19.12.2019 မှ 25.12.2019 အထိတစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း
pissayanews.com
|
2019-12-20

တနင်္ဂနွေ

ဒီကာလအတွင်းလုပ်ငန်းစီးပွားတွေနဲ့ပက်သက်တဲ့အိုင်ဒီယာအသစ်တွေရလာလိမ့်မယ်။မနက်စောစာထပြီး မိမိအလုပ်အတွက်ေ တွးတောကြံဆပါ။အိမ်တွင်းရေး၊မိသားစုပြဿ နာလေးတွေတော့ရှိနေတတ်ပါတယ်။မိတ်ဆွေ ကောင်းတွေဆီကမိမိအ ကျိုးဖြစ်ထွန်းမဲ့အကြံဉာဏ်တွေအကူအညီတွေရလာတတ်ပါတယ်။ဒီအပတ် တစ်ခါတစ်ရံ ငွေကြပ်တည်းမှု အခက်အခဲကြုံတတ်သည်။ ပြိုင်ဘက်များလည်းတိုးပွားလာမည်။ပညာရေးတွင်ရန်သူ ပြိုင်ဘက် များ နှိပ်စက်သဖြင့် အနှောက်အယှက်များ ဖြစ်နေရတတ်သည်။ သို့သော် အောင်မြင်မှုရရှိမည်။ ဆရာဟောင်း များနှင့် ပြန်ဆုံရတတ်သည်။ အချစ်ရေးတွင် ဒုတိယလူပေါ်မည်။မိမိအနေနဲ့ဝေခွဲရခက်တဲ့ စိတ်မျိုးဖြစ်နေလိမ့်မယ်။ အမှုအခင်းဆိုတာမျိုးဖြစ်လွယ်ပါတယ်။သို့သော် ကျော်လွှား အောင်မြင်နိုင်မည်။ ကျန်းမာရေးမှာ ယာဘက်မျက်စေ့ နှင့် ဝမ်းဗိုက်တွင် ဥပါဒ်ပေါ်တတ်သည်။ လုပ်ငန်းနဲ့ပက်သက်တဲ့မွမ်းမံသင်တန်းများ၊ဒါမှမဟုတ်အဆင့်မြင့်ပညာများ သင်ကြားရတတ်သည်။အိမ်ထောင်ရေးမှာတော့သောကရောက်ရတတ်ပါတယ်။ ရွှေဝင်ရင် အိမ်မှာရန်ပေါ်တတ်ပါ တယ်။အလုပ်နဲ့လူမှုရေးကိစ္စကို ခွဲထားနိုင်မှ အလုပ်ကိုတတ်ကြွစွာလုပ်သွားနိုင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 1/4/5
အထူးဟော စီးပွားရေးထင်ထားသည်ထက်တိုးတတ်မည်။
ယတြာ လက်ဖက်သုပ်ပြီးဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဘာလုပ်လုပ်ကပျက်ကချော်မလုပ်လိုက်ပါနဲ့။အမှိုက်ကစ ပြသဒ်မီးလောင်ဆိုတာမျိုးတွေအလွန်ဖြစ်လွယ်ပါ တယ်။လောင်းကစားဝါသနာပါသူများ ဒီကာလမှာ အာသာပြေစတိသဘောလောက်ပဲလုပ်ပါ။ လောဘဇောတိုက်ပြီး အချီကြီးလောင်းကစားလုပ်မိတယ်ဆိုရ င်တော့တန်ဖိုးကြီးပစ္စည်းတွေရောင်းဆပ်ရတတ်ပါတယ်။ခရီးကိစ္စနဲ့ပက် သက်ပြီးသောကများရတတ်ပါတယ်။ မိမိရဲ့ အရေးကြီးတဲ့account တွေ hack ခံထိတာမျိုးအလွန်ကြုံရတတ်ပါ တယ်။ အိမ်ထောင်သည်များ ဇနီး၊ သားသမီးတို့၏ ကျန်းမာရေးညံ့နေမည်။ မိမိကျန်းမာရေးလည်း ဂရုစိုက်ရန် လိုအပ်သည်။ ကျန်းမာရေးကြောင့် ငွေကုန်ကျမှု များနေတတ်သည်။ လုပ်ငန်းခွင်အတွင်းမိမိအမှားကြောင့် ပြဿနာကြီးထွားမှု များတတ်သည်။ အချစ်ရေးတွင် အဆင်ပြေ၍စိတ်ချမ်းသာရတတ်ပါတယ်။စပ်တူအလုပ်များ အောင်မြင်မှုများ ကြုံတွေ့ရတတ်သည်။ မြေယာ၊ခြံများ ဝင်ကိန်းရှိမည်။လူငယ်များစည်းကမ်းတွေ၊ဘောင်တွေကို ချိုးဖောက်ချင်နေတတ်ပါတယ်။ကောင်းစေချင်လို့ပြောတဲ့စကားတွေကို ရိုသေစွာခံယူတတ်ဖို့လိုပါတယ်။အိမ်တွင်း ရေးအိမ်ထောင်ရေးအညံ့နည်းပါတယ်။ပညာရေးမှာတော့ ဝီရိယမထားတာကမိမိအားနည်းချက်ပါ။

