တစ်ဖက်သားကိုထိခိုက်နာကျင်စေမှုဆိုတာအခြေအနေအမျိုးမျိုးနဲ့ဖြစ်စေနိုင်ပါတယ်။ emotional abuseလို့ခေါ်တဲ့စိတ်ခံစားမှုဆိုင်ရာကိုထိခိုက်နာကျင်အောင်လုပ်ခြင်း၊physicalအားဖြင့်နာကျင်အောင်လုပ်ဆောင်ခြင်းတွေအပြင်နှုတ်အားဖြင့် နာကျင်အောင်လုပ်ခြင်းတွေလဲရှိပါတယ်။
အဲ့လိုနာကျင်အောင်ပြုမူခြင်းတွေထဲကမှVerbal abuse ဆိုတာကတော့ကလေးငယ်တွေအပေါ်နှုတ်ဖြင့်ဆိုးဝါးစွာအော်ဟစ်ကြိမ်းမောင်းခြင်း၊ မထီမဲ့မြင်ပြုမူဆက်ဆံခြင်း၊ ရင့်သီးသောစကားလုံးများပြောဆိုခြင်းတို့ဖြစ်ပါတယ်။
ဒီလိုပြူမူဆက်ဆံခြင်းဟာ the right and left hemisphere of brainလို့ခေါ်တဲ့ ဦးနှောက်အလုံးချမ်းညာဘက်နဲ့ဘယ်ဘက်ဆက်နွယ်မှုconnectionအပေါ်သက်ရောက်မှုရှိတာကြောင့် ကလေးငယ်တွေမှာ စိတ်ဓာတ်ကျဆင်းခြင်း၊ စိတ်အားငယ်ခြင်း၊ ခေါင်းတခြမ်းကိုက်ခဲခြင်း စတဲ့ အခြေအနေတွေကိုကြုံတွေ့လာနိုင်သည့်အပြင်ရေရှည်ကြာလာသည်နဲ့အမျှ ဦးနှောက်နဲ့ဆိုင်တဲ့ရောဂါတွေနဲ့အခြားသောကျန်းမာရေးပြဿနာတွေကိုလဲဖြစ်စေနိုင်ပါတယ်။
verbal abuseလုပ်ခြင်းခံစားရသော ကလေးငယ်တွေဟာ အရွယ်ရောက်လာတဲ့အခါအောက်ဖော်ပြပါ အပြူအမူ၅ချက်ကိုရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။
၁.ကိုယ့်ကိုကိုယ်တန်ဖိုးထားလေးစားမှုလျော့နည်းလာခြင်း
ကလေးဘဝကတည်းက မိသားစုအတွင်းမှာ အော်ဟစ်ကြိမ်းမောင်းအပြစ်တင်ခြင်း၊ ဆိုးဝါးစွာပြောဆိုဆက်ဆံခံရခြင်းတွေခံစားရတဲ့အခါ မိမိကိုယ်တိုင်က ဒီလိုပြောဆိုမှုတွေကြားရဖန်များလာတဲ့အတွက်ကြောင့်ကိုယ်တိုင်ကိုကဒီလိုလူတယောက်ဖြစ်နေလို့များဒီလိုဆက်ဆံခံရပါလားဆိုတဲ့အတွေးတွေတဖြေးဖြေးစတင်တွေးမိတတ်လာတယ်။
အဲ့ဒီ့အခါ ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားမှု လေးစားမှုတွေ တဖြေးဖြေးလျော့နည်းကျဆင်းလာတတ်ပါတယ်။ ဒါဟာဘာကြောငိ့လဲဆိုတော့ငယ်ရွယ်စဉ်အခါမှာ ကိုယ့်ရဲ့မိသားစုဝင်တွေက မိမိအပေါ်မှားယွင်းတဲ့ အပြုအမူတွေနဲ့မပြုမူသင့်ဘူးဆိုတဲ့အကြောင်းအချက်တွေကိုတွေးဆသုံးသပ်နိုင်စွမ်းတွလဲမရှိသေးတဲ့အတွက်လဲပါဝင်ပါတယ်။
