သင့်ကိုအရူးအမူးလွမ်းဆွတ်သတိရနေစေမယ့်ရိုးရှင်းတဲ့နည်းလမ်းများ
lifestylemyanmar.com
|
2020-01-02



ကျွန်ုပ်တို့တစ်စုံတယောက်ကိုလွမ်းတယ်ဆိုတာဘာကြောင့်လဲ။ အဲ့ဒီတစုံတယောက်နဲ့အတူမရှိနေချိန်မှာ ရင်ထဲဟာတာတာဖြစ်သလိုခံစားရတာကကောဘာကြောင့်များလဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့လူသားတွေရဲ့ဗီဇထဲမှာကိုက တကိုယ်တည်းနေတတ်ခြင်းမဟုတ်ဘဲ အများနဲ့စုဖွဲ့ပြီးနေထိုင်တတ်ခြင်းသဘာဝကပါလာပြီးသားမို့ပါ။

လူ့ရဲ့သဘောသဘာဝကိုကလူမှုပေါင်းသင်းဆက်ဆံရေးနဲ့အသားတကျရှိနှင့်ပြီးသားပဲလေ။ ဒီတော့ တခုခုကိုစွဲလမ်းမိပီဆိုတဲ့အခါ ပိုမိုတွယ်တာတတ်ကြတာပေါ့။ စိတ်ကူးယဉ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးတွေ ကိုယ့်ထံရောက်လာခဲ့ပြီးမှ တယောက်နဲ့တယောက်ဝေးကွာသွားရချိန်မှာ ကြည်နူးစရာအချစ်တွေက ကြေကွဲစရာအလွမ်းတွေဖြစ်ကာ သတိရတမ်းတလို့မဆုံးဖြစ်နေရတော့တာပေါ့။ လွမ်းဆွတ်ခြင်းဆိုတာ long lasting relationshipမှာအဓိကကျတဲ့အချက်ပဲလေ။

နှလုံးသားထဲကကိုယ်ချစ်ရတဲ့သူနဲ့အတူတူတွေ့ချင်နေချင်စိတ်တွေကပိုများလေလေ သတိရမှုတွေကလဲပိုတိုးလာလေလေပေါ့။ လူဆိုတာကလဲကိုယ့်ကိုချစ်တဲ့သူပျော်အောင်ထားတဲ့သူတွေနဲ့သာပိုပြီးနီးနီး ကပ်ကပ်နေချင်ကြတာကိုး။

သိပ္ပံပညာရဲ့အဆိုအရ ကျွန်ုပ်တို့ချစ်ခင်ပျော်ရွှင်နေချိန်မှာ ခန္ဓာကိုယ်ကနေ စိတ်ကိုပျော်ရွှင်အောင်ပူပန်အောင်လုပ်ဆောင်ပေးတဲ့ ဆီရိုတိုနင်(Serotonin)ဓာတ်တမျိုးနဲ့ စိတ်ခံစားမှုကိုမြင့်တက်စေတဲ့ ဒိုပါမင်(Dopamine)ဟော်မုန်းကိုထုတ်လုပ်ပေးတယ်လို့ဆိုပါတယ်။

ဒီတော့တယောက်နဲ့တယောက်ဝေးကွာချိန်မှာ bodyကဒီဓာတ်တွေကိုတောင့်တမှုဖြစ်တဲ့အတွက် စိတ်ပင်ပန်းဆင်းရဲမှုတွေ လွမ်းသလိုဖြစ်တာတွေဟာဆန်းပြားတဲ့အရာတော့မဟုတ်ပါဘူး။

လွမ်းဆွတ်ခြင်းဟာ လုံးသားထဲကအချစ်ကိုပိုမိုပြသရာရောက်လို့ တယောက်ယောက်ကကိုယ့်ကိုလွမ်းနေသတိရနေတာကိုသိရတာလောက် ခံစားလို့ကောင်းတာမရှိဘူးလို့တောင်ဆိုတတ်ကြပါတယ်။ ကဲ..ဒီတော့ သင့်ချစ်သူကသင့်ကိုလွမ်းဆွတ်တမ်းတနေအောင် ဘယ်လိုအပြုအမူလေးတွေလုပ်လို့ရလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်…


