ချစ်သူဘဝရောက်တာတောင် “ချစ်တယ်” လို့ ပြောဖို့ခက်နေတဲ့အကြောင်းရင်း
shwemom.com
|
2019-11-22

ကိုယ်နဲ့သူနဲ့က ချစ်သူတွေတောင် ဖြစ်လို့နေပြီ။ ချစ်သူမဖြစ်ခင်တုန်းကတော့ ကိုယ်က “ချစ်လား” လို့မေးရင် သူက ပြန်ဖြေဖို့ ခက်တယ်ဆိုတာကို နားလည်လို့ရပေမယ့် ချစ်သူဘဝရောက်ခဲ့ပြီးတဲ့နောက်မှာလည်း သူ့ဆီက “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းကြားရဖို့ ခက်ခဲလို့နေဆဲပါပဲ။

ဒီတော့ အံ့သြရပြီလေ။ ချစ်သူမဖြစ်သေးခင်ကတော့ ထားပါတော့။ အခုတော့ ချစ်သူတွေလည်း ဖြစ်နေကြပြီ။ သူ့ကို “ချစ်လား” လို့ မေးရင် “ချစ်တယ်” လို့ ပြန်မဖြေပဲ “အင်း” တို့ “အဲ” တို့ လုပ်နေတာ တကယ့်ကို စိတ်ရှုပ်စရာပဲမို့လား ။ ကိုယ့်စိတ်ထဲမှာလည်း “ချစ်တယ်” လို့ ပြောရတာ ဒီလောက်တောင် ခက်သလားလို့ တွေးမိလာပြန်ရော။ အထူးသဖြင့် တချို့မိန်းကလေးတွေက ကိုယ့်ချစ်သူကိုတောင် “ချစ်တယ်” လို့ ပြောဖို့ တွန့်ဆုတ်နေကြပါတယ်။ အဲဒါက ဘာကြောင့်လဲ…။ အောက်မှာပါတဲ့အကြောင်းရင်းလေးတွေကို ဖတ်ကြည့်လိုက်ရအောင်….။


Shutterstock

(၁)။ ရိုးသွားမှာစိုးလို့

တချို့တွေက ချစ်တယ် ဆိုတာကို ခဏခဏပြောနေရင် တစ်ဖက်က ရိုးသွားမလားဆိုပြီး တွေးမိတတ်ကြတယ်။ သူတို့စိတ်ထဲမှာ ခံစားမှုတွေ အရမ်းပြင်းထန်နေတဲ့အချိန်ကလွဲလို့ ချစ်တယ်ဆိုတာကို လွယ်လွယ်နဲ့ မပြောမိအောင် ထိန်းထားကြတယ်။ သူတို့ ယုံကြည်ထားတာက ချစ်တယ်ဆိုတာ နှလုံးသားထဲမှာ စွဲမြဲနေတဲ့ ကိစ္စဖြစ်ပြီး၊ အပြင်မှာ မကြာခဏ ထုတ်ပြောနေရင် ရိုးအီသွားလိမ့်မယ်၊ ဒါမှမဟုတ် တန်ဖိုးကျသွားလိမ့်မယ်လို့ လက်ခံထားတာကြောင့်ပါ။


Shutterstock

(၂)။ ရှက်နေလို့

တချို့ကတော့လည်း “ချစ်တယ်” လို့ ပြောရတာကို ရှက်စရာလို့ ခံစားနေတတ်ကြတယ်။ လူတစ်ယောက်ကို ချစ်လို့ ချစ်တယ်လို့ပြောတာ ရှက်စရာမဟုတ်ပါဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် “ချစ်တယ်” ဆိုတဲ့ စကားကို ကြားလိုက်ရရင် ရင်ခုန်ပြီး ၊ ပျော်ရွှင်သွားတတ်ကြတာပါပဲ။ ဒီတော့ ကိုယ့်ချစ်သူကို ချစ်တယ်လို့ပြောဖို့ ရှက်မနေပါနဲ့။ ကိုယ်က သူ့ကို ဒီစကားလုံးလေးနဲ့ ပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်လို့သိထားလိုက်ပါ။


Shutterstock

(၃)။ စိတ်ထဲမှာ မသေချာလို့

တချို့ကတော့ တွဲသာ တွဲနေတာ။ သူ့ကို တကယ်မှ ချစ်ရဲ့လားလို့ စိတ်ထဲမှာ ဝေခွဲမရပဲ ဖြစ်နေတတ်ကြသေးတယ်။ ဒီတော့ သူက “ချစ်လား” လို့ မေးတဲ့အချိန်တွေမှာ “ချစ်တယ်” လို့ ပြန်ပြောဖို့ ယုံကြည်မှု မရှိပဲ ဖြစ်နေတတ်ကြတာပါ။ အကောင်းဆုံးကတော့ ကိုယ့်စိတ်ထဲမှာ သူ့ကို ချစ်တယ်ဆိုတာ အရမ်းကြီး သေချာသွားပြီဆိုတော့မှ အဖြေပေးတာပါပဲ။ ဒီလိုဆိုရင် သူက “ချစ်လား” လို့မေးတိုင်း စိတ်ပေါ့ပေါ့နဲ့ “ချစ်တယ်” လို့ ဖြေနိုင်တော့မှာလေ…။

(၄)။ ပြောဖို့မလိုဘူးထင်လို့

တချို့ကတော့ ချစ်သူဘဝတောင်ရောက်နေတယ်ဆိုတာ ချစ်လို့သာ ရောက်နေတာပေါ့လို့ တွေးတတ်ကြတယ်။ ဒီတော့လည်း ချစ်တယ် လို့ပြောတာက အပိုတွေ လုပ်နေတာပဲ လို့ ထင်တတ်ကြတာပါ။ ကိုယ်က သူ့ကိုချစ်နေကြောင်း၊ သူ့အပေါ်မှာ အပြည့်အ၀ အာရုံရှိနေကြောင်း သူသိတယ်ဆိုရင် ချစ်တယ် လို့ပြောတာက အပိုတွေ လုပ်တာလို့ ထင်တတ်ကြတာကြောင့် ပါးစပ်ကနေ ထုတ်ပြောတာမျိုး မလုပ်ချင်ကြတာပါတဲ့…။

Linn


#စိတ်
#လား
#သူ့
#ရင်ရိုး
#တောင်

Some text some message..