များသောအားဖြင့် စတွေ့တုန်းကတစ်ယောက်နဲ့တစ်ယောက် ရူးရူးမူးမူးချစ်ခဲ့ကြပေမဲ့ အိမ်ထောင်ကျသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်က ရိုးလာသလိုလို၊ ငြီးငွေ့လာသလိုလို တဖြည်းဖြည်းနဲ့ အချစ်တွေက ဆိတ်သုဉ်းလာတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလို တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့မသွားဘဲ ပိုပြီး ရင်းနှီးနွေးထွေးမှုရှိလာအောင် အောက်ပါ အပြုအမူလေးတွေကို လိုက်နာကြည့်ရအောင်နော်။
၁။ ညစာ အတူတူပြင်ဆင်ပါ။
ညစာအတွက် အတူတူချက်ပြုတ်ပြီး အတူတူစားသောက်ရတာ ညားခါစအိမ်ထောင်သည်တွေအတွက်တော့ အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်။ အလုပ်ကအပြန် အတူတူဈေးဝင်ပြီး နှစ်ယောက်သားကြိုက်တတ်တဲ့ အစားအသောက်လေးတွေကိုဝယ်၊ အတူတူချက်ပြုတ်စားသောက်ရတာ သင်တို့နှစ်ဦးရဲ့ ဆံဆက်ရေးကို ပိုပြီးရင်းနှီးသလို နွေးထွေးမှုလည်း ဖြစ်စေပါတယ်။ ညစာမှ မဟုတ်ပါဘူး နှစ်ယောက်သား အလုပ်ပိတ်တဲ့ အားလပ်ရက်မျိုးမှာလည်း ကိုယ်ကြိုက်တဲ့ အစားအသောက်မျိုးကို အတူတူလုပ် စားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
၂။ တစ်နေ့တာအတွက် ကောင်းမွန်တဲ့ အရာတစ်ခုကို ပြောပါ။
တစ်နေ့တာလုံးမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ၊ ပင်ပန်းမှုတွေနဲ့ ကိုယ်စီကိုယ်စီကြုံတွေ့ခဲ့ကြရမှာပါ။ ဒါပေမဲ့ နှစ်ယောက်သား ရှိတဲ့အချိမျိုး၊ အိပ်ခါနီးအချိန်မျိုးမှာတော့ ဒီနေ့တစ်နေ့တာ အဖြစ်အပျက်ထဲက အကောင်းဆုံးအရာတစ်ခုကိုပြောပေးပါ။ ကိုယ့်ကြုံတွေ့ခဲ့ရတာကို ဟာသအနေနဲ့ ပြောတာပဲဖြစ်ဖြစ်၊ ဒီတစ်နေ့တာမှာ တစ်ယောက်ရဲ့ ကောင်းကြောင်းကို တစ်ယောက်က ချီးမွမ်းတာပဲဖြစ်ဖြစ် ပြောဆိုသင့်ပါတယ်။ ကောင်းသတင်းကို ကြားရတဲ့အတွက် စိတ်ပင်ပန်းမှုကိုလည်း ပြေလျော့ စေသလို၊ အိပ်ရာဝင်ချိန်မှာလည်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပါတယ်။
၃။ အကြည့်ချင်းဆုံပေးပါ။
ဘာမှမသိတဲ့ လူနှစ်ယောက်အတောင် အကြည့်ချင်းဆုံမိတဲ့အခါ ရင်ထဲမှာ နွေးထွေးသလိုလို၊ ရင်ခုန်သလိုလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မသိစိတ်က ရင်နှီးမှုကိုဖြစ်စေပါတယ်။ အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားဘဝမှာဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက် အကြည့်နဲ့ဆက်သွယ်ခြင်းဟာ ပိုပြီး သံယောဇဉ်ဖြစ်သလို ရင်နှီးမှုလည်း ပိုခိုင်မာစေပါတယ်။ အကြည့်တွေဟာ လူတစ်ယောက်ရဲ့ အတွင်း စိတ်ခံစားမှုကို သိရှိနိုင်တာကြောင့် တစ်ယောက်ရဲ့စိတ်ကိုလည်း တစ်ယောက်က ပိုပြီး နားလည်းမှုပေးနိုင်ပါတယ်။
၄။ စတွေ့တုန်းကအချိန်ကို အမှတ်ရနေပေးပါ။
ချစ်သူနှစ်ဦးအတွက် စတွေ့တဲ့အချိန်တွေက အရမ်းကို တန်းဖိုးရှိသလို ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်ဆိုရင်လည်း မမှားပါဘူး။ ဒါ့ကြောင့် အိမ်ထောင်သည်ဘဝကို ရောက်တဲ့အခါမှာလည်း အရင်က စတွေ့ခဲ့တဲ့ အမှတ်တရတွေကို နှစ်ဦးသာအတူတူပြန်ပြီး သတိရနေပေးပါ။ ယခင်က အမှတ်တရပုံလေးတွေကို အတူတူ ထုတ်ကြည့်ပေးပါ။ ဒီလိုသတိရပေးခြင်းဟာ သင်တို့နှစ်ဦးရဲ့ အချစ်စိတ်ကို ပြန်ပြီး နုပျိုလာသလိုခံစားရပြီး ပြန်ကြည့်မိတိုင်းလည်း ကြည်နူးမှု ပီတိကိုရရှိစေမှာအမှန်ပါပဲ။
