မနက်စောစောထဖို့ဆိုတာ အပြောလွယ်သလောက် တကယ်လိုက်နာကျင့်သုံးဖို့တော့ လူတော်တော်များများအတွက် ခက်ခဲနေတတ်ပါတယ်။ မနက်ပိုင်းဆို အရမ်းအိပ်လို့ကောင်းတဲ့ ခံစားချက်က လူတိုင်း ဖြစ်ဖူးကြပါတယ်။
မနက်စောစော အိပ်ယာထမယ်ဆိုရင်တော့ ဒီလိုအကျိုးကျေးဇူးတွေရနိုင်ပါတယ်။
မနက်စောစောထရင် စိတ်ကြည်လင်လာနိုင်တဲ့ အပြင် အတွေးအခေါ်ကောင်းတွေကိုလည်း ထုတ်သုံးနိုင်မှာပါ။
နောက်ပြီး ကြိုတင်စီစဉ်ဖို့ အချိန်ရစေတယ်၊ အလုပ်တွေစောစော ပြီးမြောက်စေနိုင်ပါသေးတယ်။
ပထမ ဆုံးစောစော စထတဲ့ ရက်မှာတော့ ခန္ဓာကိုယ်က ပျင်းနေတတ်မှာပါ ဒီတော့ စောစောထပြီးပြီးချင်း မျက်နှာသစ်တာ သွားတိုက်တာ တို့လုပ်ပေးပါ။ အိပ်ချင်ပြေသွားပါလိမ့်မယ်။
ပြီးရင်တော့ ကိုယ်လုပ်မယ့် တနေ့တာ အလုပ်တွေကို စီမံခန့်ခွဲပေးပါ။
မနက်ခင်းစောစောထပြီး လေ့ကျင့်ခန်းလုပ်ပေးတာတော့အထူးကောင်းမွန်ပါတယ်။ လှုပ်ရှားမှု မရှိတဲ့ ခန္ဓာကိုယ်က ပိုပြီးတော့ လေးပင်လာတတ်ပါတယ်။ ထိုပြီး အလုပ်လုပ်နေရသူတွေဟာ လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင်တော့ ကြာရင် ပုံပျက်သွားနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လေး လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။
မနက်စောစောထရင် အချိန်ပိုထွက်လာတဲ့အတွက် ကိုယ်လုပ်နေကြအလုပ်တွေ အပြင် ကိုယ်ဝါသနာပါတဲ့ အခြားအလုပ်တွေ လုပ်ဖို့အတွက်ပါ အချိန်ပိုပေးလာနိုင်မှာ ဖြစ်ပါတယ်။
မနက်စောစော အိပ်ယာထခြင်းက တကယ်အကျိုးရှိတယ်ဆိုတာ သိဖို့ Pissaya News ပရိသတ်ကြီးလည်း ပုံမှန်ထက်ပိုပြီး စောစောထနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
(Zawgyi)
မနက်စောစော ထခြင်းရဲ့ အကျိုးကျေးဇူးတွေ
=================================