ကလေးများကြီးထွားလာတာနဲ့ အမျှ မိဘတွေအနေနဲ့ ကလေးတွေ စာဖတ်တတ်လာမယ့်အချိန်ကို မျှော်လင့်တတ်ကြပါတယ်။ စာဖတ်တတ်ဖို့ စတင်ရန် အကောင်းဆုံးအချိန်က ဘယ်အချိန်များဖြစ်မလဲ။ ဒီမေးခွန်းကို ကလေးတစ်ဦးချင်းစီရဲ့ အရည်အချင်းနှင့် ရင့်ကျက်မှုတွေအပေါ်မှာ မူတည်ပါတယ်။ ကလေးတွေအပေါ်မှာ ဖိအားပေးတာမျိုးဟာ အကျိုးဖြစ်ထွန်းမှုမရှိနိုင်တဲ့ အပြင် စိတ်ပျက်စရာများပင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ လိုက်နာရမယ့် တစ်ချို့အချက်တွေကို ပြောပြပေးချင်ပါတယ်။

Portrait of African American baby boy holding book on sofa.
ပထမဆုံးအချက်အနေနဲ့ -ဘယ်လိုစကားပြောရမယ်ဆိုတာ သိဖို့
ပထမဆုံးလိုအပ်ချက်အနေနဲ့ ကလေးတွေဟာ အခြေခံဘာသာစကားကို ပြောဆိုဖို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူတို့ဟာ မည်သို့ပြောဆိုရမယ်ကို သူတို့သိပြီးသူတို့ ကြားသမျှကို နားလည်နိုင်ဖို့ ဖြစ်ပါတယ်။ ရင့်ကျက်မှုဆိုတာ ထည့်သွင်းစဉ်းစားသင့်တဲ့ အခြားကဏ္ဍတစ်ခုဖြစ်ပြီး ကလေးတွေဟာ ဒီလေ့လာမှုပုံစံကို မသိမ်းပိုက်နိုင်လို့ပါ။ စာဖတ်ခြင်းကို လေ့လာဖို့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ နှင့် သိမြင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။ ကလေးများ ပထမဦးဆုံး အသံထွက်တဲ့ အခါ နှင့် ရှင်းလင်းသော စကားပြောဆိုချိန်အထိ ကွာခြားမှုရှိပါတယ်။ ဒီနေရာမှာ ကလေးတစ်ဦးနှင့် တစ်ဦး မတူညီနိုင်ပါဘူး။ စာဖြင့် ရေးသားထားသော ဘာသာစကားကို နားလည်ဖို့အတွက် မြင့်မားသော အသိညဏ်ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ပါတယ်။

happy child girl hugging Santa reading book and laughs.
စာဖတ်ခြင်းကို သင်ယူဖို့ အနည်းဆုံးအသက်အရွယ်က ဘယ်အရွယ်လဲ
အသက်၃နှစ်မှ ၅နှစ်အကြား ကလေးများကို စာရေးခြင်းနှင့် ပထမဆုံးဆက်သွယ်မှုရှိပါတယ်။ လှုပ်ရှားမှုများ၊ ဂိမ်းများ၊ ပန်းချီကားများ၊ အက္ခရာများ၊ စကားလုံးအချို့ကို သိခြင်း၊ (အမည်များ ကဲ့သို့) ကလေးတွေဟာ စာဖြင့် ရေးသားထားသော ဘာသာစကားတွေကို စတင် စိတ်ဝင်စားပါတယ်။ ဤအသက်အရွယ်မှာပဲ တစ်ချို့ကလေးတွေက သက်ေတများနှင့် အက္ခရာများကို ရိုးရိုးရှင်းရှင်းမှတ်သားနိုင်ဖို့ ခဲတံကို စတင်သုံးစွဲဖို့ လုံလောက်ပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် ကျွန်တော်တို့ဟာ အသက်၆နှစ်အရွယ်မှာ စာဖတ်ခြင်းနှင့် ရေးသားခြင်းလုပ်ငန်းများကို စတင်လုပ်ဆောင်သင့်ပါတယ်။ အဆင့်ရှိသူတို့ရဲ့ စွမ်းရည်အပေါ်မူတည်ပြီး သူတို့ကတစ်ဖြည်းဖြည်းနှင့် လျင်မြန်စွာ တိုးတက်လာနိုင်ပါတယ်။