၅။ အပြန်အလှန်ပြုစုပေးခြင်း
လေ့လာမှုတွေအရ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြုစုပေးတာမျိုး၊ အပြန်အလှန် နှိပ်နယ်ပေးတာမျိုးဟာ စုံတွဲတွေအတွက် စိတ်ကျေနပ်မှုကို ပိုပြီးခံစားရတယ်လို့ဆိုပါတယ်။ ညောင်းနေတဲ့အခါမျိုးပဲဖြစ်ဖြစ်၊ နှစ်ယောက်သား အားနေတဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အချိန် ၁၅မိနစ်လောက်ပေးပြီး အပြန်အလှန်နှိပ်နယ်ပေးလိုက်ပါ။ ဒါက ကျန်းမာရေးအရလည်း ကောင်းကျိုးတွေရရှိနိုင်သလို စိတ်ကိုလည်း အပန်းပြေစေပါတယ်။ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြုလုပ်ပေးသင့်ပါတယ်။
၆။ နှစ်ယောက်အတူတူ ကခုန်ပါ။
ဂီတဟာ အားလုံးအတွက် စိတ်အပန်းဖြေစရာထွက်ပေါက်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ ကို အမြန်ဆုံးဖယ်ပျောက်ဖို့ဆိုတာ ဂီတပဲရှိပါတယ်။ ဒါ့ကြောင့် အားလပ်တဲ့အချိန်မျိုးမှာ အကြိုက်ဆုံး music ကို ဖွင့်ပြီး နှစ်ယောက်သား ကခုန်ပါ၊ စုံတွဲသီချင်းတွေ အတူတူဆိုပါ။ ဒါဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း တစ်မျိုးလည်းဖြစ်သလို သင်တို့နှစ်ဦးရဲ့ အချစ်စိတ်တွေကို မရပ်တန့်စေမဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။
၇။ စာအတူတူဖတ်ပါ။
တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ဖုန်းပွတ်နေတာထက် စာရင် စာအုပ်တစ်အုပ်ကို နှစ်ယောက်ဖက်တာက သင်တို့အတွက် အကျိုးပိုရှိမယ်ထင်ပါတယ်။ ဗဟုသုတဖြစ်စမဲ့စားမျိုး၊ ခွန်အားဖြစ်စေမဲ့စာမျိုး၊ အိမ်ထောင်ရေး၊ စီးပွားရေးအတွက်အထောက်အကူဖြစ်စေမဲ့စာမျိုးကို ဖတ်သင့်ပါတယ်။ စာဖတ်ပျင်းနေရင်တော့ တစ်ယောက်ဖတ်ပြတာ တစ်ယောက်က နားထောင်တာမျိုး စတဲ့ အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက် စာဖတ်တာမျိုးကိုပြုလုပ်သင့်ပါတယ်။ ဒါက သင့်တို့အနာဂတ် အတွက် ကောင်းမွန်တဲ့ရလဒ်မျိုး၊ အတွေးအခေါ်မျိုးကိုပိုင်ဆိုင်နိုင်ပြီး နှစ်ဦးသား ကြည်နူးမှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
၈။ ကျေးဇူးတင်စကား၊ ချီးကျူးပြောပါ။
ကောင်းတဲ့အသံလေးတွေ နားထဲကြားနေရသမျှ စိတ်ရွှင်လန်းမှုဆိုတာ ပိုင်ဆိုင်နေဦးမှာပါ။ ဒါ့ကြောင့် အိပ်ယာဝင်၊ အိပ်ယာထ ကောင်းမွန်တဲ့ ချီးကျူးစကားမျိုးကို ဆိုသင့်ပါတယ်။ သင့်အတွက် ကောင်းမွန်တဲ့အရာတစ်ခုခုပြုလုပ်ပေးတိုင်း ချီးကျူးစကား၊ ကျေးဇူးတင်စကားပြောပေးဖို့လိုအပ်ပါတယ်။ ဥပမာ သင့်အတွက် မနက်စာပြင်ပေးထားတာမျိုး၊ သင့်အတွက် ကော်ဖီဖျော်ပေးထားတာမျိုး စတဲ့ ကိစ္စအသေးအမွှားလေးကအစ ကျေးဇူးတင်စကားဆိုတဲ့အခါ သင့်အပေါ် ဒီထက်မက ပိုပြီး ပြုစုယုယမှုကို ပေးစွမ်းဦးမှာဖြစ်ပါတယ်။
၉။ အိပ်ယာအတူတူဝင်ပါ။
အိမ်ထောင်သည်စုံတွဲအတွက် အိပ်ယာဝင်ချိန် မတူခြင်းဟာ နှစ်ဦးသာ ဆက်ဆံရေးအတွက် ပဋိပက္ခပိုဖြစ်စေပါတယ်။ အိပ်ယာဝင်ချိန်မတူတဲ့အခါ အိမ်ထောင်သည်တစ်ယောက်အတွက်တော့ အထီးကျန်သလိုခံစားစေရပါတယ်။ ဒါ့ကြောင့် အိပ်ယာဝင်တဲ့အချိန်ကို အတတ်နိုင်ဆုံး တူညီအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုပြုလုပ်တာ သင်တို့နှစ်ဦးရဲ့ အချစ်ရေးကို ပိုပြီး ခိုင်မာစေတယ်လို့ အပြည့်အဝယုံကြည်ပါတယ်။
#Lifestyle_Myanmar
#Thar_Nage