သင့်ကိုလူတွေမြတ်နိုးချစ်ခင်လာအောင်ဆွဲဆောင်နိုင်မယ့်နည်းလမ်း၇ချက်
lifestylemyanmar.com
|
2020-01-14



သင့်ကိုကြင်နာမြတ်နိုးတဲ့ ဒါမှမဟုတ် သင်ကိုယ်တိုင်က နှစ်သက်မြတ်နိုးရတဲ့၊ လေးစားကြည်ညိုရတဲ့ သူတွေကဘယ်သူတွေလဲ။ သင့်ရဲ့ အမေအဖေ၊ အဘိုး၊ အဘွား တွေအပြင်သင်နဲ့ဘာမှမပက်သက်တဲ့ ဒါမှမဟုတ် စိတ်ကူးယဉ်ဖို့ကောင်းတဲ့စိတ်ဝင်စားစရာတစ်ယောက်ယောက်ရောရှိသေးလား။

ရှိနိုင်ပါတယ်။ သူတို့က သူတို့ပိုင်ဆိုင်ထားတဲ့ ဟာသ၊ အစွမ်းခွန်အား၊ ဉာဏ်ရည်၊ ရိုးသားမှု၊ စွမ်းအင်စတာတွေနဲ့သင့်ကိုလွှမ်းမိုးခဲ့တဲ့လူတစ်ယောက်ကိုသင်စဉ်းစားမိနိုင်ပါတယ်။ သင့်ကိုချစ်စရာကောင်းစေတဲ့ ကိုယ်ရည်ကိုယ်သွေးအစိတ်အပိုင်းတွေကို စဉ်းစားဖူးသလား။

နေ့စဉ်ဘဝရုန်းကန်မှုတွေကြောင့် သင့်စိတ်အနှောင့်အယှက်ဖြစ်နိုင်စေပေမယ့် တစ်ကယ်ကတော့ လူအများနှစ်သက်မြတ်နိုးပြီးလေးစားဖွယ်ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးတွေပိုင်ဆိုင်နေတာပါ။ သင်ကိုယ်တိုင်မသိလိုက်ပဲနဲ့တောင် ဒီအရည်အချင်းတွေက တခြားလူတွေကိုနှစ်သက်အောင်သူ့အလိုလိုလုပ်မိခဲ့တာရှိမှာပါ။

လေးစားကြည်ညိုမှုဟာ အပြင်းထန်ဆုံးသောစိတ်ခံစားမှုတစ်ခုပြီးတော့ အခြားသူတွေကို အံသြစရာကောင်းလောက်ဆွဲဆောင်နိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲံအရည်အချင်းတွေက တစ်စုံတစ်ဦးကိုဆွဲဆောင်ဖို့နဲ့ကြင်နာမြတ်နိုးမှုခံစားချက်များကို အမှန်တစ် ကယ်ဖန်တီးစေနိုင်မှာပါ။

ခုဖော်ပြမယ့်အရည်အချင်းတွေကိုသင်ပိုင်ဆိုင်ထားပြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင့်ကိုတစ်စုံ တစ်ယောက်ကကြင်နာမြတ်နိုးလာအောင်ဆွဲဆောင်နိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်။


သင်ကသင်ပဲဖြစ်ပါစေ




လူတွေအများကြီးကြားထဲမှာပဲဖြစ်ပါစေ တစ်ယောက်တည်းနေတဲ့အချိန်မှာပဲဖြစ်ပါစေ သင်ကသင့်ကိုယ်ပိုင်နေထိုင်မှုပုံစံနဲ့ သက်တောင့်သက်သာ နေထိုင်တတ်ခြင်းလောက် ဘယ်အရာကမှ လူတွေကိုမဆွဲဆောင်နိုင်ပါဘူး။

သင်နေတတ်သလိုနေတယ်ဆိုတာက သင်ကသင်ပဲ စစ်မှန်တယ်၊ ဘယ်သူကြိုက်အောင်မှာလိုက်နေလိုက်လုပ်နေမှာမဟုတ်ဘူးဆိုတာပြောပြနေတာပါ။

လူတွေကိုဆွဲဆောင်တဲ့နေရာမှာ သူများစတိုင်၊သူများပုံစံနဲ့ဆွဲဆောင်မယ့်အား ကိုယ့်ကိုပိုင်ပုံစံအစစ်အမှန်နဲ့ဆွဲဆောင်တာက နောက်ဆုံးမှာတောက်ပလာမှာပါ။ ရိုးရိုးလေးပြောရရင် လူတွေကသင့်ကိုလေးစားမယ်၊ ယုံကြည်မယ်၊ ပီးတော့ သင့်ကိုသင်စစ်စစ်မှန်မှန်ဖြစ်စေတဲ့အတွက် မြတ်နိုးကြည်ညိုလာကြမယ်။

