
ယနေ့ခေတ်မှာ သမီးရည်းစားဘဝရော အိမ်ထောင်သည်ဘဝမှာပါ တစ်ဖက်မဟုတ်တစ်ဖက်ကနေ ဖောက်ပြန်နေကြသူတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေးဖောက်ပြန်မှုကတော့ အဆိုးဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုပြိုကွဲသွားပြီ ဆိုတာနဲ့ ပိုပြီးထိခိုက်နစ်နာရတာကတော့ အမျိုးသမီးတွေပါ်။ လေ့လာချက်တွေအရ ယောက်ကျားတွေဟာ လက်ထပ်ပြီးသွားရင်တောင်မှ သူ့ဘယ်လောက် ယောကျာ်းပီသတယ် ဘယ်လောက်စွန်တယ်ဆိုတာမျိုးကို စမ်းသပ်ချင်စိတ်ရှိကြသူတွေဖြစ်တယ်လို့သိရပါတယ်။ ပင်ကိုယ် ဗီဇ မကောင်းလို့ပဲ ဖြစ်ဖြစ် ၊ အိမ်ထောင်ရေးအဆင်မပြေလို့ အပျော်ရှာတာပဲဖြစ်ဖြစ် သင့်အိမ်ထောင်ဖက်မှာ ဒီလို အပြုအမူတွေ ရှိနေပြီ ဆိုရင် တော့ သူဖောက်ပြန်နေပြီဆိုတာ သေချာသလောက်ရှိနေပါပြီ။ ဒါကြောင့် အောက်ကအချက်လေးတွေကို ကြည့်လိုက်ရအောင်
မကြာခဏညဉ့်နက်တာ
သင့် အမျိုးသားက အိပ်ရာဝင်ဖို့ မကြာမဏ နောက်ကျပြီး တစ်ယောက်ထဲ သပ်သပ် အွန်လိုင်းသုံးနေပြီဆိုရင်တော့ သင်သတိထားသင့်ပါပြီ။ ဒါက အလုပ်အတွက်ဖြစ်ဖြစ် ၊ သူ့ရဲ့ privacyအရ လိုအပ်လို့ဖြစ်ဖြစ် လုပ်တာဖြစ်နိုင်ပေမယ့်လို့ အဲ့လိုသဘောမျိုးကြီးပဲဖြစ်မှာပါဆိုပြီး ဖြည့်တွေးပြီး လျှော့တွက်မထားသင့်ပါဘူး။
ငွေအသုံးကြမ်းလာတာ
ဖောက်ပြန်တဲ့ခင်ပွန်းတွေဟာ ငွေရေးကြေးရေးမှာ လျို့ဝှက်တတ်လာကြပါတယ်။ ဘယ်လောက်လဲဆိုရင် သင်မသိအောင် credit ကတ်အသစ်ပြုလုပ်တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဈေးကြီးပစ္စည်းတွေကိုဝယ်ယူလာတာဆိုရင်တော့ သင် သတိထားသင့်ပါပြီ။ ကိုယ်ရှာတဲ့ငွေ ကိုယ်သုံးတယ်ဆိုပေမယ့်လို့ လက်ထပ်ထားတဲ့ စုံတွဲတွေကြားမှာတော့ အသုံးအဖြုန်းနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းမရှိတာဟာ အဆိုးဝါးဆုံးဖြစ်ပါတယ်။

Unsplash/GTK
ဂီတပုံစံ အကြိုက်ပြောင်းလာတာ
ဒါကဖြစ်နိုင်ခြေနည်းပါးတယ်ဆိုပေမယ့် အမျိုးသားတစ်ယောက်က ရုတ်တရက်ကြီး အဆိုတော်အဖွဲ့သစ်ကိုပြောင်းကြိုက်တာ၊ သီချင်းပုံစံအသစ်ပြောင်းကြိုက်သွားတာမျိုးဆိုရင် သတိထားဖို့လိုပါတယ်။ ဒါဟာ တဖက်အမျိုးသမီးရဲ့အကြိုက်က သူ့အပေါ်လွှမ်းမိုးလာတာမျိုးဖြစ်ပါတယ်။ဒီလက္ခဏာက ဖောက်ပြန်နေတယ်လို့ တရားသေ ပြောလို့မရပေမယ့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်ပါတယ်။
လျို့ဝှက်ချက်တွေ ထားလာတာ
ဖုန်းတွေ၊ လက်တော့တွေ နဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာ passwordတွေ lock codeတွေ နှစ်ဆင့်သုံးဆင့်ခံထားတာဟာ ဖောက်ပြန်နေပြီဆိုတာသေချာတဲ့ အလံနီထားရမယ့်အဆင့်ပါ။ လင်မယားအချင်းချင်း ကိုယ့်ရဲ့ privacyအတွက်သီးသန့်ထားတယ်ဆိုရင်တောင် သာမန်ရိုးသားတဲ့ဘယ်သူကမှ လိုတာထက်ပိုတဲ့ အဆင့်ဆင့် ဖုံးကွယ်မှုမျိုးကို မလုပ်လောက်ပါဘူး။
စကားကို ဝေ့လည်ကြောင်ပတ် ပြောတာ
ဖောက်ပြန်တဲ့ယောက်ျားတွေဟာ သူတို့ အလိမ်အညာတွေကို ဖုံးကွယ်ဖို့အတွက် ဇာတ်လမ်းမျိုးစုံထွင်ပြောတတ်ကြပါတယ်။ ဇနီးသည်တွေရဲ့မေးခွန်းတွေကို မှန်မှန်ကန်ကန် မဖြေနိုင်တဲ့အတွက် အဲ့ဒီကနေ ရှောင်ထွက်ဖို့ စကားကို အထေ့အငေါ့လေးတွေနဲ့ ဝေ့လည်ကြောင်ပတ် ဖြေပြီး ရှောင်ထွက်တတ်ကြပါတယ်။

Unsplash/WM
အမျိုးသမီးလုပ်ဖော်ကိုင်ဖက်နဲ့အတူ အချိန် ဖြုန်းတာ
လုပ်ငန်းခွင်မှာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်ရှိတာ မဆန်းပေမယ့်လို့၊ နီးစပ်မှုအရှိနိုင်ဆုံးမို့ သတိထားစေလိုပါတယ်။ ယောက်ျားတွေကို အထာပေးတတ်တဲ့သူမျိုးဆိုရင်တော့ ပိုပြီးကြောက်စရာပါ။ တကယ်လု့ိသင့်ခင်ပွန်းက အမျိုးသမီးလုပ်ဖော်ကိုင်ဖက်နဲ့ လိုတာထက် ပိုခင်နေပြီ၊ သူနဲ့အချိန်အများကြီးဖြုန်းနေပြီဆိုရင်တော့ လွှတ်ထားလို့မရတော့ပါဘူး။
အကျင့်တွေ၊ အပြုအမူတွေပြောင်းလာတာ
သင့်အမျိုးသားက အမူအရာအသစ်တွေ ခေတ်စားနေတဲ့စကားလုံးအသစ်တွေကိုသုံးလာပြီဆို၇င် သတိထားပါ။ ဒါသူ တစ်ယောက်ယောက်နဲ့အချိန်ကုန်ဆုံးနေတယ်ဆိုတဲ့လက္ခဏာပါ။ဒါကို အများအားဖြင့်သတိမထားမိကြပေမယ့် ဒါဟာ ဖောက်ပြန်နေပြီဆိုတဲ့သေချာတဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။
Thae Su