မင်းရဲ့လက်ရှိRSနဲ့ပက်သက်ပြီး သံသယဖြစ်နေတာတွေရှိလား။ သင့်အပေါ်မှာ သင်ရည်းစား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူရဲ့ ခံစားချက်ကစစ်မှန်မမှန်ရောသိချင်လား?
ဒါမှမဟုတ်ဆက်ဆံရေးတစ်ခု မျှမျှတတ ဆက်ဆံရေးမဟုတ်ဘူးလို့ခံစားနေရလား? ကံမကောင်းစွာပဲ အားနည်းတဲ့ဆက်ဆံရေးတစ်ခု ဒါမှမဟုတ် မမျှတတဲ့ဆက်ဆံရေးတစ်ခုဖြစ်နေတယ်ဆို ဖြစ်ရိုးဖြစ်စဉ်တစ်ခုတော့မဟုတ်ပါဘူး။
ဒါကသင့်ရည်းစား ဒါမှမဟုတ် ခင်ပွန်းက သင့်ကိုရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိပဲဖြစ်စေ သင့်ခံစားမှုကို နိမ့်လိုက် မြင့်လိုက်ဖြစ်အောင် သင့်ကို အသုံးချနေပြီလို့တော့ ပြောနိုင်ပါတယ်။ ။ဒါတွေကရောဘာကြောင့်ပြောင်းလဲလာရလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဒီလိုသင့်ကို အသုံးချပြီး သင်အချစ်နဲ့ယုံကြည်မှုကို ကစားနေတယ်ဆိုတာ ရှုပ်ထွေးတဲ့အခြေနေတစ်ခုပါ။ ဒါပေမယ့် သင်အသုံးချ ခံနေရလား အလှည့်စားခံနေရလားဆိုတာသေချာသိရင် အကြောင်းရင်းကိုရှာဖွေပြီး အချိန်မှီကုစားနိုင်ပါသေးတယ်။ ဒါကြောင့် သင်ဟာ အသုံးချခံဖြစ်မဖြစ်ဆိုတာ အောက်ကအချက်တွေကိုဖတ်ပြီးလေ့လာကြည့်လိုက်ပါမိတ်ဆွေတို့…
သင့်ကိုနီးနီးကပ်ကပ်မနေချင်တော့တဲ့ပုံစံပြမယ်
တစ်ကိုယ်ရေတည်းနေချင်တဲ့ပုံစံတွေပြလာပါလိမ့်မယ်။ အရင်လို သင့်ဘက်က စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာ နီးနီးကပ်ကပ်နွေးနွေးထွေးထွေးနေချင်ရင်တောင်သူ့ဘက်က အဲ့ဒီလိုလုပ်ဖို့စိတ်မဝင်စားဘူးဆိုရင် သူကမင်းကိုအသုံးချကောင်းအသုံးချနေတာပါ၊ ကဲဘယ်လိုမျိုးတွေလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်..
မင်းအကြောင်းတွေသိပ်စိတ်မဝင်စားတော့ဘူး
မင်းကိုအမှန်တစ်ကယ်ချစ်မြတ်နိုးတဲ့သူတစ်ယောက်ဟာ မင်းအကြောင်းတွေကိုစိတ်ဝင်စားမှာပေါ့..မင်းအကြောင်းတွေကိုပိုရှာဖွေမှာပေါ့။ မင်းကိုတစ်စုံတစ်ခုအတွက် သူတို့လိုချင်တာလောက်အတွက်ပဲ စိတ်ဝင်စားရင်တော့ မင်းနဲ့ပက်သက်တာတွေသိပ်စိတ်ဝင်စားတော့မှာမဟုတ်ပါဘူး။
သူတို့က မင်းကိုသူတို့လိုအပ်ချက်လောက်အတွက်ပဲ အသုံးချနေတာဖြစ်နိုင်ပါတယ်..ဆိုကြပါစို့ သူတို့နဲ့အတူအိပ်ဖို့လောက်ပဲ အသုံးချတာမျိုးဖြစ်တတ်ပြီး မင်းနဲ့ပက်သက်တဲ့နောက်ပိုင်းအကြောင်းအရာတွေကိုတော့သူတို့စိတ်ဝင်စားမှာမဟုတ်ပါဘူး။
သူ့အကြောင်းတွေမပြောပြတော့ဘူး
မင်းဘာတွေပဲလုပ်လုပ် မင်းရည်းစားဘာတွေလုပ်နေလဲဆိုတာသိရမှာမဟုတ်တော့ဘူး။ မင်းကိုလျို့ဝှက်မှုတွေလုပ်ပါလိမ့်မယ်။ Sundayမှာဘာလုပ်ဖို့ရှိနေလဲဆိုတဲ့ ရိုးရှင်းတဲ့အရာတွေကိုတောင် မင်းကိုသူပြောတော့မှာမဟုတ်ပါဘူး။ သူ့စိတ်ခံ စားမှုအကြောင်းတွေကိုလည်း သိရလိမ့်မှာမဟုတ်တော့ဘူး..
