တစ်စုံတစ်ဦးကသင့်အကြောင်းစဉ်းစားနေရင် ခံစားရမယ့် ထူးဆန်းတဲ့နိမိတ်လက္ခဏာများ
lifestylemyanmar.com
|
2020-02-05



တစ်ယောက်ယောက်က သင့်အကြောင်း တွေးနေတာကို သိနိုင်မယ်ထင်လား? သိရောသိချင်လား? ခုပြောပြမယ့်အချက်တွေက သင့်အကြောင်းကိုတစ်ယောက်ယောက်ကတွေးနေတဲ့အခါ သင့်မှာခံစားနေရမယ့် လက္ခဏာတွေဖြစ်ပါတယ်။

သင့်အကြောင်းတွေးတယ်ဆိုတာမှာ သင့်ကိုချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေ တွေးနေနိုင်ပါတယ်။ တကယ်လို့သင့်ကိုရန်ပြုဖို့ထိတွေးနေတယ်ဆိုရင် ဒီအချက်လေးတွေကိုသိထားတော့ သင်သတိထားနိုင်တာပေါ့.ကဲ..ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်..


နှာချေခြင်း




ဒီယုံကြည်မှုကတော့ အာရှနိုင်ငံတွေမှာ အမြစ်တွယ်နေတဲ့ယုံကြည်မှုလေးပါနော်..တစ်စုံတစ်ဦးက သင့်အကြောင်းတွေးနေတဲ့အခါ သင့်နှာခေါင်းဟာ ယားယံစပြုလာပြီးမကြာခင် ထပ်ခါထပ်ခါနှာချေမှုကိုဖြစ်စေလိမ့်မယ်တဲ့။ ဒါကနေမကောင်းတဲ့အချိန်အတွက်တော့ အကျုံးမဝင်ပါဘူးနော်။

အအေးပတ်တာလည်းမရှိ နှာခေါင်းယားယံလောက်အောင် ရှုရှိုက်စရာလည်း မရှိပဲ အသားလွတ်ကြီး နှာတွေထချနေရင်တော့ တစ်စုံတစ်ဦးရဲ့ အတွေးဗဟိုမှာသင်ရောက်နေပြီလို့ဆိုပါတယ်။

သူတို့ဘာကိုတွေးနေလဲဆိုတာထပ်ပြောရမယ်ဆိုရင် ၂ခါနှာချေတာဟာ တစ်စုံတစ်ဦးက သင့်မကောင်းကြောင်းပြောနေပြီဆိုတာပါပဲ။ ၃ခါနဲ့အထက် နှာချေတာကတော့ သင့်ကောင်းကြောင်းတွေကိုတွေးနေတယ်လို့ဖော်ပြပါတယ်။


ဒါမှမဟုတ် တစ်စုံတစ်ယောက်က သင့်ကိလွမ်းနေပြီး သင့်ကိုချစ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီလူကဘယ်သူလဲဆိုတာကိုခန့်မှန်းတဲ့နည်းလမ်းလေးကိုလည်းပြောပြဦးမယ်နော်..


ရိုးရာအစဉ်အလာနည်းလေးအရဆို သင့်ဘေးကလူတစ်ယောက်ယောက်ကို သူကြိုက်တဲ့ ဏန်း၃လုံးပါတဲ့ နံပါတ်တစ်ခုကိုပေးဖို့ပြောပါ။ ဒါကိုအခြေခံထားပြီးတွက်ချက်ရင် သင့်အကြောင်းကိုတွေးနေတဲ့သူကို ခန့်မှန်းလို့ရနိုင်ပါတယ်တဲ့..

ဘယ်လိုတွက်ချက်မလဲဆိုတော့ သင့်ကို ၂၊ ၃၊ ၁ဆိုတဲ့ဂဏန်း ၃လုံးကို ပေးထားတယ်ဆိုပါတော့။ အဲ့ဒါတွေကိုပေါင်းကြည့်ပါ။ ၂+၃+၁=၆ ရတယ်။ အက္ခရာစဉ်အရဆို ၆ က “စ”မလား?ဆိုလိုတာက သင့်ကိုစဉ်းစားနေသူရဲ့နာမည်က “စ” လုံးနဲ့စတဲ့သူတွေဖြစ်နိုင်ပါတယ်တဲ့.စည်သူတို့ စိုးသူတို့ဖြစ်ချင်ဖြစ်မှာပေါ့..