ဒီတော့ သူတို့ရဲ့စကားလုံးတွေကြားမှာ ယုံကြည်မှုတွေဟာတဖြေးဖြေး ပျာက်ကွယ်လာပြီး ကိုယ့်ကိုကိုယ် အသုံးမကျမှု၊ မကြိုက်နှစ်သကိမှူစတဲ့ခံစားမှုတွေက ဝင်ရောက်လာပါတယ်။ low self_esteem ဖြစ်လာမှုကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေလဲရှိပါတယ်။ အဲ့ဒါတွေကတော့
ကိုယ့်ကိုကိုယ်အပြစ်မြင်လွန်းခြင်း
Verbal abuserများဟာ သူတပါးကိုလက်ညိုးထိုးပြောဆိုလေ့ရှိသူတွေမို့ သူတို့ကိုယ်တိုင်ကလွဲပြီး တခြားလူတွေအပေါ်အပြစ်တင်အပြစ်မြင်လေ့ရှိတတ်တယ်။ ဒါကြောင့်မိမိရဲ့မိသားစုဝင်တွေတောင်မှ သူတို့ရဲ့မှားယွင်းတဲ့အပြူအမူပုံစံတွေအတွက် မှန်ကန်တဲ့အပြူအမူကိုပြောင်းလဲကာ တာဝန်ယူဖြေရှင်းမှုရှိရမယ့်အပြင် အပြုအမူမှားတွေအတွက်မလုံမလဲရှက်စိတ်ရှိသင့်သည့်အစား ကိုယ့်ကိုသာအမြဲမှားယွင်းနေတဲ့သူတယောက်ဖြစ်အောင်တွန်းပို့နေတတ်ကြပါတယ်။
ဒီအကြောင်းတရားတွေဟာမိမိကိုယ်ကို အမြဲလိုလို အရာရာတိုင်းအပေါ်မှာ အပြစ်ရှာအပြစ်တင်စိတ်တွေဖြစ်လာစေပါတော့တယ်။ ကိုယ်တိုင်ကအကောင်းဆုံးလုပ်ဆောင်နိုင်တဲ့အခြေအနေတွေမှာတောင်မှ ကိုယ့်ကိုကိုယ်အားမလိုအားမရမကျေနပ်မှုတွေရှိလာပါတယ်။ တစ်စုံတခုမှားယွင်းတာနဲ့တပြိုင်နက် အလိုအလျောက်ကိုယ့်အပြစ်၊ ကိုယ့်အမှားပဲလို့ခံစားလာရပြီး လုပ်ဆောင်မှူတွေကိုရပ်တန့်ပစ်တတ်ပါတယ်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်ပျောက်ဆုံးခြင်း
Verbal abuseခံစားသူတွေကြီးပြင်းလာချိန်မှာလဲ ဆုံးဖြတ်ချက်ချရတဲ့အချိန်တွေမှာ ခက်ခဲမှုတွေနဲ့ကြုံရတတ်ပါတယ်။ မိသားစုဝင်တွေက သူတို့ကသာ အမြဲလိုလို အကောင်းဆုံးကိုသာသိပြီးကောင်းတဲ့အခွင့်အရေးတွေဆီလမ်းညွှန်ပေးနိုင်တယ်လို့အခိုင်အမာပြောနေတဲ့အတွက်ကြောင့် မိမိရဲ့ ကောင်းမွန်တဲ့အတွေးအကြံတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေဟာ ကြိုးကိုင်ခံထားရသလိုဖြစ်နေတတ်ပါတယ်။
