ငွေနဲ့ဝယ်လို့ မရတဲ့ အရာ ၁၀ ခု
lifestylemyanmar.com
|
2019-12-25



တစ်ကယ်တော့ ငွေဟာ လူကိုဘယ်တော့မှ ပျော်ရွှင်စေမှာမဟုတ်ဘူး၊အတုအယောင် ပျော်ရွှင်မှုတွေကိုတော့ ပေးကောင်းပေးနိုင်ပါတယ်။ သူ့သဘာဝကိုက ပျော်ရွှင်မှုကို ပေးတယ်ထင်ရပေမယ့် တစ်ခုရပြီးရင်တောင် အများကြီး ထပ်လိုချင်နေတော့ ပူလောင်ရတာပဲမဟုတ်ပါလား။

သင် အသက်အရွယ်တစ်ခု ရောက်လာရင်တော့ ငွေရဲ့ အရေးကြီးမှုကိုသိလာမှာပါ။ ဆိုလိုတာက ပိုက်ဆံဟာ ပျော်ရွှင်မှုအစစ်အမှန်ကို မပေးနိုင်ပေမယ့် လုံခြုံမှုကို တော့ ပေးနိုင်တယ်ဆိုတာပေ့ါ။

အလွန်အမင်း ကြွယ်ဝချမ်းသာလာတဲ့ လူတွေက များသောအားဖြင့် အတော်ဆင်းရဲတဲ့ မိသားစုတွေက ပေါက်ဖွားလာတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ သူတို့ရဲ့အတွေ့အကြုံတွေအရ သူတို့ဟာ နောက်တစ်ခေါက် ဘယ်တော့မှ မဆင်းရဲချင်ကြတော့ပါဘူး။

သူတို့က ရော တစ်ကယ်ပျော်ရွှင်နေတာလား။ ပိုက်ဆံရှာဖို့ တစ်ခုပဲ တွေးနေတဲ့ လူတစ်ယောက်ဟာ တစ်ကယ်ရော ပျော်နိုင်ပါ့မလား။


ဆိုပါတော့ Californiaမှာ နာမည်ကျော်ပြီး ပိုက်ဆံချမ်းသာတဲ့သူတွေကို ကြည့်ပါ။ မူးယစ်ဆေးဝါး၊ အရက်၊ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစွဲလမ်းမှုတွေကြောင့် သူတို့ကိုသူတို့ လုံးလုံးလျားလျားဖျက်ဆီးပစ်နေတာကို တွေ့ကြရမှာပါ။ ငွေဟာ အရာရာကို မဝယ်နိုင်ပါဘူး။



တစ်ချိန်တည်းမှာ တစ်ဆက်တည်းပြောပြရရင် အကောင်းဆုံးသရုပ်ဆောင်နှင့်လူရွှင်တော်များထဲမကတစ်ဦး ဖြစ်တဲ့ ဘင်ဝီလျံဟာ စိတ်ဓာတ်ကျခြင်းနှင့်မူးယစ်ဆေးစွဲခြင်းတို့ကြောင့် သူ့ကိုသူ အဆုံးစီရင်ခဲ့ပါတယ်။


ဝီလျံဟာ အလွန်ချမ်းသာကြွယ်ဝသူဖြစ်ပြီးအောင်မြင်မှုများစွာရခဲ့ပေမယ့် သူရဲ့ချမ်းသာကြွယ်ဝမှုက သူလိုချင်တဲ့ ဘဝကို မပေးနိုင်ခဲ့ဘူးထင်ပါတယ်။ များသောအားဖြင့်ဒီလိုပါပဲ။ ပင်လင်ပြင်မှာ ရွက်လွှင့်နေတဲ့ ဘောစိကြီးရဲ့ ရင်ထဲမှာ ဘယ်လို အပူတွေ ရှိမလဲ ဘယ်သူက သိနိုင်ပါ့မလဲ။