အကျိုးပေးဂဏန်း 2/5/6
အထူးဟော စိတ်မတည်မငြိမ်ဖြစ်နေတတ်ပါတယ်။
ယတြာ သင်္ဘောသီးမှည့်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်းအိမ်ထောင်ဘက်နှင့်ပက်သက်ပြီးဆွေမျိုးများနှင့် သဘောထားကွဲလွဲမည်။ အရောင်းထိုင်း ပစ္စည်းများ၊လှောင်ကုန်များရောင်းထွက်၍စိတ်ချမ်းသာ ပျော်ရွှင်မှုများ ကြုံတွေ့ရတတ်သည်။ အချစ်ရေးတွင် ချစ်သူနဲ့အဆင်ပြေပေမယ့် မအားလပ်တာကြောင့်ချစ်သူနှင့် ဝေးနေရတတ်သည်။ ကျန်းမာရေးတွင် မိမိကျန်းမာ ရေးအတွက်သာမက မိဘတို့ရဲ့ကျန်းမာရေးပါ ညံ့နေတတ်သည်။ ဂရုစိုက်ပါ။ အိမ်ထောင်သည်အမျိုးသားများ မရည်ရွယ်ဘဲမိန်းကလေးကိစ္စရှုတ်ထွေးနေတတ်သည်။ မိမိစိတ်မကြည်တာကြောင့် တစ်ယောက်ကထိပါးလာပါက သည်းမခံတော့ဘဲခိုက်ရန်ဒေါသ ဖြစ်ပွားတတ်သည်။ အစိုးရဝန်ထမ်းအလုပ်များတွင်မနာလိုသူတွေရဲ့ ရန်အနှောက် အယှက်များနေတတ်သည်။ မည်သည့်နေရာတွင် ရောက်ရှိနေစေကာမူ စားကောင်းသောက်ဖွယ်များစားရဖို့ကြုံ လာတတ်ပါတယ်။ လူမျိုးခြား၊တစ်စိမ်းတစ်ရံများထံမှ အထောက်အကူများရသည့်အပြင် မိမိရသင့်သည့်ငွေများ နည်းလမ်းမျိုးစုံဖြင့် ငွေများဝင်နေမည်။ ပညာရေးအဆင်ပြေအောင်မြင်နေမည်။ကြိုးစားသမျှအရာထင်မည်။လခစား သမားဆိုရင်တော့သိသိသာသာအလုပ်ပင်ပန်းတာမျိုး၊တာဝန်တွေပိနေတာမျိုးတွေဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း 3/7/6
အထူးဟော အလုပ်တွေပိနေတတ်ပါတယ်။
ယတြာ နှင်းဆီ ၇ပွင့်ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး /ရာဟု

