ကသိကအောက်ဖြစ်စေသော အခြေအနေတွေကို ရှောင်ရှားဖို့ သင့်အား ကူညီနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်ကွက်များ (၁)
lifestylemyanmar.com
|
2020-02-06



ကသိကအောက်နိုင်တဲ့ အဖြစ်တွေကို ဖယ်ရှားဖို့ သင့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကိုသာ အာရုံစိုက်ပါ။ လူအများစုက ဒီလူ စကားတွေ အများကြီး ပြောတော့မှာပါလား၊ ဒီပုံစံအတိုင်းဆို သူနဲ့ ငါအခြေအတင် စကားများတော့မှာပါလားဆိုတာကို ရိပ်မိတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အားနာမနေပါနဲ့။ ရိုးရှင်းသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခြင်းဖြင့် ရှောင်လွှဲလို့မရတဲ့ ရန်ပွဲကိုတောင် သင်ရှောင်ရှားနိုင်ပါတယ်။

ဒါ့ကြောင့် ကသိကအောက် အခြေအနေကနေ တတ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းနဲ့ လွတ်မြောက်ဖို့ သင့်အားကူညီနိ်ုငတဲ့ လှည့်ကွက်လေးတွေကို မျှဝေပေးလိုက်ပါတယ်၊

၁။ သူတို့ စကားတွေအများကြီး ပြောနေတာဆိုရင်

တချို့တွေက သင့်ကို တောင်စဉ်ရေမရတွေ ပါးစပ်က ပေါက်ပေါက်ဖောက်သလို စကားတွေ အများကြီး ပြောနေပါလိမ့်မယ်။ အခြားသူတွေကို ပါးစပ်ပိတ်ထားဖို့ ပြောရအောင် ယဉ်ကျေးတဲ့ နည်းလမ်းမရှိတာကြောင့် ဒီလှည့်ကွက်နဲ့ စကားအများကြီးပြောသူကို ကြားဖြတ်ဖို့ ကြိုးစားနိုင်ပါတယ်။ ဖုန်းမှလွဲပြီး သင့်လက်ထဲမှာရှိတဲ့အရာကို လွှတ်ချလိုက်ပါ (သို့)၊ တစ်ခုခုကို တိုက်မိသလို ကို့ယို့ကားယားနိုင်တဲ့ အဖြစ်မျိုးလုပ်ပါ။ ဒီအရာက သူတို့ဟာ အချိန်ကြာမြင့်စွာ စကားပြောနေခဲ့ပြီး ဖြစ်ကြောင်း သူတို့နားလည်သဘောပေါက်သွားပါလိမ့်မယ်၊ သူတို့အနေနဲ့ ငါစကားပြောတာ ရပ်သင့်ပြီလို့ ခံစားရပါလိမ့်မယ်။




၂။ ဒေါသထွက်နေတဲ့ ကာစတန်မာရှိပါက

သင်မှန်တယ်လို့ ဘယ်လောက်ပဲ ထင်သည်ဖြစ်စေ၊ ဒေါသထွက်နေတဲ့ ကာစတန်မာနှင့် ဆက်ဆံဖို့ဆိုတာ အမြဲတမ်း အဆင်ပြေမှာ မဟုတ်ပါဘူး။ လူတွေ အငြင်းအခုံဖြစ်နေစဉ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် မြင်နိုင်ဖို့အတွက် ကောင်တာတစ်ဝိုက်နှင့် အနောက်မှာ မှန်တွေထားဖို့ ကြိုးစားပါ။ ကျွန်တော်တို့ဟာ ဒေါသထွက်နေတဲ့သူတွေကို မကြိုက်တဲ့အတွက် ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် မြင်ရတာလည်း မကြိုက်ပါဘူး။ ကိုယ့်ဆိုင်မှာ အေးအေးဆေးဆေး စကားပြောဆိုလို့ရမယ့် နေရာဖန်တီးပေးခြင်းဖြင့် သူတို့ကို အေးဆေး တည်ငြိမ်စေပါ။