ပျင်းစရာကောင်းတဲ့စကားဝိုင်းကိုပဲရလိမ့်မယ်
တစ်စုံတစ်ယောက်က သူစိတ်ဝင်စားမှုမရှိတော့တဲ့အရာတွေကို နက်နက်ရှိုင်း ထိတွေ့ဆက်ဆံလိုစိတ်မရှိတော့ပါဘူး။ အဲ့ဒီအခါဘာတွေဖြစ်လာလဲဆိုတော့သွေ့ခြောက်တဲ့ ပျင်းစရာကောင်းတဲ့စကားစမြည်ပြောဆိုမှုတွေပဲဖြစ်လာတော့မှာဖြစ်ပါတ ယ်။ တစ်ခုခုဆို စကားစကားပြောဆိုမှုကိုရုတ်သိမ်းဖို့ပဲကြိုးစားပါလိမ့်မယ်
သူ့ဘဝအသက်တာမှာသင်မပါဝင်ပါ
အဲ့ဒီလူမှာ သူ့ဘဝအတွက် ရေတိုရေရှည် အစီအစဉ်တွေရှိကောင်းရှိပါလိမ့်မယ်. ဒါပေမယ့် သူရေးထားတဲ့ အစီအစဉ်တွေထဲမှာ မင်းတော့ပါဝင်မှာမဟုတ်ပါဘူး။ သူကမင်းအကြောင်းတစ်လုံးမှမပါတဲ့ သူ့အတွက်စဉ်းစားထားတဲ့အကြောင်းတွေပဲပြောပါလိမ့်မယ်။
သူ့ရဲ့အောင်မြင်မှုတွေနဲ့ဘဝဖြစ်ရပ်တွေကိုလည်း သူများတွေထက်နောက်ကျပြီးမှ မင်းသိခွင့်ရတတ်ပါတယ်။ ဒါကဘာကိုပြလဲဆိုတော့ သူ့ဘဝအစိတ်အပိုင်းမှာ မင်းက အရေးမကြီးတော့ဘူးဆိုတာပါပဲ။
သင့်ခံစားမှုတွေကို ဂရုမစိုက်တော့ဘူး
မင်းရဲ့စိတ်ခံစားမှုတွေ မင်းဘာတွေခံစားနေရလဲဆိုတာ သူ့ကိုပြောပြပေမယ့် သူကတော့ ဂရုစိုက်တော့မှာမဟုတ်ပါဘူး။ တချို့ကိစ္စတွေကိုမင်းဘက်က ဘယ်လောက်ဆွေးနွေးဖို့ကြိုးစားစား သူ့ဘက်က ပခုံးတွန့်ပြပြီးမင်းခံစားမှုတွေကိုပေါ့ရွှတ်သွားအောင်လုပ်ပစ်ပါလိမ့်မယ်။ သူကဂရုစိုက်ချင်ဆောင်ခဲ့ရင်တောင် သူမင်းအတွက်တစ်ကယ်တော့ဘာမှမလုပ်ခဲ့ဘူးဆိုတာ မင်းသိလာရပါလိမ့်မယ်။
သူနဲ့သိတဲ့လူတွေကိုမင်းကိုဘယ်တော့မှတွေ့ဆုံခွင့်မပေးဘူး
သင်တို့အပြင်ကို ခနခနသွားဖူးကြပေမယ့် သူ့မိသားစုဖြစ်ဖြစ် သူ့မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မင်းဘယ်တော့မှတွေ့ဆုံခွင့်ရခဲ့မှာမဟုတ်ပါဘူး။ သင့်ဘက်ကမေးရင်တောင် သူကစကားလမ်းကြောင်းလွှဲတာတို့ သင့်စကားကို ဆက်ပြောခွင့်မရအောင်လုပ်ပါလိမ့်မယ်။
