တစ်ယောက်ယောက်က မင်းကိုရိုင်းစိုင်းလာတယ်ဆိုရင် မင်းမျက်နှာမှာအပြုံးတစ်ပွင့်ဆင်မြန်းလိုက်ပါ။ ဆိုလိုတာက ပြုံးပြလိုက်ပါ။ ဒါကသူတို့ရဲ့ပေါက်ကွဲမှုတွေကို Don’t Careလို့ပြောလိုက်တာမျိုးပါပဲ။
လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုတွေမှာ စက္ကန့်တိုင်း စက္ကန့်တိုင်းကပြောင်းလဲနေကြတယ်။ မင်းကိုချစ်တဲ့သူတွေ ရှိသလို မုန်းတဲ့သူတွေလည်းရှိမယ်။ တချို့လူတွေက မင်းကို အပျက်သဘောဆောင်တဲ့တုံ့ပြန်မှုတွေလုပ်အောင်လို့ အလွန်ဆိုးရွားတဲ့ စကားတစ်ခွန်းခွန်းကိုလည်း ပြောနိုင်ပါတယ်။
ဘယ်လိုစကားမျိုးတွေလဲဆိုတော့ “ဘယ်တော့လောက် ထပ်ဝလာဦးမလဲ? နင်ရည်းစားရနိုင်မယ်ရောထင်သေးလား? မင်းဘာကြောင့်ခုထိအလုပ်မရသေးတာလဲ? စတဲ့မေးခွန်းတွေက အကောင်းမေးသလိုလိုနဲ့ မင်းကိုတကယ်ထိရှစေပါတယ်။
ဒေါသလည်းထွက်သွားစေနိုင်ပါတယ်။ တကယ်လို့သင်က စိတ်ဆိုးတတ်သူဆိုရင်တော့ ရန်တွေဘာတွေတောင်ဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ခုခံကာကွယ်ပိုင်ခွင့်နဲ့စိတ်အလိုအတိုင်းပြောပိုင်ခွင့်တော့ရှိပါတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ ယဉ်ကျေးတဲ့ပုံစံနဲ့တုံပြန်တာက သူတို့ကို ပိုထိခိုက်စေပါတယ်။
ဆိုလိုတာက မှန်ကန်တဲ့တုံပြန်မှုကိုလုပ်တာ မင်းအတွက်ပိုကောင်းပါတယ်။ ကဲ..ဒီတော့ ရိုင်းစိုင်းတဲ့ ရန်စတဲ့ ခနဲ့တဲ့တဲ့ စကားပြောလာသူတွေကို ဘယ်လိုတုံပြန်နိုင်မလဲဆိုတာလေးတွေကိုလေ့လာကြည့်လိုက်ရအောင်..
ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ(Thank U)
ရိုးရိုးလေးပါပဲ..ရိုးရိုးလေးပြောရရင် ကျေးဇူးတင်ပါတယ်ခင်ဗျာ(Thank U)လို့ ပြန်ပြောလိုက်ပါ။ ဒါက သူတို့ရဲ့စကား လုံးတွေက မင်းကိုမထိခိုက်စေဘူးဆိုတာ သူ့ကိုပြသရုံတင်မကပဲ သင့်ရင့်ကျက်မှုကို ထုတ်ပြလိုက်သလိုပါပဲ။
နောက်တစ်ချက်က သူ့ကိုလျစ်လျူမရှုတာ ဒါမှမဟုတ် ဒေါသမထွက်အောင် သင်ရွေးချယ်လိုက်တာ က ရိုင်းစိုင်းမှုကို ခွင့်ပြုလိုက်တာတော့မဟုတ်ပါဘူး။ သင့်အဆင့်နဲ့ သူ့အဆင့်ကွာတယ်ဆိုတာ ပြလိုက်တာမျိုးပါ။ ကိုယ့်ကိုလာရိုင်းတော့မယ့်သူကို ဒီစကားတစ်ခွန်းတည်းနဲ့ဆွံအသွားအောင်လုပ်လို့ရပါတယ်။
မင်းအမြင်နဲ့သုံးသပ်မှုကိုတန်ဖိုးထားပါတယ်လို့တုံပြန်ပေးပါ
ဒါက ညဏ်ရည်မြင့်မားသူတွေ ပြဿနာကိုချည်းကပ်တတ်တဲ့နည်းတစ်ခုပါပဲ။ နောက်တစ်ချက်က ဘာကိုပြလဲဆိုတော့ မင်းဟာရင့်ကျက်နေပြီဆိုတာကို စကားလုံးအပြုအမူနဲ့ပြလိုက်တာပါပဲ။
ဘယ်လိုကြမ်းတမ်းတဲ့ မှတ်ချက်မဆို မင်းဘက်က အဆင့်ရှိရှိတုံ့ပြန်လိုက်တာက ဘာကိုပြလဲဆိုတော့ မင်းဘက်က ဂုဏ် သိက္ခာရှိရှိ၊ လေးလေးစားစားစကားပြောချင်တယ်ဆိုတာ ပြလိုက်တာပါပဲ။ အဲ့ဒီအခါသူတို့ဘက်ကလည်းထောက်ထားစာနာစိတ်ဖြစ်လာပြီး မင်းကို အမှန်တစ်ကယ်လေးစားစိတ် ဖြစ်လာပါစေလိမ့်မယ်။