နား သို့မဟုတ် ပါးမှာ မီးနဲ့တို့ခံရသလို ပူလောင်လာမယ်




ရိုက်ပုတ်မှုရဲ့နောက်ဆက်တွဲကို မြင်ယောင်ကြည့်ပါ၊ ပူခနဲဖြစ်သွားသလိုပေါ့၊ တစ်စုံတစ်ဦး ကသင့်ကိုစဉ်းစားနေပြီး မကောင်းကြောင်းဆိုးဆိုးဝါးဝါးပြောနေပြီဆိုရင် အဲ့ဒီလိုခံစားချက်ဖြစ်လာပါတယ်။ သင့်ကိုစကားလုံးတွေနဲ့ရိုက်နှက်နေသလိုပေါ့။

ဒီခံစားမှုက သင့်ရဲ့ပါးနဲ့နားက ရှက်လို့မျက်နှာရဲသွားတာမျိုးမဟုတ်ဘူးနော်။ တစ်ခါတစ်ရံ တော်တော်ကြီးကို သိသိသာသာနီရဲနေတာမျိုးဖြစ်တာပါ? တစ်ကယ်လို့ သင့်နားနဲ့ မျက်နှာက ပူလောင်တာမျိုးမဟုတ်ပဲ နွေးထွေးမှုကို ခံစားရရင်တော့ တ စ်စုံတစ်ယောက်က သင့်ကေင်းကြောင်းတွေကိုပြောနေပြီး သင့်ကိုချစ်ကြိုက်သလိုခံစားနေရပါတယ်လို့ဆိုပါတယ်။


ကြို့ထိုးခြင်း




ကြို့ထိုးခြင်းဟာ စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ထမင်းစားပြီးတဲ့အခါမှာသူတို့ကိုရလေ့ရှိတယ်၊ ဒါပေမဲ့တချို့ယုံ ကြည်မှုတွေအရ ကြို့ထို့ခြင်းဟာ သင့်အကြောင်းစဉ်းစားနေသူတစ် ဦး ရှိတယ်ဆိုတဲ့အဓိပ္ပာယ်သက်ရောက်နိုင်ပါတယ်။

ကံမကောင်းစွာနဲ့တစ်စုံတစ် ဦး ကသင့်ကို မကောင်းတဲ့ စကားကိုပြောခြင်းသို့မဟုတ်သင်နှင့် ပတ်သက်ပြီး တိုင်ကြားခြင်းဖြစ်နိုင်ပါတယ်။ ဘယ်သူတွေ ဘာစဉ်းစားနေတာကိုသင်ပြောနိုင်မဘ့်နည်းလမ်းလည်းရှိပါတယ်။

လူတချို့အနားရောက်မှသင်ကြို့ထိုးချင်လာတယ် ထိုးလိုက်တယ်။ ဒါကဘာကိုပြောတာလဲဆိုတော့ ဒီလူတွေဟာ သင့်ကိုထိ ခိုက်နစ်နာအောင်တွေးနေတယ် ပြောခဲ့တယ်ဆိုတာပါပဲ။ ယခုသင်သူတို့ကိုထိပ်တိုက်ရင်ဆိုင်နိုင်သည် သို့မဟုတ် သင်ကြို က်သလို မေးမြန်းကြည့်လို့ရပြီ။

ကြို့ထိုးခြင်းအတွက်ကောက်ချက်မချခင်အခြားဖြစ်နိုင်ချေရှိတဲ့အကြောင်းတရားတွေကိုတော့သင်ဖယ်ရှားပစ်ဖို့လိုပါလိမ့်မယ်။


အစာစားများခြင်း
တစ်စုံတစ်ခုသောက်တာများခြင်း
အလွန်လျှင်မြန်စွာအစာစားခြင်း
ဝမ်းဗိုက်ခွဲစိတ်ထားခြင်း
အာရုံကြော – ယားယံရောဂါများရှိခြင်း
ဆေးတစ်ခုခုသောက်သုံးထားခြင်း၊ ဒါတွေကိုတော့ထည့်မတွက်ဖို့လိုပါတယ်နော်..