ကိုယ့်ရဲ့အတွေးအကြံအမြင်တွေဟာငယ်ရွယ်စဉ်မို့မသိနားမလည်မှုတွေရှိနေတယ်။ မှားယွင်းသွားနိုင်ခြေများတယ်။ ဒါကြောင့်သူတို့ကထိနိးချုပ်တဲ့သဘောမဟုတ်ဘဲ ဂရုတစိုက်နဲ့ပြောပြလမ်းညွှန်ပေးတာလို့ပြောပြီး မိမိရဲ့စိတ်ကူးစိတ်သန်းတွေအတွက် ကိုယ့်ဘာသာရွေးချယ်လုပ်ကိုင်ဖို့မိမိဟာအဆင်သင့်မဖြစ်သေးသူတယောက်ဖြစ်တယိဆိုတာကိုယုံကြည်လာအောင်လုပ်တတ်ကြပါတယ်။
တကယ်တမ်းကျတော့ ဒီလိုပြုမူခြင်းဟာ ဂရုစိုက်ခြင်းမဟုတ်ဘဲ မိမိအပေါ်သူတို့ဆိုနေကျ အသုံးမကျဘူးမဖြစ်နိုင်ဘူးဆိုတဲ့နေရာတခုထဲကိုထည့်လိုက်ခြင်းမျိုးပါပဲ။ ဒါဟာကြီးပြင်းလာတာနဲ့အမျှ ကိုယ်ပိုင်ဆုံးဖြတ်လုပ်ကိုင်ရတဲ့အခြေအနေတွေမှာ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေလျော့ကျစေတဲ့အပြင် ဆုံးဖြတ်ရပီဆိုရင်လဲ ကိုယ့်ဆုံးဖြတ်ချက်အပေါ်ကိုယ့်ရဲ့ယုံကြည်မှုကနည်းနေတတ်တယ်။
ဘယ်ဟာရွေးချယ်ရမလဲဆိုတာမဝေခွဲနိုငိသလိုဖြစ်ပြီး ရွေးချယ်ပြီးရင်လဲ အဲ့အရာအပေါ်အရမ်းစိုးရိမ်ကြောင့်ကြနေတတ်တယ်။ တကယ်လို့ ရွေးချယ်မှုတွေမှားယွင်းခဲ့ရင်လဲ ကိုယ့်ကိုကိုယ်ဝေဖန်အပြစ်တင်စိတ်တွေက ရက်အတော်ကြာရှိနေတတ်ပါတယ်။
ကိုယိ့ကိုကိုယ်မကောင်းမြင်စိတ်များလာခြင်း
အဲ့ဒီ့နောက်ကိုယ့်ကိုကိုယ်ဘယ်လိုအခြေအနေမှာမဆို negative point of viewကနေကြည့်မြင်တတ်လာတယ်။ ဘာကြောင့် တခြားသောabuserတွေရဲ့ပြောဆိုမှုအသံထက် ကိုယ့်ကိုကိုယ့်ပြစ်တင်ပြောဆိုနေမှုအသံက ကိုယ့်အပေါ်ပိုမိုထင်ဟပ်အကျိုးသက်ရောက်မှုရှိနေရလဲဆိုတော့ ခိုင်မာတဲ့မကောင်းမြင်စိတ်အတွေးတွေက ကိုယ့်ရဲ့လုပ်ရပ်တိုင်းအပေါ်တရစပ်ဝင်ရောက်နေရာယူထားသလို သေးဖွဲ့တဲ့ကိစ္စရပ်လေးတွေမှာတောင် ကိုယ့်ကိုကိုယ် ဝေဖန်မှုများလွန်းလာတဲ့အတွက်ကြောင့်ပါ။ ဒီလိုနဲ့ ကိုယိ့ကိုကိုယ်ပြူမူဆက်ဆံမှုဟာကြမ်းတမ်းလာတဲ့အထိဖြစ်လာနိုငိပါတယ်။
ကောင်းအောင်လုပ်ဆောင်နိုင်တယ်လို့မခံစားရခြင်း
မမျှော်လင့်ထားတဲ့အခြေအနေတွေမှာ မိမိဘက်က ကောင်းမွန်စွာလုပ်ဆောင်နိုင်နေရင်တောင်မှ မိသားစုဝင်တွေဆီက အကောင်းမြင်မှု ကြင်နာမှု ချီးကျူးမှုစတဲ့ အရာတွေမကြားရတဲ့အခါ မခံစားရတဲ့အခါ ကိုယ့်ကိုကိုယ် ကာင်းအောင်လုပ်နိုင်တယ်လို့်မတွေးမိတော့ဘူးဘယ်လိုရလဒ်မဆို အသိအမှတ်ပြုတန်ဖိုးမထားတတ်တော့ဘဲ။
