လူရယ်လို့ဖြစ်လာကတည်းက ဘဝရဲ့အချိုးအကွေ့တွေမှာ လူပေါင်းစုံနဲ့ပတ်သတ်ဆက်နွယ်လာရသလို စိတ်ပေါင်းစုံနဲ့လဲဆက်ဆံပေါင်းသင်းရပါတယ်။ ဒီလိုလူမျိုးစုံ စိတ်ပေါင်းစုံအထဲကမှကိုယ့်ရဲ့ရုပ်ပိုင်း၊ စိတိပိုင်းဆိုင်ရာတွေနဲ့ပတ်သတ်ပြီး ကို ယ့်ကိုကိုယ်စိတ်ဝင်စားမှုလွန်ကဲနေသလို အများရဲ့အာရုံစိုက်ခြင်းကိုလဲလိုချင်ကြသူတွေ တနည်းအားဖြင့် ကိုယ့်အတွက်ကို သာဦးစားပေးလွန်း၊ တကိုယ်ကောင်းစိတ်များသူတွေကို narcissists လို့သတ်မှတ်ပါတယ်။
တကိုယ်ကောင်းစိတ်များတဲ့narcissists များ
သင့်ဘဝအချိုးအကွေ့တွေမှာလဲ ဒီလိုရုပ်ပိုင်းဆိုင်ရာသွင်ပြင်လက္ခဏာ၊ စွမ်းဆောင်ရည်တွေကိုသာအမြဲလိုလို အာရုံစူးစိုက်နေတတ်တဲ့လူတွေကိုလဲတွေ့ဖူးကြုံဖူးကောင်း ကြုံဖူးနိုင်ပါလိမ့်မယ်။
အဲ့လိုလူတွေဟာ တခြားဘာတွေဖြစ်နေနေသူတို့ထင် ပေါ်ဖို့၊ ပေါ်ပြုလာဖြစ်ဖို့ကိုသာ တွေးနေတတ်ကြပြီးသူတို့နဲ့ပတ်သတ်သမျှအရာရာတိုင်းမှာ သူတို့အကြောင်းကိုသာမီးမောင်းထိုးဖော်ပြတာမျိုးလူအများရဲ့အာရုံစိုက်ခြင်းခံရတာမျိုးသာ လိုချင်ကြသူတွေလဲဖြစ်ပါတယ်။
ဒါဟာတခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါလုံးဝအဆင်မပြေဖြစ်စေတဲ့အပြုအမူတခုလဲဖြစ်ပါတယ်။ သို့သော် ဒီလိုလူအများစုကတော့သူတို့ဘယ်လိုဖြစ်နေတယ် ဘယ်လိုအပြုအမုူမျိုးလုပ်မိနေလဲဆိုတာတောင် သိပုံမရပါဘူး။
သူတို့ဟာတခြားလူတွေရဲ့အာရုံစိုက်ခံရမှုအလယ်ဗဟိုမှာသာ နေထိုင်လိုကြတဲ့အတွက်သူတို့ကိုတခြားလူတွေအလေးပေးတာခံရရင်ပြီးရောဆိုတဲ့စိတ်နဲ့ ရုပ်ပိုင်းသွင်ပြင်ကိုလဲထင်ပေါ်အောင်ပြင်ဆင်ခြယ်သ၊ သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလဲ နည်းဗျူ ဟာပေါင်းများစွာနဲ့အလွန်အမင်း ဖော်ထုတ်ပြ၊ ပြောဆိုတတ်ကြပါတယ်။
ဒါကြောင့်သင်လဲ အရမ်းစမတ်ကျတဲ့(narcissist)တယောက်နဲ့ဆုံမိရင်တော့သူတို့ကြိုးကိုင်ခြယ်လှယ်တဲ့နည်းဗျူဟာတွေထဲမှာသင်ဟာသူတို့ရဲ့သားကောင်ဖြစ်သွားနိုင်ကောင်း ဖြစ်လာပါလိမ့်မယ်နော်။ ဒီလိုမလွှဲသာလို့ဆုံမိတဲ့အခါ သင်ဘယ်လိုတုန့်ပြန်မလဲ၊ သူတို့ကြောင့်သင်စိတ်ဒုက္ခဖြစ်ရတာကိုဘယ်လိုကာကွယ်မလဲ၊ အဖြေကတော့ ရှင်းရှင်းလေးပါ။
