သင့်အတိတ်ဘဝကဝိညဉ်ဖက်နဲ့ ပြန်လည်ဆုံတွေ့ချိန်မှာ ခံစားရမယ့် အချက် ၇ ချက်
lifestylemyanmar.com
|
2020-01-07



တစ်စုံတစ်ဦးနဲ့ တွေ့ဆုံတဲ့အခါ ရင်းနှီးကျွမ်းဝင်မှုနဲ့ ရွှင်လန်းမှုတို့ကို ခံစားဖူးပါသလား။ အတိတ်ဘဝက ဘဝလက်တွဲဖော်ရဲ့ ဝိညဉ်နဲ့ ဒီဘဝမှာ သင်ပြန်လည် ဆုံတွေ့နိုင်ပါသေးတယ်။ အတိတ်ဘဝက ချစ်ခြင်းမေတ္တာတရားနဲ့ ပြန်လည် ဆုံတွေ့ခြင်းဟာသင့်စိတ်ကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ လွှမ်းမိုးထားနိုင်ပါတယ်။

အထူးသဖြင့် Soul Mateလို့ခေါ်တဲ့ အတိတ်ဘဝက သင့်ဝိညဉ်ဖက်တစ်ဦးနဲ့တွေ့ဆုံခြင်းဟာ ဒီကမ္ဘာမြေပေါ်မှာအရေး ကြီးတဲ့ မစ်ရှင်တစ်ခုကို နှစ်ယောက်အတူပြီးဆုံးအောင်လုပ်ဖို့ အချိန်ကောင်းတစ်ခုသင့်ဆီရောက်လာတာလို့ ဆိုနိုင်ပါတယ်။ ကဲအတိတ်ဘဝက လက်တွဲဖော်ကို ပြန်တွေ့ရင် ဘယ်လိုခံစားမှုတွေခံစားရမလဲဆိုတာ အောက်မှာ ဖတ်ကြည့်ကြပါဦး။


သူတို့ကသင့်ကိုအပြည့်အဝနားလည်ခံစားလိမ့်မယ်




နောက်ဆုံးမှာတော့ သင်ဟာနားလည်မှုဆိုတာ ဘယ်လိုအရာလဲဆိုတာ အပြည့်အဝခံစားနားလည်လာပါလိမ့်မယ်။ သင်ဟာအားနည်းချက်တွေနဲ့ညံဖျင်းတဲ့နုံ့အတဲ့လူတစ်ယောက်အနေနဲ့ သင့်ကိုသင် ခံစားမိကောင်းခံစားနိုင်ပေမယ့် သူတို့က သင့်ကိုဒါတွေနဲ့ အကဲဖြတ်နေမှာမဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ သင့်အရင်ဘဝက ဝိညဉ်ဘက်က သူတို့စိတ်ရဲ့စေစားမှုအရ သင့်ကိုခြွင်းချက်မရှိ လက်ခံနေမိလို့ပါပဲ။ သင်ဟာ သူတို့နဲ့ပက်သက်ပြီး သူတို့ရဲ့စိတ်ကိုလုံးလုံးလျားလျားနှစ်သိမ့်မှုခံစားနေစေရတယ်။ သင့်ရဲ့ စိတ်နှလုံးကိုသိသူနဲ့ အဆက်အသွယ်ပြုနေရသကဲ့သို့ သင်ကလည်း သူတို့နှင့်အတူတူပင်ခံစားနေရပါလိမ့်မယ်။


သူတို့နဲ့တွေ့ဆုံတဲ့အခါတိုင်းသင့်စိတ်လှုပ်ရှားမှုတွေပြင်းထန်လာလိမ့်မယ်




ဘယ်လောက်ချောဘယ်လောက်လှတဲ့သူနဲ့ တွေ့ပါစေ၊ သင့်စိတ်လှုပ်ရှားမှုတွေ အရမ်းပြင်းထန်ချင်မှပြင်းထန်တတ်တာမျိုးပါ။ အချစ်တိုင်းက ဒီလိုမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အတိတ်ဘဝက ကြင်ဖက်နဲ့ပြန်တွေ့ဆုံတဲ့အခါမှာတော့ သူတို့က သင့်အတွင်းစိတ်ခံစားမှုတွေကို လှုပ်ရှားရုန်းထလာအောင်ဆွဲဆောင်နိုင်ပါလိမ့်မယ်။