၁.တဒင်္ဂအဆက်အသွယ်ဖြတ်တောက်လိုက်ပါ




ဒီလိုလုပ်ဖို့လွယ်ကူမှာတော့မဟုတ်တာသိပါတယ် ဘယ်သူမဆိုကိုယ်ချစ်ရသူနဲ့အမြဲအဆက်အသွယ်ရှိချင်ကြတာပဲလေ။ သို့သော်သူ့ဘက်ကနေသင့်ကိုအရမ်းလွမ်းစေချင်တယ်ဆိုရင်တော့ ခဏလောက်သူနဲ့communicationရပ်တန့်ထားလိုက်တာကသူသင့်ကိုလွမ်းနေအောင်အချိန်ပေးလိုက်သလိုဖြစ်သွားတာပေါ့(အကြာကြီးတော့မလုပ်နဲ့ပေါ့)။

ပုံမှန်အတိုင်းစကားပြောနေကျဆိုရင်တော့ လွမ်းတော့လွမ်းမယ် အရမ်းကြီးတော့မဖြစ်ဘူးပေါ့။ ဟုတ်ရဲ့လား။ ဒီတော့ ဖုန်းပြောတာစာပို့တာတွေရုတ်တရက်ရပ်တန့်လိုက်ရင်တော့ သူ့ဘက်ကသင့်ကိုအရမ်းလွမ်းနေကြောင်းပြောဖို့ သူ့အတွက်အကြောင်းပြချက်လေးရသွားစေတာပေါ့။ တခါတရံပြောတာပါနော်။ ခဏခဏဒီလိုလုပ်နေရင်တော့သူနေသားကျသွားပြီး နောက်ဆိုလွမ်းတဲ့အကြောင်းမပြောဘဲနေဦးမယ်နော်။


၂.ချက်ချင်းမတုန့်ပြန်ပါနဲ့




မိန်းကလေးတွေကတယောက်ယောက်ကိုချစ်မိရင် ချစ်သူဆီကဖုန်းလာတာဖြစ်ဖြစ် စာလေးပို့လို့ပဲဖြစ်ဖြစ် ချက်ချင်းဆိုသလို တုန့်ပြန်တတ်လေ့ရှိတတ်ကြတယ်။ အဲ့ဒါကသင့်ချစ်သူရဲ့စိတ်ထဲမှာသင်ဟာသူခေါ်လိုက်တိုင်းအမြဲအသင့်ရှိနေတယ်လို့တွေးမိစေသလိုဖြစ်စေတယ်။


ဒီတော့သူ့ဘက်ကအထွေအထူးစိတ်လှုပ်ရှားခံစားမိတာမျိုးမဖြစ်တော့ဘူးပေါ့။ ယောက်ျားလေးအများစုက အမဲလိုက်နေရသလိုမျိုး တခုခုကိုရဖို့ကြိုးစားရင်းစိတ်လှုပ်ရှားနေရတာမျိုးကိုနှစ်သက်တတ်ကြတယ်။ ဒါကြောင့်သင့်ဘက်က
သူလွယ်လင့်တကူဖမ်းမိတာမျိုးမဖြစ်စေနဲ့ပေါ့။




သူ့ဘက်ကဆက်သွယ်လာရင်ချက်ချင်းကြီးတုန့်ပြန်လိုက်မယ့်အစား ရံဖန်ရံခါလောက်တော့ လိုအပ်သလောက်လေး သူ့ကိုစောင့်ဆိုင်းထားခိုင်းလိုက်ပါ။ ဒါဆိုသူ့ဘက်ကစိတ်လှုပ်ရှားစိုးရိမ်မှုတွေဖြစ်လာနိုင်ပါလိမ့်မယ်။