နားလည်မှုပေးလိုက်တာပါပဲ။ ဆုံမိမှတော့သင့်အနားမှာရှိနေတဲ့သူတွေဆီက သင့်စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ အပြုအမူတွေကို အသိအမှတ်ပြုသလိုမျိုးနဲ့ နားလည်လက်ခံပေးလိုက်ပါ။သူတို့နဲ့လိုက်လျောညီထွေဖြစ်အောင်သာနေပေးလိုက်ပါ။ နောက်မှသာ ဝေးဝေးပြေး၊ မြန်မြန်ရှောင်ပေါ့နော်။
ကိုယ်နဲ့ပတ်သတ်တာတွေကိုအလွန်အမင်း အာရုံစိုက်၊ကိုယ့်အခြေအနေကိုသာဦးစားပေး၊ ကိုယ့်စိတ်နဲ့ကိုယ်ဘဝင်မကျဖြစ်နေတတ်တဲ့သူတွေရဲ့ ပစ်မှတ်ဟာ လူအများရဲ့မျက်လုံးတွေ သူတို့ဆီမှာတဝဲလည်လည်ဖြစ်နေဖို့ပါပဲ။ ဒီ့ထက်ဘာမှသူတို့အ တွက်အရေးမကြီးပါဘူး။
သို့သော် သင့်မျက်လုံးတွေ သူတို့ဆီအာရုံမကျမိအောင် သင့်ကိုသင်ထိန်းပြီးနေလို့ရပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ ကိုယ့်ကိုကိုယ်အာရုံစိုက်မှုလွန်ကဲနေသူတွေ၊ စိတ်ဝင်စားမှုများနေသူတွေ၊ကိုယ့်အခြေနေကိုသာကိုယ်ကြည့်ပြီးအများရဲ့မျက်စိကျမှုအလယ်ဗဟိုမှာသာအမြဲနေထိုင်လိုကြသူတွေမကြာခဏဆိုသလိုလုပ်မိတတ်တဲ့ အပြုအမူအချို့ပဲဖြစ်ပါတယ်။ ကြည်လိုက်ကြရအောင်နော်။
အာရုံစူးစိုက်ခံရအောင်နည်းအမျိုးမျိုးနဲ့လုပ်တယ်
ကိုယ့်စိတ်၊ ကိုယ့်အတ္တကိုသာရှေ့တန်းတင်ထားတဲ့ သဘောသဘာဝကြောင့်အများကို အလေးထားဆက်ဆံဖို့စွမ်းရည်အ တော်အတန်မရှိတဲ့narcissistsတွေ အများအပြားရှိပါတယ်။ သူတို့ပေါ်ပြူလောကဖြစ်ဖို့လောက်ပဲ ကြည့်တဲ့အတွက်တခြားလူတွေအနှောင့်အယှက်ဖြစ်သွားမလားမတွေးကြပါဘူး။
သူတို့ဒီလိုဖြစ်နေလို့ တလောကလုံးကလဲ ဒီလိုလူတွေပဲဖြစ်လိမ့်မယ်လို့မယူဆကြပါဘူး။ ဒီလိုမယူဆတဲ့အတွက်ကြောင့်သူတို့မကောင်းသလို တခြားလူလဲမကောင်းဘူးလို့မတွေးဘဲ သူတို့မှာမကောင်းတဲ့အချက်ရှိသလိုကောင်းတဲ့အချက်လဲရှိတ ယ်။
narcissists တစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်သူတို့မှာမကောင်းတဲ့အချက်ရှိနေရင်တောင်မှ အများရဲ့အာရုံစိုက်ခြင်း စိတ်ဝင်တစားဖြစ်ခြင်းခံရဖို့ လုပ်တတ်ကြပါတယ်။
အတ္တဗဟိုပြုတဲ့စိတ်များ သူ့ကောင်းကျိုးကိုပဲကြည့်တယ်
သို့သော်လဲ ဒီလိုသိနားလည်စိတ်ရှိသော်ငြားလည်း အများရဲ့အာရုံကိုဖမ်းစားနိုင်ဖို့လုပ်ဆောင်တဲ့အခါမှာ သူတို့ရဲ့ကိုယ်ကိုကိုယ်ဗဟိုပြုစိတ်များတဲ့ ကိုယ့်ကောင်းကျိုးရဖို့ကိုသာ ကြည့်တတ်တဲ့သဘာဝကြောင့် ဖစ်လာတတ်တဲ့အခက်အခဲတွေကိုတော့ရှောင်ရှားလို့မရပါဘူး။
