဖြေရှင်းဖို့ထက် သင့်ကိုပဲ အရင်ဆုံးအပြစ်တင်မယ်။အရင်က နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြပေမဲ့ စိတ်ပျက်လာပြီဆိုရင်တော့ဘာကြောင့်ပဲမှားမှားသင့်ကိုပဲအဆိုးမြင်ပါလိမ့်မယ်။
*ကိုယ့်အပေါ်အချိန်မပေးတော့ဘူး
ကိုယ့်အပေါ်ချစ်တဲ့သူဆိုတာ ကိုယ့်အတွက်အချိန်အမြဲရှိပါတယ်။ဒါပေမဲ့ အခုတော့ အဲ့လိုမဟုတ်တော့ဘူး။နှစ်ယောက်တွေ့ကြတဲ့အခါမျိုးမှာအနာဂတ်အကြောင်း၊မိသားစုအကြောင်းတွေအများကြီးမပြောတော့ဘူး။အွန်လိုင်းမှာတွေ့ရင်လည်းလူရှိနေပြီး စကားလာမပြောတာမျိုး၊လာပြောရင်လည်း ခဏလေးပဲအချိန်ပေးတာမျိုး။အဲ့ဒီလိုပုံစံမျိုးဖြစ်နေပြီဆိုရင်သင့်ကိုသူစိတ်ပျက်နေပြီဆိုတာသိနိုင်ပါတယ်။
*ကိုယ့်အပေါ်လေးစားမှုမရှိတော့ဘူး
ချစ်သူစုံတွဲဆိုပေမဲ့တစ်ယောက်နဲ့တစ်ယောက်လေးစားရပါမယ်။အပြင်သွားလို့အသိတွေနဲ့တွေ့တဲ့အခါမျိုးမှာ သင်ကသူ့ကိုမိတ်ဆွေတွေနဲ့မိတ်ဆက်ပေးဖို့ကြိုးစားပေမဲ့ သူကအရင်ဆုံးတခြားကိုထွက်သွားမယ်ဆိုရင် သင့်အပေါ်အလေးမထားတာပါ။နှစ်ယောက်ကြားမှာဆက်ဆံရေးတွေအဆင်မပြေတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေပါပျက်လာနိုင်ပါတယ်။
ဒီအချက်တွေအကုန်လုံးတိုက်ဆိုင်နေပြီဆိုရင်တော့ နှစ်ယောက်လုံးပွင့်ပွင့်လင်းလင်းဖြေရှင်းပြီးကိုယ့်လမ်းကိုဆက်လျှောက်တာအ
ကောင်းဆုံးပါပဲ။အရမ်းချစ်တယ် မပြတ်နိုင်ဘူးဆိုရင်တောင် ကိုယ်တစ်ယောက်တည်းတစ်ဖက်သတ်ဆက်ချစ်နေလို့မရပါဘူး။ရေရှည်အတွက်က ကိုယ်ပဲစိတ်ပင်ပန်းရမှာပါ။
ကိုယ့်အပေါ် မချစ်တော့တဲ့သူတစ်ယောက်ကိုဆွဲထားတာက စိတ်ပင်ပန်းရသလို အကျိုးလည်းရှိလာမှာမဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်အတွက်အကောင်းဆုံးစဉ်းစားပြီး
ဆုံးဖြတ်သင့်ပါတယ်။