စိတ်ပညာရှင်တွေပြောတဲ့သင်လုံးဝလျစ်လျူမရှုထားသင့်သောအိမ်မက်၁၀ခု
lifestylemyanmar.com
|
2020-01-17



လူသားတွေဟာအိပ်မက်တွေနဲ့ပက်သက်ပြီးရာစုနှစ်နှင့်ချီအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသလိုသိပ္ပံပညာကလည်းဒီနယ်ပယ်မှာစိတ်လှုပ် ရှားဖွယ်သုတေသနပြုချက်ကိုဆက်လက်တွေ့ရှိခဲ့ပါတယ်။ အိပ်မက်တွေကိုလေ့လာခြင်းကို oneirology လို့ခေါ်ပြီးအိမ်မက်တွေနောက်ကွယ်ကအဓိပ္ပါယ်လိုလေ့လာခြင်းလည်းဖြစ်ပါတယ်။

လူတစ်ဦးရဲ့ အိပ်မက်များနဲ့ ဦးနှောက်လုပ်ဆောင်မှုအကြားက ဆက်စပ်မှုကိုရှာဖွေရန်ရည်ရွယ်ခဲ့တာပါ။ အွန်လိုင်းပေါ်မှာအိပ်မက်နဲ့ပတ်သက်တဲ့ ကိုးကားချက်များစွာပါတဲ့ဆောင်းပါးတွေကိုကိုသင်ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက သိပ္ပံပညာအရ မထောက်ပံပေးထားပါဘူး။

စိတ်ပညာရှင်တွေရဲ့အဆိုအရ အိပ်မက်တွေဟာ ကျွန်တော်တို့ရဲ့ ဘဝနဲ့ မသိစိတ်မှာ ဖြစ်ပျက်နေသောအရာများနဲ့ပတ်သက်တဲ့အရေးကြီးအချက်အလက်တွေကိုပြောပြနိုင်တယ်လို့ဆိုပါတယ်။

ကျွန်တော်တို့အများစုမှာ အလားတူအိပ်မက်များရှိတတ်ကြပါတယ်၊ အဲ့ဒီအိမ်မက်တွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ အရာများကိုထိုးထွင်းသိမြင်စေပါတယ်။ ဒီအိပ်မက်များဟာ မကြာခဏသို့မဟုတ်ရံဖန်ရံခါဖြစ်လေ့ရှိကြောင်းသင်တွေ့ရှိကောင်းတွေ့ရှိပါလိမ့်မယ်။

ထိုအိပ်မက်များဟာ ကျွန်တော်တို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအခြေအနေများအပြင်ဘဝရှင်သန်ရပ်တည်ရေးဆိုင်ရာအသိစိတ်များကြောင့်ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့နိုးထနေစဉ်တွင်၎င်းတို့ကိုမဖြေရှင်းပါကကျွန်တော်တို့ရဲ့အိပ်မက်များကဘဝပြဿနာများကိုဖြေရှင်းဖို့ ကြိုးစားကြပါတယ်။

ကဲ..ကျွန်တော်တို့ရဲ့အိပ်မက်တွေကဘာကိုဆိုလိုတာလဲ ဆိုတာလေ့လာကြည့်ရအောင်။“ ဒီကမ္ဘာကြီးမှာအိပ်ပျော်သွားတဲ့အခါနောက်ကမ္ဘာတစ်ခုမှာနိုးထနေတယ်။ ” လို့စိတ်ပညာရှင် Salvador Dali ကပြောခဲ့ပါတယ်။


ပြုတ်ကျခြင်း




အိပ်မက်စိတ်ပညာရှင် Ian Wallace ရဲ့ အဆိုအရ တစ်နေရာရာကပြုတ်ကျခြင်းနဲ့ပတ်သက်တဲ့ အိပ်မက်တွေက သင့်ဘဝတွင် ထိန်းချုပ်မှုဆုံးရှုံးသွားခြင်းကိုဖော်ပြတယ်လို့ဆိုပါတယ်။

သင်ကသင်ယူထားရတဲ့တာဝန်တွေအတွက် ဝန်လေးနေသလိုခံစားရပြီး အဲ့ဒီအရာတွေက မလွတ်မြောက်နိုင်ပဲ အချိန်အများစုမှာ စိတ်ဖိစီးမှုကို ခံစားမိနိုင်တယ်လို့အိမ်မက်က ဆိုလိုပါတယ်။