ငါတို့စကားဝိုင်းကOverဖြစ်နေပြီလို့ပြောပါ။
တစ်ကယ်လို့ မင်းဘက်က ကောင်းကောင်းမွန်မွန် တုံပြန်နေတာကိုလက်မခံဘူးဆို မင်းဒေါသထွက်လာနိုင်ပါတယ်။ အဲ့ဒီလို ကိုယ့်ကိုကိုယ် ဒေါသထွက်လာတယ်လို့ ခံစားလာရရင် စကားဝိုင်းကို အဆုံးသတ်လိုက်ပါ။
မင်းဘက်ကတိတ်ဆိတ်လိုက်လို့ ဆက်ဆံရေးပျက်ပြားသွားမှာကို တွေးမပူပါနဲ့။ အဲ့ဒီလိုတွေးပူလိုက်မယ်ဆို မင်းမကြိုက်တဲ့မှတ်ချက်တွေနဲ့မေးခွန်းတွေကိုလက်ခံပြီးစကားဆက်ပြောနေရလိမ့်မယ်။ အဲ့ဒီလိုသူတို့ပြောတာကို အလိုက်သင့်လက်ခံလိုက်တာက မင်းကိုမင်း လေးစားမှုမရှိတာကိုပြလိုက်တာပါပဲ။
ဒီတော့ အငြင်းသန်သူတွေကို “ငါတို့စကားဝိုင်းကOverဖြစ်နေပြီလို့”ပြောပြီး စကားဝိုင်းကိုနှုတ်ထွက်လိုက်ပါ.ဒါက မကြာခင်ဖြစ်လာတော့မယ့် ငြင်းခုန်မှုတွေကိုလည်း အဆုံးသတ်သွားစေပါလိမ့်မယ်။
ခင်ဗျားတို့မှန်တယ်လို့ တုံ့ပြန်လိုက်ပါ(You all Right)
လူတော်တော်များများက ဒီစကားလုံးနှစ်လုံးပြောဖို့ အခက်တွေ့နေကြပါတယ်။ ဒီစကားလုံးက အငြင်းအခုံစကားဝိုင်းတစ်ခုဖြစ်ဖြစ်၊ သင့်ကိုတစ်သီတစ်တန်းကြီး ဝေဖန်တော့မယ့်လူမျိုးပဲဖြစ်ဖြစ် သူတို့ပါးစပ်တွေကို ပိတ်သွားစေမှာပါ။
ခင်ဗျားတို့မှန်တယ်လို့ ပြောချလိုက်မှတော့ သူတို့ဘာတွေထပ်ပြောနိုင်ဦးမှာလဲ?အဲ့ဒီလိုပြောလိုက်တာနဲ့ စကားဝိုင်းကနေ သင်ထထွက်သွားနိုင်ပါပြီ။
ဒီနည်းဗျူဟာက စိတ်ကျေနပ်မှု အပြည့်အဝမရရှိပေမယ့် သူတို့လိုချင်တဲ့အတိုင်း ဖြစ်မသွားတဲ့အခါ ပြောခွင့်မရလိုက်တဲ့အခါ အဲ့ဒီလူတွေရဲ့အပျော်တွေပျက်စီးသွားမှာပါ။ အဲ့တော့ မင်းကို ဘုကလန့်တွေ ကိုရိုးကားယားတွေလာပြောနေရင် “ခင်ဗျားမှန်တယ်”လို့ပြောလိုက်ပါ ၊ဒါကမင်းဘာသာမင်းရူးနေပါကွာလို့ ပြောလိုက်တာပါပဲ။
ခင်ဗျားကအဆိုးမြင်စိတ်အမြဲရှိနေတာပဲ လို့ သတိပေးတုံပြန်ပါ
စကားဝိုင်းတစ်ခုမှာ အဆိုးမြင်စိတ်ရှိတဲ့လူတစ်ယောက်ကြောင့် အခြားလူတွေကိုထိခိုက်စေနိုင်ပါတယ်။ စကားတစ်ခွန်းကိုထပ်ခါထပ်ခါပြောမယ် အဆိုးတွေချည်းပဲပြောနေမယ်ဆို မင်းအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အဆိပ်အတောက်ဖြစ်နေတဲ့ အပြုအမူ အပြောအဆိုတွေကို သတိထားမိအောင် ပြောပေးသင့်ပါတယ်။
အဲ့ဒီလိုပြောလိုက်ခြင်းဟာနောက်ထပ် နောက်ထပ်လာမယ့်စကားတွေနဲ့စကားဝိုင်းတွေမှာ မင်းနဲ့တခြားလူတွေအတွက် အကျိုးရှိစေမှာပါ။ ခင်ဗျားကအဆိုးမြင်စိတ်အမြဲရှိနေတာပဲလို့ သတိပေးတုံ့ပြန်လိုက်ပါ။ ဆိုလိုတာက လူယဉ်ကျေးစကားနားမလည်တဲ့သူတွေကိုသူတို့နားလည်တဲ့ဘာသာစကားနဲ့ပြောရတယ်..
