သင့်ကိုဘယ်တော့မှ လိမ်လည်မလှည့်စားမယ့်ယောက်ျားတစ်ယောက်ဆိုတာပြနေတဲ့အပြုအမူ၅ခု
lifestylemyanmar.com
|
2020-01-13



အမျိုးသမီးတစ်ဦးအတွက် သူမရဲ့ခင်ပွန်း သူမအပေါ်လှည့်စားမှုရှိမရှိကို ရှာနေတတ်တာက ဿမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါလို့ နာမည်ကျော်စာရေးဆရာMelissa Bank,ကရေးသားခဲ့ဖူးပါတယ်။

အမျိုးသမီးအများစုဟာ စိတ်ပိုင်းဆိုင်ရာခံစားမှုအရ ယောက်ျားတွေဟာသစ္စာမရှိဘူးလို့ခံစားရတဲ့အခါ သူတို့ဘက်ကလှည့်စားတတ်ကြတယ်လို့လည်းTina Bဆိုသူကဆိုပါတယ်။

ငွေကြေး၊ လိင်ပိုင်းဆိုင်ရာနဲ့ကလေးငယ်တွေအကြောင်းရေးသားနေတဲ့စိတ်ရောဂါကုဆရာဝန်တစ်ဦးဖြစ်တဲ့Tessinaက သင့်ရဲ့အိမ်ထောင်ရေးကိုပျက်စီးစေနိုင်တဲ့ အရာ၃ခုကိုရှောင်ကြည်ဖို့လည်းပြောထားပါတယ်။


သုတေသနကပြောတဲ့လိမ်လည်လှည့်စားမှုတွေ




University of Indiana Study က ဖော်ပြချက်အရ အမျိုးသားနှင့်အမျိုးသမီးများသည်တူညီသောနှုန်းထားနဲ့ ၁၉ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်းခန့်သာလိမ်ညာလေ့ရှိကြတယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုက Dr. Tessina ရဲ့ပြောဆိုချက်ကိုထပ်လောင်းအတည်ပြုထားတာလည်းဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုနဲ့လိင်မှုကိစ္စဖြစ်ပေါ်စေရန် အစပျိုးတဲ့ အခြေအနေအမျိုးမျိုးရဲ့ အဓိကအကြောင်းမှာ အမျိုးသားတွေကမိန်းမတွေထက်စာရင် ကြီးမားတဲ့အခန်းကနေပါဝင်နေတယ်လို့ဆိုပါတယ်။

ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရေးနဲ့လိင်ပိုင်းဆိုင်ရာကိစ္စမှာပျော်ရွှင်မှုနည်းပါးခြင်းဟာ ဖောက်ပြန်ခြင်းနဲ့ပက်သက်ပြီးကြိုတင်ဟောကိန်းထုတ်နိုင်တဲ့အရာလို့လည်းဆိုပါတယ်။

ဒီလိင်မှုကိစ္စတွေအပြင် သုတေသနတွေကဖော်ပြတဲ့ကြိုတင်ခန့်မှန်းရခက်တဲ့အချက်က မိန်းမတွေကအဲ့ဒီလူကိုသူတို့ဘဝရဲ့ အခြားအစိတ်အပိုင်းတွေမှာယုံကြည်စိတ်မချရတဲ့အခါမှာ သူတို့ဘက်က စလှည့်စားတတ်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် သူ့အတွက်အရေးပါသူက အခြားတစ်ယောက်နဲ့ဖောက်ပြန်နေလားဆိုတာမျိုးတွေကြောင့်ပါ။ ဒီမယုံကြည်စိတ်ဟာ အခြေအနေတွေကိုပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုတွေဖြစ်လာတဲ့အခါဘာဖြစ်လာနိုင်လဲဆိုတာနဲ့ပက်သက်ပြီးလိင်မှုကိစ္စနှင့်စုံတွဲကုထုံးကိုအထူးပြုတဲ့စိတ်ပညာရှင် Ian Kerner က “ကိစ္စတစ်ခုလုပ်တော့မယ်ဆိုတိုင်းလိမ်ပြောတာတွေများလာပြီးယုံကြည်မှုကိုအရမ်းကိုခက်ခဲလာစေတယ်” လို့ဆိုပါတယ်။