ကိုယ့်ကိုကိုယ်အကောင်းဆုံးမကြိုးစားအားမထုတ်နိုငိဘူးလို့သာတွေးမိတတ်ကြပါတယ်။ ဒါကြောင့် ဘယ်အရာကိုလုပ်လုပ် ပိုမိုအားစိုက်လုပ်လာကြတယ်။ရှုံးနိမ့်မှာကိုကြောက်ရွံ့လာကြတယ်။ ဘယ်လိုအောင်မြင်မှုရလဒ်မဆို အကောင်းဆူံးမဖြစ်သေးဘူး။ လုံလောက်မှုမရှိသေးဘူးလို့ယူဆကာ ရှုံးနိမ့်မှုကိုစိတ်ထဲစွဲမှတ်ပီး ကျန်းမာရေးထိခိုက်သည်အထိ အလွန်အကျွံကြိုးပမ်းအားထုတ်တတ်ကြပါတယ်။
အပယ်ခံတယောက်လိုခံစားရခြင်း
ကိုယ့်ရဲ့လိုအပ်ချက်တွေကိုထုတ်ဖော်ပြောပြတဲ့အခါမှာလဲ မိသားစုကလစ်လျုရှုထားသလိုဖြစ်တဲ့အခါ ကိုယ့်အပေါ်ဂရုစိုက်မှုလုံးဝမရှိသလိုခံစားလာရတယ်။ ဒါ့အပြင် ကိုယ့်ရဲ့လိုအပ်ချက်တွေကိုက အရေးမပါအရာမရောက်သလိုများလားလို့လျှော့တွက်လာမိကြတယ်။
အပယ်ခံတယောက်လိုပြုမူဆက်ဆံခံရတဲ့အခါ ကိုယ့်လိုအပ်မှုတွေကလဲ ဂရုတစိုက် စိတ်ရှည်ရှည်ထားနားထောင်ပေးဖို့ရာမထိုက်တန်ဘူးလို့ ခံစားမိလာတယ်။
၂.ဆိုးရွားတဲ့စိတ်ခံစားမှုဖြစ်စဉ်တွေကြုံရခြင်း
စိတ်ပိုင်းဆိုင်ရာကောင်းမွန်နေမှုဟာ ကျန်းမာရေးကောင်းဖို့အတွက်အရေးကြီးတဲ့အထောက်အပံ့တခုပါ။ သို့သော် verbal abusiveဝန်းကျင်မှာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေနိုင်တဲ့အချက်တွေရှိနေပါတယ်။ ဒါတွေကတော့ ဒီဝန်းကျင်မှာဆိုရင် ကိုယ့်ကိုကိုယ်ဂုဏ်ယူမှု မျှော်လင့်ချက်ကြီးမားမှုတွေပျောက်ဆုံးစေနိုင်ပါတယ်။
ဒါ့အပြင်ကြောက်ရွံ့စိတ် ဝမ်းနည်းပူဆွေးစိတ်တွေကအမြဲလိုလိုဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေဟာ စိတ်ခံစား မှုပိုင်းဆိုင်ရာကိုအားနည်းအောင်ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုအားနည်းလာတာကြောင့် သတိထားသင့်တဲ့အကျိုးဆက်အချက်တွေလဲရှိနေပါသေးတယ်။
သိုသိပ်ချုပ်တည်းထားမှု
စိတ်ခံစားမှုတွေကိုဖိနှိပ်ချုပ်ချယ်ကာ ကွယ်ဝှက်ထားမှုတွေဟာ ကလေးငယ်တွေကို နာကျင်စေအောင်ပြူမူပြောဆိုဆက်ဆံမှုတွေ များလာတဲ့အခါဖြစ်လာပါတယ်။ သူတို့ရဲ့ခံစားမှုကနေတဆင့်ဖြစ်လာတဲ့နာကျင်မှုတွေစိတ်ဒဏ်ရာတွေဟာ ကုစားနိုင်ဖို့ခက်ခဲလာတတ်တယ် အဲ့ဒီ့အခါ စိတ်ခံစားမှုတွေကိုမြိုသိပ်ချုပ်တည်းထားလာကြတယ်။
