လူတိုင်းအတွက် အသုံးဝင်နိုင်တာ ကြောင့် သိထားသင့်တဲ့ စိတ်ပညာလှည့်ကွက်များ
myanmaplatform.com
|
2020-02-06



ကျွန်တော်တို့ဟာ နေ့စဉ် လှုပ်ရှားသွားလာနေရတာဖြစ်တာကြောင့် ပတ်ဝန်းကျင်အမျိုးမျိုး ၊ လူအမျိုးမျိုးကို နေ့စဉ် ကြုံတွေ့နေရမှာပါ ။ တစ်ခါတစ်လေမှာ ကြုံတွေ့ရတဲ့အခြေအနေ အချို့ဟာ သင့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ထိုအခြေအနေကနေ ရှောင်ထွက်ချင်စိတ်တွေ ဖြစ်ပေါ်လာမှာပါ ။ ထိုကဲ့ သို့သော အခြေအနေများကို စိတ်ပညာလှည့်ကွက်အချို့နှင့် အခြေအနေတွေကို ပြောင်းပစ်လိုက်နိုင်ပါတယ် ။ ဒီစိတ်ပညာလှည့်ကွက်တွေဟာ လူတိုင်း အတွက် အသုံးတည့်မှာ ဖြစ်တာကြောင့် ဆက်လက်ပြီး ဖတ်ရှုလိုက်ကြပါအုံးနော် ။

၁ ။ စကားသိပ်များလွန်းနေလျှင်




အလုပ်ကိစ္စ တစ်ခုကလည်း ရှိနေတယ် ။ သို့သော် ပြောလက်စာ စကားဝိုင်းကလည်း ဖြတ်လိုက်လို့ မရအောင် တစ်ဖက်သူဟာ စကားသိပ်ပြောနေရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ် ။ သင့်လက်ထဲမှာ ရှိတဲ့ တစ်စုံတစ်ခုကို အောက်ကိ ပစ်ချလိုက်ပါ ။ ကွဲတတ်တဲ့ ဖုန်းစတာတွေ ကိုတော့ ပစ်မချလိုက်ပါနဲ့ ။ တစ်စုံတစ်ခုကို ပစ်ချလိုက်တာ ဒါမှမဟုတ်ကို တစ်စုံတစ်ခုကို ခေါက်နေတာတွေ ပြုလုပ်လိုက်ရင် တစ်ဖက်လူဟာ သူစကားတွေအများကြီး ပြောနေတယ်ဆိုတာ အလိုလို သဘောပေါက်သွားပြီး သင့်ကို စကားဆက်ပြောဖို့အတွက် စိတ်မသက်မသာဖြစ်သွားမှာပါ ။

၂ ။ တစ်စုံတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်နေလျှင်




တစ်စုံတစ်ယောက်ကို စိတ်ဆိုးဒေါသထွက်လျှင် မှန်ကိုကြည့်ပြီး အရင်ဆုံးဒေါသထွက်တဲ့ မျက်နှာ လုပ်လိုက်ပါ ။ တခြေးဖြေးနှင့် ဒေါသထွက်တဲ့ စိတ်များ ပျောက်ကင်းသွားပြီးတစ်ဖန် စိတ်ပြန်လည် ကြည်လင်သွားမှာပါ ။

၃ ။ သီချင်းစာသားတွေ ခေါင်းထဲစွဲနေလျှင်



တစ်ခါတစ်ရံမှာ သီချင်းတစ်ပုဒ်ကို မနှစ်သက်ဘဲ စိတ်ထဲစွဲနေပြီး ပါးစပ်ကနေ အလိုလိုညည်းနေမိလို့ စိတ်တွေ ရှုပ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးကို အသုံးပြုလိုက်ပါ ။
စိတ်ထဲမှာ စွဲနေတဲ့ သီချင်းကို အပြီးထိ ဆုံးအောင် ဆိုလိုက်ပါ ။ ထိုအခါမှာ သင့်ရဲ့ ဦးနှောက်က သီချင်းပြီးဆုံးသွားပြီထင်ပြီး သီချင်းစာသားကို ထပ်တလဲလဲ သီဆိုခြင်း ရပ်တန့်သွားမှာပါ ။

၄ ။ တစ်စုံတစ်ခုကို အကြိတ်အနယ် ဆွေးနွေးတော့မယ်ဆိုလျှင်




စီးပွားရေးနှင့် ပတ်သတ်သော အရေးကြီးသောဆုံးဖြတ်ချက်များကို ချရမယ့် အစည်းအဝေးတစ်ခုတွင် ဆွေးနွေးရမယ့်သူနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး ဆွေးနွေးခြင်း မပြုပါနှင့် ။ ဒီလိုပြုလုပ်ခြင်းဟာ ဆွေးနွေးသူနှစ်ယောက်ကို အငြင်းပွားစေပြီး ဆုံးဖြတ်ချက်တစ်ခုခုကို ချနိုင်မှာ မဟုတ်ပါဘူး ။ မျက်နှာချင်းဆိုင်ထိုင်မယ့် အစား တစ်ခုံထဲမှာ အတူတူထိုင်ပြီး ဆွေးနွေးခြင်းဟာ နှစ်ဦးစလုံး ကို သဘောတူညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်စေပါတယ် ။

၅ ။ ပထမဦးဆုံးချိန်းတွေ့ခြင်းမှာ ရှိန်မနေစေဖို့




ချစ်သူတွေ ဖြစ်ပြီး မကြာသေးခင်အချိန်မှာ ချိန်းတွေ့ကြတာဟာ ချစ်သူစုံတွဲတွေ အတွက် အချင်းချင်းရှိန်နေတတ်ကြပါတယ် ။ ဒီလိုမဖြစ်အောင် နှစ်ဦးသားအတူတူ ပါဝင်လုပ်ဆောင်ရတဲ့ ကစားနည်းတွေ ရှိတဲ့ ကစားကွင်းကို သွားတာအကောင်းဆုံးပါပဲ ။


#လှည့်ကွက်
#စိတ်
#စိတ်ပညာ
#နှာ
#စာသား

Some text some message..