ဒီအရာဟာ ဘာလဲဆိုတာကို သင်တိတိကျကျမပြောနိုင်ပေမယ့် ဒီလို ဆုံတွေ့မှုနဲ့ပတ်သက်ပြီး တစ်ခုခုကမယုံနိုင်လောက်အောင်အစွမ်းထက်ပြီးဘဝကိုပြောင်းလဲစေနိုင်သလို ခံစားရတာမျိုးပါ။


သင့်အတိတ်ဘဝက ဝိညဉ်ဖက်ဆိုတာတကယ်ဖြစ်ခဲ့ရင် သင်ဟာ သူ့ကို နောက်တစ်ကြိမ်ပြန်ရှာဖွေရမှာကို ကြောက်ရွံနေတတ်ပြီး သူ့ကို ဘယ်လိုနည်းနဲ့မှ သင့်ဆီကမထွက်ခွာသွားဖို့ သင့်စိတ်ကခံစားနေရပါလိမ့်မယ်။


အတိတ်ဘဝကအတူတကွဖြတ်သန်းခဲ့ဖူးတဲ့အမှတ်တရတွေကိုခံစားမိလိမ့်မယ်




အဲ့ဒါကဘာကြောင့်လဲ ဒါမှမဟုတ် ဘယ်လိုလဲ ဆိုတာသင်သိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်တို့နှစ်ဦးလုံးအတိတ်ဘဝက အမှတ်တရ အချို့လို အရာတွေကို မျှဝေခံစားမိကြလိမ့်မယ်။


ဆိုကြပါစို့ ။တစ်နေရာကို ခရိးအတူသွားကြတဲ့အခါမျိုးမှာဖြစ်ဖြစ်၊ ရယ်စရာဟာသတစ်ခုကို ပြောမိလိုက်တဲ့အခါမျိုးဖြစ်ဖြစ်၊ ဒါဟာ ရင်းရင်းနှီးနှီးဖြစ်ခဲ့ဖူးပြီးသားကြီးလိုကို သင်တို့ ခံစားရပါလိမ့်မယ်။





နောက်ဖြစ်တတ်တာလေးတွေက တစ်နေရာကို အတူတကွရောက်ဖူးမိကြသလို အလုပ်တစ်ခုကိုနှစ်ယောက်အတူတူလုပ်ခဲ့ဖူးကြသလို၊ ဒါမှမဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခုကို ခရီးအတူသွားဖူးသလို ဒီလိုအလားတူအရာလေးတွေကို သင့်မသိစိတ်ကနေပြန်မှတ်မိနိုင်ပါတယ်။ ဖြစ်ဖူးကြမယ်ထင်ပါတယ်။

အဲ့ဒီအရာတွေကို သင်တို့ဟာ အလိုလိုသိမှတ်နေပြီး အဲ့ဒီမှတ်ညဏ်တွေရဲ့စေ့ဆော်မှုနဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို အဲ့ဒီလူနဲ့ပဲ တစ်ဘဝလုံး ဖြတ်သန်းသွားချင်တာမျိုး သင်ခံစားမိနေပါလိမ့်မယ်။


သင်ဟာအရာအားလုံးကိုသူနဲ့မျှဝေနိုင်တယ်




သင့်စိတ်နှလုံးထဲက စကားလုံးတိုင်း ခံစားမှုတိုင်းပြဿနာရပ်တိုင်းကို သူ့ကို မရှက်မရွံသင်ပြောပြနိုင်တယ်။ သူတို့က သင့်ကိုအပြစ်မြင်ကြမှာ မဟုတ်ဘူး။ သူတို့နားလည်အောင် သင်ခက်ခက်ခဲခဲ ကြိုးစားနေရမှာမဟုတ်ပဲ သင့်ခံစားမှုတိုင်းကို လေးလေးနက်နက်နားလည်ပေးပြီး သင့်ကိုသက်တောင့်သက်တာဖြစ်စေပါလိမ့်မယ်။