ဒါဟာကိုယ့်ရဲ့စိတ်ခံစားမှုနဲ့ကိုယ့်ရဲ့အပြုအမူကိုထပ်တူမကျမှုတွေဖြစ်လာစေတယ်။ ကြာလာတဲ့အခါ ကိုယ့်ခံစားမှုကိုတောင်နားမလည်မှုတွေဖြစ်လာတယ်။ခံစားချက်တွေထုတ်ဖော်ပြဖို့ခက်ခဲလာမယ်။ နာကျင်နေရသော်လည်းမနာကျင်ရသလိုနေတတ်လာခြင်းစတဲ့အခြေအနေတွေကိုကြုံတွေ့လာနိုင်ပါတယ်။
စာနာထောက်ထားမှုလွန်ကဲခြင်း
Verbal abusive family membersကနေကိုယ့်ရဲ့ခံစားမှုအတွေ့အကြုံတွေကိုနားလည်ပေးနိုင်တဲ့စိတ်နဲ့တုန့်ပြန်မှုတွေ ကိုအများကြီးတွေ့ကြုံနိုင်မှာမဟုတ်ပါဘူး။ ကြင်နာတရားထားတာကောင်းပေမယ့်လဲ အရမ်းလွန်ကဲစွာထားမိတဲ့အခါ အားနာရင်ခါးပါရသလို ကိုယ့်ကို ကြိုးကိုင်ချယ်လှယ်ချင်သူတွေအတွက်အခွင့်အရေးပေးမိသလိုဖြစ်နေတတ်ပါတယ်။
ဒါကြောင့် opposite wayတခုအနေနဲ့ ဒီလိုကြင်နာမှုလွန်ကဲစွာမထားဘဲနေတတိဖို့လဲလိုပါတယ်။ တချို့လူတွေအပေါ်စာနာစိတ်လိုအပ်သလောက်သာထားပြီးသူတို့ရဲ့ပြဿနာရပ်တွေကိုကိုယ်နဲ့မဆိုငိသလိုနေတတ်ဖို့လဲလိုအပ်ပါတယ်။
ကြင်နာမှုတရားမခံစားတတ်ခြင်း
ကိုယ့်အပေါ် ကြငိနာစွာဆက်ဆံတတ်တဲ့လူတွေနဲ့မကြီးပြင်းခဲ့ရဘူးဆိုရင် ကိုယ်တိုင်ကလဲကြင်နာမှုတရားပေးလာသူနဲ့ကြုံတဲ့အခါ ဒီအရာကိုဘယ်လိုလက်ခံရမလဲမသိဖြစ်နေတတ်တယ်။ ကိုယိ့ကိုနှစ်သက်သဘောကျတဲ့သူရှိတာကိုက ကိုယ့်အတွက်ထိတ်လန့်စရာအဖြစ်အပျက်တခုလိုဖြစ်နေတတ်တယ်။ သို့သော် ကိုယ့်အတွက်ဆိုးဝါးတဲ့အခြေအနေတွေမှာ ဒီကြင်နာမှုတွေကိုငြင်းပယ်လိုက်နိုင်သလို ဖက်တွယ်ထားလို့လဲရပါတယ်။
စိတ်မငြိမ်မသက်ဖြစ်ခြင်း
တခါတလေသင်စိတ်မတည်ငြိမိဖြစ်ခြင်းတွေခံစားရတတ်တယ်မလား။ ဒီလိုဖြစ်ရတာဟာကိုယ့်အပေါ်သက်ရောက်လာတဲ့emotional processကိုလက်သင့်ခံနိုငိစွမ်းမရှိတဲ့အခါ အဲ့ဒီ့စိတ်အခြေအနေကခံစားမှုတွေပိုမိုများပြားလာအောင်
ကိုယ့်အပေါ်ပိုမိုလွှမ်းမိုးလာအောင်လုပ်ဆောင်နိုင်စွမိးရှိလို့ပဲဖြစ်ပါတယ်။
