[Zawgyi]
လူအများရဲ့အထင်သေးခြင်းခံရဖို့လွယ်ကူပေမယ့် လူတစ်ယောက်ရဲ့ လေးစားအားကျမှုကိုခံရဖို့တော့ အရမ်းကိုခက်ခဲပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်မှာခံယူချက်တွေ မတူညီကွဲပြားတယ်ဆိုပေမယ့် တစ်ချို့သောလူတွေရဲ့ခံယူချက်တွေကတော့တကယ့်ကိုလေးစားအတုယူဖွယ်ကောင်းလှပါတယ်။ ဒီနေ့မှာတော့ လူတိုင်းလေးစားအားကျရတဲ့လူတစ်ချို့ရဲ့ အတု ယူဖွယ်ကောင်းတဲ့ ခံယူချက်တစ်ချို့ကို စာဖတ်သူတွေအတွက် မျှဝေပေးချင်ပါတယ်။
(၁) လက်တွေ့ဆန်တယ်
Source : Skillshare
လောကမှာ လက်တွေ့ဆန်သူတွေထက်အပြောသမားတွေက ပိုများနေတက်ကြပါတယ်။လူနားထောင်လို့ကောင်းတဲ့အပြောသမားတွေရဲ့ စကားက နားထောင်တုန်း ခဏတော့ သိပ်ကိုနှစ်လိုဖွယ်ကောင်းနေမှာပါ။ဒါပေမဲ့အမှန်တကယ်လက်တွေ့လုပ်ဆောင်တာမျိုးမရှိပဲ အပြောနဲ့တင်ရပ်သွားမယ်ဆိုရင်တော့ အပြောပဲရှိတာပါကွာဆိုတာမျိုးနဲ့ လူတွေရဲ့အထင်သေးမှုကိုခံရမှာပါ။တကယ်လူတွေလေးစားအားကျခံချင်တယ်ဆိုရင်တော့ အပြောကိုလျော့ပြီးလက်တွေ့ဆန်ဆန်လုပ်ဆောင်လုပ်ပါ။
(၂) ကိုယ့်ကိုယ့်ကိုအားကိုးတယ်
Source : Sainte Anastasie
ကိုယ့်ဘဝမှာကိုယ်သာလျှင် ကိုယ့်ရဲ့အရှင်သခင်ပါပဲ။ကိုယ်ကိုယ့်ကို အားကိုးတက်တဲ့သူတွေဟာ အမှီအခိုကင်းကင်းနဲ့ ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ကြရသလို လူတွေရဲ့လေးစားအားကျမှုကိုလည်းခံကြရပါတယ်။ကိုယ့်ကိုယ်ကိုအားကိုးတက်တဲ့စိတ်မွေးမြူထားမယ်ဆိုရင် အခက်အခဲမှန်သမျှကိုယ်တိုင်ကျော်လွားနိုင်သလို လဲကျတဲ့အခါမှာလည်း ကိုယ်တိုင်ပြန်လည်ရုန်းထဖို့ သတ္တိတွေရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ကိုယ်သာအားကိုးပါ။
(၃) ရည်မှန်းချက်ထားတယ်
Source : Cityline
ဘဝမှာ ဘာပဲလုပ်လုပ်ရည်မှန်းချက်ထားတဲ့သူတွေဟာပိုပြီး အောင်မြင်နိုင်သလို ကိုယ့်လျောက်ရမယ့်လမ်းကိုလည်း ဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြပါတယ်။ကိုယ်လျောက်ရမယ့်လမ်းကိုသိနေပြီးဆိုရင် ဘယ်လိုအခက်အခဲတွေရှိရှိ ဆက်လျောက်ဖို့ အားအင်တွေအပြည့်ရှိမှာဖြစ်သလို အခက်အခဲအတားအဆီးကိုလည်းအလွယ်တကူကျော်လွှားသွားနုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ဘဝမှာ မှန်ကန်တဲ့ရည်မှန်းခက်တစ်ခုချမှတ်ပြီး ကြိုးစားလုပ်တောင်ဖို့အကြံပြုလိုပါတယ်။
(၄) ဖြတ်လမ်းကိုရှောင်တယ်
Source : Hubbard’s School
လူတိုင်းအားကျရတဲ့ အောင်မြင်နေသူတိုင်း ဘဝမှာအောင်မြင်မှုရဖို့ ခက်ခဲစွာရုန်းကန်ခဲ့ရသူတွေချည်းပါပဲ။လွယ်လွယ်အောင်မြင်ချင်လို့တော့မရပါဘူး။လွယ်လွယ်အောင်မြင်ဖို့ဖြတ်လမ်းလိုက်မယ်ဆိုရင် ကိုယ့်ရလာမယ့်အောင်မြင်မှုကလည်းခဏတာပဲဆိုတာအမြဲသတိရပါ။လွယ်လွယ်နာမည်ကြီးမယ် လွယ်လွယ်အောင်မြင်လာမယ်ဆိုရင် ကောင်းကင်ကတိမ်တိုက်တွေလိုပဲ ခဏတာအတွင်းပျော်ကွယ်သွားမှာပါ။ဘယ်တော့မှာမပျောက်ကွယ်ပဲတည်မြဲနေမယ့် နေမင်းလိုထွန်းလင်းတောက်ပချင်ရင်တော့ အောက်ခြေကစပြီးကြိုးစားသွားရမှာဖြစ်ပါတယ်။
[Unicode]