နောက်ပိုင်းမှာ သူတို့ရဲ့ သံသယစိတ်ကကိုခံစားလာရစေပြီး ငွေကြေးပိုင်းဆိုင်ရာနဲ့မိဘအရေးတွေလိုအခြားသောအစိတ် အပိုင်းတွေမှာလည်း မယုံမကြည်နိုင်တာတွေဖြစ်လာပါတော့တယ်။ ခန့်မှန်းချက်တွေအရ အိမ်ထောင်သည်၇၀ရာခိုင်နှုန်းလောက်ဟာ ဒီလိုကိစ္စတွေဖြစ်လာကြပြီဆို ပြဿနာတွေတက်ပြီးကွာရှင်းသွားကြတယ်လို့ဆိုပါတယ်။

၀မ်းနည်းစရာကဖာက်ပြန်မှုတွေကြောင့်အလှည့်စားခံရသူတွေမှာကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာစေမှုတွေခံစားစေရပြီးသူတို့ရဲ့သားသမီးတွေပါစိတ်ခံစားမှုအန္တရယ်နဲ့ကြုံတွေ့နိုင်တာပါပဲ။အဲ့ဒီလိုတွေဖြစ်လာရင် လိမ်လည်လှည့်စားခဲ့သူတွေကိုယ်တိုင်လည်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားမှုတွေခံစားရတော့တာပါပဲ။

ဒါကြောင့် ဒီဆောင်းပါးမှာ အမျိုးသမီးတွေဟာ သူ့ယောက်ျားသူ့အပေါ်ဖောက်ပြန်နေလား လိမ်လည်လှည့်စားနေလား ဆိုတဲ့စိုးရိမ်စိတ်တွေလျော့ပါးစေတဲ့ အချက်အလက်တွေကိုဖော်ပြထားပါတယ်။

တနည်းအားဖြင့် အမျိုးသားတစ်ဦးဟာ သင်တို့အပေါ်လိမ်လည်လှည့်ဖျားခြင်းလုပ်မှာမဟုတ်ဘူးဆိုတာကို ပြနေတဲ့ လက္ခဏာနဲ့အမူအကျင့်တွေကို သင်တို့သိအောင်ပြောပြပေးထားတာပါ။ ကဲသင့်ကို မလိမ်မယ့်ယောကျာ်းဟာ ဘယ်လိုလက္ခတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်။


သူလုပ်သမျှအရာတိုင်းမှာ ရိုးသားစွာလုပ်တယ်




သင့်ဘဝတစ်လျောက် သင်နဲ့ပက်သက်တဲ့အရာရာတိုင်းမှာ ကိုယ့်စကားကိုတန်ဖိုးထားတဲ့လူဟာ သင့်အတွက် ယုံကြည်စိတ်ချရမှုရှိတဲ့ အိမ်ထောင်ဖက်အဖြစ်သတ်မှတ်နိုင်ပါတယ်။

သူပြုတဲ့အပြုအမူက မရိုးသားဘူးလို့ခံစားရရင်တောင် သူက အဲ့ဒီအကျိုးဆက်ကိုရင်ဆိုင်မယ့်လူစားမျိုးပါ။ သမာဓိခိုင်မာတဲ့ အဲ့ဒီလိုရိုးသားတဲ့လူဟာ တခြားမိန်းမတွေနဲ့ဖောက်ပြန်တယ်ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။


အရာအားလုံးပြန်ပြောပြမယ်




တကယ်လို့ သူက သင်တို့ဆက်ဆံရေးအပြင်ဘက်မှာ သူဖြစ်ခဲ့တဲ့ အရာတွေအားလုံးကို up to dateပြောပြဖို့ ကျေနပ်အားရနေတတ်သူဆို အပြင်မှာတခြားသောတစ်စုံတစ်ယောက်နဲ့တွေ့ဆုံချစ်ကြိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေတော်တော်နည်းပါတယ်။

ဒီလိုယောက်ျားမျိုးက သင်နဲ့ပက်သက်တဲ့အကြောင်းအချက်အလက်တွေကိုလေးစားရုံသာမက သူ့ဘဝအသေးစိတ်အ ချက်တွေတိုင်းကိုသင်သိသင့်တယ်ဆိုတဲ့အပေါ်လည်းဂုဏ်ယူတတ်သူပါ။ သင့်ကိုသူ့အကြောင်းအသေးစိတ်ပြန်ပြောပြတဲ့သူကသင့်ကိုလိမ်လည်လှည့်စားမှာမဟုတ်ပါဘူး။