သင့်ကိုချစ်မြတ်နိုး ဂရုစိုက်တဲ့သူတစ်ယောက်ဟာ သူ့အသိုင်းအဝိုင်းမိတ်ဆွေတွေနဲ့မင်းကိုပိုတောင် တွေ့စေချင်ဦးမှာပါ။ ဒါပေမယ့် မင်းကို အသုံးချ လိမ်ညာနေတဲ့သူတစ်ယောက်ကတော့ မင်းကိုသူ့အစိတ်အပိုင်းတွေထဲမှာ ရှင်သန်ခွင့်ပေးမှာမ ဟုတ်ပါဘူး။
သူကတစ်ကိုယ်ကောင်းဆန်တယ်
ပတ်ဝန်းကျင်မှာဆိုးရွားတဲ့အရာတစ်ခုက တစ်ကိုယ်ကောင်းဆန်တာပါပဲ။ ဆက်ဆံရေးတစ်ခုမှာ ဒါကအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်၊ ဒါကမင်းကို အသုံးချနေတယ်ဆိုတဲ့ အရှင်းလင်းဆုံးနိမိတ်လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ ကဲတကိုယ်ကောင်းဆန် မဆန်ဘယ်လိုကြည့်မလဲအောက်မှာလေ့လာကြည့်ရအောင်..
သူ့အကြိုက်တွေကိုပဲတောင်းဆိုမယ်
RSတစ်ခုဆိုတာ အပေးအယူညီမျှရပါတယ်။ တစ်ကယ်လို့မင်းလူက သူ့အကြိုက်တွေကိုပဲတောင်းနေတယ် သူ့အတွက်ပဲသူကြည့်နေတာပဲဆိုရင် သေချာတယ်.သူဟာသူ့အတွက် မင်းကို အသုံးချနေတာပါပဲ။ မင်းစိတ်ထဲမှာ သူ့ဆီကဘာမှပြန်မရဘူးလို့ခံစားနေရလား? ဒါဆိုရင်တော့ ဒီလူဟာ မင်းကိုအသုံးချပြီး သူတို့ကိုယ်ကျိုးအတွက်ပဲ အသုံးချနေတယ်လို့ဆိုနိုင်ပါတယ်..
ကတိခနခနဖျက်
ကတိဆိုတာ သမီးရည်းစားတွေကြားမှာတော်တော် အရေးကြီးတဲ့အရာပါ။ ဒါပေမယ့် သင့်လူနဲ့ပက်သက်ပြီး အချိန်တိုင်းလိုလို သဘောမတူညီမှုတွေ ကတိဖျက်မှုတွေနဲ့ ကြုံနေရတယ်ဆို သူဟာသင့်ကို အလေးမထားသလို သူ့အကျိုးအတွက် သင့်ကိုအသုံးချရုံလူတစ်ယောက်ဆိုတာ ပြောလို့ရနိုင်ပါတယ်။
မင်းဆီကတစ်ခုခုကိုချေးငှားမယ်
တစ်ကယ်လို့ မင်းလူက မင်းဆီက တစ်ခုခုကို ချေးငှားဖို့မင်းကိုပြောပြောနေတယ်ဆို သတိထားပါ။ သူကသူလိုချင်တာတွေအတွက် မင်းကို အဖြည့်ခံအနေနဲ့ အသုံးချနေတာဖြစ်နိုင်ပါတယ်။