သို့သော်သိပ္ပံပညာရှင်အချို့ကတော့ ဒီအိပ်မက်ကိုရူပဗေဒဆိုင်ရာရိုးရိုးရှင်းရှင်းနည်းနဲ့ ခုလို ရှင်းပြပါတယ်။ ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းသို့ကူးပြောင်းသွားသည်နှင့်အမျှအာရုံကြောစနစ်၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းကျဆင်းသွားပြီးသင့် ဦးနှောက်အလုပ်လုပ်တာလည်း နှေးကွေးသွားပါတယ်။

ဒီအချက်အလက်တွေအပြင် သင့်ရဲ့တစ်နေ့တာအတွင်းဖြစ်ပေါ်ခံစားနေခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအခြအနေတွေဟာ hypnic jerksလို့ခေါ်တဲ့ လူတစ်ဦးစအိပ်ပျော်ဖို့ကြိုးစားနေချိန်အတွင်းခန္ဓာကိုယ်ကြွက်သားများရုတ်တရက်အတင်းအဓမ္မကျုံ့လိုက်ခြင်းကြောင့် ရုတ်တရက်လန့်လန့်နိုးခြင်း၊ တခါတရံလူတယောက်ကိုဆတ်ခနဲထခုန်မိစေခြင်းစတာတွေကိုဖြစ်စေတတ်တယ်လို့ဆိုပါတယ်။


သွားပြုတ်ထွက်ခြင်း၊အခြားဒဏ်ရာများနဲ့သေခြင်း




ကျွန်တော်တို့ သွားတွေပြုတ်ထွက်သွားတယ်၊ ကျွတ်ထွက်သွားတယ် ဒါမှမဟုတ် သွားတွေပျက်စီးသွားတယ်ဆိုတဲ့ အိမ်မက်တွေကို သင်မက်ခဲ့ရင် ဒါဟာ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု၊ ယုံကြည်မှုကင်းမဲ့ခြင်းကိုဖော်ပြတယ်လို့ဆိုပါတယ်။


“သင့်ရဲ့အပြုံးဟာ သင့်ကို လူတွေသတိထားမိစေတဲ့အရာတွေထဲကပထမဦးစားပေးအရာတစ်ခုဖြစ်ပြီးတော့သင်ပြုံးတဲ့အခါနဲ့တစ်ခုခုကိုကိုက်စားတဲ့အခါ သွားတွေဟာ သင့်ကိုယ့်ကိုယုံကြည်စိတ်ချမှုဘယ်လောက်ရှိလဲဆိုတာပြနေတယ်လို့ “စိတ် ပညာရှင်Ian Wallace ကဆိုပါတယ်။


ဒါကြောင့်”သွားတွေကျွတ်ထွက်၊ ပြုတ်ထွက်သွားတယ်၊ ပျက်စီးသွားတယ်ဆိုတာဟာ အခြေအနေတစ်ခုခုကြောင့် သင့်ကိုသင်ယုံကြည်မှု ပျောက်ဆုံးနေပြီဆိုတာကို” ညွှန်ပြနေတာပါ။ နောက်ထပ် အိမ်မက်ကျွမ်းကျင်သူ Patricia Garfieldကသွားတွေကျွတ်ထွက်ခြင်းဟာ စိတ်ဆိုးဒေါသထွက်တာကို ဖိနှိပ်ထားတဲ့အတွက်ကြောင့်ဖြစ်တယ်လို့လည်းဆိုပါတယ်။

အများအားဖြင့် ကျွန်တော်တို့ ဒေါသထွက်တဲ့အခါ အံကြိတ်ပြီး မေးရိုးကိုတင်းနေအောင်စေ့ထားလေ့ရှိပါတယ်။ ဒါဟာ သွားနဲ့ဆိုင်တဲ့ပြဿနာတွေကိုဖြစ်ပွားစေနိုင်သလို ကျွန်တော်တို့ရဲ့အိမ်မက်ထဲမှာ သွားတွေကို ထိခိုက်ပျက်စီးပြီးဆုံးရှုံးမှုတွေလည်းဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေအိမ်မက်ထဲမှာသွားတွေပျက်စီးသွားတာကို ကိုယ်တိုင်ကထိုင်ကြည့်နေရတာမျိုးတွေလည်းမက်တတ်ပါတယ်။

