တပေါင်းလမွေးဖွားသူတို့၏စိတ်နေစိတ်ထား အကျင့်စရိုက်များ
weddingguide.com.mm
|
2020-01-15

တပေါင်းလမွေးဖွားသူတို့သည် ရာသီ(၁၂)ပါးတွင်ချမ်းသာသုခနှင့်အပြည့်ဝဆုံးသောသူများဖြစ်တတ်ကြပါသည်။

ထူးခြားသော စရိုက်နှစ်မျိုးကို တစ်ပြိုင်တည်းပါနေသူများဖြစ်တတ်ကြတယ်။

အလွန်သနားကြင်နာတတ်ကြမယ်။ရိုးသားမယ်။အေးဆေးတည်ငြိမ်ပြီး အရှက်အကြောက်ကြီးမယ်။

အခွင့်အာဏာပကာသနတို့ကိုမက်မောဘဲလွတ်လပ်ပေါ့ပါးစွာနေထိုင်လိုမယ်အယုံလွယ်တတ်တယ်။သူတစ်ပါးကိုကူညီလိုမယ်။အားနည်းသူတို့ဘက်မှရပ်တည်လိုတယ်နူးညံ့သိမ်မွေ့မယ်။

ဉာဏ်ထက်ပြီးအမြော်အမြင်ကြီးမယ်။မဖြစ်မနေကြီးပွားအောင်မြင်လိုစိတ်ရှိမယ်။စိတ်ထက်၊စိတ်ကြီးပြီးစိတ်မြန်လက်မြန်လုပ်တတ်တယ်။

စကားပြောဆိုမှုစာပေရေးသားမှုတို့တွင်အလွန်ထက်မြက်မယ်။ တစ်ခါတစ်ရံသတ္တိနည်းကာ သွေးကြောင်နေတတ်တယ်။ မကြာခဏ ခေါင်းဆောင်နေရာကို အလိုလိုရောက်နေတတ်တယ်။

တစ်ကိုယ်တည်းအေးအေးဆေးဆေးနေချင်တတ်တယ်။အပေါင်းအသင်းများများမထားတတ်ပါ။နာမ်ဝါဒကို

အထူးသက်ဝင် ယုံကြည်ကြမယ်။ဘာသာရေးကို ပြင်းထန်စွာယုံကြည်သက်ဝင်ကြမယ်။

အများအားဖြင့် စိတ်တည်ငြိမ်စွာဖြင့် တရားအလုပ်ကိုလက်တွေ့ကျကျ ကျင့်လှမ်းသူများ ဖြစ်တတ်ကြတယ်။

ထုံးတမ်းအစဉ်အလာ ဓလေ့များကိုယုံကြည်လိုက်နာတတ်ကြတယ်။အရာရာတိုင်းကို ကြိုတင်သုံးသပ်၍ ကြိုတင်အဖြေထုတ်ရာတွင် ပါရမီထူးကဲပြီး အမြင်ပြတ်သားမယ်။ဉာဏ်ထက်ပြီး စိတ်ကူးကောင်းမယ်။

တစ်ခါတစ်ရံအယူသီးလွန်းကြပြီးခေါင်းမာ တတ်ကြတယ်။အထူးသဖြင့်ဘာသာရေးတွင် အလွန်တိကျစွာ ကျင့်သုံးတတ်ကြမည်။အခြားကိစ္စတို့တွင်စည်းကမ်းကောင်းလွန်းတတ်ကြတယ်။

အတ္တပရမျှတစွာကျင့်သုံးတတ်ကြမယ်သစ္စာရှိမယ်။အလွန်စိတ်ဆိုးခဲပြီးစိတ်ဆိုးမိပါကအငြိုးအတေးကြီးပြီးသြဇာပေးကောင်းမယ်။

လူအများအပေါ် အုပ်ချုပ်လိုမယ်။ဘယ်တော့မှ မရောင့်ရဲဘဲထင်ပေါ်အောင် အောင်မြင်အောင် ကြိုးစားတတ်ကြမယ်။အချို့ကိစ္စများတွင် လူကြီးလူကျယ်လုပ်ချင်မယ်။စည်းကမ်းရိုသေတိကျတယ်။