ယခုကာလအတွင်း ရုတ်တရက်ငွေဝင်ကိန်းရှိသည်။တန်ဖိုးကြီးတဲ့အလှအပဆိုင်ရာပစ္စည်းများလက်ဆောင် ရတတ် ပါတယ်။ စိတ်ထဲဖြစ်ချင်နေတဲ့ကိစ္စတွေလက်တွေ့ဖြစ်လာတတ်ပါတယ်။အလုပ်တွေနဲ့ပက်သက်တဲ့အခွင့် အလမ်းတွေပေါ်လာတတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူက မိမိကိုသံသယစိတ်များနေတတ်ပါတယ်။ ဖြေရှင်း ရင်ပိုဆိုးမယ်။ အိမ်ထောင်ရေးငြိမ်းချမ်းသာယာပါလိမ့်မယ်။ မိမိလှူချင်နေတဲ့ အလှူအတန်းလေးတွေလှူခွင့်ရလာ တတ်ပါတယ်။ခရီးသွားလို့အလွန်ကောင်းပါတယ်။လမ်းခရီးသာယာဖြောင့်ဖြူးမဲ့ကာလပါပဲ။ တစ်ယောက်ထဲလုပ် တာ ထက် လုပ်ဖော်ကိုင်ဖက်တွေ၊သူငယ်ချင်းတွေကိုတိုင်ပင်ပြီးလုပ်ကိုင်တာတွေ ကပိုမိုထိရောက်မှုတွေရှိပါတယ်။ အငြိမ်မနေသွားလာလှုပ်ရှားလုပ်ကိုင်ရတဲ့အလုပ်တွေကသိသိသာသာ တိုးတတ် နိုင်ပါတယ်။ မိတ်ကောင်းဆွေ ကောင်းတွေအထူးဝန်းရံမှုတွေကြုံရတတ်ပါတယ်။နာမည်ဂုဏ်သတင်းကျော်ကြားမယ်။ကျန်းမာရေးအနည်ငယ် အားနည်းမည်။ဆီးရောဂါများအထူးသတိထားစေချင်ပါတယ်။ဆေးမှားလွယ်ပါတယ်။ ပညာရေးအထူး ကောင်း နေ မည်။ဆရာကောင်းတွေဆီမှသင်ယူခွင့်တွေရလာတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/8/7
အထူးဟော ကံမြင့်မားနေမည်။
ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း စိတ်ကြည်လင်လန်းဆန်းနေတတ်ပါတယ်။လုပ်သင့်တဲ့ကိစ္စတွေကိုလဲ ပြီးစီးအောင်လုပ်နိုင်ပါလိမ့်မယ်။ လူချစ်လူခင်များနေတဲ့ အတွက်ကူညီမဲ့သူတွေ ပေါများနေပါလိမ့်မယ်။ ဉာဏ်ကြီးကြီးနဲ့ ရေရှည်အတွက် စီမံကိန်းတွေကိုဒီကာလမှာရေးဆွဲတာ ၊စတင်အကောင်အထည်ဖော်တာမျိုးတွေဆောင်ရွက်လို့ကောင်းပါတယ်။ အတိတ်က ပြုခဲ့တဲ့ကုသိုလ်ကံအကျိုးတွေကိုပြန်ခံစားရတတ်ပါ တယ်။တတ်သိနားလည်တဲ့ဆရာသမားတွေရဲ့အနီးကပ် အကြံပေးလမ်းညွှန်မှုတွေကိုရလာတတ်ပါတယ်။ ဘာလုပ်လုပ် ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ကိုင်မှုတွေကပိုမိုအောင် မြင်တတ်ပါတယ်။ ဘာလုပ်လုပ် စိုးရိမ်မထားဘဲ ပေါ့ပေါ့ပါးပါးလုပ်မှအမှားနည်းပါလိမ့် မယ်။ဖခင်၊ဦးကြီး၊ဘကြီးတွေ ရဲ့အကူအညီတွေကိုရလာတတ်ပါတယ်။ကျန်းမာရေးကတော့ ထူးခြားမှုမရှိပါဘူး။ အညံ့မရှိပါဘူး။ ပုံမှန်ပါပဲ။ သတိ ထားဖို့က ရေချိုးမှားတတ်ပါတယ်။ နေပွင့်တုန်းရေချိုးပါ။ အပုပ်ချိန်ရေမချိုးမိပါစေနဲ့။ အချစ်ရေးမှာချစ်သူမရှိသေး သူများချစ်သူရဖို့ အခွင့်အလမ်းပေါ်လာမည်။ ချစ်သူရှိသူများ ချစ်သူရဲ့ကြင်နာယုယခြင်းကိုရလိမ့်မယ်။ အိမ်ထောင် ရေးအနည်းငယ်အဖုအထစ်များပါတယ်။ ပညာရေးအကောင်းဆုံးပါပဲ။ ဒါပေမဲ့ အချစ်ရေးကြောင့် ပညာရေးမှာစိတ် မနှစ်နိုင်ဖြစ်တတ်ပါတယ်။

အကျိုးပေးဂဏန်း 1/2/5
အထူးဟော စိတ်ကြည်လင်နေတတ်ပါတယ်။
ယတြာ ပဲကြော်၅ခုဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။