ထိခိုက်ဒဏ်ရာရတာနဲ့သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက်တွေအရ ဒါဟာသင့်ထက်အသက်ကြီးပြီးချစ်ရခင်ရသူတွေအတွက်စိုးရိမ်ပူပင်သောကဖြစ်နေရတယ်လို့ဆိုပါတယ်၊ ဒါကဖြစ်နိုင်ချင်မှလည်းဖြစ်နိုင်မှာပါ။

သေခြင်းတရားနဲ့ပက်သက်တဲ့ အိမ်မက်တွေက သင့်ရဲ့အစိတ်ပိုင်းတစ်ခုခုကိုဆုံးရှုံးသွားသလိုသင်ခံစားနေရပြီး သင်ကအရင်ထက်ပိုကောင်းမွန်တဲ့ပုံစံနဲ့ပြန်လည်မွေးဖွာလာမယ်လို့ ဆိုလိုတာပါ၊ သေတာနဲ့ဒဏ်ရာရတဲ့အိမ်မက်တွေအရ သင့်ဦးနှောက်ရဲ့ အနာဂါတ်ကိုကိုင်တွယ်ဖြေရှင်းဖို့နဲ့ သင်မထိန်းချုပ်နိုင်တဲ့ ပြောင်းလဲမှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့နည်းလမ်းတွေကို ဖော်ပြနေတာပါ။


စာမေးပွဲကျခြင်း သို့မဟုတ် လူမှုရေးစွမ်းဆောင်ရည်ပျက်ကွက်ခြင်း




လူအများအပြားဟာ စာမေးပွဲကျတယ်ဆိုတဲ့အိမ်မက် ဒါမှမဟုတ် မိန့်ခွန်းပြောတာမျိုးနဲ့ဖျော်ဖြေတင်ဆက်မှုတစ်ခုခုမှာ အရှက်တကွဲဖြစ်ရတာမျိုးကို အိမ်မက်မက်တတ်ကြပါတယ်။ သူတို့က ကျောင်းပြဇာတ်မှာသူတို့သရုပ်ဆောင်ရမယ့်နေရာကို ပျက်ကွက်တာမျိုး ဒါမှမဟုတ် မိန်းခွန်းစကားလုံးတွေမှားယွင်းပြောဆိုတာမျိုးတွေလဲဖြစ်နိုင်ပါတယ်။

ဒီလိုအိမ်မက်တွေက ကျောင်းနေအရွယ်ကလေးတွေနဲ့ဘွဲ့ရ လူလတ်ပိုင်းတွေအကြားဖြစ်လေ့ရှိနိုင်ပါတယ်။ ဒီအိမ်မက်တွေက သင်အိပ်မပျော်ခင်တွေးမိနေတဲ့ သင့်ဘဝထဲမှာစိတ်ဖိစီးစရာတွေနဲ့စိုးရိမ်စရာတွေကြောင့်ပဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီအိမ်မက်အရ သင်တာဝန်ယူထားရတဲ့ တစ်စုံတစ်ရာအတွက် သင်ပြီးဆုံးအောင်တာဝန်မယူနိုင်သေးဘူးဆိုတာကိုလည်း ညွှန်ပြနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီအိမ်မက်အရ စိုးရိမ်ပူပန်မှုနဲ့သောက ရောက်စရာအချို့ကို သင်ခံစားနေရတယ်လို့ သိနိုင်ပါတယ်။


လိုက်လံဖမ်းဆီးခံရခြင်း




လိုက်ဖမ်းတယ်ဆိုတဲ့အိပ်မက်တွေကအဓိပ္ပါယ်များစွာရှိနိုင်ပါတယ်။ အိပ်မက်ကျွမ်းကျင်သူ Lauri Loewenberg ကပဋိပက္ခကိုရှောင်ရှားလိုသူများ၊ ပြဿနာဖြစ်မှာကိုစိုးရိမ်သောသူများသို့မဟုတ်ပြဿနာဖြစ်စေသောသူများသည်ထပ်တလဲလဲဒီအိပ်မက်ကိုမက်ဖွယ်ရာရှိတယ်လို့ဆိုပါတယ်။