ငါတို့ရှိသမျှထဲမှာစင်ကြယ်တဲ့ ချစ်ခြင်းမေတ္တာကလွှဲရင် တချို့အရာတွေကိုဖန်တီးဖို့ နေထိုင်နေရတဲံ့ ယာယီအခွံတစ်ခုမျှသာဖြစ်ပါတယ်။ သင်ဘယ်သူဘယ်ဝါဖြစ်သည်ကို မကြောက်ပါနဲ့၊ သင်ဟာလုံး၀ စစ်စစ်မှန်မှန် အလှတရားပိုင်ရှင်ပါပဲ။


ရိုးသားပါ



ဟန်ဆောင်ထားတဲ့ရိုးသားမှုပင်လျှင် သင်ဟာသင့်ကိုသင်ယုံကြည်စိတ်ချမှုရှိကြောင်းပြသပြီးဒါဟာအလွန်ဆွဲဆောင်မှုရှိတဲ့ အင်္ဂါရပ်တစ်ခုဖြစ်ပါတယ်။ မရိုးမသားသူတစ်ဦး ဖြစ်ခြင်းကတစ်ကိုယ်ကောင်းဆန်ခြင်း၊ အသုံးချခြင်းနှင့်အတ္တဆန်ဆန်ပြုမူခြင်းတို့ဖြစ်ပါတယ်။


သင့်ရဲ့ ရိုးသားမှုကိုလည်း သဘောမတူတဲ့လူတချို့ရှိနိုင်ပါတယ်။ ဒါကြောင့်သူတို့ကသင့်ကို သနားကြင်နာနိုင်မှာမဟုတ်သလို သူတို့ဘာမှမသိပဲ အကဲဖြတ်ဝေဖန်မှုတွေတောင်လုပ်နိုင်ပါတယ်။ သင့်ရဲ့ရိုးသားမှုကိုလူတွေကဘယ်လိုပဲတုံ့ပြန်ကြပါစေ၊ အမှန်တရားကတော့သင့်ရဲ့စစ်မှန်သောမိမိကိုယ်ကိုဖြစ်ခြင်းအတွက် သင့်ကိုချစ်ခင်မြတ်နိုးလာအောင်သင်ဆွဲဆောင်နိုင်လိမ့်မယ်ဆိုတာပါပဲ။

အဓိကအချက် – မင်းရဲ့လုပ်ရပ်တွေကိုရိုးသားပါ။ အခြားမည်သည့်အရာကမှသင့်အားရေရှည်အတွက်သင်လိုချင်တဲ့ရလဒ်ကိုပေးလိမ့်မည်မဟုတ်ပါ။


ဟာသညဏ်ရှိတယ်




ဟာသညဏ်ရှိခြင်းကလည်း လူတွေကိုဆွဲဆောင်ဖို့နဲံကြည်ညိုလေးစားမှုကို ဖြစ်ပေါ်စေတဲ့ ကြီးမားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ Stanford တက္ကသိုလ်မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ အသက် ၆ နှစ်မှ ၁၃ နှစ်ကြားကလေး ၂၂ ယောက်ကိုဗီဒီယိုကလစ်များပြသခဲ့ပါတယ်။

အချို့မှာရယ်စရာကောင်းပြီးအချို့ကရယ်စရာမကောင်းပါဘူး။ ကလေးတွေက သူတို့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုတိုင်း တာရန် fMRI (သံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ်စက်) နှင့်ချိတ်ဆက်ထားပါတယ်။ ရလဒ်အနေနဲ့ မိန်းကလေးတွေယောက်ျားလေးတွေထက်ပိုပြီးအပြုသဘောဆောင်တဲ့ ခံစားချက်များနဲ့ ဟာသကိုတုန့်ပြန်ခြင်းတာကိုတွေ့ရှိခဲ့ရပါတယ်။

အဓိကအချက် – သင်ကလူတွေကိုရယ်မောအောင်လုပ်လိုက်ရင်အဲဒါဟာကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်လိမ့်မယ်။