သောကြာ

ဒီကာလဟာအရာရာသတိနဲ့ယှဉ်ပြီးနေထိုင်လုပ်ကိုင်သွားသင့်ပါတယ်။ဘယ်သူကိုမှအကြွင်းမဲ့မယုံသင့်ပါ။ မိမိယုံကြည်တဲ့သူတွေကပဲ မိမိကိုလှည့်ဖျားသွားတတ်ပါတယ်။ဆွေမျိုးများအတွက်နှင့် ဘေးဒုက္ခ ကြုံတွေ့ရ တတ် သည်။ တရားတဘောင်ရင်ဆိုင်ရတတ်သည်။ ငွေကုန်ကျမှုများနေမည်။ စိတ်ရှုပ်နေရတတ်သည်။ မလိုအပ်ဘဲ ခရီးများနေတတ်သည်။ မကောင်းသော ခရီးများသွားရတတ်သည်။ မိန်းမများအတွက် ငွေကုန်ကျမှုများနေ တက်သည်။ စပ်တူအလုပ်များ သဘောထားကွဲလွဲမှုများ ရှိတတ်သည်။ အမျိုးသမီးတို့၏ အထောက် အပံ့ဖြင့် လုပ်ငန်းများ အောင်မြင်မှုရရှိမည်။ အလှူအတန်းများ ပြုလုပ်ရတတ်သည်။ကျန်းမာရေးအရ ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာ ရရှိတတ် သည်။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာလုပ်နေသူများသတိနဲ့ယှဉ်ပြီးလုပ်ကိုင်ဆောင်ရွက်ပါ။ အောက်လက်ငယ်သားတွေ အားကိုးမရတတ်ပါဘူး။ မိမိသုံးနေတဲ့ စက်ကား၊ကွန်ပျူတာ၊ဖုန်းတွေအပျက်အစီး အလွန်များနေတတ်ပါတယ်။အချစ်ရေးကတော့ ထင်ထားသည်ထက်ပိုမိုအဆင်ပြေတတ်ပါတယ်။ ချစ်သူဆီက တစ်ခါမှမရဖူးတဲ့ကြင်နာမှုကိုရတတ်ပါတယ်။အိမ်ထောင်ရေးကောင်း ပါတယ်။ပညာရေးအားနည်းပါတယ်။ ကြိုးစား ထားတာတွေသဲထဲရေသွန်ဖြစ်လွယ်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 3/6/9
အထူးဟော သတိနဲ့ယှဉ်ပြီးနေထိုင်လုပ်ကိုင်ပါ။
ယတြာ နှုတ်ကနေ မကြာခဏသမ္ဗုဒ္ဓေရွတ်နေပါ။

စနေ

ဒီကာလအတွင်းမှန်ကန်ကောင်းမွန်တဲ့လမ်းကိုလျှောက်လှမ်းမိတတ်ပါတယ်။တည်ငြိမ်တဲ့စိတ်နဲ့လူအများကိုကူညီချင်နေတတ်ပါတယ်။ကောင်းသောကူညီခွင့်တွေလဲရလာတတ်ပါတယ်။ ဒီကာလဟာပင်ပန်းပေမယ့်ပင်ပန်းရ ကျုးနပ်ပါလိမ့်မယ်။မိမိကိုအမြင်မှား၊အထင်မှားနေသူတွေရဲ့နားလည်မှုတွေကိုပြန်လည်ရရှိလာပါလိမ့်မယ်။ အတိတ် က ကျေးဇူးရှိဖူးသူတွေကိုကျေးဇူးဆပ်ခွင့်ရလာပါလိမ့်မယ်။ စကားအပြောမတတ်သူများ ဒီကာလမှာနှုတ်ဆိတ်နေ တာအကောင်းဆုံးပါပဲ။ သူခိုးခိုးခံရတာမျိုးတွေ၊မေ့ကျန်ပြီးကျပျောက်တာမျိုးတွေဖြစ်တတ်တဲ့အတွက်ဒီကာလမှာ ပိုက်ဆံအိတ်တွေ၊ဖုန်းတွေကို သတိထားပြီးကိုင်ပါ။လက်လွတ်စပယ်ချထားတာမျိုးတွေမလုပ်ပါနဲ့၊အိမ်တွင်းရေး အဆင်ပြေမည်။ ဆွေမျိုးသားချင်းတွေဆီ အားပေးထောက်ခံမှုတွေရလာတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီကာလ အညံ့နည်းပါတယ်။ ကိုယ်လက်ညောင်းညာတာမျိုးလောက်ပဲဖြစ်တတ်ပါတယ်။အချစ်ရေးအဆင်ပြေပါ လိမ့်မယ်။ချစ်သူနဲ့အနာဂတ်ရည်မှန်းချက်တွေကို တိုင်ပင်သင့်တဲ့ကာလပါပဲ။ အိမ်ထောင်ရေး စိတ်ချမ်းသာရပါလိမ့် မယ်။ပညာရေးမှာ မိမိတတ်သိတာကိုပြန်သင်ပေးခြင်းဖြင့် မိမိလဲပညာတိုးပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/8/0
အထူးဟော ကံအကောင်းအဆိုးမျှနေမည်။
ယတြာ လိုအပ်နေသူတွေကိုဆေးလှူပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Unicode

19.12.2019 မွ 25.12.2019 အထိတစ္ပတ္စာ၇ရက်သားသမီးဟောစာတမ်း

ဗုဒ္ဓဟူး/ရာဟု

#မာရေး
#ကာလ
#မြား
#အထူး
#ပညာရေး

Some text some message..