အိမ်မက်မက်ခြင်း




သင့်အိပ်မက်ထဲတွင် တစ်စုံတစ်ကို၊ အထူးသဖြင့်ကြာမြင့်စွာမတွေ့ရသေးသောတစ်စုံတစ်ဦးကို တွေ့မြင်ပါကသူတို့ဟာ သင့်အကြောင်းကိုစဉ်းစားနေနိုင်ပါတယ်။ သင်နှင့်ပတ်သက်သောသူတွေရဲ့ အတွေးတွေက သင်အိပ်မက်မက်ဖို့အတွက် ရုပ် ပုံလွှာတွေကို ထုတ်လွှင့်ပေးနိုင်ပါတယ်။

အိပ်မက်တစ်ခုက သင့်ကိုအသေးစိတ်အချက်အလက်တွေတော့မပေးနိုင်ပါဘူး။ အိမ်မက်အရတော့ သူတို့သင့်ကောင်းကြောင်းကိုတွေးလား ဆိုးကြောင်းကိုတွေးလဲဆိုတာတော့ ယတိပြတ်မပြောနိုင်ပါဘူး။ အိမ်မက်တွေက ဆန်းကြယ်ကြပါတယ်။

သင့်အတွေးတွေကနေတစ်ဆင့်လည်း အိမ်မက်တွေကိုဖန်တီးနိုင်တဲ့အတွက် သင်စွဲလမ်းမှုမရှိပဲမက်တဲ့အိမ်မက်ကသာလျင် သူတို့ သင့်ကိုသတိရနေတယ် သင့်အကြောင်းတွေတွေးနေတယ်လို့ပြောနိုင်မှာဖြစ်ပါတယ်။


မရှင်းပြနိုင်တဲ့ ထိတွေ့မှုကို ခံစားရမယ်




တစ်ယောက်ယောက် သင့်ကိုလာထိလိုက်သလို ရုတ်တရက် ခံစားဖူးပါသလား? ဒါဟာကျိန်းသေပေါက် တစ်စုံတစ် ယောက်က သင်နဲ့ပက်သက်ပြီးစိုးရိမ်ပူပန်စိတ်ဖြစ်နေပြီး ဆန်းကြယ်တဲ့စိတ်ခံစားမှုတွေခံစားနေရတာလို့ဆိုနိုင်ပါတယ်။

တစ်ကယ်လို့ သင့်ကိုတစ်စုံတစ်ယောက်က အလွန်ပြင်းပြင်းထန်ထန်စဉ်းစားတွေးတောနေရင် သူတို့ရဲ့ခံစားမှုကသင့်ကိုရုပ်ပိုင်းဆိုင်ရာအဆက်အသွယ်နဲ့ဆင်တူတဲ့မက်ဆေ့တစ်ခုခုပို့ပေးနိုင်ပါတယ်။ ဒါကတယ်လီဖုန်းဆက်သွယ်သလို ပုံစံမျိုးလိုဖြစ်ပြီး သင့်ကိုလာထိလိုက်သလိုတောင်ခံစားစေရတာပါ။

ဒီအတွေးတွေဟာ ကောင်းလားဆိုးလားသေချာပေါက်ပြောလို့တော့မရပါဘူး။ ဒါပေမယ့် သင့်ကိုလာထိသလိုခံစားလိုက်ရတဲ့အချိန်မှာ ချစ်စရာကောင်းတဲ့ထိတွေ့မှုလို ခံစားရရင် ဒါက သင့်ချစ်ရသူ ဒါမှဟုတ် သင့်ကိုခံစားချက်ရှိနေသူတစ်ဦးထံကဖြစ်ပါလိမ့်မယ်။

အဲ့ဒီလိုမဟုတ်ပဲ ထိတွေ့မှုဟာ ညှိုးငယ်ကြောက်ရွံသလို ခံစားရရင် ဒါက သင့်ကို စိတ်ဆိုးနေသူ သို့မဟုတ် သင့်ကြောင့် ဝမ်းနည်းနေရသူတစ်ဦးဦးထံက ဖြစ်ပါလိမ့်မယ်။


စားနေတုန်းအဆင်မပြေဖြစ်မယ်




သင်က ပျော်ပျော်ရွှင်ရွှင် ငြိမ်ငြိမ်သက်သက် စားသောက်နေတယ်၊ ဂရုစိုက်ပြီးစားသောက်နေတုန်းမှာတောင် အစာတွေကိုစားရတာ ချောချောမွေ့မွေ့မဝင်သွားဘူး၊ မျိုချရတာခက်ခဲတယ်လို့ ရုတ်တရက်ခံစားရမယ်၊ ချောင်းဆိုးချင်သလိုဖြစ်လာမ ယ်၊ ခန္ဓာကိုယ် တုန်လှုပ်သွားမယ် ဆိုရင် တစ်ခုခုတော့မှားနေပြီဖြစ်ပါတယ်။

