သင်ပြုံးဖူးလား? ဘယ်လောက်ပဲကြမ်းတန်းခက်ထက်တဲ့ လူတစ်ယောက်ပဲဖြစ်ပါစေ သူ့ရဲ့ဘဝမှာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးဖူးခဲ့တဲ့အချိန်တွေရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ အပြုံးတွေကို အတင်းအကြပ်ကြီး ပိတ်ပင်ပစ်လိုက်တာဟာ ကျွန်တော်တို့ကို ပျော်ရွှင်မှုတွေ ကင်းမဲ့သွားစေနိုင်ပါတယ်.
နောက်သင့်ရဲ့ဆွဲဆောင်မှုတွေ၊ ကောင်းမွန်တဲ့ကျန်းမာရေးအတွက်လည်း အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ သုတေသနတွေမှာဖော်ပြထားပါတယ်။ သင်စိတ်ဖိစီးမှုတွေအရမ်းဖြစ်နေလား? စိတ်ညစ်စရာတွေနဲ့ပြည့်နေလား? ဒါဆိုရင်တော့ သင်ပြုံးတတ်ဖို့လိုအပ်နေပါပြီ၊ ဆိုလိုတာက ဘဝအမောတွေထဲက ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးရမယ့်အပြုံးတွေသင်လိုအပ်နေပါပြီ။
မျက်နာကြီးတည်ထားရတာသင်ပင်ပန်းနေပြီမလား?ကဲ ဒီတော့ ပြုံးခြင်းအနုပညာက ကျွန်တော်တို့အတွက် ဘာကောင်း ကျိုးတွေရနိုင်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်…
ပြုံးခြင်းက ကျွန်တော်တို့ကို ပျော်ရွှင်အောင်လုပ်ပေးတယ်
ပြုံးဖို့အတွက် ကျွန်တော်တို့က ဘာတစ်ခုခုကိုမှ စောင့်ဆိုင်းနေဖို့မလိုအပ်ပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ပြုံးခြင်းက ပျော်ရွှင်မှုကို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ဘယ်လိုပြုံးကြမလဲ?
ကျွန်တော်တို့ နှုတ်ခမ်းတွေတင်မကပဲ မျက်လုံးတွေကိုပါ ပြုံးစေတဲ့ အပြုံးမျိုးပေါ့၊ ဒါက တခြားလူတွေကိုပါ ကျွန်တော်တို့ရဲ့ခံစားမှုတွေကို ကူးစက်ပျံနှံစေပါတယ်။ နှုတ်ခမ်းလှုပ်ရုံအပြုံးမျိုးက ယဉ်ကျေးမှုအရ ဒါမှမဟုတ်လူမှုဆက်ဆံရေးအတွက် အလိုအလျောက်ကျွန်တော်တို့သုံးနေကျအပြုံးမျိုးပေါ့..
နောက် ကျွန်တော်တို့ ဟန်ဆောင်ပြီးပြုံးတာမျိုးလည်းရှိကောင်းရှိနိုင်မှာပါ..လေ့လာမှုတွေအရ ဘယ်လိုပဲပြုံးပြုံး ပြုံးခြင်းက ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။
စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ပြုံးခြင်းက ကျွန်တော်တို့ကိုယ်တိုင်အတွက်တင်မကပဲတခြားလူတွေအတွက်ပါကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်..ကဲဘယ်လိုအကျိုးတွေရှိလဲ အောက်မှာ ထပ်လေ့လာလိုက်ပါဦး..
တခြားလူတွေနဲ့ဆက်သွယ်ပေးတယ်
ပြုံးတယ်ဆိုတာ ဖော်ရွေခြင်း၊ ပွင့်ပွင့်လင်းလင်းနဲ့ထိတွေ့ဆက်ဆံလိုစိတ်ရှိကြောင်းဖော်ပြချက်တစ်ခုလည်းဖြစ်ပါတယ်။ ဒါက စကားလုံးနဲ့မနှုတ်ဆက်တဲ့ ယဉ်ကျေးတဲ့ ဟဲလို(Hello)လို့နှုတ်ခွန်းဆက်ခြင်းလည်းဖြစ်ပါတယ်။ သင့်ရဲ့ အပြုံးသာ သင့်ဆက်ဆံရေးအတွက်အထောက်အကူပြုနိုင်ပါတယ်..