အဲ့ဒီ့အခါစိတ်ခံစားမှုကနိမိ့လိုက်မြင့်လိုက် တက်လိုက်ကျလိုက်ဖြစ်နေတတ်တယ်။ ဒါ့အပြင် ကိုယ့်အပေါ်verbal abuseပြူမူသူတွေနဲ့အဝေးမှာနေခြင်းကလဲ တခါတရံမှာကိုယ့်ရဲ့အတိတ်ကအကြောင်းအရာတွေ ဟာင်းနွမ်းနေတဲ့မှတ်ဉာဏ်တွေကို ကိုယ့်နောက်လိုက်ပါလာဖို့ရာ ပန်လည်လှုပ်နိုးအသက်သွင်းလိုက်သလိုလဲဖြစ်နေတတ်ပါတယ်။ တကိုယ်တည်းနေစဉ်ဆိုအတွေးတွေကများတတ်ကြတယ်လေ။
သို့သော်အတွေးတွေကကိုယ့်ရဲ့အချိန်တိုင်းကိုစိတ်အနှောင့်အယှက်ပေးမနေပေမယ့်လဲ တွေးမိစဉ်ရုတ်တရက်မှာတော့တဒင်္ဂနာကျင်မှုတွေကိုတော့ပေးနိုင်ပါတယ်။ အဲ့ဒီအချိန်လေးတွင်းမှာတော့ စိတ်အားငယ်ခြင်း စိတ်ပင်ပန်းဆင်းရဲခြင်းတွေကြုံရနိုင်သလိုအကောင်းမြင်စိတ်တွေလဲလျော့နည်းလာနိုင်ပါတယ်။
၃.အာရူံစူးစိုက်မှုရှာဖွေခြင်း
အထက်မှာဖော်ပြခဲ့သလိုပါပဲverbal abuseခံရသူတွေဟာလစ်လျူရှုခြင်းခံရတာမို့သူတို့အပေါ်စိတ်ရှည်ရှည်ထားဆက်ဆံတာအာရုံစူးစိုက်တာကို လိုအပ်နေတဲ့သူတွေပါ။ ဒါကြောင့်သူတို့ကိုအာရုံစူးစိုက်မှုရအောင်ရယ်စရာကောင်းတဲ့အပြောအ
ဆိုတွေယုတ္တိမကျတဲ့အပြုအမူတွေလုပ်ပြတတ်ကြတယ်။
သူတို့ကိုအများကလက်သင့်ခံလာအောင်ဘယ်လို စိတ်ဝင်စားမှုမျိုးကိူမဆိုရရှိချင်တာဖြစ်တယ်။ အထူးသဖြင့်တော့ကိုယ့်မိသားစုမှာကိုယ့်ကိုသတိထားအသိအမှတ်ပြုစေချင်တာပဲဖြစ်တယ်။
ဒီလိုလက်သင့်ခံလာအောင်ပြုမူခြင်းပုံစံဟာတဖြေးဖြေးအရွယ်ရောက်လာသည်အထိရှိနေတတ်ပါတယ်။ တခြားလူတွေရဲ့အာရုံထားမှုချီးကျူးထောပနာပြုခံရဖို့ဆိုရင်ဘယ်အရာမ ဆိုလုပ်ဆောင်ဖို့ဝန်မလေးတဲ့သူတယောက်လိုဖြစ်နေတတ်ပါတယ်။
ဒီလိုပြုမူနေရင်းကမိမိတောင့်တသ လိုတပါးသူရဲ့စိတ်ဝင်စားအာရုံစိုက်မှုမရလာဘူးဆိုရင်လဲနာကျင်ကြေကွဲတတ်ပြန်ပါတယ်။ ဒီလိုအခြေ အနေတွေနဲ့ကြီးပြင်းလာရတယ်ဆိုရင်တခါတရံမှာbad attentionရဖို့ ဆိုးဝါးတဲ့အပြုအမူတွေတောင်မှလုပ်ဆောင်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင်လူအများရဲ့ချစ်ခင်နှစ်သက်ခြင်းအာရုံစိူက်ခြင်းခံရဖို့အတွက်ဒီအပြုအမူတခုထဲသာလျှင်ရှိတော့တယ်လို့စိတ်က လက်ခံလာတာကြောင့်ပါ။
စိုးရိမ်ထိတ်လန့်မှုတွေမြင့်တက်လာခြင်း