ငွေရေးကြေးရေးမှီခိုမယ်
RSတစ်ခုမှာ ဝင်ငွေဝင်တဲ့ အဆင့်ကတော့အမျိုးမျိုးရှိကြပါတယ်။ နှစ်ဦးလုံးသဘောတူရင် ငွေရေးကြေးရေးမှီခိုတဲ့ကိစ္စကပြဿနာမရှိပါဘူး။ ဒါပေမယ့် သင့်လူက သူ့ငွေကိုတော့သင်မသိအောင်တင်းတင်းကျပ်ကျပ်ထားမယ်၊ ဒါမှမဟုတ် တစ်ခုခုဝယ်ဖို့အကြောင်းပြချက်တွေကြောင့် သင့်ဆီကပဲသုံးပြီး သူ့ပိုက်ဆံကိုတော့သူ့ဘာသာသုံးမယ်ဆိုရင် သတိထားပါ။
ဒါဟာနောက်ထပ်ဆက်ဆံရေးအသစ်တစ်ခုအပြုအမူအသစ်တစ်ခုမဟုတ်ဘူးလို့မပြောနိုင်ဘူးမလား? သင့်ကိုငွေရေးကြေးရေးအရမှီခိုနေသူဟာ သင့်ကိုအသုံးချနေတယ်လို့မပြောနိုင်ဘူးလား?
အိပ်ခန်းထဲတောင် တစ်ကိုယ်ကောင်းဆန်မယ်
မင်းရဲ့လူနဲ့ အိပ်ခန်းထဲမှာ ချစ်ရည်လူးတဲ့အချိန်တွေကို သတိထားကြည့်ပါ။ လိင်ပိုင်းဆိုင်ရာဆက်ဆွမှုဆိုတာ အပေး အယူမျှတရတယ်မလား?
သူကSexပိုင်းဆိုင်ရာမှာတောင် သူ့စိတ်လိုအပ်ချက်အတွက်ပဲကြည့်ပြီး သင့်ဘက်ကို လုံးဝမကြည့်တတ်တဲ့လူတစ်ယောက်ဆို ဒီလူဟာ အတ္တကြီးပြီး သင့်ကို လိင်ဆက်ဆံဖို့အတွက်သာအသုံးချနေတဲ့လူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။
ပွေ့ဖက်နွေးထွေးမှုမရှိဘူး
ချစ်ခင်ရင်းနှီးမှုဆိုတာမှာ ရင်းနှီးနွေးထွေးမှုပုံစံအမျိုးမျိုးကွဲပြားကြပါတယ်။ သင့်ကိုယုယုယယ နွေးထွေးမှုတွေဘာမှမလုပ်ပေးတော့တဲ့ လူတစ်ယောက်ဟာ သင့်အပေါ်မှာစိတ်ဝင်စားမှုမရှိတော့ဘူးဆိုတာကိုပြနေတာပါ။ သင်နဲ့တော့အတူရှိနေမယ်၊ သူလိုချင်တာတွေကိုရအောင်ယူမယ် သူ့အတွက်ပဲသူကြည့်မယ်စတာတွေဟာ သင့်ကိုလိမ်လှည်လည့်ဖျားအသုံးချနေတယ်ဆိုတာပြေလို့ရပါတယ်..ဘယ်လိုမျိုးတွေလဲဆိုတာကြည့်လိုက်ရအောင်..