ဒါဆိုသင့်ဘေးပတ်လည်မှာ သင်နဲ့ပက်သက်ပြီး စိတ်တင်းမာနေတဲ့လူတစ်ယောက်ယောက်ရှိနေနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ ဘယ်သူမှ မရှိခဲ့ဘူးဆိုရင်တော့ တစ်စုံတစ်ယောက်ရဲ့စိတ်ထဲမှာ သင့်အကြောင်းတွေပြေးလွှားယောက်ယက်ခတ်နေနိုင်ပါတယ်။ အဝေးကြီးဖြစ်နေရင်တောင်အဲ့ဒီတွေးတောမှုနဲ့တင်းမာမှုတွေကို သင့်ရဲ့မသိစိတ်ကတစ်ဆင့်ခံစားနေရတာဖြစ်နိုင်ပါတယ်။


မျက်လုံးယားမယ် မျက်ခမ်းလှုတ်မယ်




မျက်ခမ်းလှုပ်တာတို့ မျက်လုံးယားယံတာတို့နဲ့ပက်သက်ပြီး အယူသီးတဲ့ယုံကြည်မှုတွေရှိကြပါတယ်။ အဲ့ဒီလိုခံစားရရင် တစ်စုံတစ်ယောက်က သင့်ကိုစိတ်ထဲမှာရှိနေတယ်လို့ဆိုနိုင်ပါတယ်။ အမျိုးသားတွေမှာ ညာဘက် မျက်လုံးယားယံခြင်းနဲ့လှုပ်ခတ်ခြင်းတို့က တစ်ယောက်ယောက်က သင့်ကောင်းကြောင်းကိုတွေးနေပြီး ဘယ်ဘက်ဆိုရင်တော့အဆိုးတွေကိုတွေးနေတယ်လို့ ညွှန်ပြနေပါတယ်။

အမျိုးသားတွေနဲ့အမျိုးသမီးတွေကတော့ ပြောင်းပြန်လို့နားလည်ပေးပါနော်။ တစ်ကယ်လို့ ဒါဟာ ဓါတ်မတည့်လို့ မျက်စိပြဿနာရှိလို့ ဖြစ်နေတာဆိုရင် ဒါတွေကို လျစ်လျူရှုနိုင်ပါတယ်။ စိတ်ဖိစီးမှု အစားအစာ မောပန်းမှုနဲ့ အခြားအချက်တွေ မျက်စိကို တုန်ယင်စေနိုင်တာတော့ သတိပြုပေါ့နော်။


နောက်ဆုံးအတွေးများ


အပေါ်မှာ ဖော်ပြခဲ့တဲ့ နိမိတ်လက္ခဏာတွေဟာ သင့်အကြောင်းတစ်ယောက်ယောက် စဉ်းစားနေတယ်ဆိုတာ သိနိုင်တဲ့အရာတွေပါ။ ဒါတွေကို တချို့တွေက ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်။ ဒါတွေကိုအရေးမပါလို့ သင့်စိတ်ထဲကဖယ်ထုတ်ထားမယ်ဆိုလည်း ရပါတယ်။

ဒါပေမယ့် အတွေးတွေဟာ လောကမှာ အင်အားအကြီးဆုံးပါပဲ။ ပြောရမယ်ဆိုရင်စိတ်ပေါ့။ သင့်မှာ အထက်ကဖော်ပြခဲ့သလိုထူးဆန်းတဲ့ ခံစားမှုတွေခံစားရမယ် ပေါ်လာမယ်ဆို အပေါ်ကအချက်တွေနဲ့ နှိုင်းယှဉ်ချင့်ချိန်နိုင်ပါတယ်နော်..ကဲသင်တို့ ခံစားခဲ့ရတဲ့ထူးဆန်းမှုတွေရှိရင်လည်းမျှဝေပေးသွားပါဦးနော်…

#Lifestyle_Myanmar

#Mg_Htet

REF_Powerofpossitiviy


#အိမ်မက်
#အတွေး
#အကြောင်း
#ယုံကြည်မှု
#ရင်

Some text some message..