တိရစ္ဆာန်တွေဟာ ကျွန်မတို့လိုပါပဲ ကျွန်မတို့ ခန္ဓာကိုယ်အကူအညီနှင့် တစ်ဦးနှင့် တစ်ဦးဆက်သွယ်ကြပါတယ်။ တိရစ္ဆာန်လေးတွေဟာ သူတို့ရဲ့ ကိုယ်ဟန်အနေအထားနှင့် ခန္ဓာကိုယ်အချက်ပြမှုအချို့က သူတို့ရဲ့ စိတ်ခံစားမှုနှင့် ရည်ရွယ်ချက်တွေကို ပြသကြပါတယ်။ အမြီးအနေအထားကို ရုတ်တရက်ပြောင်းလဲသွားစေသော ခွေးတစ်ကောင်လိုမျိုး၊ နောက်ပြီး ကြက်တူရွေးတစ်ကောင်က
တောင်ပံတစ်ဖက်ကို ဘေးဘက်ကို ရုတ်တရက် တွန်းပို့လိုက်သလိုမျိုး စတဲ့ အမူအရာလေးတွေ ဖြစ်ပါတယ်။
၁။ ခွေး
ပျော်ရွှင်ခြင်းအနေအထား
ခွေးတစ်ကောင်ဟာ အမြီးကွေးကောက်နေပြီဆိုရင် ဒါဟာ ကစားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ ဖော်ပြနေတာ ဖြစ်ပါတယ်။ နားထောင်ဖို့ ကြိုးစားနေမယ်ဆိုရင် သူဟာ သခင့်ဆီက စကားလုံးလေးတွေကို မျှော်ရင်း ခေါင်းကို ဘေးတိုက်လှဲနေနိုင်ပါတယ်။
ကျူးကျော်တော့မယ့် အနေအထား
နားကို ရှေ့ကို ဖြောင့်ဖြောင့် ထားမယ်။ ပြီးတော့ ဒီဖြောင့်မတ်သော အနေအထားမှာ ခေါင်းကိုလည်း ကျူးကျော် (သို့) ကြီးစိုးပြသလိုတဲ့ ဆန္ဒကိုလည်း ဖော်ပြနေပါတယ်။
စိုးရိမ်ပူပန်ခြင်းအနေအထား
ဖြောင့်ပြီးတော့ အလျားလိုက်အမြီးက ခွေးတစ်ကောင်ဟာ တစ်ခုခုကို သတိပြုမိပြီး ဒါဟာ အန္တရာယ် (သို့) စိုးရိမ်စရာ တစ်စုံတစ်ရာ မရှိဘူး ဆိုတာ နားလည်နေပါတယ်လို့ ပြသနေတာ ဖြစ်ပါတယ်။
၂။ ကြောင်
ပျော်ရွှင်ခြင်း အနေအထား
ကြောင်တစ်ကောင်က မျက်စိကို တိတ်တိတ်ပိတ်ထားမယ်ဆိုရင် ဒါဟာ သင့်ကို ယုံကြည်ပြီး လုံခြုံတယ်လို့ ခံစားနေရတယ်လို့ ဆိုလိုပါတယ်။ ကြောင်တစ်ကောင်ဟာ အမြီးကို မြှောက်လိုက်သောအခါ သူဟာ ပျော်ရွှင်ပြီးတော့ ဖော်ရွေတယ်လို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။
ကြောက်ရွံ့ခြင်း အနေအထား
အမြီးကို ခြေဖဝါးနှစ်ခုအကြား လျှော့ချထားမယ်ဆိုရင် ကြောက်လန့်ခြင်းနှင့် ကြောက်ရွှံ့သော သဘောလက္ခဏာဖြစ်ပါတယ်။ မျက်လုံးတွေ လည်နေခြင်းကလည်း စိုးရိမ်ပူပန်နေတယ်လို့ အချက်ပြနေပါတယ်။ နားကို လျှင်မြန်စွာ ရွှေ့နေမယ်ဆိုရင် သူဟာ နိုးနိုးကြားကြားရှိနေတယ်လို့ ပြောပြနေတာပါ။
ကျူးကျော်ခြင်းအနေအထား
ကြောင်တစ်ကောင်ကို နားနှင့် ခေါင်းကို ဖိလိုက်တဲ့အခါ သူ့ရဲ့ ကျူးကျော်မှုကို ဖော်ပြပါလိမ့်မယ်။ တကယ်လို့ အမြီးကိုတက်၊ အောက်ဘက် (သို့) လက်ဝဲဘက်သို့ ရွေ့လျားစေမယ်ဆိုရင် ဒါဟာ သူရဲ့ အမျက်ဒေါသကို ဖော်ပြနေတာ ဖြစ်ပါတယ်။
၃။ ယုန်
ပျော်ရွှင်ခြင်းအနေအထား
ယုန်တစ်ကောင်ဟာ ခုန်ခြင်းဖြင့် ဝမ်းမြောက်ခြင်းကို ဖော်ပြပါတယ်။ သင့်ရဲ့ ဝမ်းဗိုက်ပေါ်မှာ သူတို့ခြေထောက်နှင့် ရှေ့ခြေထောက်ကို ချဲ့ကားထားသောအခါ သူတို့ဟာ သက်တောင့်သက်သာရှိနေတယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။