ကိုယ်ကျိုးစွန့်မယ်




လောကမှာတစ်ကိုယ်ကောင်းဆန်တာလွယ်ပြီး ကိုယ်ကျိုးစွန့်တာကတော့လူတိုင်းအတွက်လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ကိုယ်ကျိုးမငဲ့တဲ့သူတွေဟာ ကမ္ဘာကြီးကိုပြောင်းလဲစေပြီး၊ များသောအားဖြင့် ဝန်ထုပ် ဝန်ပိုးကြီးများကိုလျော့ကျစေပါတယ်။

ကိုယ်ကျိုးမငဲ့တဲ့သူတွေဟာ ကမ္ဘာအနှံ့ရှိလူများရဲ့လေးစားမှုနဲ့ကြင်နာမြတ်နိုးမှုကိုဆက်လက်ရရှိနေပါတယ်။စင်စစ်အားဖြင့်ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်တွေဟာ ဗုဒ္ဓ၊ ယေရှု၊ ဂန္ဒီ၊ မာသာထရီဇာ၊ နယ်လ်စန်မန်ဒဲလား၊ မာတင်လူသာကင်းဂျူနီယာ စတဲ့အားလုံးသိပြီးသားကိုယ်ကျိုးစွန့်သူတွေထဲကတချို့နဲ့တူတယ်လို့ဆိုကြပါတယ်။တစ်ကိုယ်ကောင်းမဆန်ခြင်းက သင့်ရဲ့ အရည်အသွေးတစ်ခုလား၊ မဟုတ်ရင်တော့သင်ဒီအကျင့်ကိုပြောင်းလဲဖို့ကောင်းပါပြီ။


စိတ်ကိုဖွင့်ထားတယ်




စိတ်ကိုဖွင့်ထားတယ်ဆိုတာကအကြောင်းအရာတစ်ခုကိုမသိမီကောက်ချက်တစ်ခုခု၊ ယူဆချက်တစ်ခုခုအခံရှိပြီးသား၊မိမိရဲ့စိတ်ထဲဝင်လာတဲ့အရာက မိမိအယူအဆကောက်ချက်နဲ့မကိုက်ညီရင်လက်ခံချင်စိတ်မရှိတာကိုပြောတာပါ။

အခြားသောအမြင်တွေ၊ ယူဆမှုတွေဝင်မလာအောင်စိတ်ကိုပိတ်မထားပဲ အမြင်ကျယ်ကျယ်နဲ့ပွင့်လင်းတဲ့စိတ်သဘောထားရှိတာကိုပြောတာပါ။ နောက်တစ်ခုက ပွင့်လင်းလွတ်လပ်တဲ့စိတ်မျိုးလို့လည်းပြောလို့ရပါတယ်။




ကျွန်တော်တို့ဟာ မျိုးစိတ်တစ်ခုအဖြစ် အဆက်မပြတ်ပြောင်းလဲနေပီး ပြီးခဲ့တဲ့နှစ်တွေကတည်းက လူ့အဖွဲ့အစည်းအတွင်းကိုသမားရိုးကျစံနှုန်းများကိုစိန်ခေါ်တဲ့ ပြောင်းလဲတိုးတက်သောအတွေးအခေါ်သစ်တွေဝင်ရောက်လာကြပါတယ်။


ဆေးခြောက်သုံးစွဲမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ လက်နက်ကိုင်ပဋိက္ခများစတဲ့ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အတွေးအခေါ်သစ်တွေနဲ့စိန်ခေါ်ခံနေရပါတယ်။ အထက်ဖော်ပြပါကိစ္စရပ်များမှာသင်မည်သည့်နေရာတွင်ရပ်တည်နေသည်ဖြစ်စေမည်သို့ပင်ရှိနေသည်ဖြစ်စေ၊ စစ်မှန်တဲ့အမြင်နဲ့ပွင့်လင်းသောစိတ်ထားရှိခြင်းကမရှိမဖြစ်လိုအပ်ပါတယ်။


သမားရိုးကျအတွေးအခေါ် လမ်းကြောင်းကို စိန်ခေါ်ခြင်းနှင့်သင်၏ကိုယ်ပိုင်ရှုထောင့်ကိုဖွင့်ဟခြင်းက သင့်ဉာဏ်ရည်နှင့်အရည်အချင်းကို သင့်ကိုကြည်ညိုလေးစားသူတွေကောင်းစွာလက်ခံနိုင်စေမယ့် အရည်အချင်းတွေပဲဖြစ်ပါတယ်။