အချစ်




ငွေဟာ လူတွေကို ဆွဲဆောင်ဖို့နဲ့ စွမ်းအားကြီးတယ် အထင်ခံရအောင်တော့ လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာကိုမဝယ်နိုင်ပါဘူး။ နှလုံးသားနဲ့သက်ဆိုင်တဲ့ ဆန်းကြယ်တဲ့ အရာတွေကို ငွေနဲ့ မဝယ်နိုင်ပါဘူး။ ဇိမ်ခံပစ္စည်းတွေနဲ့ တချို့သောအရာတွေအတွက် ပဲ ငွေဟာ အသုံးဝင်တာပါ။

ဒါပေမယ့် ကျွန်တော်တို့ ပိုပိုပြီးရှာတယ် ပိုပိုပြီးစုဆောင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟာချမ်းသာကြွယ်ဝမှုကိုဂုဏ်ကျက်သရေလို့သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုမှာကြီးပြင်းလာလို့ပါ။ကဲ ငွေဟာ အချစ်ကို ဝယ်လို့မရနိုင်ဘူးဆိုတာ လက်ခံပြီလား


အမှန်တရား




ငွေကြေးဟာ သြဇာလွှမ်းမိုးမှုကို ဝယ်နိုင်ပါတယ်။ ဒါပေမယ့် အမှန်တရားကတော့ သြဇာ အကြီးဆုံးပါ။ ဒါပေမယ့် ငွေဟာ လူတွေကို ယုံကြည်အောင်လုပ်လာနိုင်ပြီး လူတွေကို အဆိပ်ခတ်နိုင်တဲ့ ဘက်လိုက်တဲ့ သုတေသနတွေကို လုပ်နိုင်ပါတယ်။

ဒါပေမယ့် ဒါဟာ ရေတိုပါ။ နောက်ဆုံးမှာ အမှန်တရားတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ အမှန်တရားက နောက်ကျတယ်။ ဒါပေမယ့် ကျိန်းသေ လာပါလိမ့်မယ်။


အချိန်




တစ်မိနစ်ကုန်သွားတိုင်း ဘယ်တော့မှ ပြန်ရမှာ မဟုတ်ပါဘူး။ စိတ်ကျသွားအောင် ပြောတာတော့ မဟုတ်ပါဘူး။ တစ်ကယ်က တစ်မိနစ် ကုန်သွားတိုင်းသေဖို့ ပိုနီးကပ်လာနိုင်ပါတယ်။ သိပ္ပံနှင့်ဆေးပညာတိုးတက်မှုအားလုံးရှိသော်လည်းဘဝကိုသိသိသာသာတိုးချဲ့ဖို့ လက်တွေ့ ကျတဲ့ နည်းလမ်းမရှိသေးပါဘူး။

ဆိုလိုချင်တာက အချိန်တွေကို ပိုက်ဆံ ဘယ်လောက်ပုံပေးပေး ဝယ်လို့မရပါဘူး။. သင့်စွယ်တော်ရွက် ပုံပြင်တွေ ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး ရှက်နေခဲ့တဲ့ အချိန်တွေရောပေါ့။ ဘဝကို လက်တွေ့ကျကျဖြတ်သန်းပါ။ ရိုးရိုးရှင်းရှင်း နေထိုင်ပါ။


ငြိမ်းချမ်းရေး



သင့်အတွေးတွေကို လေ့ကျင့်ပေးနိုင်မှ သင့်ဆီကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရောက်လာနိုင်မှာပါ။ မကောင်းတာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရမယ်ဆို အတွေ့အကြုံကို ပြောင်းလဲပစ်ပြီး ဘဝကို ရှေ့ဆက်နိုင်ဖို့ လိုပါလိမ့်မယ်။