စိုးရိမ်ကြောင်ကြမှုဟာငယ်စဉ်အခါကverbal abuseခံရကာကြီးပြင်းလာတဲ့အရွယ်ရောက်လူငယ်တွေမှာအဖြစ်များပါတယ်။ တချက်လေးမှားယွင်းတာနဲ့အသက်စတေးလိုက်ရမယ့်ကြိုးတန်းပေါ်လမ်းလျှောက်နေရတဲ့သူတယောက်နည်းတူ
စိုးရိမ်မှုတွေမြင့်တက်နေတတ်ပါတယ်။
မှားယွင်းမှုတခုခုဖြစ်မိရင် ပြစ်တင်ဝေဖန်ဒဏ်ပေးတော့မယ်ဆိုတဲ့အသိကလွှမ်းမိုးထားတာကြောင့်စိုးရိမ်ကြောင့်ကြထိတ်လန့်မှုတွေကအလုပ်မစခင်ကတည်းကရှိနေတတ်ကြပါတယ်။
တခါတရံမှာfamilymembersတွေကမမျှော်လင့်ထားတဲ့အပြုအမူတွေကိုသူတို့အပေါ်လုပ်ဆောင်တတ်ကာချက်ချင်းဆိုသလိုပြန်လည်ပြောင်းလဲတတ်ကြတာမို့သူတို့ဟာကိုယ့်ကိုကိုယ်ပိုမိုဂရုစိုက်ဖို့လေ့ကျင့်ထားရပါတယ်။
ဒီလိုနဲ့အများရဲ့အကောင်းမြင်တဲ့ရှူထောင့်ကဝေဖန်သုံးသပ်မှုတွေကိုလဲနားထောင်နိုင်စွမ်းလက်ခံနိုင်စွမ်းတွေမှာအခက်အခဲဖြစ်လာခဲ့ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုရင်တခြားလူတယောက်ရဲ့ဝေဖန်ပြောကြားမှုမှန်သမျှတိုင်းဟာကိုယ်နဲ့ပတ်သတ်ပီးမကောင်းတဲ့အမြင်များသာဖြစ်နေမှာပဲဆိုတဲ့အေတွးတွေတွေးမိတတ်ကြလို့ပါ။
၅.ပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းလာခြင်း
Abusive householdမှာကြီးပြင်းလာရတဲ့လူအများစုဟာpositive relationshipတည်ဆောက်နိုင်ဖို့ခက်ခဲမှုတွေရှိပါတယ်။ ဘာလို့လဲဆိုတော့သူတို့ရဲ့အတွေးကunhealthyဖြစ်နေလေ့ရှိတာကြောင့်လဲပါဝင်ပါတယ်။ ဒါ့အပြင်မိသားစုကနေ
တဆင့်relationshipတခုကိုဘယ်လိုအပြန်အလှန်ဆက်သွယ်ပြောဆိုရမလဲဆိုတာလေ့လာယူလို့ရနိုင်တယ်။
သို့သော်တခါတရံမှာဒီအချက်ကပဲသင့် အတွက်အဆိပ်အတောက်ဖြစ်စေတဲ့အပြုအမူတွေကိုဖြစ်လာစေနိုင်ပါတယ်။
အောက်ဖော်ပြပါအချက်တွေကတော့ညံ့ဖျင်းတဲ့ပေါင်းသင်းဆက်ဆံရေးကိုတည်ဆောက်မိစေတဲ့အချက်တွေပဲဖြစ်ပါတယ်။
သင်ယုံကြည်မိတဲ့အကြောင်းအရာများ
သင်အနေနဲ့မိသားစုဆိုတာသင့်ကိုဂရုစိုက်ဖို့ချစ်ခင်ဖို့လို့ယူဆထားပေမယ့်သူတို့ဘက်ကသင်ယူဆထားသလိုဖြစ်မလာခဲ့ဘူး၊ အမြဲလိုလိုကတိဖျက်တတ်တာတွေ၊ မှားယွင်းတဲ့စောင့်ရှောက်မှုတွေနဲ့သင့်ကိုချုပ်နှောင်ထားသလိုဖြစ်စေတာတွေ၊ မထင်ရင်မထင်သလိုတုန့်ပြန်တတ်တာတွေကသင့်မိသားစုအပေါ်ယုံကြည်မှုတွေလျော့နည်းလာစေတဲ့အချက်တွေဖြစ်တယ်။ ဒီလိုနဲ့ပေါင်းသင်းဆက်ဆံရေးကလဲတဖြေးဖြေးဆိုးဝါးလာစေနိုင်ပါတယ်။
မှီခိုအားထားရတဲ့ဆက်ဆံရေးရှိလိုခြင်း
ကလေးဘဝမှာသင်ဟာမိသားစုရဲ့ပစ်ပယ်ခြင်းခံရသလိုဖြစ်တဲ့အတွက်အထီးကျန်ဆန်မှူခံစားခဲ့ရတယ်။ ဒါကြောင့်မိသားစုပျော်ရွှင်ဖို့အလေးထားဖို့ဆိုရင်ဘာမဆိုလုပ်မယ့်လူတယောက်လိုဖြစ်နေခဲ့တယ်သင့်အပေါ် အပြစ်မြင်ပြစ်ဒဏ်ပေးခြင်းတွေကနေသာကင်းလွတ်ခွင့်ရမယ်ဆိုရင်မိသားစုရဲ့မကောင်းတဲ့အပြု အမူအနေအထားတွေကိုတောင်ကြည်ဖြူပေးနိုင်ဖို့အသင့်ဖြစ်နေခဲ့တယ်။
အရွယ်ရောက်ချိန်မှာလဲဒီလိုပဲဆက်ရှိနေနိူင်ပါတယ်။ အပြစ်မြင်မှုတွေအပြစ်တင်ခံရမှုတွေကိုစိုးရိမ်ထိတ်လန့်နေရနိုင်တယ်။ ဒါကြောင့်တကိုယ်တည်းရပ်တည်ဖို့ခက်ခဲလွန်းလာတယ်။ ဘယ်သူတွေဘယ်လိုပြုမူဆက်ဆံကြသလဲဆိုတာရင်ဖွင့်စရာအားထားစရာအပေါင်းအဖော်လိုအပ်လာတယ်။ ဒီအချက်ကပဲသင့်ကိုcodependent relationship တခုကိုဖက်တွယ်လာစေဖို့အဓိကအချက်ဖြစ်လာစေတယ်။
ကလေးဘဝကစ၍verbal abuseခံစားရသူများ၏အပြုအမူများနဲ့စပ်လျဉ်းသောနောက်ဆုံးယူဆချက်များ
Verbal abuseဆိုတာဆိုးဝါးလှတဲ့ကိစ္စရပ်တခုပါ။ ဒါဟာကလေးငယ်တွေအပေါ်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်
မှုတွေဖြစ်လာစေပါတယ်။ အရွယ်ရောက်လာချိန်ထိဒီအကျိူးဆက်ကိုစိတ်ပိုင်းဆိုင်ရာဆက်နွယ်ပတ်သတ်မှုတွေမှာ
အခက်အခဲတွေနဲ့ကြုံရတာမျိူးဖြစ်လာစေနိုင်တယ်။
သင့်မှာဒီလိုverbal abuseလုပ်ခြင်းခံရတဲ့အကျိုးဆက်တွေနဲ့ရင်ဆိုင်တွေ့ကြုံနေရတဲ့အခါတတ်သိနားလည်တဲ့ပညာရှင်တွေနဲ့ပြသပါ။ အကူအညီတောင်းခံဖို့ရာရှက်ကြောက်နေဖို့မလိုအပ်ပါဘူး။
လူတိုင်းကပြီးပြည့်စုံတဲ့သူမဟုတ်တဲ့အတွက်ကိုယ့်ရဲ့အတိတ်နဲ့ပတ်သတ်ပြီးလွဲမှားခဲ့တဲ့အခြေအနေတွေကိုလိုအပ်တဲ့နည်းလမ်းတွေနဲ့ခုခံကျော်လွန်ဖြတ်သန်းပြီးနေထိုင်နိုင်ဖို့ထိုက်တန်ကြတဲ့သူတွေချည်းပါပဲ။
#Lifestyle_Myanmar
#May_Htet
REF_Power Of Possitivity