ငါ့ကိုငါလည်းချစ်သလိုမင်းကိုလည်းချစ်ပါတယ်လို့တုံပြန်ပါ(I love Myself and I love You too)
ဒီစကားက တချို့အခြေအနေတွေအတွက်ပဲကောင်းပါတယ်။ ဆိုလိုတာက မင်းသူငယ်ချင်း မိသားစုအသိုင်းအဝိုင်းနဲ့ မင်းရဲ့အိမ်ထောင်ဖက်တွေအကြားမှာသုံးရင်ပိုကောင်းတဲ့စကားပါ။ မင်းရင်းနှီးရသူတွေနဲ့ အခြေအနေတစ်ခုခုကြောင့်တင်းမာမှုတွေဖြစ်တော့မယ့်အခါ ဒီစကားကိုသုံးပါ။
သူတို့ရဲ့ ဒေါသမီးတွေကို ရေနဲ့ဖြန်းလိုက်သလိုဖြစ်စေပါလိမ့်မယ်။ မင်းဘောစိရှေ့မှာ ဒါမျိုးစကားသွားပြီးသုံးရင်တော့မင်းကိုထူးဆန်းတဲ့အကြည့်နဲ့အကြည့်ခံရပါလိမ့်မယ်။ မင်းကို မကောင်းတဲ့ ဝေဖန်ချက် မောက်မာတဲ့ အပြောအဆိုနဲ့ ရန်တွေ့ဖို့လာတဲ့သူကို ငါ့ကိုငါလည်းချစ်သလို မင်းကိုလည်းခင်တယ် ချစ်တယ် လို့ပြန်တုံ့ပြန်လိုက်တာဟာ သူတို့ကို ကြောင်သွားစေမှာပါ။
ကြင်နာမှုဆိုတာ ဘယ်လိုအဆိုးတွေကိုမဆို လွှမ်းမိုးပစ်လိုက်နိုင်ပါတယ်။ အမှောင်ထုဆိုတာ အလင်းအောက်မှာပျောက် ဆုံးရတာပဲမလား? ဒါကြောင့် မင်းသူတို့ကို ကြင်နာမှုစကားတစ်ခွန်းလောက်ပြောလိုက်ရုံနဲ့ မင်းကို စကားလုံးတွေနဲ့တိုက်ခိုက်ဖို့လာတဲ့သူတွေဟာ သူတို့ရဲ့ ရင့်ရင့်သီးသီးစကားတွေကို ပြန်လည်ရုတ်သိမ်းသွားပါလိမ့်မယ်၊ ဒါကြောင့် ဒေါသနဲ့လာသူကို မေတ္တာစကားနဲ့တုံပြန်ပါ။
ရယ်မောပစ်လိုက်ပါ(Laugh)
ဒီတုံပြန်မှုက မင်းကိုရိုင်းစိုင်းတဲ့ ထိခိုက်နစ်နာအောင်ပြောတော့မယ့်လူတစ်ယောက်ကို အရှက်ရသွားစေပါလိမ့်မယ်။ ဆိုလိုတာက ညစာစားပွဲတစ်ခုမှာ မင်းကိုမနာလိုတဲ့လူတစ်ယောက်က မင်းလတ်တလောအလုပ်ပြုတ်သွားတဲ့ကိစ္စနဲ့စကားစလာတယ်ဆို ရယ်မောပစ်လိုက်ပါ။
ဒါက လေးနက်မှုလျော့သွားစေနိုင်တယ်ထင်ရပေမယ့် သင့်အပေါ်ရိုင်းစိုင်းတဲ့မှတ်ချက်၊ ထိခိုက်အောင်ပြောမယ့်စကားတွေကို လက်မခံဘူးဆိုတာ ပြသလိုက်တာပါ။
သင့်ဘဝကို ဘယ်သူ့ကိုမှ၊ ဘယ်လို အပျက်သဘောဆောင်တဲ့ စကားလုံးတွေကိုမှ မလွှမ်းမိုးပါစေနဲ့..ကဲဒီလောက်ဆိုရင် သင့်ကိုခနဲ့တဲ့တဲ့ပြောမယ့်၊ ပြင်းထန်တဲ့ဝေဖန်မှုတွေလုပ်တော့မယ့်၊ စကားလုံးတွေနဲ့တိုက်ခိုက်တော့မယ့် ရိုင်းစိုင်းတဲ့လူတွေကို ဘယ်လိုတုံပြန်ရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်……
#Lifestyle_Myanmar
#Mg_Htet
REF_Power Of possitivity