၃။ သင့်ခေါင်းထဲမှာ စွဲနေတဲ့ သီချင်းတစ်ပုဒ်က သင့်ကို စိတ်အနှောက်အယှက်ဖြစ်နေတယ်ဆိုရင်

တစ်ခါတရံမှာ ဘေးကလူက သီချင်းတပိုင်းတစကို ထပ်တလဲလဲ ဆိုနေမယ်ဆိုရင်၊ ခဏခဏ ကြားနေရမယ်ဆိုရင် အဲဒီသီချင်းစာသားဟာ သင့်ခေါင်းထဲ ရောက်သွားတတ်ပါတယ်။ ဘယ်လိုမှ မတွေးဘဲ မနေနိုင်တော့ပါဘူး။ ဒီသီချင်းတစ်ပိုင်းတစ်စက သင့်ခေါင်းထဲမှာ ထပ်ခါတလဲလဲ ပေါ်နေပါလိမ့်မယ်။ သီချင်းကို ပြီးဆုံးတဲ့အထိ နားထောင်ပါ။ နောက်ဆုံးအပိုင်းကို ဆိုခြင်းဖြင့် သင့်ဦးနှောက်ကို သီချင်းအခုပြီးပြီဟု ထင်စေပါလိမ့်မယ်။




၄။ ပဋိပက္ခတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားရင်

အထူးသဖြင့် စီးပွားရေး ရည်ရွယ်ချက်အတွက် တစ်စုံတစ်ယောက်နဲ့ သင်ညှိနှိုင်းရတဲ့အခါ ဒီလှည့်ကွက်က အသုံးဝင်ပါလိမ့်မယ်။ သူတို့နှင့် မျက်နှာချင်းဆိုင် တစ်ယောက်တစ်ခုံ ထိုင်မယ့်အစား သူတို့ဘေးမှာထိုင်ပါ။ တူညီတဲ့ ဘက်မှာ သူတို့နှင့် သင်အတူရှိနေသလို ခံစားမိစေပါလိမ့်မယ်။ ဒါ့အပြင် သင်နှင့် ရုပ်ပိုင်းဆိုင်ရာ နီးကပ်နေသူတစ်ယောက်ဟာ အော်ဖို့ (သို့) စိတ်ဆိုးဒေါသထွက်ဖို့ ကို့ယို့ကားရားနိုင်တယ်လို့ ခံစားမိမှာပါ။




၅။ ကိုယ်ဝယ်တိုက်ရတာချည်း မဖြစ်ချင်ဘူးဆိုရင်

လူတွေဟာ အခြေအနေအမျိုးမျိုးမှာ ပထမဆုံးနှင့် နောက်ဆုံးအရာတွေကို မှတ်မိလေ့ရှိကြပါတယ်၊ ဒီအားသာချက်ကို ယူပါ။ ဥပမာ- ညဘက် အပေါင်းအသင်းတွေနဲ့ ဘီယာထွက်သောက်တယ်ဆိုပါစို့။ first round ကို သင်အရင်ဆုံးဝယ်ပါ။ အဖွဲ့ထဲက ကျန်တဲ့သူတွေက သင်ပထမဆုံးဝယ်တာကို သတိပြုမိပါလိမ့်မယ်။ သင်အရင်ဆုံး ဝယ်ပြီးပြီ ဖြစ်တဲ့အတွက် ကျန်တဲ့စားတာသောက်တာတွေကို သူတို့ရှင်းတာတွေ ပြုလုပ်လာနိုင်ပါတယ်။ သင့်အတွက် တစ်ညလုံးစာ ဘီယာဖိုးပေးရလိမ့်မယ့် တစ်ခုတည်းသော အချိန်ဖြစ်ပါလိမ့်မယ်။


Lifestyle_Myanmar
LM_Nandar


Source-brightside


#လှည့်ကွက်
#ခေါင်း
#စကား
#ပါးစပ်
#Lifestyle

Some text some message..