ယောက်ျားလေးတစ်ယောက် သင့်ကို ချစ်မိသွားရင် ဒါမျိုးတွေ လုပ်တတ်ပါတယ် …
shwemom.com
|
2019-12-03

ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ မပြောင်းလဲတာက လူတွေရဲ့ သဘောသဘာဝတွေပါ။ ဘယ်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေဦးတော့ လူတွေရဲ့ အပြုအမူတွေ၊ အကျင့်စရိုက်တွေကတော့လုံးဝကို မပြောင်းလဲနိုင်သလောက်ပါပဲ။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို ယောက်ျားလေးတစ်ယောက်က ချစ်စိတ်ဝင်နေတဲ့ အခါ၊ ချစ်နေမိတဲ့ အခါ လုပ်တတ်တဲ့ အပြုအမူတွေလိုမျိုးပေါ့။ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက်ကို မေတ္တာသက်ဝင်လာတဲ့အခါ၊ ချစ်လာတဲ့အခါ ဒါလေးတွေ လုပ်လေ့၊ ဖြစ်လေ့ရှိကြပါတယ်။


၁ – မျက်ခုံးပင့်တာ


ကောင်လေးတစ်ယောက်ကို ကောင်မလေးတစ်ယောက်ကို ချစ်စိတ်ရှိနေပြီ၊ စိတ်ဝင်စားနေပြီဆိုရင် သူ့ရဲ့ မျက်ခုံးတွေ ပင့်လေ့ရှိပါတယ်တဲ့။ အထူးသဖြင့် သင့်ကို ချစ်နေတဲ့ ကောင်လေးတစ်ယောက်က သင့်ကို တွေ့လိုက်တဲ့အချိန်တွေမှာပေါ့။ ဘာလို့ မျက်ခုံးပင့်တာလဲဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားလို့ ဖြစ်ပါတယ်တဲ့။ နောက်တစ်ချက်ကတော့ သင့် ဘာလုပ်လုပ်၊ ဘယ်သွားသွား လိုက်ကြည့်နေတတ်တဲ့ ရလဒ်အဖြစ်မျက်ခုံးတွေက သဘာဝအတိုင်း ပင့်လာတတ်တာပါ။


၂ – လက်မှာ ချွေးစေးတွေ ပျံနေတာ


သင် သူနဲ့ တွေ့လိုက်တိုင်း သူ့လက်ဖဝါးမှာ ချွေးစေးတွေထွက်နေတာကို တွေ့ရင် သေချာပေါက်သင့်ကို ချစ်နေမိပါပြီ။ ဘာကြောင့်လဲဆိုတော့ သူ သင့်ကို တွေ့လိုက်တိုင်း အင်မတန်ကို ရင်ခုန်စိတ်လှုပ်ရှားနေလို့ပါတဲ့။ ပြီးတော့ သူ တစ်ခုခု အပြစ်လုပ်မိမှာမျိုး၊ သင့် မကြိုက်တဲ့အရာတစ်ခုခုကိုလုပ်မိမှာမျိုးကို တွေးပြီးကြောက်နေလို့ပါတဲ့။


Imdb/TheNoteBook


၃ – သင့်ကို လေ့လာနေတာ


ဒီအချက်ကတော့ လုံးဝကို အရှင်းကြီးပါပဲ။ သူ သိပ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းတွေကို သူက တိတ်တခိုးဖြစ်စေ၊ ပေါ်ပေါ်ထင်ထင်ဖြစ်စေ လေ့လာနတတ်ပါတယ်တဲ့။ သင် ဘာတွေ မကြိုက်တာ၊ ဘယ်လိုမျိုးလေးတွေ ကြိုက်တာ၊ ဘယ်အရောင်ကို ကြိုက်တာ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ ချစ်လား၊ အရောင်တွေထဲမှာ ဘယ်အရောင်ကို အကြိုက်ဆုံးလဲ၊ အပြင်သွားမယ်ဆိုရင် ဘယ်လိုဝတ်တာ၊ ဘယ်အစားအစာကို ဘယ်လိုလေး စားတတ်တာဆိုတာမျိုးကို သူ မှတ်ထားနေလေ့ရှိကြပါတယ်။


