မင်္ဂလာဆောင်ပွဲကို တက်ရောက် ချီးမြှင့် ပေးမယ်ဆိုရင် အနက်ရောင် ဝတ်ဆင်ခြင်းက မသင့်လျော်တာကို အားလုံး သိထားပြီးသားဖြစ်မှာပါ။
ဘာလို့လဲဆိုတော့ တချို့လူတွေက အနက်ရောင်ကို နိမိတ်မကောင်းဘူး ဆိုပြီး မှတ်ယူကြတဲ့ အတွက်ပါ။
ဖက်ရှင်ဆိုတာမျိုးကလဲ ဘောင်ထဲမှ တသမတ်ထဲ ရှိနေရင် ရိုးသွားတတ်တာမို့ သူများနဲ့ မတူပဲ တမူထူးခြားစွာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ကြည့်လို့ရပါတယ်။
မှန်ကန်တဲ့ အဝတ်အစားကို ဝတ်ဆင်ပြီး သင့်တော်တဲ့ Accessories တွေကို လိုက်ဖက်ညီအောင် ရွေးချယ်တတ်မယ်ဆိုရင်တော့
မင်္ဂလာဆောင်မှာလဲ အနက်ရောင် အဝတ်အစားကို ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ မင်္ဂလာဆောင် သွားမယ်ဆိုရင် အနက်ရောင် အဝတ်အစားနဲ့ အဆင်ပြေအောင် ဘယ်လို ဝတ်ဆင်ရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
(၁) ဝတ်စုံ ရွေးချယ်ခြင်း
အဝတ်အစားရွေးချယ်တဲ့ နေရာမှာ အနက်ရောင် ဗြောင်ဝတ်စုံကို မရွေးချယ်ပဲ အဖြူရောင်ကွပ်ထားတဲ့ အင်္ကျီ ဖြစ်စေ အရိပ်အခက်တွေ၊
ပန်းပွင့်တွေ ပါတဲ့ ပွဲတက် ဝတ်စုံကို ဝတ်ဆင်ပေးမယ်ဆိုရင်တော့ လှလှပပ ယုံကြည်မှုရှိရှိနဲ့ သူများနဲ့ ကွဲထွက်နေတဲ့ ပုံစံတစ်မျိုးနဲ့ ဆန်းသစ်နိုင်မှာပါ။
(2) ကုတ်အင်္ကျီ ဝတ်ဆင်ကြည့်ပါ။
တဆက်တည်း ဗြောင်ဝတ်စုံကိုမှ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အရောင်တောက်တောက် ကုတ်အင်္ကျီရဲ့ အကူအညီကို ယူလို့ ရပါတယ်။
ထောက်ပံ့ပေးထားတဲ့ ကုတ်အင်္ကျီ လှလှလေးရဲ့ အကူအညီနဲ့ လိုက်ဖက် ကြည့်ကောင်းနေမှာကတော့ အမှန်ပါပဲ။
(3) Accessories တွေရဲ့ အကူအညီကို ယူပါ။
အနက်ရောင် ဝတ်စုံကို ပြိုးပြိုးပျက်ပျက် Accessories တွေနဲ့ တွဲပြီး မြင်ကြည့်လိုက်ပါ။ လတ်ဆတ်ပေါ့ပါးတဲ့ အသွင်မျိုးလေး ဖြစ်နေမယ်ဆိုကတော့ သေချာပါတယ်။
Accessories ဆိုတဲ့ နေရာမှာ ဆွဲကြိုး၊ လက်ကောက်၊ နားဆွဲ၊ လက်စွပ်၊ ဖိနပ်၊ အိတ်၊ ပုဝါ၊ ခါးပတ် အို... အစုံပါပဲ။ စိတ်ကူးရှိရင် ရှိသလို
ထွင်ဝတ် လို့ ရပါတယ်နော်။
ရှောင်ကြဉ်ရမယ့်အချက်တွေကိုလဲ ပြောပြပါအုံးမယ်နော်...
(1) အရမ်းဖော်ထားတဲ့ ဝတ်စုံကို ရှောင်ပါ။
ဒါကတော့ သိပြီးသား ဖြစ်မှာပါ။ အမြင်ရိုင်းတဲ့ ဝတ်စုံနဲ့တော့ သူများ မင်္ဂလာဆောင်ကို သွားမတက်လိုက်ပါနဲ့နော်။
(2) လွတ်လွတ်လပ်လပ် အဝတ်အစား
ကမ်းခြေမှာ လုပ်တဲ့ မင်္ဂလာဆောင်ကို သွားမယ်ဆိုရင်တော့ ဂါဝန်ရှည်ကြီးတွေအစား ပေါ့ပေါ့ပါးပါးနဲ့ လှနေတဲ့ အဝတ်အစားကိုပဲ ရွေးချယ်သင့်ပါတယ်နော်။
ဒီလောက်ဆိုရင်တော့ Textile ပရိသတ်ကြီးလဲ ဖက်ရှင်နဲ့ ပတ်သက်ပြီး အတွေးအမြင်သစ်လေးတွေ ရသွားလောက်ပြီလို့ ထင်ပါတယ်နော်။
ပျိုမေလေးတွေ ဘယ်အရောင်ကိုပဲ ဝတ်ဝတ် ယုံကြည်မှု ရှိဖို့ လိုတယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူးနော်။
Music Agencies & Band (35) ကိုသိရှိလိုပါနှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်....

Myanmar Wedding Guide