အမှတ်တရနေ့စွဲတွေမရှိတော့ဘူး
အကြောင်းပြချက်အချို့နဲ့အတူ အမှတ်တရနေ့သစ်တွေကိုမင်း ရည်းစားကမင်းဆီယူဆောင်လာတော့မှာမဟုတ်ပါဘူး။ မင်းကတစ်ခုခုကိုတောင်းဆိုမယ် အကြံပေးမယ်ဆိုရင်လည်း သူစိတ်ဝင်စားမှာမဟုတ်ပါဘူး။ နောက်ဆုံးမင်းတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်တောင်Romanticမဆန်တော့ဘူး ကြည်နူးစရာမကောင်းတော့ဘူးဆိုရင်တော့ မင်းတို့အချစ်ဇာတ်လမ်းက ငြီးငွေ့ဖို့ကောင်းနေပါပြီနော်…
ထူးထူးခြားခြားဘာမှမခံစားရတော့ဘူး
မင်းကိုဆက်ဆံတာဟာတခြားလူတွေကိုဆက်ဆံတာနဲ့ ဘာမှမထူးခြားတော့ဘူး တစ်ခုခုမှားယွင်းနေသလို တန်ဖိုးမထားသလိုခံစားနေရလိမ့်မယ်ဆိုသူဟာ မင်းကို သူ့ရဲ့လိင်ပိုင်းဆိုင်ရာနဲ့ အကျိုးစီးပွားအတွက်ကလွှဲပြီးဘာလေးနက်မှုမှမရှိတော့တာဖြစ်နိုင်ပါတယ်။
နွေးထွေးမှုမရှိ
မင်းရဲ့လက်ကလေးကိုတောင်မကိုင်တော့ဘူး၊ မင်းကိုပွေ့ဖက်မှုလေးတောင်မရှိတော့ဘူး။ အမြဲနမ်းနေကျနဖူးလေးကိုတောင် မနမ်းတော့ဘူးဆိုရင် မင်းဟာသူ့ကို ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုတောင်မလုပ်နိုင်တော့ဘူးလို့ထင်စရာပါပဲ။ ဒါကသူဟာ မင်းအပေါ်မှာ ဘာခံစားမှုမှ မရှိတော့တာလည်းဖြစ်နိုင်ပါတယ်။
အရာရာတိုင်းသူ့အချိန်ဇယားအတိုင်းသွားတယ်
အရာရာအတိုင်းသူ့သဘောကျပဲလုပ်မယ်၊ သူ့အချိန်ဇယားအတိုင်းပဲသွားမယ်၊ နှစ်ဦးကြားမှာ ဘာအပေးအယူမှမရှိတော့ဘူးဆိုရင် ဒါဟာ ကျန်းမာတဲ့RSတစ်ခုမဟုတ်ဘူးဆိုတာပြနေတာပါပဲ။ သင့်စိတ်ဆန္ဒကိုအလေးထားတော့မှာမဟုတ်ပါဘူး။ ဒါဟာသင့်ကိုအသုံးချနေတဲ့လူတစ်ယောက်ဆိုတာသိနိုင်မယ့် အနီရောင်သတိပေးချက်တစ်ခုပါပဲ။
နောက်ဆုံးအတွေးများ
တစ်စုံတစ်ဦးကို အသုံးပြုပြီး သူတို့ဘဝအတွက်ပန်းတိုင်တွေရှာတဲ့သူတွေရှိပါတယ်.ဒါဟာလုပ်ရိုးလုပ်စဉ်တစ်ခုလိုပြောနိုင်ပေမယ့် အလွန်ရက်စက်ပြီးခံစားရတဲ့သူတွေမှာ နာကျင်ရပါတယ်။ ဒါဟာနောက်ဆုံးမှာ ဆက်ဆံရေးတစ်ခုရဲ့ပျက်စီးမှုကိုဖြစ်စေပြီး ကိုယ့်ဘဝကို ထိခိုက်နစ်နာစေပါတယ်။
တစ်ကယ်လို့ သင့်ရဲ့ရည်းစား ဒါမှမဟုတ် အိမ်ထောင်ဖက်ဟာ သင့်ကို အသုံးချနေပြီ လိမ်လှည်လည့်ဖျားနေပြီလို့ထင်ရရင် သင့်နှလုံးသားအကြောင်းကို လေးလေးနက်နက်ရင်ဖွင့်ပြီးပြောပြပါ။လိမ်လည်ဆက်ဆံခံနေရတာထက်ပြတ်စဲသွားတာက ပိုကောင်းမွန်နိုင်ပါတယ်. သင့်ရဲ့တန်ဖိုးကိုသတိရပြီး အနာဂါတ်မှာ အဟောင်းထက်ကောင်းမွန်တဲ့ အသစ်အသစ်သောအရာတွေရှိထားတယ်ဆိုတာသိထားပါ…
#Lifestyle_Myanmr
#Mg_Htet
REF_Powrofpossitivity