ငြိမ်းချမ်းရေး” ဟူသောအမည်ဖြင့်အစိုးရများနှင့်လူပုဂ္ဂိုလ်တစ်ဦး ချင်းစီသုံးစွဲခဲ့သောမရေမတွက်နိုင်သောငွေပမာဏကိုကြည့်ပါ။ ဤကျယ်ပြန့်သောငွေပမာဏသည်ကျွန်ုပ်တို့အတွက်“ ငြိမ်းချမ်းသော” ဟုအဓိပ္ပါယ်ဖွင့်ဆိုချက်ဆီ အနီးကပ် မချည်းကပ်နိုင်ခဲ့ကြပါဘူး။ စိတ်ဟာ အဓိကပါ။


ကိုယ်ပိုင် အစွမ်းအစ



သင်ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေ တစ်ကယ်တော့အဖိုးမဖြတ်နိုင်ပါဘူး။ ပိုက်ဆံဟာ စွမ်းဆောင်မှုကို တိုးဖို့ ထောက်ပံနိုင်ပေမယ့် သင်ပိုင်ဆိုင်ထားတဲ့ သင့် ကိုယ်စွမ်းကိုယ်စကိုတော့ ဘယ်သူမှ လာဝယ်လို့ မရပါဘူး။


သင့်ရဲ့ ကျွမ်းကျင်မှု ကိုယ်စွမ်းကိုယ်စ တည်ငြိမ်ရင့်ကျက်မှုတွေကို ပိုက်ဆံ ဘယ်လောက် ပုံပေးပေး ဘယ်သူမှ ဝယ်လို့မရပါဘူး။


ကျန်းမာရေး




ပိုက်ဆံက ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေ ကာကွယ်ဆေးတွေ ထိုးလို့ရတယ်ဆိုတာ မှန်ပေမယ့် သဘာ၀ ကျန်းမာရေးကို တော့ မဝယ်ယူနိုင်ပါဘူး။ ဆိုလိုတာက သင့်ကျန်းမာရေးဟာ လတ်ဆတ်ကောင်းမွန်နေတာမျိုးကို ဘယ်သူ လာဝယ်လို့ရပါ့မလဲ။ တချို့ ပိုက်ဆံရှိသူတွေကို ကြည့်ပါ။

ပိုက်ဆံရှိပေမယ့် ကျန်းမာရေး ညံဖျင်းလို့ ဘယ်လောက် စိတ်ဆင်းရဲနေရလဲဆိုတာ တွေ့ကြမှာပါ။ ဒါကြောင့်ပိုက်ဆံမရှိရင်နေ ကျန်းမာရေး ကောင်းနေရင် သင်ဝမ်းသာလိုက်ပါ။

နာမည်ကြီးတွေဟာသူတို့ရဲ့သဘာဝအလှအပကိုထိန်းသိမ်းဖို့အချည်းနှီးငွေတွေသုံးပြီးငွေအမြောက်အမြားသုံးနေကြတာကိုတွေ့ရတော့စိတ်ပျက်စရာပါ။ မျက်နှာပေါ်က အရေး အကြောင်းတွေနဲ့ အိုမင်းခြင်းဆိုတာလည်း တစ်ကယ်တော့ သဘာ၀ အလှတစ်ခုပါပဲ။ မီးခိုးရောင်ဆံပင်ကလည်း သဘာဝအလှပါပဲ။

တဖက်မှာလည်း ခွဲစိတ်ပြုပြင်တာတွေ ခေတ်စားနေတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ ရှိတဲ့ သဘာ၀ အလှကိုတော့ တန်ဖိုးထားတတ်ကြပါစေ။