သူတို့က သင့်ကို ဘယ်တော့မှ စိတ်ရှုပ်ထွေးမှုတွေ မခံစားစေရပဲ သင်အသက်ရှင်ရတာ ပိုမြင့်မြတ်လာတယ်ထင်ရအောင် ခံစားရစေနိုင်တယ်။


သင်သူ့ကိုမတွေ့ဖူးရင်တောင်စိတ်ထဲရင်းနှီးနေတယ်



မတူကွဲပြားနဲ့နေရာတစ်ခုကတောင် သူ့ကို ချိတ်ဆက် ခံစားမိလိမ့်မယ်။ သင်ဟာမိုင်များစွာဝေးကွာနေတဲ့အရပ်က လူတစ်ယောက်ဖြစ်ခဲ့ရင်တောင် သင့်အတိတ်ဘဝက လက်တွဲဖော်ကို စိတ်ကူးနဲ့တွေးကြည့်နိုင်သလိုအိမ်မက်တွေမက်ကောင်းမက်နိုင်ပါတယ်။





ဒီဘဝမှာ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖူးကြဘူးဆိုရင်တောင် စိတ်ချင်းနီးနေသလို သူနဲ့ ပြင်းထန်တဲ့ ဆက်သွယ်မှု ရှိနေသလို သူနဲ့ရင်းနှီးနေသလို ခံစားရပါလိမ့်မယ်။ နောက်ဆုံးမှာ ကံကြမ္မာက သင်တို့နှစ်ယောက် ကိုပြန်ဆုံတွေ့စေဖို့နဲ့အတိတ်က အိမ်မက်တွေကို ဆက်လက်အကောင်အထည်ဖော်စေဖို့ ဆုံးဖြတ်ချက်ချလိုက်ပါလိမ့်မယ်။

ဆိုလိုတာက သင်နဲ့သင့်ရဲ့အတိတ်ဘဝက ဝိညာဉ်ဖက် အပြင်လောကမှာတစ်ကယ်စင်စစ်မတွေ့မီ ကြာမြင့်စွာကတည်းက တစ်ယောက်နဲ့တစ်ယောက်နှလုံးသားဖုန်းခေါ်သံကိုကြားခဲ့ရတာမျိုးပေါ့။


တခနနဲ့တဘဝလုံးစာနားလည်နိုင်မှု၊ Instant Connectionရှိမယ်



သင့်ဘဝရဲ့ အချိန် အများစုမှာ နားလည်မှုလွဲခြင်းနှင့်အထီးကျန်ဆန်ခြင်းတွေခံစားခဲ့ရနိုင်ပေမယ့် သင့်အတိတ်ဘဝကဝိညဉ်ဘက်နဲ့ တွေ့ဆုံလိုက်ခြင်းဟာ ထိုနာကျင်ဖွယ်အမှတ်တရများအားလုံးကိုဖျက်ပစ်နိုင်ပါတယ်။



ယခင်က သင်ခံစားခဲ့ရတဲ့ မည်သည့်အရာအားလုံးထက်မဆိုပိုမိုစွမ်းအားကြီးမားရတယ်လို့ခံစားရနိုင်ပြီး သူနဲ့ သင့်မှာ မပြတ်တောက်နိုင်တဲ့ နှောင်ကြိုးရှိတယ်လို့ခံစားရပါလိမ့်မယ်။


Psychic Michele Knight ကတော့ အတိတ်ဘ၀ နဲ့ပတ်သက်တဲ့ ဆက်စပ်မှုတွေအကြောင်းနဲ့ပက်သက်ပြီး “ ငါတို့အားလုံးဟာအသစ်အဆန်းတစ်ယောက်နဲ့တွေ့ခဲ့ဖူးပေမယ့် တစ်စုံတစ်ယောက်နဲ့တွေ့ဆုံတဲ့အခါခုလိုချက်ချင်းနက်ရှိုင်းစွာဆက်သွယ်မှုရှိခဲ့မယ်၊ တစ်ခါတစ်ရံသူတို့ပြောမယ့် အရာတွေကိုကြိုတင်ခန့်မှန်းနိုင်တဲ့အထိ ဒါမှမဟုတ်သူတို့ကငါတို့ဘဝမှာထာဝရရှိနေခဲ့သလိုခံစားရလိမ့်မယ်”လို့ပြောကြားခဲ့ဖူးပါတယ်။