Caucasian family reading fairy tales to they daughter with happiness
ဒီကနေ့ကမ္ဘာမှာ အရာရာတိုင်းဟာ မြန်မြန်ဆန်ဆန်နှင့် မြန်မြန်သွားနေပြီး ကလေးတွေကလည်း မြန်မြန်တိုးတက်နေပါပြီ။ စဉ်ဆက်မပြတ် နှိုးကြားစေတဲ့ ခေတ်ဖြစ်ပါတယ်။ အချို့ဖြစ်စဉ်တွေမှာ တိုးတက်အောင်လုပ်ခြင်းက အမှန်တကယ်အကျိုးဖြစ်ထွန်းစေပါတယ်။ သို့ပေမယ့် ကလေးတွေအတွက် စိတ်ရှုပ်ထွေးစေတဲ့ အတွက် အသက်၁၂မပြည့်မီ နားလည်မှုနှင့် ပတ်သက်ပြီး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
လှုံဆော်မှုက အခြေခံ
လှုံ့ဆော်မှုက လိုအပ်သောရည်ရွယ်ချက်များကို ပြည့်မီဖို့ မိဘနှင့် ဆရာများရဲ့ တာဝန်သာ ဖြစ်ပါတယ်။ အရေးကြီးတာက ကလေးကို ဖိအားမပေးဘူးဆိုတာပါပဲ။ အသက်၅နှစ်အရွယ်မှာ ကလေးငယ်ကို လုပ်ရိုးလုပ်စဉ်များနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ၊ လူမှုရေးစွမ်းရည်များ ဖွံ့ဖြိုးလာစေရန်၊ အခြားကလေးများနှင့် ကစားစေနိုင်ပါတယ်။ တုပတယ်ဆိုတာ ကလေးတွေရဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်သူများလုပ်နေတာကို သူတို့တွေ့တဲ့ အခါ စာဖတ်ခြင်း( သို့) စာရေးခြင်းကို သူတို့ စိတ်ဝင်စားပါလိမ့်မယ်။ သူတို့က မှတ်မိအောင်ကြိုးစားပြီး သူတို့ရဲ့ နာမည်၊ အက္ခရာများကို ထုတ်ယူဖို့ ကြိုးစားပါလိမ့်မယ်။ နောက်ဆုံး အဘိုးအဘွားတွေ၊ သူငယ်ချင်းတွေဆီကို စာတစ်စောင်ရေးဖို့အထိ ကြိုးစားပါလိမ့်မယ်။ တတ်မြောက်မှုအနေနဲ့ သူတို့ရဲ့ ရင့်ကျက်မှုအပေါမှာ မူတည်ပါတယ်။

Two cute little children are reading a book with flashlights in tent. Happy girls playing at home. Funny lovely kids having fun in room.
ကလေးငယ်ရဲ့ ဖန်တီးနိုင်စွမ်းကို ဘယ်လို လှုံ့ဆော်ပေးမလဲ
ပုံပြင်ကောင်းကောင်းလေးတွေ ဖတ်ပြပေးခြင်း
စကားလုံးများနှင့် ဆက်စပ်သော အက္ခရာများ (သို့) ဂိမ်းများကို ပြသခြင်း
သူတို့ကို ကွဲပြာခြားနားသော ဖွဲ့စည်းတည်ဆောက်ပုံ
ပုံဆွဲခြင်းနှင့်အတူလေ့ကျင့်ရန် ပစ္စည်းများ ရေးသားခြင်း၊
တုပခြင်းဆိုတာ ကလေးတွေအတွက် ဘုံအလေ့အကျင့်ဖြစ်ပါတယ်။
ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကလေးများ ပျော်ရွှင်စေဖို့ ဖြစ်ပါတယ်။ ဤနည်းအားဖြင့် သူတို့က စာဖတ်ခြင်းရဲ့ အံ့ဩဖွယ်ကောင်းသော ကမ္ဘာကို သူတို့အလိုအလျောက် စိတ်ဝင်စားလာကြပြီးတော့ ကျန်ဘဝတစ်လျှောက်လုံး သူတို့နှင့်အတူ ရှိနေမှာ ဖြစ်ပါတယ်။

Grandparents Reading Book With Baby Granddaughter At Home
စကားလုံးတွေကို နားလည်တဲ့ ကလေးဟာ စာဖတ်တတ်ဖို့ အဆင်သင့်ရှိနေတတ်ပါတယ်။ ခဲတံပေါ်က ဖိအားကို သူတို့လက်ဖြင့် ပြုလုပ်နိုင်တဲ့ အခါမှာ သူတို့ဟာ မကြာမီ စာဖတ်ခြင်းနှင့် စာရေးခြင်းကို ပြုလုပ်ကြပါလိမ့်မယ်။ ပြီးလျှင် သူတို့ကို စာတွေ သင်ပေးပြီး သူတို့ရဲ့ စိတ်ကူး စိတ်သန်းနှင့် တီထွင်ဖန်တီးမှုကို အားပေးဖို့ လှုပ်ရှားမှု အမျိုးမျိုးကို အသုံးပြုပြီး ဝါကျတွေကို ဆက်သွားနိုင်ပါတယ်။ အရေးကြီးတာက သင့်ကလေးတွေကို သူတို့ရဲ့ အရှိန်အဟုန်ဖြင့် သင်ခွင့်ပြုဖို့နှင့် မည်သည့်ဖိအားမှ မပေးဘဲ အမြဲတမ်းသူတို့ကို ကူညီဖို့ပဲ ဖြစ်ပါတယ်။
Chit_May_May
Nyein_Thu
sources-Youaremom