အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှင့် ကြီးပြင်းလာကြတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေးတိုးတက်စေပါတယ်။ သူတို့ကိုယ်တိုင် ဖော်ပြနိုင်ဖို့နှင့် အပြန်အလှန်ပြောဆိုနိုင်ဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် သူတို့လေးတွေမှာရှိတဲ့ အရေးကြီးတဲ့ တန်ဖိုးတွေကိုလည်း သင်ကြားပေးပါတယ်။
နှစ်တွေကြာလာသည့်တိုင်အောင် မိဘတွေဟာ သူတို့ကလေးတွေကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှင့်အတူ ရှိနေသင့်တယ်ဆိုတာ မသိကြပါဘူး။ တစ်ခြားသောသက်ရှိတစ်ဦးကို ဂရုစိုက်ခြင်းက သူတို့ရဲ့ ကလေးအတွက် အကောင်းဆုံးအရာတစ်ခု မဟုတ်ဘူးဆိုတဲ့ အကြောက်တရားက မိဘတွေကို ဆုံးဖြတ်ရခက်စေပါတယ်။ ဒီကနေ့မှာတော့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်နှင့်အတူ နေထိုင်ကြီးပြင်းလာခြင်းရဲ့ အကျိုးကျေးဇူးများကို Lifestyle Myanmarကနေပြီးတော့ မျှဝေပေးလိုက်ပါတယ်။
အိမ်မွေးတိရစ္ဆာန်မွေးဖို့ မဆုံးဖြတ်မှာ စဉ်းစားပါ
ပထမဆုံးအချက်အနေနဲ့ ဒီဆုံးဖြတ်ချက်ရဲ့ ကောင်းကျိုးနှင့်ဆိုးကျိုးတွေကို ချိန်ဆတတ်ဖို့ အရေးကြီးပါတယ်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို စပြီး ယူဆောင်လာပြီဆိုရင် ပေါ့ပေါ့ တန်တန်သဘော မထားသင့်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့လေးတွေအတွက် ကောင်းမွန်စွာ စဉ်းစားပြီး တာဝန်ယူမှု ရှိတဲ့ ဆုံးဖြတ်ချက်ချရပါမယ်။ ဒီတိရစ္ဆာန်ဟာဆိုရင် သင့်ရဲ့ မိသားစုဝင်တစ်ဦးဖြစ်လာလိမ့်မယ်ဆိုတာ မမေ့ပါနဲ့။ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ သင့်ဘဝတစ်သက်တာကုန်ဆုံးချိန်အထိ သင်နဲ့အတူ လိုက်ပါလာမှာဖြစ်တဲ့အတွက် သူတို့ရဲ့ဖြစ်တည်မှု အပေါ်မှာ သင်အနေနဲ့လေးစားမှုရှိရပါမယ်။ တစ်ခြားတစ်ဖက်မှာလည်း သင်အနေနဲ့ ဖြည့်စွက်လုပ်ဖို့အကောင်းဆုံးက ဘယ်အရာလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အချို့မိဘတွေက ကလေးရဲ့ အသက်အရွယ်အလိုက်အိမ်မွေးတိရစ္ဆာန်ကို စောင့်ရှောက်နိုင်သည်အထိ စောင့်ဆိုင်းချင်ကြတယ်။ တစ်ချို့ကလည်း တိရစ္ဆာန်ကို သူတို့ကလေးတွေနဲ့ အတူ ကြီးပြင်းလာစေချင်ကြတယ်။ ဒါကြောင့် ကလေးငယ်ငယ်ကလေးကတည်းက တိရစ္ဆာန်တွေကို မွေးစားကြတယ်။
ကလေးများအတွက်အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်များ
မတူညီတဲ့ ရွေးချယ်စရာတွေများစွာရှိကြတာမို့ မိသားစုတစ်စုဟာ သူတို့ရဲ့အလိုဆန္ဒတွေ၊လူနေမှုပုံစံ တွေနဲ့ ကိုက်ညီတဲ့ အကောင်းဆုံးအိမ်မွေးတိရစ္ဆာန်ကို ရွေးချယ်ရပါမယ်။ အကယ်၍သင့်မှာ အချိန်( သို့)နေရာများများမရှိဘူးဆိုရင် သင့်တော်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကတော့ ”ငါး နှင့် hamsterတွေ’ပဲ ဖြစ်ပါတယ်။အဲ့ဒီတိရစ္ဆာန်တွေဟာ စောင့်ရှောက်မှု အနည်းငယ်သာ လိုအပ်ပြီး အိမ်မွေးတိရ စ္ဆာန်တွေနဲ့အတူ ကြီးပြင်းခြင်းရဲ့ အားသာချက်ကိုလည်း ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ယုန်တွေဟာ လူတွေနဲ့ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ သိနေခြင်း၊ လူတွေနဲ့ ရှင်သန်ရတာကို ကြိုက်နှစ်သက်တဲ့ ချစ်ခင်တတ်တဲ့အတွက်ကြောင့် ယုန်တွေဟာလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့
အကယ်၍ သင့်မှာ သူတို့လေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အချိန် အလုံအလောက်ရှိ
မယ်ဆိုရင် ခွေးနဲ့ ကြောင်လေးတွေဟာ သင့်ကလေးအတွက် ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာ သေချာပါတယ်။
ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လာခြင်း
သုတေသနတစ်ခုအရ အိမ်မှာ ခွေးတစ်ကောင်ရှိနေခြင်းက သူတို့နဲ့ အတူနေတဲ့ သူတွေရဲ့ သွေးပေါင်ချိန်ကို တိုးတက်စေပါတယ်။ နောက်တစ်ခုက ငယ်ငယ်ကတည်းက တိရစ္ဆာန်တွေနဲ့ ကြီးပြင်းလာခဲ့တဲ့ ကလေးတွေဟာ ပိုမိုအားကောင်းတဲ့ ကိုယ်ခံအားစနစ်ကို ဖွံ့ဖြိုးစေပြီး မကြာခဏအအေးမိခြင်းများ၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါနှင့် နားမကြားခြင်းရောဂါများ ခံစားရနိုင်ခြေ နည်းပါးပါတယ်။ အခြားတစ်ဖက်မှာလည်း အိမ်မှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိခြင်း(အထူးသဖြင့် ခွေးများနှင့်ကြောင်များ) ဟာ ကလေးများကို ကျန်းမာသန်စွမ်းတဲ့ လူနေမှုပုံစံနှင့် ကစားနည်းတွေကို လေ့ကျင့်ပေးပါလိမ့်မယ်။
လူမှုရေးနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမားရေးကို တိုးတက်ကောင်းမွန်စေခြင်း
အထီးကျန်ဝေဒနာ(သို့) hyperactivityရှိတဲ့ ကလေးတွေနဲ့အတူ အလုပ်လုပ်ဖို့ အိမ်မွေးတိရစ္ဆာန်ကုထုံးတွေဟာ ဒီနေ့ခေတ်မှာ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါဟာ ကလေးတွေကို ကျူးကျော်မှုနှင့် မငြိမ်မသက်ဖြစ်မှုကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင်တိရစ္ဆာန်တွေနဲ့ ဆက်နွှယ်နေတဲ့ ကလေးဟာ လူမှုရေးမှာ အလိုက်သင့်ပြောင်းလဲနေထိုင်နိုင်ပါတယ်။ အထူးသဖြင့် လူမှုရေးအရ ဖယ်ရှားခံထားရတဲ့ ကလေးတွေအတွက် အိမ်မွေးတိရစ္ဆာန်တွေ(အဓိက အားဖြင့် ခွေးများ) က သူတို့ကို ကမ္ဘာလောကကြီးဆီက ရရှိဖို့ရန် ပျက်ကွက်တဲ့ လုံခြုံမှုကို ပေးနိုင်ပါတယ်။ အရွယ်ရောက်သူတွေနဲ့ မတူဘဲ ခွေးတွေဟာ ကလေးတွေနှင့်ရိုးရှင်းရိုးသားသော ဖြောင့်မတ်တဲ့နည်းဖြင့် ဆက်သွယ်နိုင်ကြပါတယ်။ သူတို့လေးတွေရဲ့ စိတ်နေသဘောထားမှာလည်း တည်ငြိမ်ပြီးချစ်ခင်မှုကို ရယူဖို့ အမြဲအသင့်ရှိနေတတ်ကြတယ်။ ဒါတွေအားလုံးဟာ ကလေးတွေအတွက် မိမိကိုယ်ကို လေးစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ များစွာ အကူအညီပေးပါတယ်။ အဲ့သလိုပါပဲ ကလေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေကို မိဘများပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရဲ့ အကြီးမားဆုံးအရင်းအမြစ်အဖြစ် ထင်မှတ်လာကြတယ်။ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေနှင့် သံယောဇဉ်က ကြောက်ရွှံ့ခြင်း( သို့)ဝမ်းနည်းခြင်းကဲ့သို့သော စိတ်ခံစားမှုတွေကို ဖော်ပြနိုင်ဖို့နှင့် ကျော်လွှားနိုင်ဖို့ ကူညီပေးပါတယ်။ သူတို့ကိုသူတို့ စကားပြောတဲ့အခါ၊ သူတို့ မိဘတွေအိမ်မှာမရှိလို့ စိုးရိမ်ပူပန်မှုတွေခံစားရတဲ့အခါ လုံခြုံတဲ့ ခိုလှုံရာတစ်ခုအဖြစ်မှတ်ယူကြတယ်။
ပိုကောင်းတဲ့ တန်ဖိုးများ
တိရစ္ဆာန်တွေနဲ့ ထိတွေ့နေတဲ့ ကလေးတွေဟာ အလွန်အရေးကြီးတဲ့ တန်ဖိုးတွေကို သဘာဝနည်းလမ်းဖြင့် အမြဲတမ်းရှင်းလင်းချက်ပေးနေဖို့ မလိုပါဘူး။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ရှိနေခြင်းက မိမိတို့ရဲ့ လိုအပ်ချက်တွေကို နားလည်သဘောပေါက်နိုင်ဖို့နှင့် ဂရုစိုက်ရန် တာဝန်ရှိမှု၊ စာနာမှု၊ လေးစားမှုနှင့် ခြွင်းချက်မရှိတဲ့ ချစ်ခြင်းမေတ္တာကို တာဝန်ယူပေးနိုင်ပါတယ်။ တိရစ္ဆာန်လေးတွေဟာ ကလေးတွေအတွက် ချစ်ခင်တွယ်တာမှုကို ပွင့်ပွင့်လင်းလင်းဖော်ြပဖို့အကူအညီပေးပြီးတော့ သစ္စာရှိခြင်းနှင့် ညီအစ်ကို အသင်းအပင်းအဓိပ္ပာယ်ကိုလည်း သွန်သင်လမ်းပြပေးပါတယ်။
#Chit_May_May
Nyein_Thu
sources-/youaremom