သင့်ကိုလိုက်ဖမ်းတယ်ဆိုတာက သင့်လက်တွေ့ဘဝမှာရှောင်ရှားဖို့ကြိုးစားနေတဲ့ စိုးရိမ်ပူပန်စရာတွေရှိတယ်ဆိုတာပါပဲ။ ကြွေးမြီ၊ စွဲလမ်းမှု၊ သင့်အိမ်ထောင်ဖက်နဲ့ဖြစ်တဲ့ပြဿနာတစ်ခုခုကိုထုတ်ဖော်ပြောဆိုခြင်း (သို့) အလုပ်လျှောက်ထားခြင်းစတဲ့ အရာတွေက ဒီအိပ်မက်နောက်ကွယ်မှာရှိတဲ့လျှို့ဝှက်အကြောင်းရင်းများဖြစ်နိုင်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်များသို့ရောက်အောင်မလုပ်ဆောင်နိုင်ခြင်းကြောင့် မက်တဲ့အိမ်မက်တွေဖြစ်နိုင်ပါတယ်။ တစ်စုံတစ် ယောက်ရဲ့အဝေးကိုထွက်ပြေးဖို့ကြိုးစားခြင်းဟာ သင့်ဘဝရပ်တည်ရေးအတွက်ခက်ခက်ခဲခဲကြိုးစားနေတယ်လို့ ညွှန်ပြနေပါတယ်။ တစ်စုံတစ်ဦးအတွက် သင်မဖြေရှင်းနိုင်တဲ့ကိစ္စရှိခဲ့ရင် သင့်ဦးနှောက်ကအဲ့ဒီအရာတွေရဲ့အဝေးကိုထွက်ပြေးဖို့တိုက်တွန်းနေတာမျိုးဖြစ်နိုင်ပါတယ်။


သဘာဝဘေးအန္တရာယ်တစ်ခုခုကိုမက်ခြင်း




လူတော်တော်များများဟာ တစ်ချိန်ချိန်မှာ သဘာဝဘေးအန္တရာယ်သို့မဟုတ်ကမ္ဘာရဲ့အဆုံးသတ်အကြောင်းကိုပင်အိပ်မက်မက်ခဲ့နိုင်ပါတယ်။ ဒီအိပ်မက်တွေက”သင်ဟာကိုယ်ရေးကိုယ်တာပြဿနာကိုထိန်းချုပ်နိုင်စွမ်းမရှိတော့ဘူးလို့ခံစားရခြင်း ဒါမှမဟုတ် တစ်ခုခုအတွက်ခြိမ်းခြောက်ခံနေရတာကို”ဆိုလိုတာဖြစ်နိုင်ပါတယ်။

ဆိုရှယ်မီဒီယာတွေကဒီအိပ်မက်များကိုပိုမိုဆိုးရွားစေနိုင်ပါတယ်၊ အကြောင်းမှာကမ္ဘာကြီးနိဂုံးချုပ်ခြင်းနှင့်ရာသီဥတုပြောင်းလဲခြင်းတွေကလည်း များပြားလာကြလို့ပါပဲ။


ကားတစ်စီးပျက်ခြင်းသို့မဟုတ်နည်းပညာဆိုင်ရာကိရိယာများပျက်စီးသွားခြင်း




လူအချို့က သူတို့ရဲ့ ဖုန်းသို့မဟုတ်အခြားနည်းပညာဆိုင်ရာကိရိယာတွေပျက်စီးသွားတာကို အိပ်မက်မက်တတ်ကြပါတယ်။ စိတ်ပညာရှင် ပက်ထရီရှာ Garfield ကအမျိုးသမီးတွေက ဒီအိပ်မက်တွေကို ပိုမိုတွေ့ကြုံခံစားရပြီးတစ်စုံတစ်ဦးနဲ့ဆက်ဆံရေးပြဿနာတွေတက်တာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရမှုတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ကားတိုက်မှုနှင့်ပတ်သက်တဲ့အိပ်မက်တွေလည်းအတူတူပါပဲဖြစ်ပါတယ်။ ဒီအိပ်မက်က”သင့်ဘဝမှာအထောက်အပံ့မရှိအားငယ်နေတယ်လို့ခံစားရပြီး”အခြေအနေတစ်ခုခုကိုသင်ကိုယ်တိုင် ကိုင်တွယ်မရနိုင်တော့ကြောင့်လို့ဖော်ပြနေပါတယ်။


ကိုယ်ဝန်ဆောင်နေခြင်း




ယောက်ျားရောမိန်းမပါအံ့သြစရာကောင်းလောက်အောင်ကိုယ်ဝန်ဆောင်ရန်အိပ်မက်မက်နိုင်ပါတယ်။ စိတ်ပညာရှင်ဒေးဗစ်ဘက်ဒရစ်က “ကိုယ်ဝန်ဆောင်ခြင်းသည်ကျွန်ုပ်တို့အတွင်း၌ကြီးထွားလာသောအသစ်သောအရာတစ်ခုခုကိုအမှတ်အသားပြုသည်” ဟုဆိုလိုပါတယ်။