လူအများရဲ့အထင်သေးခြင်းခံရဖို့လွယ်ကူပေမယ့် လူတစ်ယောက်ရဲ့ လေးစားအားကျမှုကိုခံရဖို့တော့ အရမ်းကိုခက်ခဲပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်မှာခံယူချက်တွေ မတူညီကွဲပြားတယ်ဆိုပေမယ့် တစ်ချို့သောလူတွေရဲ့ခံယူချက်တွေကတော့တကယ့်ကိုလေးစားအတုယူဖွယ်ကောင်းလှပါတယ်။ ဒီနေ့မှာတော့ လူတိုင်းလေးစားအားကျရတဲ့လူတစ်ချို့ရဲ့ အတု ယူဖွယ်ကောင်းတဲ့ ခံယူချက်တစ်ချို့ကို စာဖတ်သူတွေအတွက် မျှဝေပေးချင်ပါတယ်။
(၁) လက်တွေ့ဆန်တယ်
Source : Skillshare
လောကမှာ လက်တွေ့ဆန်သူတွေထက်အပြောသမားတွေက ပိုများနေတက်ကြပါတယ်။လူနားထောင်လို့ကောင်းတဲ့အပြောသမားတွေရဲ့ စကားက နားထောင်တုန်း ခဏတော့ သိပ်ကိုနှစ်လိုဖွယ်ကောင်းနေမှာပါ။ဒါပေမဲ့အမှန်တကယ်လက်တွေ့လုပ်ဆောင်တာမျိုးမရှိပဲ အပြောနဲ့တင်ရပ်သွားမယ်ဆိုရင်တော့ အပြောပဲရှိတာပါကွာဆိုတာမျိုးနဲ့ လူတွေရဲ့အထင်သေးမှုကိုခံရမှာပါ။တကယ်လူတွေလေးစားအားကျခံချင်တယ်ဆိုရင်တော့ အပြောကိုလျော့ပြီးလက်တွေ့ဆန်ဆန်လုပ်ဆောင်လုပ်ပါ။
(၂) ကိုယ့်ကိုယ့်ကိုအားကိုးတယ်
Source : Sainte Anastasie
ကိုယ့်ဘဝမှာကိုယ်သာလျှင် ကိုယ့်ရဲ့အရှင်သခင်ပါပဲ။ကိုယ်ကိုယ့်ကို အားကိုးတက်တဲ့သူတွေဟာ အမှီအခိုကင်းကင်းနဲ့ ပျော်ရွှင်တဲ့ ဘဝကိုပိုင်ဆိုင်ကြရသလို လူတွေရဲ့လေးစားအားကျမှုကိုလည်းခံကြရပါတယ်။ကိုယ့်ကိုယ်ကိုအားကိုးတက်တဲ့စိတ်မွေးမြူထားမယ်ဆိုရင် အခက်အခဲမှန်သမျှကိုယ်တိုင်ကျော်လွားနိုင်သလို လဲကျတဲ့အခါမှာလည်း ကိုယ်တိုင်ပြန်လည်ရုန်းထဖို့ သတ္တိတွေရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ကိုယ်သာအားကိုးပါ။
(၃) ရည်မှန်းချက်ထားတယ်
Source : Cityline
ဘဝမှာ ဘာပဲလုပ်လုပ်ရည်မှန်းချက်ထားတဲ့သူတွေဟာပိုပြီး အောင်မြင်နိုင်သလို ကိုယ့်လျောက်ရမယ့်လမ်းကိုလည်း ဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြပါတယ်။ကိုယ်လျောက်ရမယ့်လမ်းကိုသိနေပြီးဆိုရင် ဘယ်လိုအခက်အခဲတွေရှိရှိ ဆက်လျောက်ဖို့ အားအင်တွေအပြည့်ရှိမှာဖြစ်သလို အခက်အခဲအတားအဆီးကိုလည်းအလွယ်တကူကျော်လွှားသွားနုင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ဘဝမှာ မှန်ကန်တဲ့ရည်မှန်းခက်တစ်ခုချမှတ်ပြီး ကြိုးစားလုပ်တောင်ဖို့အကြံပြုလိုပါတယ်။
(၄) ဖြတ်လမ်းကိုရှောင်တယ်
Source : Hubbard’s School
လူတိုင်းအားကျရတဲ့ အောင်မြင်နေသူတိုင်း ဘဝမှာအောင်မြင်မှုရဖို့ ခက်ခဲစွာရုန်းကန်ခဲ့ရသူတွေချည်းပါပဲ။လွယ်လွယ်အောင်မြင်ချင်လို့တော့မရပါဘူး။လွယ်လွယ်အောင်မြင်ဖို့ဖြတ်လမ်းလိုက်မယ်ဆိုရင် ကိုယ့်ရလာမယ့်အောင်မြင်မှုကလည်းခဏတာပဲဆိုတာအမြဲသတိရပါ။လွယ်လွယ်နာမည်ကြီးမယ် လွယ်လွယ်အောင်မြင်လာမယ်ဆိုရင် ကောင်းကင်ကတိမ်တိုက်တွေလိုပဲ ခဏတာအတွင်းပျော်ကွယ်သွားမှာပါ။ဘယ်တော့မှာမပျောက်ကွယ်ပဲတည်မြဲနေမယ့် နေမင်းလိုထွန်းလင်းတောက်ပချင်ရင်တော့ အောက်ခြေကစပြီးကြိးစားသွားရမှာဖြစ်ပါတယ်။
The post
လူတိုင်းအားကျရတဲ့ သူတွေရဲ့ အတုယူဖွယ်ကောင်းတဲ့ ခံယူချက်များ
appeared first on
MyStyle Myanmar
.