ပရိယာယ် ဝေဝှစ်များဖြင့် လုပ်ကိုင်နိုင်စွမ်းရှိမယ်။တစ်ခါတစ်ရံ ဉာဏ်နီညာဏ်နက်များဖြင့်ကိုယ်ဖြစ်ချင်တာ

ကိုဖြစ်အောင်လုပ်တတ်တယ်။အထက်လူကြီး၊ မင်းစိုးရာဇာတို့ကို အမှီပြုပြီးကြီးပွား

အောင်မြင်တတ်တယ်။ကိုယ့်အစွမ်းအစကိုယုံကြည်စွာ ကြိုးစားသွားပါကထိပ်တန်းရောက်တာများပါမယ်။

ချစ်မိက သူမတူ၊ မုန်းမိက လှည့်မကြည့်ဆိုသော လူစားမျိုးဖြစ်တယ်။

အချစ်ရေးတွင် မေတ္တာတရားကိုတန်ဖိုးထားတတ်တယ်။ရင်ထဲမှအချစ်ကို ဖွင့်ပြောရန်အလွန်သတ္တိနည်းကြမယ်။ ထို့အတူ ရွေးချယ်ရခက်ခဲသောအနေအထားများ အမြဲလိုလိုကြုံတတ်တယ်။

ချစ်သူနှစ်ယောက်ကို တစ်ပြိုင်တည်း ထားမိတတ်တယ်။အချစ်ရေးတွင် ချစ်သူကို ဦးစားပေးသလိုလိုနှင့် အတ္တဆန်

မိတတ်ကြမည်၊ သတိထားပါ။ချစ်သူတို့၏ အထင်လွဲမှုများကိုလည်း အထူးခံရမယ်။ကိုယ်ကလည်းချစ်သူအပေါ် အနိုင်ယူလိုတတ်တယ်။

အိမ်ထောင်ပြုသောအခါအနှောက်အယှက်များကိုကျော်လွှားပြီးမှအိမ်ထောင်ပြုရတတ်တယ်။အိမ်ထောင်ပြုပြီးက အထူးကြီးပွားတတ်တယ်။အိမ်ထောင်နှစ်ဆက်ဖြစ်တတ်တယ်

တပေါင်းလမွေးဖွားသူတို့သည် ကျန်းမာရေးအညံ့ကြုံတိုင်းရောဂါရှာဖွေရန်ခက်ခဲတတ်ကြလို့ အနာတစ်ခြား ဆေးတစ်ခြားဖြစ်တတ်တယ်ဝေဒနာဖြစ်ကကြာရှည်ခံစားရတတ်မယ်။

ငှက်ဖျားရောဂါ၊ နားဝေဒနာအာရုံကြော၊ အကြောရောဂါ၊အရေပြားရောဂါတို့ဖြစ်တတ်ကြမည်။အလုပ်အကိုင်နှင့် ပါတ်သက်လာရင်ဇွဲနှင့်သတ္တိအလွန်

ကောင်းသူများဖြစ်ကြ၍ ဉာဏ်ရည်ထက်မြက်ကြပြီးအလုပ်တစ်ခုကိုကြိုတင်တွက်ချက်မှုတွင် အထူးကျွမ်းကျင်

ကြမယ်။တိုးတက်မှုကိုအမြဲရှာဖွေနေသူများဖြစ်တယ်။ကိုယ်ကနောက်လိုက်ဖြစ်သောအခါတွင် စည်းကမ်းလိုက်နာ တတ်ကြသကဲ့သို့

ကိုယ်ကခေါင်းဆောင်နေရာရောက်နေသောအခါတွင်လည်း စည်းကမ်းတင်းကြပ်တတ်ကြတယ်။ထိပ်ဆုံးနေရာသို့မရောက်ရောက်အောင် ကြိုးစားတတ်ကြမည်။

တပေါင်းမွေးဖွားသူတို့သည်စကားပြောလဲကောင်းပြီးခေါင်းဆောင်မှုစီမံကွပ်ကဲမှု၊ အုပ်ချုပ်မှုကောင်းကြမယ်

အလုပ်နှစ်ခုဒွန်တွဲပြီးလုပ်ကြရတတ်တယ်။အလုပ်လုပ်ရာတွင်အခက်အခဲများအတိုက်အခံများကြုံလေ