သူကအလုပ်များသူ




သင့်ယောကျာ်းကအလုပ်အရမ်းများသူဖြစ်တဲ့အပြင် မိသားစုကိစ္စတွေဖြစ်တဲ့သူ့ကလေးတွေကျောင်းပို့တာ၊ ကစားတာတွေကိုပါလိုက်လုပ်ပေးနေရသူဆိုရင်တော့ သူဟာအပြင်မှာတစ်စုံတစ်ယောက်နဲ့တွေ့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူနိုးထနေတဲ့အချိန်တွေမှာ အချိန်ပြည့်ပြေးလွှားနေရတဲ့သူတစ်ယောက်အတွက် ဒီလိုကိစ္စမျိုးဆိုတာ သူမအိပ်မှပဲ ဖြစ်နိုင်ချေရှိနိုင်ပါတယ်။


သူတို့ရဲ့တခါကချည်နှောင်ဖူးတဲ့ကြိုးတွေကိုဖြတ်တောက်ပစ်မယ်




eHarmony ရဲ့ အဆိုအရအမျိုးသား ၂၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၃၂ ရာခိုင်နှုန်းဟာလိမ်လည်လှည့်ဖြားမှုကိုသုံးပြီး “ရည်းစားဟောင်းတွေနဲ့လိင်ဆက်ဆံခြင်း” ကိုပြုမူခဲ့ကြတယ်လို့ဆိုပါတယ်။

ခုလိုဆိုရှယ်မီဒီယာခေတ်မှာဆို အချစ်ဟောင်းနဲ့ပြန်ဆက်သွယ်ဖို့ဆိုတာတော်တော်လေးလွယ်ကူပါတယ်။ ဒါပေမယ့် သင့်ခင်ပွန်းက သင့်စီးပွားရေးကိုဝင်လုပ်ဆောင်နေပြီးစီးပွားရေးပေါ်သာအာရုံစိုက်ထားတဲ့လူဆို သင်စုံစမ်းစစ်ဆေးလည်း တခြားလူနဲ့ဖောက်ပြန်တဲ့ဆက်ဆံရေးရှိဖို့မဖြစ်နိုင်သလောက်ပဲ။


သူတို့ကကိုယ်ကျိုးစွန့်မယ်




သူကစိတ်နှလုံးကောင်းပြီးရိုးသားဖြောင့်မတ်သူဖြစ်တဲ့အတွက် သူ့ကိုသူနဲ့သူချစ်တဲ့သူတွေကို ဂရုစိုက်ပါတယ်။ သူတို့ကမိသားစုအတွက်ဆိုကိုယ်ကျိုးစွန့်တတ်ကြတယ်။ အဲ့ဒီလိုလူမျိုးတွေဆိုလည်း တချို့အမျိုးသမီးတွေကပိုက်ဆံအိတ်တောင်အလွတ်ထားရအောင်လုပ်တတ်ပါတယ်။ အဲ့ဒီလိုလုပ်မိခဲ့ရင်ရပ်တန့်လိုက်ပါ။

သူတို့ကတစ်စုံတစ်ဦးကို အလွန်နက်နက်ရှိုင်းရှိုင်းအနာတရဖြစ်အောင်လုပ်မယ့်သူတွေမဟုတ်တဲ့အတွက် သူတို့ကံကောင်းမှုတွေဖြစ်အောင် အနည်းငယ်သောပိုက်ဆံတွေတော့အိတ်ဆောင်အဖြစ်ပေးထားပါ။

အဲ့ဒီလိုမလုပ်ဘူးဆိုရင်တော့ သင်ကိုယ်တိုင်ကသူတို့ကို လိမ်လည်တတ်အောင်သင်ပေးလိုက်တာပါပဲ။ ကဲဒီလောက်ဆိုရင် သင့်ကိုလိမ်လှည်လှည့်ဖျားနေတဲ့ ယောက်ျား ဟုတ်မဟုတ် သင်ကြိုတင်တွက်ဆနိုင်ပါပြီ။

#Lifestyle_Myanmar

#Mg_Htet

REF_power of possitivity


#ယောက်ျား
#ကိစ္စ
#ပိုင်းဆိုင်ရာ
#စိတ်ပိုင်းဆိုင်ရာ
#သူ

Some text some message..