စိုးရိမ်ပူပန်ခြင်းအနေအထား
ယုန်တစ်ကောင်က တင်းမာလာတဲ့အခါ နေရာမှာတင် အေးခဲသွားပါတယ်။ နားရွက်ကို ခေါင်းပေါ်သို့ တင်ပြီး မျက်လုံးကျယ်လာပါတယ်။ သင်ရဲ့ ယုယမှုကိုမကြိုက်သောအခါ အထက်ပါ ကိုယ်ဟန်အနေအထားတွေကို ပြတတ်ပါတယ်။ ခြေထောက်တွေကို ခေါက်ထားတာကလည်း အန္တရာယ်အချက်ပြ လက္ခဏာဖြစ်ပါတယ်။
ကျူးကျော်ခြင်းအနေအထား
ယုန်တစ်ကောင်ဟာ သင့်ကို ကိုက်တော့မယ်ဆိုရင် သူဟာ သူရဲ့ ခြေထောက်တွေကို ရပ်ပြီးတော့ ခန္ဓာကိုယ်ကို ရှေ့သို့ ရွေ့လျားလာပါမယ်။ များသောအားဖြင့် ဤအပြုအမူကို အထီးကျန်ယုန်တွေမှာ တွေ့ရနိုင်ပါတယ်။
၄။ ကြက်တူရွေး
ပျော်ရွှင်ခြင်းအနေအထား
ကြက်တူရွေးတစ်ကောင်က ပျော်ရွှင်နေသောအခါ သူဟာ သူရဲ့ ဘယ်ဘက်တောင်ပံနှင့် ခြေထောက်ဆန့်နိုင်ပြီး ညာဘက်တောင်ပံနှင့် ခြေထောက်ကိုလည်း ဆန့်ပါလိမ့်မယ်။ သူဟာ သူရဲ့ အတောင်ပံတွေကို တက်ဆွဲပြီးတော့ အမွေးအတောင်များကို ခဏမျှ ဖောင်းစေနိုင်ပါတယ်။
စိုးရိမ်ပူပန်ခြင်းအနေအထား
မြင့်မားသော အမောက်နှင့် တင်းမာသော ခန္ဓာကိုယ်က ကြက်တူရွေးဟာ ကြောက်လန့်နေပြီး သူ့ကို ကာကွယ်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ကျူးကျော်ခြင်းအနေအထား
များသောအားဖြင့် သင့်အား မတိုက်ခိုက်ခင် ကြက်တူရွေးဟာ နောက်တစ်ဆင့်တက်ပါတယ်။ ပြီးတော့ ခြေထောက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့စေပြီး တည်ငြိမ်နေသော အနေအထားနှင့် သင့်ကို ကြည့်ရှုနေပါလိမ့်မယ်။
၅။ မြင်း
ပျော်ရွှင်ခြင်းအနေအထား
အကယ်၍ သင်ဟာ မြင်းနှင့် ပထမဦးဆုံးအကြိမ်တွေ့မယ်ဆိုရင် သင့်ကို သိပြီး သူ့ခြေထောက်တွေကို မြှောက်ပါလိမ့်မယ်။ ဒါဟာ သူ့ရဲ့ ပျော့ပျောင်းသော ခံစားချက်ကို ပြသခြင်း ဖြစ်ပါတယ်။
စိုးရိမ်ပူပန်ခြင်းအနေအထား
မြင်းဟာ ခြေထောက်ကို ရှေ့သို့ ဒါမှမဟုတ် မြှောက်မယ်ဆိုရင် သူခြိမ်းခြောက်မှုကို ခံစားနေရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ မြင်းတစ်ကောင်က ကြောင့်လန့်နေမယ်ဆိုရင် ဘေးကင်းပြီး တတ်နိုင်သမျှ အန္တရာယ်နှင့် အဝေးဆုံးမှာ ထိန်းသိမ်းထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ကျူးကျော်ခြင်းအနေအထား
မြင်းတစ်ကောင်ဟာ မကျေနပ်မှုကို ပြသတဲ့ အခါမှာ မြေပေါ်ကို သူရဲ့ ခွာ (သို့) လက်ဖျံများနှင့် ရိုက်ပါလိမ့်မယ်။ ၎င်းရဲ့ ဦးခေါင်းကို ဖွင့်ပြီး နားရွက်ကို တင်းတင်းဆုပ်ကိုင်နိုင်ပါတယ်။ အမြီးကို ဆွဲထုတ်ပြီး မျက်စိကို ကျယ်ပြန့်စေနိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
sources-//brightside.me/