သင်ဟာသင့်ရဲ့ အိမ်ကိုပြန်လည်ဆေးသုတ်အလှဆင်ခြင်း သို့မဟုတ် စာအုပ်တစ်အုပ်အတွက် အကြံဥာဏ်အသစ်တစ်ခုနဲ့ ထုတ်လုပ်ဖို့ရှိပါက သင်ဒီလိုအိပ်မက်ကိုမက်ကောင်းမက်နိုင်ပါတယ်။ ရည်မှန်းချက်ချမှတ်ခြင်းနှင့် တစိုက်မတ်မတ်စွဲမြဲစွာလုပ်ခြင်းကသင့်ရဲ့အမြင်ကို လက်တွေ့အကောင်အထည်ဖော်ရန် ကူညီပါလိမ့်မယ်။


နောက်ကျခြင်း




အိပ်မက်ကျွမ်းကျင်သူ Michael R. Olsen ကနောက်ကျခြင်းအကြောင်းအိပ်မက်မျာကိုမက်ပါက သင့်ချစ်သူလိုမျိုးသင့်ဘဝအတွက်အရေးကြီးတဲ့အရာတစ်ခုခုပျောက်ဆုံးသွားမှာကိုကြောက်ရွံ့ခြင်းကြောင့်မက်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။သင့်ချစ်ရသူအတွက် အချိန်ဘေးဖယ်မထားဘူးလို့ခံစားရရင် သင့်အတွက် အရေးကြီးသူတွေအတွက်လက်တွေ့ဘဝမှာ အချိန်ဖယ်ထားဖို့လိုပီလို့ အချက်ပြနေတာဖြစ်ပါလိမ့်မယ်။


သင့်တော်တဲ့အဝတ်အစားမဝတ် သို့မဟုတ် လုံးဝအ၀တ်အစားမရှိ




ဒီအိမ်မက်က သင့်ဘဝမှာတစ်စုံတစ်ရာကို ရှက်ရွံစွာခံစားနေရတာကိုဖော်ပြပါတယ်။ စိတ်ပညာရှင် Ian Wallace က“ ဆိုလိုသည်မှာသင်သည်သင်၏အလုပ်သစ်တွင်သို့မဟုတ်သင်၏ဆက်ဆံရေးအသစ်တွင်အားနည်းချက်ရှိကြောင်းခံစားရပြီးသင်၏အားနည်းချက်များကိုအခြားသူများကလေ့လာလိမ့်မယ်လို့စိုးရိမ်နေခြင်းဖြစ်သည်”လို့ဆိုပါတယ်။

သင့်ရဲ့စွမ်းရည်နဲ့အောင်မြင်မှုတွေအတွက် လုံလောက်စွာချီးကျူးခြင်းမခံရနိုင်လို့လည်း ညွှန်ပြနေပါတယ်။ သင့်အိပ်မက်ထဲမှအဖြစ်အပျက်နှင့်အခြေအနေအတွက်သင့်တော်သော အဝတ်အစားများ မဝတ်ဆင်ထားပါကထိုအဖြစ်အပျက်နှင့်ပတ် သက်ပြီး သင်သံသယရှိနေတယ်လို့ ဆိုလိုနိုင်ပါတယ်။

ဥပမာအားဖြင့်၊ အလုပ်အင်တာဗျူးတစ်ခုမှာသင်ညဝတ်အင်္ကျီဘောင်းဘီပွဝတ်ထားပါက သင့်တွေ့ဆုံမေးမြန်းခြင်းအ တွက်အဆင်သင့်မဖြစ်သေးသို့မဟုတ်ထိုအလုပ်အတွက်သင့်အရည်အချင်းကိုသင်မယုံကြည်ခြင်းကြောင့်ဖြစ်နိုင်တယ်လို့ညှန်ပြပါတယ်။


မရင်းနှီးတဲ့အခန်း သို့မဟုတ် အိမ်




သင်ဟာ သင်မသိတဲ့အိမ် ဒါမှမဟုတ် အခန်းတစ်ခန်းထဲကို ရောက်နေတယ်လို့ အိမ်မက်ခဲ့မယ်ဆိုရင် သင်ဟာသင့်ဘဝရဲ့အစိတ်အပိုင်းအချို့ကိုသော့ခတ်ထားခဲ့ပြီး အချို့အရာတွေရှာဖွေမတွေ့ရှိတော့ဘူးလို့ညွှန်ပြနေတာပါ။ သင့်အနေနဲ့ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်ရမယ်၊ တွေးတောဆင်ခြင်ရမယ်လို့ဆိုလိုတာပါ။