အမူအကျင့်များ




ရိုင်းစိုင်းတဲ့လူတွေက ဝင်ငွေပေါ်မူတည်ပြီး လူတွေကို ဆက်ဆံလေ့ ရှိပါတယ်။တစ်စုံတစ်ဦးကို လေးလေးစားစားဆက်ဆံပြဖို့ဆိုတာ ငွေနဲ့မဆိုင်ပါဘူး။ လူအချင်းချင်းလေးစားတတ်တဲ့ အပြုအမူတွေဆိုတာ ငွေနဲ့ ဝယ်လို့မရပါဘူး။ ငွေဟာ သင့်ကို အဆင့်အတန်း မြင့်တယ် ထင်ရအောင်လုပ်ပေးနိုင်ပေမယ့် တစ်ကယ်တော့ လူဝင်ဆန့်ဖို့ဆိုတာ လူလူချင်း လေးစားတတ်မှရတာပါ။


စစ်မှန်တဲ့မိတ်ဆွေများ




မိတ်ဆွေတွေကို ပိုက်ဆံနဲ့ဝယ်လို့ရလား။ ပိုက်ဆံရှိခြင်းက မိတ်ဆွေဖြစ်လိုသူများကိုအမှန်ပင်ဆွဲဆောင်နိုင်ပါတယ်။ သို့သော်၎င်းသည်စစ်မှန်သောခင်မင်မှုကိုအာမမခံပါ။

မိတ်ဆွေစစ်အများစုကတစ်ယောက်ကိုတစ်ယောက်ချစ်ကြတယ်။ ပိုက်ဆံနဲ့ ချစ်ခြင်းအကြောင် းဆွေးနွေးကြတယ်။ ငွေနဲ့ပိုင်ဆိုင်မှုဟာ စစ်မှန်တဲ့ မိတ်ဆွေတွေကို မဝယ်နိုင်ပါဘူး။ သင့်မှာရော စစ်မှန်တဲ့ မိတ်ဆွေတွေ ရှိနေပြီလား။


အသိပညာ




သင်စုဆောင်းမိထားတဲ့ သတင်းအချက်အလက် ညဏ်ပညာ စတာတွေကို ဘယ်သူမှ ဝယ်လို့ မရပါဘူး။ အချမ်းသာဆုံးပုဂ္ဂိုလ်အချို့ဟာ ဘာကြောင့်အံ့သြဖွယ်အကောင်းဆုံးနည်းတွေကို ပြုလုပ်တယ်လို့ သင်ထင်ပါသလဲ။ ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အတွေးဖြစ်စဉ်ကိုငွေကြေးဒါမှမဟုတ်အခြားတစ်ခုခုကလွှမ်းမိုးထားလို့ပါ။

တချို့ ချမ်းသာတဲ့လူတွေက ငွေဟာ အရာအားလုံးကို မအောင်နိုင်လို့ ခံစားရတဲ့သူတွေဟာ တစ်ကယ်ကို ဆိုးဝါးတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်ကြပါတယ်။ ဆိုလိုတာက သူဟာ ငွေ ရှာနိုင်ပေမယ့် အသိပညာကိုတော့ ဝယ်လို့ မရဘူးဆိုပါတော့။


အရှိကိုအရှိအတိုင်းလက်ခံနိုင်မှု




လက်ရှိဘဝကို လက်ခံနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ကျရှုံးတာပဲဖြစ်ဖြစ် အောင်မြင်တာပဲဖြစ်ဖြစ် အခြေအနေတစ်ခုကို လက်ခံနိုင်စွမ်းရှိတဲ့ စိတ်က အရေးကြီးပါတယ်။ အဲ့ဒါက ဘဝကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်ပါတယ်။ ဒီလိုစိတ်ကို ငွေဘယ်လောက် ပုံပေးပေးဝယ်လို့မရပါဘူး။ အရှိကို အရှိအတိုင်း လက်ခံတတ်တဲ့ လူတစ်ယောက်အတွက် ငွေဆိုတာ ကကဘယ်လိုအရာလဲ။

Lifestyle_Myanmar

Mg_Htet

REF_ power of possitivity


#ပိုက်ဆံ
#ငွေ
#မာရေး
#အမှန်တရား
#မိတ်ဆွေ

Some text some message..