သူ့ဘက်ကသင့်ဆီကပြန်လည်တုန့်ပြန်မှုကိုမျှော်လင့်စောင့်စားနေရတော့မယ်လေ ဒီလိုလုပ်ရတာက ကြောင်တောင်တောင်နိုင်ပေမယ့်လဲ အလုပ်ဖြစ်မယ်လို့တော့ထင်တယ်နော်။ ဒါပေမယ့်ဒီလိုအကြိမ်ကြိမ်လုပ်မိရင်တော့ သူကနေသားကျလာပြီး သင့်အပေါ်စိတ်ဝင်စားမှုလေးတွေပျောက်သွားနိုင်တာမို့ ရံဖန်ရံခါလောက်ပဲဒီလိုလုပ်ဖို့ကောင်းပါတယ်နော်။


၃.နောက်ဆုံးစာကိုသူပို့တာဖြစ်ပါစေ




သူ့ကိုစောငိ့စားခိုင်းထားပြီးနောက် သူကသင့်အပေါ်တကယ်ချစ်မြတ်နိုးတဲ့သူဆိုရင် သူ့ဘက်ကလဲစိတ်ရှည်ရှည်နဲ့သင်ဖုန်းကိုင်တဲ့အထိဆက်သွယ်နေပါလိမ့်မယ်။ ဖုန်းပြောတဲ့အခါမှာလဲသင့်ဘက်ကစကားလက်စအရင်သိမ်းပြီးဖုန်းချလိုက်ပါ SMS orOnlineသုံးရင်လဲနောက်ဆုံးစာကိုသူ့ဘက်ကသာပို့ပါစေ။

ဒါဟာလဲသင့်ဆီကစကားလုံးတွေကိုသူပို၍စောင့်စားမျှော်လင့်နေစေမယ့်အချက်တခုပါပဲ။ စကားစအရင်ဖြတ်ပြီးဖုန်းချလိုက်ရင် သူ့ဘက်ကသင်ဖုန်းကိုင်တဲ့အထိဖုန်းပြန်ဆက်သွယ်နေလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်နဲ့စကားပြောနေတာကိုအဆုံးမသတ်ချင်သေးဘဲဆက်ပြောချင်နေသေးတဲ့ခံစားမှုသူခံစား သွားရလို့လေ။ သို့သော်ခဏခဏတော့မလုပ်နဲ့ဦးနော်။


၄.တစ်ကိုယ်တည်းနေတတ်ပါစေ




သင်ဟာသင့်ချစ်သူအနားမှာအချိန်တိုင်းလိုလိုရှိနေရင်တော့ သူဘယ်လိုမှသင့်ကိုလွမ်းဆွတ်တဲ့စိတ်ဖြစ်မိမှာ မဟုတ်ဘူးလေ။ ဒါကြောင့်သူသင်မရှိတဲ့အချိန်သူ့ရင်ထဲဟာတာတာဖြစ်သွားအောင် သင့်ရဲ့ကိုယ်ပိုင်အချိန်၊ နေရာလေးတခုထားထားလိုက်ပါ။ တကယ်တော့ အချိန်တိုင်းနီးနီးကပ်ကပ်ရှိနေဖို့လဲမလိုအပ်ပါဘူး။

သူကသင့်ကိုတကယ်ချစ်မြတ်နိုးတယ်လို့သင်ခံစားမိရင် သင့်ရဲ့ကိုယ်ပိုင်အချိန်လေးထဲမှာ သင်ပျော်အောင်နေနေစဉ်အတွင်း သင်သူ့အနားမရှိချိန်သတိများရပါ့မလား။

သင့်အပေါ်အချစ်များလျော့လျော့လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာမှာမဟုတ်ပါဘူး။ယောက်ျားလေးအများစုက သူတို့အနားမှာအမြဲလိုလိုဖက်တွယ်ပြီးနေတာကို မနှစ်သက်တတ်ကြဘူး။ ဒါကြောင့် သင့်ရဲ့ချစ်သူသင့်ကိုလွမ်းနေရအောင် သင့်အတွက်သင်အချိန်ပေးပြီးတယောက်ထဲနေတတ်ဖို့လဲလိုပါတယ်နော်..


