တစ်ယောက်တည်းနေခြင်းက ဘာအကျိုးတွေရလဲ
lifestylemyanmar.com
|
2019-12-25


အချို့က တစ်ယောက်တည်း နေတယ်ဆိုရင် အထီးကျန်နေတယ် လို့ ထင်ကောင်းထင်လိမ့်မယ်။ တစ်ကယ်တော့ တစ်ယောက်တည်း နေတတ်အောင် ကြိုးစားကြည့်ရင် သင် ဟာ လွတ်မြောက်ခြင်းနဲ့ အေးချမ်းခြင်းကိုခံစားရနိုင်ပါတယ်။ သင်ဟာ စိတ်လွန်ကိုယ်လွတ် နေနိုင်ပါတယ်။


သီချင်းတွေ အကျယ်ကြီးဖွင့်ပြီး ကခုန်နိုင်ပါတယ်။ သင့်နှလုံးသားကို ကြိုက်သလို ချိန်ညှိနိုင်ပါတယ်။ တစ်ယောက်တည်းနေခြင်းရဲ့ ကောင်းကျိုးတွေကို သင်သိလာအောင် ကျွန်တော် ပြောပြပေးချင်ပါတယ်။


နံနက်ခင်းမှာ ကော်ဖီသောက်မယ်။ဘယ်သူဘာထင်ထင် စိတ်မပူဘူး




မှားပီးသားအမှားတွေ ထပ်မမှားဖို့နဲ့ မျှော်လင့်ချက် အမှားတွေနဲ့ မနိုးထလာဖို့လိုပါတယ်။ ကော်ဖီသောက်မလား ဘီယာသောက်မလား တစ်ယောက်တည်းဘ၀ က အားလုံးအဆင်ကပြေတယ်နော်။


အိပ်ချင်ရင် တစ်နေကုန်အိပ်




သူများတွေအတွက် အချိန်တွေ အများကြီးပေးစရာမလိုပါဘူးနော်။ အိပ်ရာထဲမှာ အချိန်ကုန်လို့ရပါတယ်။ ကလေးတစ်ယောက်လို ဆိုးချင်ဆိုးနေပေါ့။


သင့်စိတ်နှလုံးသားက အလိုရှိတာတွေကို အိပ်ရာထဲမှာတင် လုပ်လို့ရတယ်




ဆိုလိုတာက သင့်အိပ်ရာထဲမှာပဲနေ သင်လုပ်ချင်တာတွေ လုပ်လို့ ရပါတယ်။ အတွင်းခံလေးပဲဝတ်ပြီးနေ စာအုပ်ဖတ် သင့်အိမ်ဟာ သင့်အတွက်ပဲ ဘာမှ မဝတ်ထားလည်း ဘာမှ မဖြစ်ပါဘူးနော်။


ဘာမှမဝတ်ထားလည်းအေးဆေး




သင် အတွင်းခံလေးပဲဝတ်ထားပြီး စာအုပ်ဖတ်နေလို့ရပါတယ်။တစ်ယောက်တည်းနေတဲ့အချိန် အဝတ်အစားတွေ ချွတ်ထားလည်း စိုးရိမ်စရာမလိုပါဘူး။


စိတ်ပူစရာမလို




သင်တစ်ယောက်တည်းနေတဲ့ အချိန် လွတ်လွတ်လပ်လပ် နေလို့ရပါတယ်။ နောက်ဆုံး သင် အဝတ်အစားတွေမဝတ်ထားလည်း တခြားလူတွေ မြင်မှာ စိုးရိမ်စရာမလိုပါဘူး။


မီးဖိုချောင်ထဲမှာ ကြိုက်တာဝတ်ပြီး ချက်




ဆိုလိုတာက သင်တစ်ယောက်တည်း ရှိနေတော့ မီးဖိုချောင်ထဲမှာလည်း ဝတ်ချင်တာ ဝတ်ပြီး မချက်တတ် ချက်တတ်နဲ့ အားလုံး လုပ်လို့ရတယ်နော်။


သင့်အိမ် သင့်စည်းကမ်း




ဆေးလိပ်သောက်မလား။ဘီယာသောက်မလား ကြိုက်တာလုပ်။ သင့်အိမ်က သင့်စည်းကမ်းတွေပါပဲ။


မီးဖိုချောင်ထဲ အပီဆွဲမယ်




သင့်ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေကို မီးဖိုချောင်ထဲမှာ ကုန်ဆုံးလို့ရတယ်။ ဆိုလိုတာက သင်ဖြစ်ချင်တာတွေလုပ်ချင်တာတွေကို သင် စားချင်တာ စားရင်း လုပ်။ဘယ်သူမှ လာမပြောဘူး။


လုပ်ချင်တာလုပ်




အိမ်မှုကိစ္စတွေလုပ်မလား၊ အိမ်သန့်ရှင်းရေးလုပ်မလား။ လုင်ချင်တာလုပ် သင့် စိတ်အနှောင့်အယှက် ဖြစ်အောင်လာလုပ်ရဲတဲ့သူ မရှိပါဘူး။ သင်ရော တစ်ယောက်တည်းနေနေတဲ့သူလား၊စိတ်ချမ်းသာလား။ဘယ်လိုလဲဆိုတာ ပြောပြပေးသွားပါဦး။

Lifestyle_Myanmar

Mg_Htet

REF_Bright Side


#မီးဖိုချောင်
#ကတတ်
#အိပ်ရာ
#အတွင်းခံ
#ဘီယာ

Some text some message..