လူတွေကိုကူညီပေးပါ




သူတို့အတွက်ပဲ အချိန်ရှိတဲ့သူတွေနဲ့သင်တွေ့ဖူးပါသလား၊အဲ့ဒါသင့်ကိုဘယ်လိုခံစားရစေခဲ့လဲ။ လူတစ်ယောက်ကိုကူညီခြင်းဟာ ဒီကမ္ဘာကြီးအတွက်အလွန်လိုအပ်နေတဲ့မယုံနိုင်စရာစရိုက်တစ်ခုပါပဲ။

ဆင်းရဲခြင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့်အခြားလူမှုရေးပြဿနာများကဲ့သို့သောပြဿနာများမှာ လူအများစုကသာ အချိန်ကိုအခြားသူတွေအတွက်သုံးစွဲဖို့ဆုံးဖြတ်လိုက်ရင် ဒါတွေကိုအလျင်အမြန်ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်။

တစ်ခါတစ်ရံသင့်ရဲ့ ၂-၃ နာရီမျှသောအချိန်ဟာ သင့်ပတ်ဝန်းကျင်အတွင်း ကွဲပြားခြားနားသောအခြေအနေတွေကိုဖန်တီးပေးနိုင်ပါတယ်။ သင့်မှာအချိန်မရှိဘူးဆိုရင် ပိုက်ဆံအနည်းငယ်တတ်နိုင်သလောက်လှူဒါန်းပါ။ သင့်ရဲ့အသိုင်းအဝိုင်းမှာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများစွာဟာ မည်သည့်နည်းနှင့်မဆိုအကူအညီတောင်းခံရန်အမြဲတမ်းရှိနေပါတယ်


နှိမ့်ချတတ်တဲ့အလေ့အကျင့်ကိုပျိုးထောင်ပါ




ငါတကောကောနဲ့လက်မထောင်တတ်သူတွေနဲ့နေထိုင်ရတာစိတ်ပျက်ဖို့ကောင်းပေမယ့်ကိုယ့်ပတ်ဝန်းကျင်မှာနှိမ့်ချတတ်သူတွေနဲ့နေထိုင်ရတာဟာ တလတ်ဆတ်တဲ့လေကို ရှုရှိုက်ရသလိုပါပဲ။ လူတချို့ကတော့ အနော်တိုင်းယဉ်ကျေးမှုထက်တောင်ကျော်လွန်ပြီးကြွားဝါတတ်ကြပါတယ်။

ပြောရမယ်ဆို ဒါဟာ ဝါးလုံးခေါင်းထဲလသာသလိုပါပဲ။ ကံမကောင်းစွာပဲ၊ လူအများစုက“ လုပ်ရပ်တွေကစကားလုံးတွေထက်ပိုပြီးအသံကျယ်ကျယ်ပြောတယ်” ဆိုတဲ့စာသားကိုမေ့သွားကြပါတယ်။ နှိမ့်ချခြင်းက လူတွေကသင့်ကိုမြတ်နိုးချစ် ခင်လာအောင် ဆွဲဆောင်နိုင်တဲ့အရည်အသွေးဖြစ်ပါတယ်။

တိတ်တဆိတ်နေတတ်သူတွေနဲ့ ရိုးသားဖြောင့်မတ်စွာပြုလုပ်သူတွေဟာ ကမ္ဘာကြီးကိုပိုမိုကောင်းမွန်သောနေရာ တစ်ခုအဖြစ်ဖန်တီးကြပါတယ်။ ဒါဟာအလွန်ကြည်နူးဖွယ်ကောင်းပြီးတော့သူတို့တွေကိုလူတွေက ကြင်နာမြတ်နိုးကြပါတယ်။ နှိမ့်ချခြင်းဟာဆွဲဆောင်မှုရှိတဲ့အရည်အသွေးတစ်ခုပဲဖြစ်ပါတယ်။

လူတွေကသင့်ကို လေးစားချစ်ခင်စေချင်ရင် နှိမ့်ချတတ်တဲ့အကျင့်ကို ပြုစုပျိုးထောင်ပါ။ ကဲဒီလောက်ဆိုရင် သင့်ကိုလူတွေလေးစားကြည်ညိုလာအောင်ဘယ်လိုလုပ်လို့ရလဲဆိုတာသင်သိလောက်ပါပြီ။ အပေါ်က အချက်တွေထဲမှာဘယ်အချက်တွေကို သင်ပိုင်ဆိုင်ထားပြီးပြီလဲ။

#Lifestyle_Myanmar

#Mg_Htet

REF_power of possitivity


#ရိုးသားမှု
#ကမ္ဘာကြီး
#စိတ်
#ဟာသ
#လူ

Some text some message..