များသောအားဖြင့်ဒါဟာ ကံကံရဲ့အကျိုးတရားလို့ပြောနိုင်သလို အတိတ်၊ အနာဂါတ်နဲ့ပစ္စုပ္ပန်ရဲ့ ဆက်စပ်မှုတွေကြောင့်ပဲဖြစ်တယ်လို့ တချို့ပညာရှင်တွေကလည်း သတ်မှတ်ကြပါတယ်။

ကံကြမ္မာအရဆို ကျွန်တော်တို့ သိပြီးသားတစ်စုံတစ်ယောက်နဲ့ အတိတ်ဘဝက ဆက်နွယ်မှုတွေ၊ နှစ်သိမ့်မှုတွေ၊ ခံစားမှုတွေဆိုတာ လူတိုင်းနီးပါးခံစားရနိုင်တယ်။ ဒါဟာ ကျွန်တော်တို့အတိတ်သမိုင်းက ကျွန်တော်တို့ဆီလိုက်လာပြီး ဒီဘဝမှာ ကျွန်တော်တို့နဲ့ လာဆော့ကစားနေကြတာမျိုးပေါ့။


တယ်လီပသီနည်းနဲ့တောင်ဆက်သွယ်နိုင်မယ်




တယ်လီပသီဆိုတာ အလွယ်ပြောရရင် စိတ်ချင်းဆက်သွယ်နိုင်မှုပေါ့။ သင်က သူ့ကိုမက်ဆေ့ အရမ်းပို့စေချင်နေတယ်။ ဒါပေမယ့် ဒီလိုပို့စေချင်တာကို သင်သူနဲ့မဆက်သွယ်ရသေးတဲ့အချိန်မှာ သူ့ဆီက မက်ဆေ့ဝင်လာတာမျိုးပေါ့။

ဒီလိုဖြစ်စဉ်လေးက သင်ဟာသူနဲ့ ဘာကြောင့်ဒီလောက်ခိုင်မာတဲ့ဆက်နွယ်မှုရှိနေရတာလဲဆိုတာကိုရှင်းပြပါနိုင်ပါလိမ့်မယ်။ သင်တို့ရဲ့ သာမန်ထက်ပိုထူးဆန်းတဲ့စကြာဝဋာဆိုင်ရာဆက်နွယ်မှုကြောင့် သင့်ရဲ့စိတ်နှလုံးသာနဲ့ဝိညဉ်ဟာ သူ့ဆီမှာ သွားပေါင်းစည်းထားသလို ပြင်းထန်ခိုင်မာတဲ့ ဆက်သွယ်မှုကို ခံစားနေရပါလိမ့်မယ်။

များစွာသောနဂါးငွေ့တန်းနဲ့ အချို့အလွန်ဝေးကွာသောနေရာအများအပြား အထိခရီးထွက်ကြပါစေ၊ ဒါမှမဟုတ်သင်ဘယ်သွားနေပါစေတစ်ယောက်နဲ့တစ်ယောက်ကြားနိုင်ပြီးတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုတွေးနေတယ်ဆိုတာ အတိအကျသိနိုင်ပါတယ်။ ကဲ သင်ရော အတိတ်ဘဝက ဝိညဉ်ဖက်တစ်ယောက်နဲ့ ဒီဘဝမှာ ဆုံနေပြီလား။ အတိတ်ဘဝက အချစ်ဘယ်နှစ်ယောက်လောက်နဲ့ဆုံပြီးပြီလဲ။

#Lifestyle_Myanmar

#Mg_Htet

REF_Power of possitivity


#အတိတ်
#ညဉ်
#ဘဝ
#ကဝိ
#စိတ်နှလုံး

Some text some message..