၅.သင့်ပုံရိပ်နဲ့သင်နေထိုင်ပါ




သင်ဖြစ်တည်နေတဲ့အတိုင်းသင်နေထိုင်ပါ။ သူနဲ့အတူရှိနေတဲ့အချိန်တခြားသောမိနိးကလေးတွေနဲ့ ယှဉ်ပြီး သင်မဟုတ်တဲ့ပုံရိပ်တွေနဲ့ဟန်ဆောင်ပြီးမနေမိပါစေနဲ့။

သင့်ရဲ့ဖြစ်တည်မှုအားလုံးကို သူချစ်ခင်နှစ်သက်လာဖို့ သင်ဟာစိတ်ဓာတ်ကြံ့ခိုင်တဲ့ကြင်နာတတ်တဲ့ကိုယ့်အားကိုယ်ကိုးတတ်တဲ့မိန်းကလေးတယောက်ဖြစ်တယ်ဆိုတာသူသိဖို့အတွက် သင့်ပုံရိပ်နဲ့သင်နေပြီး ဖန်တီးပါ။ လုပ်ဆောင်ပါ။

သူ့ဘက်ကသင့်ကိုစွဲလန်းရူးသွပ်မိတဲ့အရာတွေဟာ သင့်ရဲ့ပင်ကိုဖြစ်တည်မှုပုံရိပ်တွေသာဖြစ်ပါစေအပြန်အလှန်စွဲလန်းရူးသွပ်ပါ ဒီလိုဖြစ်ဖို့သင့်ဘက်ကသင့်ပုံရိပ်ကိုသင်လိုလိုလားလားရှိဖို့တော့လိုပါတယ်။ အတူတူပျော်ရွှင်မှူတွေခံစားပါ။

သူနဲ့အတူရှိချိန်မှာ တခြားလူတွေရဲ့ဖြစ်တည်မှုပုံရိပ်တွေကိုသင့်ဘဝထဲထည့်သွင်းပြီး သင်မဟုတ်သလိုဟန်ဆောင်နေထိုင်မယ့်အစား သင့်အတွက်သာသင်နေထိုင်ပြီး သင့်ဖြစ်တည်မှုတိုင်းကိုအကောင်းဆူံးဖြစ်အောင်ကြိုးစားပါ။ တယောက်နဲ့တယောက်ဝေးရချိန်မှာ သူကသင့်ကိုတခြားမိန်းကလေးတွေနဲ့ ယှဉ်ကြည့်ချင်ကြည့်နိုင်ပါလိမ့်မယ်။

သို့သော် သင့်ပုံရိပ်ဟာဘယ်လောက်လှပလဲ၊ သင့်ဖြစ်တည်မှုတွေဟာ ဘယ်လောက်အံ့အားသင့်စရာကောင်းလဲဆိုတာ သူနားလည်လာပါလိမ့်မယ်။


ဝေးနေရချိန်တိုင်း သူသင့်ကိုလွမ်းဆွတ်တမ်းတနေလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ အကောင်းအဆိုးတွေဘယ်လိုရှိရှိ
ဒီဖြစ်တည်မှု ဒီပုံရိပ်တွေရှိတဲ့လူဟာ ဒီကမ္ဘာမှာ သင်တဦးတည်းသာရှိတယ်ဆိုတာသူသိနားလည်လို့ပါပဲ။



ဒါကြောင့်သင့်ပုံရိပ်ကိုသင်ကိုယ်တိုင်နှစ်သက်ပါ။ လက်ခံပါ။ ချစ်ခင်ပါ။ ဒါဆိုသင့်ကိုချစ်တဲ့သူတိုင်းကလဲ
သင့်ကိုသင်ချစ်သလို ချစ်ခင်လာပါလိမိ့မယ်။

သင့်ရဲ့အရာရာတိုင်းကိုလက်ခံနှစ်သက်ပြီးသင့်ကိုသင်ပျော်ရွှင်အောင်ထားတာဟာ သင့်အနားကလူတွေကိုလဲပျော်ရွှင်မှုတွေကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်သင်မရှိတဲ့အချိန်တွေမှာဆို သူတို့သင့်ကိုသတိတရလွမ်းနေပါလိမ့်မယ်နော်။

#Lifestyle_Myanmar

#May_Htet

REF_hackspirit.com


#ပုံရိပ်
#ဘက်
#သူ့
#လေ
#အနား

Some text some message..