တိုးတက်လေပါပဲ။နိုင်ငံရပ်ခြားတိုင်းတစ်ပါးသို့သွားရ နေထိုင်ရတတ်တယ်။ခရီးသွားခြင်းဖြင့်စီးပွားဖြစ်တတ်မယ်။

မွေးရပ်မြေကိုစွန့်ခွာလေအောင်မြင်လေဖြစ်မည်။ကိုယ်ပိုင်အစွမ်းအစနှင့်အောင်မြင်မည်ချမ်းသာကြွယ်ဝမည်။

ငွေကံအလွန်ကောင်းမည်ငွေအသုံးအစွဲ ကျစ်လစ်ပြီးစည်းစိမ်ဥစ္စာနှင့်ပြည့်စုံမည့်သူများဖြစ်သည်။

ရတနာပစ္စည်းများမကြာခဏရတတ်ပါတယ်ဘဝတွင်စက်ဘီးဆိုင်ကယ်မှအစမော်တော်ကားအထိအကောင်းစားယာဉ်တို့ကိုပိုင်ဆိုင်တတ်ပါမယ်။ထီလည်းမကြာခဏပေါက်တတ်တယ်။

ထီကံအလွန်ကောင်းပါတယ်။လောင်းကစားနှင့်အရက်ကိုရှောင်ပါ။လူမျိုးခြားတို့နှင့်ကောင်းကျိုးပေးမယ်။

စာရေးသောအလုပ် ထီးလုပ်ငန်း၊ ထီလုပ်ငန်းစားသောက်ဆိုင်ငါးလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စစ်ဖက် သင်္ဘောသား၊ သင်္ဘောကပ္ပတိန်၊သုတေသနအလုပ်တို့ဖြင့်အထူးကြီးပွားအောင်မြင်တတ်တယ်။

ငယ်စဉ်ဘဝတွင်အတက်အကျများမယ်။ငယ်ဘဝတွင်ကျန်းမာရေးစီးပွားရေး၊လူမှုရေးတို့၌အားနည်းတတ်ပြီး ဘဝတွင်အပြောင်းအလဲအမျိုးမျိုးကြုံကာကြီးမှချမ်းသာတတ်တယ်။

မိမိတို့၏အကြံအစည်များကိုလျှို့ဝှက်စွာကြံစည်လုပ်ကိုင်တတ်တဲ့ဉာဉ်ရှိတယ်ဘဝတိုးတက်မှုအတွက်အပျော်အပါးကိစ္စများကိုလည်းရှောင်ရှားနိုင်တတ်တယ်။

ကိုယ့်ဒူးကိုယ်ချွန်ပြီးကြီးပွားတတ်တယ်ရပ်ဝေးတွင်အောင်မြင်တတ်ကြမယ်။ဝိဇ္ဇာမယလောကီပညာရပ်တို့ကိုအလွန်အကျွံလိုက်စားခြင်းရှောင်သင့်ပါတယ်။

ကြီးပွားချမ်းသာရန် ရွှေရောင်ပစ္စည်းတစ်ခုကိုအမြဲဆောင်ထားပါ။ရတနာပစ္စည်းများထဲတွင် ဂေါ်မုတ်ကျောက်ကိုရွှေဖြင့်

လက်စွပ်ကွင်းကာလက်ယာဘက်တွင်ဝတ်ဆင်ထားပါ။(၃၊ ၆၊ ၉) ဂဏန်းများ အမြဲကောင်းကျိုးပေး၏

(၅)ဂဏန်းကို အထူးရှောင်ပါ။ဘာကိစ္စမဆို၊ဘယ်လိုအခြေအနေမျိုးမဆို တစ်ခုခုကိုပြတ်သားစွာ ရွေးချယ်ပြီးရဲဝင့်စွာ လုပ်ကိုင်သွားခြင်းဖြင့်အောင်မြင်ပါမည်။

Crd..နက္ခတ္တဗေဒဆရာကျော်မျိုးလွင်း

(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guide

Top of Form

Bottom of Form

#အထူး
#ထီ
#မြား
#အလှ
#ဘဝ

Some text some message..