သင်ဟာသီးခြားအခန်းတစ်ခုထဲကိုရောက်နေတယ်လို့မက်ခဲ့ရင် ဒါဟာသင်လက်တွေ့အကျိုးရှိရှိအသုံးမချဖြစ်တဲ့ သင့်ရဲ့ပုန်းကွယ်နေတဲ့အရည်အချင်းနဲ့ကျွမ်းကျင်မှုတွေရှိနေတာကို ညွှန်ပြနေတာပါ။

စိတ်ရောဂါကုသသူ Eddie Traversa ကအိမ်အတွင်းမှာရှိတဲ့ အခန်းအမျိုးမျိုးက သင့်စိတ်အတွင်းပိုင်းဖြစ်စဉ်တွေနဲ့ပက်သက်နေတယ်လို့ ယုံကြည်နေပါတယ်။ ဆိုကြပါစို့ မီးဖိုချောင်ထဲက ပစ္စည်းအမျိုးမျိုးကိုပေါင်းစပ်ပြီး အချောထုတ်ကုန်တစ်ခုထုတ်နေတယ်လို့ သင်အိမ်မက်မယ်ဆို ဒါကသင်အတွင်းပိုင်းစိတ်ပြောင်းလဲမှုတွေရှိနေပီလို့ဖော်ပြနေတာပါ။

သင်ဟာရေချိုးခန်းတစ်ခုထဲကိုရောက်နေတယ်လို့ အိမ်မက်မက်ပါက သင်ဟာမလိုအပ်တဲ့ရှုပ်ပွနေတဲ့အရာတွေကိုလွှင့်ပစ်ဖို့လိုအပ်နေပြီး သင့်စိတ်ကိုညစ်ညူးစေတဲ့အရာမှန်သမျှကို သန့်ရှင်းအောင်လုပ်ဖို့လိုအပ်နေပြီလို့ညွှန်ပြနေတာလို့ဆိုပါတယ်။ အိပ်ခန်းတွေကိုသင်အိမ်မက်မက်ရင်တော့ သင့်စိတ်ကူးယဉ်အချစ်ဇာတ်လမ်းအတွက်စိုးရိမ်ပူပန်မှု ရှိနေတာကို ညွှန်ပြနိုင်ပါတယ်။


နိဂုံးချုပ်




လူတွေမှာအိမ်မက်များစွာရှိပါတယ်၊ အခုဖော်ပြထားတာတွေကနဲနဲပါးပါးပဲရှိတာပါ။ ဒါပေမယ့် အိမ်မက်တွေက ကျွန်တော်တို့ဘဝတစ်လျောက်လုံးဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ကူညီနိုင်တဲ့အတွက် အိမ်မက်တွေကို လျစ်လျူမရှုလိုက်ပါနဲ့။

အိမ်မက်တွေကိုဖွင့်ဆိုတဲ့ရှုထောင့်အမျိုးမျိုးက သင့်လက်တွေ့ဘဝကိုတစ်ကယ်ပြောင်းလဲသွားစေနိုင်မယ်ဆိုတာ မျှော်လင့်လို့ရပါတယ်။ သင်မှတ်မိတဲ့အိမ်မက်တွေကိုနိုးနိုးလာချင်း နောက်ပြန်ဖတ်နိုင်အောင် စာရွက်ပေါမှာချရေးဖို့ကြိုးစားပါ။ သင်ဆန္ဒရှိမယ်ဆို အိမ်မက်ကုထုံးတွေနဲ့ကုသဖို့ တတ်ကျွမ်းသူတွေနဲ့ ပြသကြည့်ပါ။

သူကသင့်အိမ်မက်တွေနဲ့ပက်သက်ပြီးအသေးစိတ်ပြောပြနိုင်ပြီး သင့်အိမ်မက်တွေနောက်ကွယ်မှာရှိတဲ့ အဓိပ္ပါယ်အမှန်တွေကိုရှာဖွေရန်ကူညီပေးနိုင်ပါတယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Power of possitivity


#အိမ်မက်
#အိပ်မက်
#စိတ်ပညာ
#အရာ
#ဘဝ

Some text some message..