၄- သက်ပြင်းချတာ


ရင်ထဲက ခံစားချက်တွေကို အရမ်းပြောချင်ပေမယ့် ပြောခွင့်မသာသေးတဲ့အခါ မျိုသိပ်ထားရတာတွေက သက်ပြင်းအဖြစ် ပြောင်းလဲသွားတတ်တာမျိုးပါ။ တကယ်လို့ ယောက်ျားလေးတစ်ယောက်ယောက်က သင်နဲ့ တွေ့တဲ့ အချိန်တိုင်းလိုလို သက်ပြင်းတွေချလေ့ရှိတယ်ဆိုရင်တော့ သင့်ကို စိတ်ဝင်စားနေပါပြီတဲ့။


၅ – Eye contact လုပ်တာ


အကြင်နာအကြည့်တွေရဲ့ အကြောင်းဆိုသလိုပါပဲ။ ချစ်ခြင်းအစ မျက်ဝန်းက ဆိုသလို သူနဲ့ မကြာမကြာဆိုသလို မျက်လုံးချင်း ဆုံမိကြတာများရင် သေချာပေါက် သူ သင့်ကို ချစ်စိတ်ဝင်နေလို့ပါတဲ့။ ဒါ့အပြင် သူက သင့်ကို ခိုးကြည့်နေတာ လူမိသွားရင် ရှက်သွားတဲ့ အပြုအမူဆိုရင်တော့ ရာနှုန်းပြည့်ပါပဲ။


Imdb/OutOfSight


၆ – သူ့ရဲ့ အသံတွေ ပြောင်းလဲလာတာ


သူက သင်နဲ့ စကားပြောနေချိန်ဆို တခြားအချိန်တွေနဲ့မတူဘဲ လေသံတွေက အစ ပြောင်းလဲလာတာ။ ချိုချိုသာသာလေး ဖြစ်လာတာမျိုး၊ စကားပြောရင် အသံက ကြည်လင်လာတာမျိုးဆိုရင် သေချာပေါက် သင့်ကို သူ ချစ်နေမိလို့ပါတဲ့။ ဒါ့အပြင် စကားပြောတဲ့အချိန်တိုင်း ဖြေးဖြေးလေးပြောတတ်မျိုးတွေကအစ သိသိသာသာပြောင်းလဲတာမျိုးတွေကို သင် ခံစားမိနေမှာ အသေအချာပါပဲ။


၇ – သင့်ကို လေးလေးစားစား ဆက်ဆံတတ်လာတာ


အရင်ကနဲ့ မတူတော့တဲ့ အပြုအမူတွေကို လုပ်လာတာတွေထဲမှာ သင်ပြောသမျှကို တလေးတစားနဲ့ နားထောင်တတ်လာတာ၊ သင့်ရဲ့ အလုပ်အကြောင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းတွေအပြင် အတွေ့အကြုံအသစ်တွေကိုပါ နားထောင်အကြံပေးတတ်လာတာ၊ ဒါ့အပြင် သင့်ရဲ့ခံယူချက်၊ စိတ်ခံစားချက်တွေကို အရေးတယူ လေးလေးစားစားနဲ့ ဆက်ဆံလာနေပြီဆိုရင် အဲဒီကောင်လေး ဒါမဟုတ် အမျိုးသားဟာ သင့်အပေါ်မှာ ချစ်စိတ်ဝင်နေလို့ပါပဲ။


Ye Yint Kyaw


#ခုံး
#စနေ
#အပြုအမူ
#ချွေးစေး
#ယောက်ျားလေး

Some text some message..