ဘယ်လိုအခြေအနေ အချိန်အခါ နေရာဒေသဖြစ်နေနေ၊ သင့်လျော်သည်ဖြစ်စေ မသင့်လျော်သည်ဖြစ်စေ အချိန်တိုင်းလို လို သူတို့ကတော့ သူတို့ကိုလူပုံအလယ်မှာအရေးပေးဖို့၊ လူအများမျက်စိကျဖို့ကိုသာ ရှာဖွေအားထုတ်တတ်ကြလို့ပါပဲ။ လူ့ရဲ့သဘောသဘာဝကိုက ကိုယ့်ကောင်းကြောင်း ကောင်းကွက်တွေကိုသာ်ထုတ်ပြလိုတဲ့စိတ်ရှိတယ်လေ။
ဒါကြောင့်လဲ ပင်ကိုစိတ်က မလုပ်ချင်မကိုင်ချင်တဲ့အရာဖြစ်နေရင်တောင်မှ လူအများကချီးကျူးကြမယ့်အလုပ်ဆိုရင် စိတ် ပါလက်ပါလုပ်ပြချင်တတ်ကြတယ်လေ။ ဒီလိုစိတ်က narcissistsမှမဟုတ်ပါဘူး။ လူအများစုလုပ်လေ့လုပ်ထရှိတဲ့ သ မားရိုးကျနည်းလမ်းတခုပါပဲ။
အပြစ်တင်ခြင်းတွေလုပ်ကြတယ်
Narcissitsတွေဟာအချိန်တိုင်းလိုလို သူတို့ ကြည့်ကောင်းတာမျိုးပဲဖြစ်ချင်ကြပါတယ်။ ဒါကြောင့်လဲ သူတို့ကြည့်ကောင် းဖို့ဆိုရင် ဘယ်သူဘယ်လိုဝေဖန်ဖန် အသေးအမွှားဝေဖန်ချက်လေးကအစ အလေးအနက်ထားတွေးပြီးသူတို့ကိုယ်သူတို့ပြုပြင်တတ်ကြပါတယ်။ တခြားpositive thinkingနဲ့တွေးပြီး အကြံပေးပြောကြားချက်တွေကိုတော့ ဝေးဝေးမှာထားတတ်ကြပါတယ်။
တဖြေးဖြေးနဲ့ သူတို့ဟာသူတို့အတွက်ကောင်းတယ်ထင်တဲ့အချက်ကိုသာလုပ်တာများလာတဲ့အတွက် လူအများရဲ့ပြစ်တင်ပြောဆိုမှုတွေကိုလဲ ရလာတတ်ကြပါတယ်။ ဒီလိုနဲ့သူတို့ကလဲပြန်လည်အပြစ်တင်ရင်းနဲ့ တဖက်နဲ့တဖက်အပြစ်တင်ခြင်းသံသရာလည်နေပါလိမ့်မယ်။ သူတို့မှာအဆင်မပြေမှူတွေရှိလာရင်လဲ ဒါတွေဟာတခြားလူတွေကြောငိ့ဆိုပြီး လက်ညိုးထိုးတတ်လာပါလိမ့်မယ်။
ဘာလို့လဲဆိုရင် သူတို့မှာအစကတည်းက ကိုယ့်ကိုကိုယ်လေးစားအထင်ကြီးမှု အားနည်းတဲ့အတွက်ကြောင့် တစုံတခုအဆ င်မပြေတာဖြစ်လာတဲ့အခါမှာ တခြားလူတွေကို အပြစ်တင်လိုက်ရမှသာ နေသာထိုင်သာရှိသလိူခံစားရတာကြောငိ့ပါ။ ဒါကြောငိ့လဲ သူတို့ကိုယ်သူတိူ့ပြည့်ဝနေအောင် အမြဲကြိုးစားအားထုတ်နေပြီး တခြားသူတွေအမြင်မှာအာရုံစိုက်ခံရဖို့ကိုသာ ရှာဖွေနေတတ်ကြတာပါပဲ။
အနှောင့်အယှက်ဖြစ်စေကြတယ်
သူတို့ဟာလူအများရဲ့အာရုံစိုက်ခံရမှုအလယ်ဗဟိုမှာသာနေထိုင်လိုကြတဲ့အတွက် စကားဝိုင်းတခုအနေနဲ့စကားပြောဆိုနေချိန်တောင်မှ ထိုစကားဝိုင်းကိုသူတို့လိုသလိုထိန်းချုပ်ပြီး သူတို့ပြောလိုရာကိုသာအမြဲကြားဖြတ်ကာဝင်ပြောဆိုတတိကြပါတယ်။