မျက်နာကြီးတင်းမာပြီး တစ်ကမ္ဘာလုံးသူ့လုပ်စာထိုင်စားသလိုနေတဲ့သူတွေနဲ့ ဖော်ရွေတဲ့အပြုံးလေးနဲ့ဆက်ဆံတတ်သူကို လူတွေဘယ်သူ့ကို ပိုခင် ပိုစကားပြော ပေါင်းသင်းဆက်ဆံကြမယ်ထင်ပါသလဲ? ဒါကြောင့် မျက်နှာထားတင်းတဲ့လူတွေနဲ့တွေ့ရင်တောင်Helloဆိုပြီး ပြုံးပြနှုတ်ဆက်လိုက်ပါ…သင်ကောင်းမွန်တဲ့ အရာတစ်ခုခုတော့ ပြန်ရမှာပါ။
စိုးရိမ်မှုနဲ့စိတ်ဖိစီးမှုလျော့နည်းစေတယ်
သင်နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးလိုက်တဲ့အခါ endorphins နဲ့ cortisolလို့ခေါ်တဲ့စိတ်ဖိစီးမှုနဲ့သက်ဆိုင်တဲ့ ဟော်မုန်းတွေကို လျော့ချပေးလိုက်ပါတယ်။
စိတ်ဖိစီးနေတဲ့အချိန်ပြုံးခြင်းက ကျွန်တော်တို့ကို မပျော်ရွှင်စေပေမယ့် တင်းမာမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် နှစ်နှစ်ခြိုက်ခြိုက် ပါးစပ်ကြီးပြဲပီး မျက်လုံးကြီးပြူးနေအောင်သာပြုံးပါ။ သင့်ရဲ့စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေ အမှန်တစ်က ယ်လျော့နည်းသွားစေတာ တွေ့ရပါလိမ့်မယ်။
ပြုံးတာကအသက်ရှည်စေမယ်
သိပ္ပံပညာရှင်တွေကာ ပြုံးတာနဲ့အသက် ဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။ ပွင့်ပွင့်လင်းလင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးတတ်တဲ့ အားကစားသမားတွေဟာ ပျမ်းမျှအသက် ၈၀နီးပါးသက်တမ်းရှည်တာကို အံသြဖွယ်တွေ့ရှိခဲ့ကြပါတယ်။
တခြားလေ့ လာမှုတစ်ခုက ပြုံးခြင်းဟာ သေးငယ်တဲ့ neurotransmitter တွေကို ထုတ်လွှတ်ပေးပြီး အပန်းဖြေခြင်းကိုအားပေးတယ်လို့ဆိုပါတယ်။ ပြုံးခြင်းက သင့်ကိုယ်ခံအားစနစ်ကို တိုးတက်စေတယ်လို့ဆိုပါတယ်။
ပြုံးတာကမင်းကိုပိုပြီးဆွဲဆောင်မှုရှိစေတယ်
ယုံကြည်မှုရှိတဲ့အပြုံးဟာကြည့်ကောင်းတာထက် ပိုပြီးဆွဲဆောင်နိုင်ပါတယ်။ အမေရိကန်အလှကုန်ပစ္စည်းသွားဘက်ဆိုင်ရာကုသရေးအကယ်ဒမီမှလေ့လာမှုတစ်ခုအရအမေရိကန်အရွယ်ရောက်သူများရဲ့ ၉၆ ရာခိုင်နှုန်းရဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးဟာ ဆန့်ကျင်ဘက်လိင်ရှင်များကိုပိုမိုနှစ်သက်ဖွယ်ဖြစ်စေတယ်လို့ယုံကြည်ကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဘာန်မှသုတေသီတွေ တွေ့ရှိချက်အရယောက်ျားနဲ့မိန်းမနှစ်မျိုးစလုံးအတွက်ဆွဲဆောင်မှုအားနည်းသော် လည်းပြုံးနေတဲ့ပျော်ရွှင်ဖွယ်ကောင်းတဲ့ မျက်နှာတွေက ဆွဲဆောင်မှုရှိသော်လည်းမပြုံးပဲခပ်တည်တည်နေတဲ့သူတွေထက် ဆန့်ကျင်ဘက်လိင်တွေကိုပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဆိုပါတယ်။
မစ်ဆူရီရှိ Webster တက္ကသိုလ်က ဒေါက်တာ Monica Moore က စကားလုံးမပါပဲပိုးပန်းခြင်းတွေကိုလေ့လာခဲ့ပါတယ်။ အရက်ဆိုင်နဲ့Barတွေမှာ နှုတ်ခမ်းမှာ အပြုံးဆင်မြန်းပြီး မျက်လုံးနဲ့Eye Contactလုပ်တဲ့သူတွေဆီကို ရုပ်ရည်လှပပေမယ့် မပြုံးတဲ့လူတွေထက် မိန်းမတွေ ပိုပြီးချဉ်းကပ်ကြတယ်လို့ဆိုပါတယ်။
ပြုံးတာကလူတွေမင်းကိုအမှတ်ရစေတယ်
ပြုံးပြတာက သင့်ကိုအပြုသဘောဆောင်တဲ့နည်းနဲ့ လူတွေကို အာရုံစိုက်စေလိုက်တာပါပဲ။ ဆရာ ဆရာမတွေက ကျောင်းခန်းထဲမှာ မျက်နှာ ခပ်ပြုံးပြုံးနဲ့စာသင်နေတဲ့ကျောင်းသားတွေကို ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်တွေပေးလေ့ရှိသလို ပိုမှတ်မိပြီး အထောက်အပံလည်းပေးတတ်ကြပါတယ်။
တစ်ခုတော့ရှိပါတယ်၊ အဲ့ဒီလို ကျောင်းသားတွေက စာလည်း ပိုအမေးခံရလေ့ရှိတာပေါ့။ နောက် ဘောစိတွေသင့်အလုပ် ရှင်တွေကလည်း နှုတ်ဆက်တဲ့အခါ ရင်းနှီးပွင့်လင်းတဲ့အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်တဲ့ လက်အောက်ငယ်သားတွေကို တ ခြားလူတွေထက် ပိုပြီး မှတ်မိတတ်ပါတယ်။
ပြုံးခြင်းကအောင်မြင်မှုဆီခေါ်ဆောင်လိမ့်မယ်
လေ့လာမှုတွေအရ အလုပ်နဲ့ကျောင်းတွေမှာ ပွင့်လင်းဖော်ရွေတဲ့ အပြုံးပိုင်ဆိုင်ထားသူတွေက မပြုံးသူတွေထက်မိုမိုတော်ကြပြီး လူပေါင်းဆန့်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ကယ်လီဖိုးနီးယားတက္ကသိုလ်တွေမှာလုပ်တဲ့ လူပေါင်း၃သိန်းနီးပါးပါဝင်တဲ့ လေ့လာမှုပေါင်း၂၂၅ခု မှာပျော်ပျော်ရွှင်နေတဲ့လူတွေဟာ မပျော်မရွှင်ဖြစ်နေသူတွေထက် ဘဝမှာ အောင်မြင်မှုပိုရကြတယ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့်ပျော်ရွှင်မှုဟာအောင်မြင်မှုဆီ ဦးတည်နေပါတယ်။
ပြုံးခြင်းအနုပညာ
တစ်ခါတစ်လေ ဘဝအမောတွေကြောင့် ကျွန်တော်တို့ဟာ ပြုံးဖို့ကိုတောင်မေ့နေကြပါတယ်။ သင်ပြုံးနေတဲ့အခါ တစ်က မ္ဘာလုံးက သင်နဲ့အတူလိုက်ပြုံးနေကြမှာပါ။
သင်မဲ့နေရင် ငိုနေရင်တော့ဘယ်သူကမှ စိတ်ညစ်ခံပြီး လိုက်ငိုနေကြမှာ မဟုတ်ပါဘူး။ လမ်းပေါ်က လူတွေအားလုံးဟာ တစ်ယောက်ကိုတစ်ယောက် အပြုံးတွေနဲ့ ဆက်ဆံနေကြမယ်ဆိုရင် ကမ္ဘာကြီးကို ပိုမိုကျန်းမာစေပြီးလုံခြုံစိတ်ချစေပါလိမ့်မယ်။
ကဲ..မျက်နှာထားတည်တည်ကြီးနေတတ်သူတွေလည်း ကျန်းမာရေးနဲ့သင့်ကောင်းကျိုးအတွက် ပြုံးခြင်းအနုပညာအကြာင်းလေးဖတ်ပြီး ပြုံးပျော်ရယ်မောနိုင်ကြပါစေနော်….
#Lifestyle_Myanmar
#Mg_Htet
REF_psychcentral.com