ဖူးစာဖက်စစ်မှန်တယ်ဆိုရင် သေချာပေါက် တူညီနေမယ့်အချက်များ
weddingguide.com.mm
|
2019-11-22

ဖူးစာဆိုတာ ဗွေမပါပါဘူး။ ဒါပေမဲ့ သင့် ဖူးစာဖက်မှာဆိုရင်တော့ သူ့မှာ ရှိကိုရှိနေမယ့် အချက်တွေ ရှိနေမှာပါ။ အသွင်တူမှ အိမ်သူ ဖြစ်တယ်ဆိုတာ အလကားပြောခဲ့ကြတာ မဟုတ်ပါဘူးနော်။

ဖူးစာဖက်ဆိုတာမျိုးက သင့်ရဲ့ နောက်ကိုယ်ပွားတစ်ခုပဲ ဖြစ်လို့ သင်ရဲ့ မသိစိတ်ကနေ သိနိုင်သလို ဒီအချက်တွေကနေလည်း သိနိုင်ပါတယ်။

(၁) သင်နဲ့ အမူအကျင့်တူတယ်

လူတူမရှား နာမည်တူမရှားဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမူအကျင့်တွေ တူတာကတော့ မောင်နှမ မဟုတ်ရင် အတော့်ကို ရှားပါတယ်။ တစ်ချို့ဆို မောင်နှမအချင်းချင်းတောင် အမူအကျင့်မတူကြပါဘူး။ သင်က အသန့်ကြိုက်တတ်တယ်။

သန့်ရှင်းမှုကို သတိထားကြည့်မိတတ်တဲ့သူ ဖြစ်မယ်ဆို သူကလည်း အဲ့အကျင့် ရှိနေတာမျိုး၊ ပစ္စည်းအသုံးအဆောင်ကို ဒီလိုရည်ရွယ်ချက်နဲ့ ဆောင်ထားတတ်တာမျိုးဆို သူလည်း အဲ့လိုမျိုး တူနေတာမျိုး၊

သင်တို့နှစ်ယောက်က တူနေတဲ့အခါ သိပ်အားနာစရာမလိုသလို သင့်အမူအကျင့်နဲ့ ပတ်သတ်ပြီးလည်း သတိထားပေးနေစရာ မလိုတော့ပါဘူး။

(၂) ဝါသနာ နီးစပ်တယ်

အကြိုက်တွေ ဝါသနာတွေပါ တူနေနိုင်သလို မတူပေမဲ့ နီးစပ်တဲ့ ဝါသနာ အသီးသီး ရှိနေတတ်ကြပါတယ်။ အဲ့တော့ သင်တို့နှစ်ယောက်ကြား အထူးတလည် သတိထားပေးစရာ ညှိပေးစရာ သိပ်မရှိတတ်ပါဘူး။

(၃) ရည်မှန်းချက်တွေ ထပ်တူညီသလို လက်ခံပျော်ရွှင်တယ်။

မတူတဲ့ ရည်မှန်းချက်တွေ ပိုင်ဆိုင်ထားနိုင်ပါတယ်။ ဒါပေမဲ့ သူရဲ့ ရည်မှန်းချက်ဆိုတာကို ကိုယ်ကလည်း ဖြစ်စေချင်ပြီး လက်ခံနေတယ်ဆိုရင် သင်တို့က ဖူးစာဖက်လို့ ပြောလို့ရသလောက် ရှိပါတယ်။

(၄) တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးနိုင်တယ်

ပံ့ပိုးတယ်ဆိုတာမျိုးက ငွေရေးကြေးရေးကို အဓိက ဆိုလိုတာ မဟုတ်ဘူးနော်။ သင် လုပ်ချင်တဲ့အရာတွေ၊ ရည်မှန်းချက်တွေ၊ အတွေးအမြင်တွေ စတာတွေအတွက် စိတ်အား လူအား အတွေးအခေါ်အားနဲ့ရော ပံ့ပိုးနိုင်တာမျိုးကို ဆိုလိုတာပါ။

တစ်ယောက်နဲ့တစ်ယောက် အဲ့လို ပံ့ပိုးနိုင်တဲ့သူတွေဆိုရင် သင်တို့က အတော် လိုက်ဖက်ညီနေပါပြီ။

(၅) အယူအဆတွေ နီးစပ်သလို စိတ်ထားတူညီတယ်

သင်က လမ်းပေါ်က ကလေးသူငယ်တွေကို စာနာသနားတတ်သလို သူကလည်း စာနာတာမျိုး၊ သင်က လူတိုင်းအပေါ် လူတန်းစားမခွဲပဲ ဆက်ဆံတာမျိုးကို ကြိုက်တာဆိုရင် သူလည်း အဲ့လို ဖြစ်နေတတ်ပါတယ်။

ဒါမှမဟုတ် သင်က အပျော်အပါးမက်တဲ့သူဆို သူလည်း အပျော်အပါးမက်နေပါလိမ့်မယ်။ သင်က ငွေမက်သလို လောဘကြီးသလို သူလည်း လောဘကြီးပြီး ငွေရှာနိုင်တဲ့သူ ငွေရှာဖို့ ဆန္ဒရှိသူတွေ ဖြစ်နေပါလိမ့်မယ်။

ဖူးစာဖက်စစ်မှန်တယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် သိပ်သတိထားပေးစရာမလိုလောက်အောင် အမူအကျင့်တွေ၊ စိတ်သဘောထားတွေ တူနေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင်လည်း သင့်ဖူးစာဖက်နဲ့အတူ ပျော်ရွှင်နိုင်ပါစေနော်…..

Written by Kham

Myanmar Wedding Guide

#ဖူးစာ
#တူ
#ဝါသနာ
#အမူအကျင့်
#တူမ

Some text some message..