အတူတကွစကားပြောနေချိန်တွေမှာ သင်စကားပြောချိန်မှာကြားဝင်ဖြတ်ပြောသလိုမျိုးတွေ ဒါမှမဟုတ် သင့်စကားစကိုအနှောင့်အယှက်ဖြစ်စေမယ့်အပြုအမူတွေနဲ့ပြတ်သွားအောင်လုပ်တာမျိုးတွေလဲရှိတတိပါတယ်။ သင်ကစကားဝိုင်းကိုပြန်စတင်လိုက်ရင်တောင်မှ သူကထပ်မံအနှောင့်အယှက်ပေးနေပါလိမ့်မယ်။
သူတို့ဟာ သူတို့စိတ်ခံစားချက်ကိုသာ ဦးစားပေးတတ်ကြတာမို့တခြားလူစကားပြောလဲနားထောင်လိုစိတ်နည်းကြပါတယ်။ မေးခွန်းတွေထုတ်ပြီး စိတိဝင်တစားမေးဖို့လဲ သူတို့အားမထုတ်လိုကြပါဘူး။ တခြားလူတွေရဲ့ စိတ်ခံစားချက်ပိုင်းကို သူတို့စိတိမဝငိစားကြလို့ပါပဲ။
ဒါကြောင့်သင်ဘာတွေးနေလဲ? ဘယ်လိုခံစားရလဲ?ဘာဖြစ်နေလဲဆိုတာကို ဂရုတစိုက်လာမေးမြန်းနေမှာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့မလုပ်ဆောင်နိုင်တဲ့အရာတွေအတွက် ပေးလာတဲ့အကြံစကား ဝေဖန်စကားတွေကိုလဲ လုံးဝနားထောင်လက် ခံမှာမဟုတ်ပါဘူး။
ဒါကြောင့်ဒီလိုစိတ်မတညိငြိမ်ဘဲ ကိုယ်အဆင်ပြေရင်ပြီးရောဆိုတဲ့စိတ်တခုပဲကြည့်တတ်တဲ့သူတွေနဲ့ပတ်သတ်ဆက်နွယ်လာရပြီဆိုရင်တောင် ဒါဟာဖြစ်ရိုးဖြစ်စဉ်အပြုအမူတခုလို့သဘောထားပြီး နားလည်ပေးနိင်အောင်သာကြိုးစားလိုက်ပါ။ ဒီလိုနေမှသာ သင့်စိတ်လဲအေးအေးချမ်းချမ်းရှိနိုင်မှာပါ။ ဒီ့ထက်အရမ်းဆိုးဝါးလာတယ်ဆိုရင်တော့ သူတို့နဲ့ဝေးဝေးမှာသာနေထိုင်လိုက်တာအကောင်းဆုံးပါပဲ။
သူတို့ကိုဘယ်လိုဆက်ဆံမလဲ
သူတို့နဲ့ဆုံတဲ့အခါ သင့်ရဲ့အာရုံစိုက်မှုလိုချင်လို့ လုပ်ဆောင်တဲ့ သူတို့ရဲ့ အပြုအမူတွေကို ဒေါသမဖြစ်ပါနဲ့။သင့်ဘက်က negativeပြပြီးတုန့်ပြန်မယ့်အစား တခြားသူတွေ သူတို့ကိုဘယ်လိုဆိုးဝါးစွာ တွေးနေနိုင်လဲဆိုတာကို သူတို့သိအောင်ပြောပြပေးလိုက်ပါ။
သူတို့ကတခြားသူတွေရဲ့ခံစားမှုကို အမြဲလိုလိုလစ်လျူရှုထားတဲ့အတွက်ကြောင့်သင့်အနေနဲ့သတိပေးပြောကြား အကြံပေးတာကကောင်းပါတယ်။ သို့သော်အကြံတွေချည်းပဲပေးနေတာမျိုးမဟုတ်ဘဲ အကြောင်းအကျိုးသင့်လျော်တဲ့ မေးခွန်းတွေထုတ်ပြီး သူတို့ကိုမေးပေးပါ။ အဖြေရှာခိုင်းပါ။ သင့်အနေနဲ့ သူတို့ကို positive wayတွေနဲ့ လူအများရဲ့အာရုံစိုက်ခြင်းကိုရဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity